< Yohana 8 >
1 Yesu hi ni gbunlu Zaitun.
၁ထိုနောက်သူတို့သည်မိမိတို့အိမ်သို့အသီး သီးပြန်သွားကြ၏။ သခင်ယေရှုမူကား သံလွင်တောင်သို့ကြွတော်မူ၏။-
2 Ni mbubele a ka ban ye ni hekeli, indji wawu'u ba kaban ye niwu, aye kuson na si tsoro ba.
၂နောက်တစ်နေ့နံနက်စောစောဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူသောအခါ လူအပေါင်းတို့ သည်အထံတော်သို့လာကြ၏။ ကိုယ်တော်သည် ထိုင်တော်မူလျက်ထိုသူတို့အားဟောပြော သွန်သင်တော်မူ၏။-
3 Se bi nha ni Farisawa ba nji Iwa wandi ba vu asi tie ngyungyu, u ba yo ni tsutsu mba.
၃ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများသည် အမျိုးသမီးတစ်ယောက်ကိုအထံတော်သို့ ခေါ်ခဲ့ကြ၏။ သူသည်မျောက်မထားနေစဉ် အဖမ်းခံရခြင်းဖြစ်၏။ ကျမ်းတတ်ဆရာ များနှင့်ဖာရိရှဲတို့သည်အမျိုးသမီးကို မိမိတို့ရှေ့တွင်ရပ်စေပြီးလျှင်၊-
4 U ba tre niwu, Malan, Iwa yi ba vu ahe ni mi si ti ngyungyu.
၄သခင်ယေရှုအား ``အရှင်ဘုရား၊ ဤမိန်းမ မျောက်မထားသည်ကိုအကျွန်ုပ်တို့လက်ပူး လက်ကြပ်ဖမ်းမိပါ၏။-
5 Ni du Musa, a tre ki ta bi indji bi ki, Iwu u tre nigen ni tuma?”
၅ပညတ်တရားတွင်မောရှေက ထိုသို့သော မိန်းမမျိုးကိုကျောက်ခဲနှင့်ပေါက်၍သတ်ရ မည်ဟု အကျွန်ုပ်တို့အားပညတ်ခဲ့ပါသည်။ ကိုယ်တော်သည်မည်သို့ဆိုပါမည်နည်း'' ဟု လျှောက်ကြ၏။-
6 U ba tre naki ni ndu sa tre ni ndu ba fe ni ikpe wa ani kpa ndema tie meme (Ko latre), u Yesu sontu grji na si nha ni menme ni vren wo.
၆သူတို့သည်ကိုယ်တော်ကိုပြစ်တင်စွပ်စွဲနိုင်ရန် ဤသို့အကွက်ဆင်၍လျှောက်ထားကြခြင်း ဖြစ်၏။ သို့ရာတွင်သခင်ယေရှုသည်ငုံ့၍ မြေပေါ်တွင်လက်ညှိုးတော်ဖြင့်ရေးခြစ် လျက်နေတော်မူ၏။
7 U ba kamba na kri ti tutu bubu miyen, wa lukri ni ndide na hla bawu, “Indji ri ni mi biwa ato ana latre na, ka guci ta.
၇ထိုသူတို့သည်ထပ်ကာထပ်ကာမေးမြန်း လျှောက်ထားကြ၏။ ထိုအခါကိုယ်တော်သည် မော်၍ကြည့်တော်မူလျက် ``သင်တို့အနက် အပြစ်ကင်းသူသည် ဦးစွာပထမသူ့ကို ကျောက်ခဲနှင့်ပေါက်ပါစေ'' ဟုမိန့်တော်မူ၏။-
8 A la sontu grji na nha ni vren woma.
၈ထိုနောက်ငုံ့၍မြေပေါ်တွင်ရေးခြစ်လျက် နေတော်မူပြန်၏။-
9 Ba wo naki na lu shan rju ni yi yir ri ni ninkon, na ka Yesu don ni grjima, mba Iwa wa ba na yo ni tsutsu mba.
၉ထိုသူတို့သည်ဤသို့ကိုယ်တော်မိန့်တော်မူသည် ကိုကြားကြသောအခါ အသက်ကြီးသူများ ကအစပြု၍တစ်ယောက်ပြီးတစ်ယောက်ထွက် သွားကြ၏။-
