< Luke 17 >

1 Yesu hla ni imri koh ma, A lele ndi ba kbu za ni tita iya mbi wa wu sa ahe ni krigin.
သ​ခင်​ယေ​ရှု​က ``မှောက်​မှား​လမ်း​လွဲ​စေ​သည့် အ​ရာ​များ​ကား​မု​ချ​ရှိ​မည်။ သို့​ရာ​တွင် မှောက်​မှား​လမ်း​လွဲ​မှု​ကို​ဖြစ်​စေ​သော​သူ သည်​အ​မင်္ဂ​လာ​ရှိ​၏။-
2 Ana bi bana klo tita wu ni toh ma nda kayo nimi nne fi niwa ni tsa iri ni mi imri bi tsitsa yi diba kbu za.
ထို​သူ​သည်​ဤ​သို့​သော​က​လေး​သူ​ငယ်​တစ်​စုံ တစ်​ယောက်​ကို​မှောက်​မှား​လမ်း​လွဲ​စေ​မည့်​အ​စား မိ​မိ​၏​လည်​တွင်​ကြိတ်​ဆုံ​ကျောက်​ကြီး​ကို​ဆွဲ လျက်​ပင်​လယ်​ထဲ​သို့​အ​ချ​ခံ​ရ​သော်​မှ​သူ့ အ​ဖို့​ကောင်း​သေး​၏။-
3 Ya kpambi, wa vayi ma lahtre, bwu shishi niwu, nda a kpa nuyime wruhle niwu.
သို့​ဖြစ်​၍​သ​တိ​ထား​လျက်​ပြု​မူ​ကြ​လော့။ ``သင်​၏​ညီ​အစ်​ကို​သည်​သင့်​ကို​ပြစ်​မှား​လျှင် သူ​အား​ဆုံး​မ​လော့။ သူ​သည်​နောင်​တ​ရ​လျှင် အ​ပြစ်​ဖြေ​လွှတ်​လော့။-
4 Nda kpalla niwu inkpu tangban ni vi ri, nda k'ma ye niwu inkpu tangban nda tre, mi brewu, abi du wruhle niwu.
တစ်​နေ့​တည်း​တွင်​ခု​နစ်​ကြိမ်​တိုင်​တိုင်​သင့်​ကို ပြစ်​မှား​၍ ခု​နစ်​ကြိမ်​တိုင်​တိုင်​ပင်​သင့်​ထံ​သို့ လာ​လျက် `အ​ကျွန်ုပ်​နောင်​တ​ရ​ပါ​ပြီ' ဟု​ဆို လျှင် သင်​သည်​သူ​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ရ​မည်'' ဟု​တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ​၏။
5 Bi ninkon ba hla ni tie kon mba, nzu yo suron buu.
တ​မန်​တော်​တို့​က​သ​ခင်​ဘု​ရား​အား ``အ​ကျွန်ုပ် ၏​ယုံ​ကြည်​ခြင်း​ကို​တိုး​ပွား​စေ​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။
6 Irji hla ndu bi he ni bangaskiya kama wlo mustard, bi iya hla niku kro du rumin chu di tsen nimi nei, A kpa nyime niwu.
သ​ခင်​ဘု​ရား​က ``သင်​တို့​တွင်​ယုံ​ကြည်​ခြင်း မုန်​ညင်း​စေ့​မျှ​လောက်​ရှိ​ပါ​မူ ဤ​ပိုး​စာ​ပင် အား `အ​မြစ်​ပါ​ကျွတ်​၍​ပင်​လယ်​ထဲ​မှာ​စိုက် လျက်​နေ​လော့' ဟု​ဆို​လျှင် ထို​အ​ပင်​သည်​သင် တို့​ဆို​သည့်​အ​တိုင်း​ပြု​လိမ့်​မည်။
7 A nha nimi mbi, ahe ni vren koh wa ni rho ko krju int'ma rhi rji mi ji ye, ani lla niwu tsima ye ndi ri lah.
``သင်​တို့​တွင်​အ​ဘယ်​သူ​သည်​မိ​မိ​၏​လယ်​လုပ် သား​အား​သော်​လည်း​ကောင်း၊ သိုး​ကျောင်း​သား​အား သော်​လည်း​ကောင်း​လယ်​ကွင်း​မှ​ပြန်​လာ​သော​အ​ခါ `ည​စာ​စား​ရန်​အ​လျင်​အ​မြန်​လာ​၍​ထိုင်​လော့' ဟု​ဆို​မည်​နည်း။-
8 Ana hla ni wuna, wa kpe mi ri, ndi khi di tie ndu bar mi ri ndi tso. U me wru ndi tsro na?
ထို​သို့​ဆို​မည့်​အ​စား `ငါ​၏​အ​တွက်​ည​စာ​ကို ပြင်​လော့။ ငါ​စား​သောက်​စဉ်​ခါး​ကို​စည်း​၍​ငါ့ အား​လုပ်​ကျွေး​လော့။ ပြီး​မှ​သင်​စား​သောက်​လော့' ဟူ​၍​သာ​ဆို​မည်​မ​ဟုတ်​လော။-
9 Ana gir ni wer kon du a tie ikpa wawu la una a tie?
အ​စေ​ခံ​သည်​မိ​မိ​အ​ရှင်​စေ​ခိုင်း​သည့်​အ​တိုင်း ဆောင်​ရွက်​သည့်​အ​တွက်​သူ့​အား​ကျေး​ဇူး​တင် စ​ရာ​မ​ရှိ။-
10 Iwu me naki yi nda u tie kpe wa ba hla niwu, u ya tre, kbi na khai mri koh ..... ma. Kbi tie ikpe wa kbi na tie.
၁၀ထို​နည်း​တူ​သင်​တို့​သည်​လည်း​မိ​မိ​တို့​အား​စေ ခိုင်း​သည့်​အ​ရာ​အား​လုံး​ကို​ဆောင်​ရွက်​ပြီး​ချိန် ၌ ငါ​တို့​ကား​သာ​မန်​အ​စေ​ခံ​များ​ပင်​ဖြစ်​သည်။ ငါ​တို့​ဆောင်​ရွက်​ရန်​ရှိ​သည့်​တာ​ဝန်​ဝတ္တ​ရား​ကို သာ​လျှင်​ဆောင်​ရွက်​ခဲ့​ကြ​ခြင်း​ဖြစ်​သည်​ဟု' ဆို ကြ​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
11 A bi fin ri atsi tie ni Wurishelima, abu kusa nei gbu Samariya ni Galili.
၁၁ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​တော်​မူ​စဉ်​ကိုယ်​တော် သည်​ရှ​မာ​ရိ​ပြည်​နှင့်​ဂါ​လိ​လဲ​ပြည်​စပ်​ကြား​တွင် လျှောက်​၍​ကြွ​တော်​မူ​၏။-
12 Wa ari ni gbu ri, ndji wlon bi lilon gben ba izun ni wu. Ba klir gbugbanmu niwu.
၁၂ရွာ​တစ်​ရွာ​သို့​ဝင်​တော်​မူ​သော​အ​ခါ​အ​ရေ​ပြား ရော​ဂါ​သည်​ဆယ်​ယောက်​တို့​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ ခပ်​လှမ်း​လှမ်း​တွင်​ရပ် လျက်။-
13 Ba bwu ba ni fu ba, nda tre, Yesu nikon wo iyi mbu.
၁၃``သ​ခင်​ယေ​ရှု​အ​ရှင်​မြတ်၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လျှောက်​ထား ကြ​၏။
14 Wa ato ba, ahla ni bawu, hi ndi tsro tumbi ni Firistoci. Wa ba tsi bi, ba kpa sikpa.
၁၄ထို​သူ​တို့​ကို​မြင်​သော​အ​ခါ​ကိုယ်​တော် က ``သင်​တို့​သွား​၍​မိ​မိ​တို့​ကိုယ်​ကို​ယဇ် ပု​ရော​ဟိတ်​များ​အား​ပြ​လော့'' ဟု​မိန့်​တော်​မူ​၏။ သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ထံ​သွား​နေ​စဉ် ရော​ဂါ​သန့်​စင်​သွား​ကြ​ကုန်​၏။-
15 Iri nimi ba wa a to wawu samu sikpa, a kmaye, nda ngyiri ni Ijri ni la ndindima.
၁၅သူ​တို့​အ​နက်​လူ​တစ်​ယောက်​သည်​မိ​မိ​ရော​ဂါ ပျောက်​ကင်း​သွား​ကြောင်း​ကို​သိ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ဘုန်း​အသ​ရေ​တော်​ကို​အ​သံ ကျယ်​စွာ​ချီး​ကူး​လျက်​ကိုယ်​တော်​၏​ထံ​သို့ ပြန်​လာ​၏။-
16 A joku ni kbu Yesu, nda ngyiri niwu gbugbome wawu a ndji igbu Samariya.
၁၆ထို​နောက်​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ်​လျက် ကိုယ်​တော် ၏​ကျေး​ဇူး​တော်​ကြီး​လှ​ကြောင်း​ကို​လျှောက်​ထား​၏။ ထို​သူ​ကား​ရှ​မာ​ရိ​အ​မျိုး​သား​ဖြစ်​သ​တည်း။-