10 Yesu lu kir dinde na miyen, “Iwa, bi wa ba nha wu ba he ni tse? Idiori na nhau na?
၁၀သခင်ယေရှုသည်မော်၍ကြည့်တော်မူပြန် လျှင် ``အချင်းအမျိုးသမီး၊ ထိုသူတို့ကား အဘယ်မှာနည်း။ သင့်အားအပြစ်ဒဏ်စီရင် မည့်သူတစ်ယောက်မျှမရှိသလော'' ဟုမေး တော်မူ၏။
11 Wa hla ba diori, (Ubangiji), “Yesu tre, imeme mina nhawu na, hi na la latre ganna.
၁၁ထိုအခါအမျိုးသမီးက ``အရှင်၊ တစ်ယောက် မျှမရှိတော့ပါ'' ဟုပြန်လည်၍လျှောက်ထား ၏။ သခင်ယေရှုက ``ငါသည်လည်းသင့်အားအပြစ် ဒဏ်မစီရင်ပြီ။ သွားလော့။ နောက်တစ်ဖန်အပြစ် မပြုနှင့်'' ဟုမိန့်တော်မူ၏။]
12 Yesu tre niba ganri, andi, “I hi me yi mi kpan u gbungbulu, Indji iwa a hume ana tre ni bwuh na ama ani he ni kpan u re (iviri).”
၁၂တစ်ဖန်သခင်ယေရှုကဖာရိရှဲတို့အား ``ငါ သည်လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်အသက်၏အလင်းကိုရ ၍အဘယ်အခါမျှအမှောင်တွင်သွားလာ ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
13 Farisawa ba tre niwu, “U zi tre nitu ikpe wa wuto'a nmitu tume, ana njanji na.
၁၃ဖာရိရှဲတို့က ``သင်သည်ကိုယ့်အကြောင်းကို သက်သေခံလျက်နေ၏။ သို့ဖြစ်၍သင့်သက် သေခံချက်သည်မခိုင်လုံ'' ဟုဆိုကြ၏။
14 Yesu sa nibawu na hla, mi ti sheda tu mu me, ahi njanji, mi to iwurji wa mi rji ni wa mi hi'a, biyi kuko bina to wurji wa mi rji'a na, bina to wurji wa mi hi'a na.
၁၄သခင်ယေရှုက ``ငါသည်ကိုယ့်အကြောင်းကို သက်သေခံသော်လည်းငါ၏သက်သေခံချက် သည်ခိုင်လုံ၏။ အဘယ်ကြောင့်ဆိုသော်ငါသည် အဘယ်အရပ်မှလာ၍အဘယ်အရပ်သို့ သွားမည်ကိုငါသိသောကြောင့်တည်း။ သင်တို့ မူကားငါအဘယ်အရပ်မှလာသည်ကို လည်းကောင်း၊ အဘယ်အရပ်သို့သွားမည်ကို လည်းကောင်းမသိကြ။-
15 Bi tron u son tu, ime na tron to ni diori na.
၁၅သင်တို့သည်လူ့စံနှုန်းအရစစ်ဆေးစီရင် တတ်ကြ၏။ ငါမူကားမည်သူ့ကိုမျှမစစ် ဆေးမစီရင်ပြီ။-
16 Ko mina tron ni diori me, itron mu mu'a a u njani nitu ana me kankrji mu na, ki he mbu Iti mu wa a ton me.
၁၆အကယ်၍ငါစစ်ဆေးစီရင်မည်ဆိုပါက ငါတစ်ဦးတည်းစစ်ဆေးစီရင်ခြင်းမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် ငါနှင့်အတူရှိသောကြောင့်ငါ၏စီရင်ချက် သည်မှန်ကန်၏။-
17 Ee, Ana ki ni du wa ba nha mi tre bitsi, andi sheda indji hari a njanji.
၁၇သင်တို့၏ပညတ်ကျမ်းတွင် ``သက်သေနှစ်ဦး ထွက်ဆိုလျှင်အမှန်ဖြစ်၏'' ဟုဖော်ပြပါ ရှိ၏။-
18 Ahi me yi mi sheda itu mu, u Itimu iwa a ton me a sheda mu.”
၁၈ငါသည်ကိုယ့်အကြောင်းကိုသက်သေခံ၏။ ငါ့ ကိုစေလွှတ်တော်မူသောခမည်းတော်ကလည်း ငါ့အကြောင်းကိုသက်သေခံ၏'' ဟုမိန့်တော် မူ၏။
19 Ba miyen, “Iti me ahe ni tsen?” Yesu hla ni bawu bina tome na, me bika tre Itimu, bina to me, bina to Iti mu'a me.
၁၉ထိုသူတို့က ``သင့်ခမည်းတော်ကားအဘယ် မှာနည်း'' ဟုမေးလျှောက်ကြ၏။ သခင်ယေရှုက ``သင်တို့သည်ငါ့ကိုလည်း ကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်းမသိ ကြ။ အကယ်၍သင်တို့ငါ့ကိုသိပါမူငါ့ ခမည်းတော်ကိုလည်းသိကြမည်'' ဟုဖြေ ကြားတော်မူ၏။
20 A hla tre biyi whirewhir ni bubu wa ba zi kpi wa si tsoro ba tre Rji ni mi hekeli, idiori na vu na nitu iton ma na tsira rina.