17 Yesu la bana ndji wlo na wa samu sikpa na, itiya ba bahe ni ntsen?
၁၇သ​ခင်​ယေ​ရှု​က ``လူ​တစ်​ကျိပ်​တို့​သည် အ​ရေ​ပြား​ရော​ဂါ​သန့်​စင်​သွား​ကြ​သည် မ​ဟုတ်​လော။ အ​ခြား​လူ​ကိုး​ယောက်​ကား အ​ဘယ်​မှာ​နည်း။-
18 Ba bari wa ba kmaye nda ngyiri ni Irji, tse ndji tsri yi?
၁၈ဘု​ရား​သ​ခင်​၏​ဘုန်း​အသရေ​တော်​ကို​ချီး​ကူး​ရန် ဤ​လူ​မျိုး​ခြား​တစ်​ဦး​မှ​တစ်​ပါး​ပြန်​လာ​သူ တစ်​ယောက်​မျှ​မ​ရှိ​သ​လော'' ဟု​မေး​တော်​မူ​၏။-
19 A hla niwu, lunde ndi he ni suron ndindime anu sikpa ma.
၁၉ထို​နောက်​ထို​သူ​အား ``သင်​ထ​၍​သွား​လော့။ သင် ၏​ယုံ​ကြည်​ခြင်း​သည်​သင့်​ရော​ဂါ​ကို​ပျောက်​စေ ပြီ'' ဟု​မိန့်​တော်​မူ​၏။
20 Farisawa ba mye Irji ni ye ni ntan, Yesu hlani bawu ndi Irji ana ye iri iya ndi na.
၂၀ဖာ​ရိ​ရှဲ​အ​ချို့​တို့​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သည်​အ​ဘယ်​အ​ခါ​၌​တည်​ပါ​မည်​နည်း'' ဟု ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် ခြင်း​သည်​မြင်​သာ​အောင်​တည်​သည်​မ​ဟုတ်။-
21 Ko ba la yah, ahe iyi koh ahe wamu. Bi ka yah iye Irji ahe aniwu.
၂၁`ကြည့်​လော့၊ နိုင်​ငံ​တော်​သည်​ဤ​အ​ရပ်​တွင်​တည် ပြီ။ ထို​အ​ရပ်​တွင်​တည်​ပြီ​ဟူ​၍​မ​ပြော​နိုင်။ အ​မှန် စင်​စစ်​သော်​ကား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၏​အ​ထဲ​တွင်​တည်​လျက်​ရှိ​သည်'' ဟု​မိန့် တော်​မူ​၏။
22 A hla ni imri koh ma, i vin tse ye wa bi son toh ivi wa ivren ndji niye, bi na tona.
၂၂ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``သင်​တို့​တွေ့ မြင်​လို​သော​လူ​သား​၏​နေ့​တစ်​ရက်​ရောက်​ပေ​အံ့။ သို့​ရာ​တွင်​သင်​တို့​တွေ့​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-
23 Ba hla niwu, yah, ni wamu, yah niwa hi na rju na, na bu ba na.
၂၃လူ​တို့​က `လူ​သား​သည်​ဤ​အ​ရပ်​မှာ​ရှိ​သည်။ ထို​အ​ရပ်​မှာ​ရှိ​သည်' ဟု​ဆို​သော်​လည်း​သင်​တို့ လိုက်​၍​မ​ရှာ​ကြ​နှင့်။-
24 Ya nda izren ni whri nda kma tsutsa wa ni whri gbagbla shu yi ni gbagblamu, ani he nikiyi ivren ndji ni vin ma.
၂၄လျှပ်​စစ်​ပြက်​သော​အ​ခါ​လျှပ်​စစ်​ရောင်​သည် မိုး​ကုတ်​စက်​ဝိုင်း​တစ်​ခု​မှ​အ​ခြား​တစ်​ခု​သို့ တိုင်​အောင် မိုး​ကောင်း​ကင်​ကို​ထွန်း​တောက်​စေ သ​ကဲ့​သို့ လူ​သား​လော​က​သို့​ကြွ​လာ​တော် မူ​သော​နေ့​၌​ဖြစ်​လိမ့်​မည်။-
25 A ni sha yah gbugbu kri gbugblu bakaba wu.
၂၅သို့​ရာ​တွင်​လူ​သား​သည်​ပြင်း​ပြ​သော​ဝေ​ဒ​နာ ကို​လည်း​ကောင်း၊ ဤ​ခေတ်​လူ​တို့​၏​ပစ်​ပယ် ခြင်း​ကို​လည်း​ကောင်း​ဦး​စွာ​ခံ​ရ​လိမ့်​မည်။-
26 A ni he nawa ahe ni nton Nuhu, ani he nakiyi ivi u ivren ndji.
၂၆နော​ဧ​လက်​ထက်​၌​ဖြစ်​ပျက်​သ​ကဲ့​သို့​လူ သား​ကြွ​လာ​ရာ​ကာ​လ​၌​ဖြစ်​ပျက်​လိမ့်​မည်။-
27 Ba nri, ba tso ba grah nde ninu grah har hi tub wa Nuhu anri ni Jirgi imah tubana ayeh, nda wu ba penpeme.
၂၇သင်္ဘော​ထဲ​ကို​နော​ဧ​ဝင်​ပြီး​နောက်​ရေ​လွှမ်း​မိုး သ​ဖြင့် လူ​ခပ်​သိမ်း​တို့​သေ​ကျေ​ပျက်​စီး​ကြ သည့်​နေ့​မ​တိုင်​မီ​လူ​တို့​သည်​စား​သောက် လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက်​နေ​ခဲ့​ကြ​၏။-
28 A he na kiyi ni tan lutu bata nri, bata tso bata lbe nda lebie bata shu bata meh ba koh.
၂၈ထို​နည်း​တူ​လော​တ​၏​လက်​ထက်​၌​လူ​တို့​သည် စား​သောက်​ရောင်း​ဝယ်​လျက်​စိုက်​ပျိုး​တည်​ဆောက် လျက်​နေ​ခဲ့​ကြ​၏။-
29 Ivin wa lutu rju ni Saduma, ba tsra lu kwekwema rji ni shu bawu ba u ahuwu.
၂၉သော​ဒုံ​မြို့​မှ​လော​တ​ထွက်​ခွာ​သွား​သော​နေ့ ၌​ကောင်း​ကင်​မှ​မီး​မိုး​ရွာ​၍ လူ​ခပ်​သိမ်း​တို့ သေ​ကျေ​ပျက်​စီး​ကြ​ကုန်​၏။-
30 Ani he na kiyi wa ba ton vren ndji.
၃၀လူ​သား​ပေါ်​ထွန်း​တော်​မူ​သော​နေ့​၌​လည်း​ဤ ကဲ့​သို့​ပင်​ဖြစ်​လိမ့်​မည်။''
31 Ni vi khi yi, indji he ni tun khan du ma ngrji da ni vu kpima ni kon na, wa ahi ni rju du na kma ye na.
၃၁``ထို​နေ့​ရက်​၌​အိမ်​မိုး​ပေါ်​တွင်​ရှိ​သော​သူ​သည် မိ​မိ​အိမ်​ထဲ​မှာ​ရှိ​သည့်​ဥစ္စာ​ပစ္စည်း​ကို​ယူ​ရန် မ​ဆင်း​စေ​နှင့်။ ထို​နည်း​တူ​လယ်​ကွင်း​သို့​ရောက် နေ​သူ​သည်​လည်း​အိမ်​ကို​မ​ပြန်​စေ​နှင့်။-
32 Rhi mre iwa Lutu.
၃၂လော​တ​၏​ဇ​နီး​ကို​သ​တိ​ရ​ကြ​လော့။
33 Wa ni son tuma, ani rasa niwu, wa k tuma nu, ani tsira niwu.
၃၃မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လို​သော​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ မိ​မိ​အ​သက်​ကို​ရှုံး​စေ သော​သူ​သည်​အ​သက်​ကို​ကယ်​ဆယ်​လိမ့်​မည်။-
34 Mi hla niwu, ni chu kiyi ndi ha ni tub blah riri, baba ri nda ton ri.
၃၄သင်​တို့​အား​ငါ​ဆို​သည်​ကား​ထို​ည​တွင်​အိပ်​ရာ တစ်​ခု​မှာ​အိပ်​နေ​သူ လူ​နှစ်​ယောက်​အ​နက်​တစ် ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့ လတ္တံ့။-
35 Imba ha ba si kon kpu ba ka ban ri, nda bri rima.
၃၅ကြိတ်​ဆုံ​လှည့်​နေ​သူ​အ​မျိုး​သ​မီး​နှစ်​ယောက် အ​နက်​တစ်​ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက် ကို​ထား​ခဲ့​လတ္တံ့။-
36 Ndji lulo bari ba hi ni rju, ba ban ri nda bri ri.
၃၆လယ်​ထဲ​တွင်​ရှိ​သူ​နှစ်​ယောက်​အ​နက်​တစ်​ယောက် ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့​လတ္တံ့'' ဟု မိန့်​တော်​မူ​၏။
37 Ba mye, ni ntsen Tie koh? A hla bawu iwirji igbokpa ahe, ni kiyi bi ton ugulu.
၃၇တ​ပည့်​တော်​တို့​က ``အ​ရှင်၊ အ​ဘယ်​အ​ရပ်​တွင် ဤ​အ​ရာ​များ​ဖြစ်​ပျက်​ပါ​မည်​နည်း'' ဟု​မေး လျှောက်​ကြ​၏။ ကိုယ်​တော်​က ``အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်​တွင် လင်း​တ​များ​စု​ရုံး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

< Luke 17 >