၂၀ကိုယ်တော်သည်ဤစကားတော်များကိုဗိမာန် တော်အတွင်းအလှူခံသတ္တာများထားရာအခန်း ၌ ဟောပြောသွန်သင်စဉ်မိန့်တော်မူသတည်း။ သို့ ရာတွင်ကိုယ်တော်၏အချိန်မကျသေးသဖြင့် မည်သူမျှကိုယ်တော်ကိုမဖမ်းမဆီးကြ။
21 Na hla bawu bru, mi hi biwa bina to me na, bi kwu ni mi latre bi. bubu wa misi hi'a, bina ya hi na.
၂၁ထိုမှတစ်ဖန်ကိုယ်တော်က ``ငါသည်ထွက်ခွာ သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့် မည်။ သို့ရာတွင်သင်တို့သည်မိမိတို့အပြစ် ၌သေကြလိမ့်မည်။ ငါသွားမည့်အရပ်သို့ သင်တို့မလိုက်နိုင်ကြ'' ဟုမိန့်တော်မူ၏။
22 Yahudawa ba tre, ani wutuma mu, na ni tre iwurji wa mi hi'a bina ya hi na?”
၂၂သို့ဖြစ်၍ယုဒအာဏာပိုင်များက ``ငါသွား မည့်အရပ်သို့သင်တို့မလိုက်နိုင်ကြဟုသူ ဆိုချေသည်။ သူသည်မိမိကိုယ်ကိုသတ်၍ သေမည်လော'' ဟုပြောဆိုကြ၏။
23 Yesu hla bawu biyi bi rji ni meme, u me mi rji ni shu. Bi he ni gbungbulu yi, ime mina rji ni yi ni gbungbulu yi na.
၂၃ကိုယ်တော်က ``သင်တို့သည်အောက်ဘုံသားများ ဖြစ်ကြ၏။ ငါမူကားအထက်ဘုံမှလာ၏။ သင်တို့သည်ဤလောကသားများဖြစ်ကြ၏။ ငါမူကားဤလောကသားမဟုတ်။-
24 Iki sa mi hla niyu bi kwu ni mi latre bi. Bitana kpayemmen ni soron bi andi a hi me na, bi kwu ni mi latre bi.
၂၄သို့ဖြစ်၍သင်တို့သည်မိမိတို့အပြစ်၌သေ ကြလိမ့်မည်ဟုငါဆိုသတည်း။ ငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုသင်တို့မယုံကြည် လျှင် သင်တို့သည်မိမိတို့အပြစ်၌သေလိမ့်မည်'' ဟုမိန့်တော်မူ၏။
25 U ba tre niwu, awu nha? “Yesu hla ba wu, ikpe mi hla rji ni mumla.
၂၅ထိုသူတို့က ``သင်သည်အဘယ်သူနည်း'' ဟု မေးကြ၏။ သခင်ယေရှုက ``ငါအဘယ်သူ ဖြစ်သည်ကိုအစကတည်းကသင်တို့အား ငါပြောခဲ့ပြီ။-
26 Mi he ni kpi gbugbuwu wa mi hla ni yiwu, ni gbi ton ni yiwu ni tuma. Naki me, indji wa a ton ndu, andi u njanji, ikpi wa mi wo niwu'a a baki mi si hla ni gbungbulu ba.”
၂၆သင်တို့အကြောင်းနှင့်ပတ်သက်၍ငါပြောစရာ များစွာရှိ၏။ သင်တို့အားပြစ်တင်ရှုတ်ချစရာ လည်းများစွာရှိ၏။ ငါ့ကိုစေလွှတ်တော်မူသော အရှင်သည်သစ္စာတော်အရှင်ဖြစ်တော်မူ၏။ ထို အရှင်ထံမှငါကြားရသည့်တရားကိုသာ လျှင် ဤလောကသားတို့အားငါဟောပြော၏'' ဟုမိန့်တော်မူ၏။
27 Bana tona ndi asi tre nitu Iti'a.
၂၇ကိုယ်တော်သည်ခမည်းတော်ကိုရည်မှတ်၍မိန့် မြွက်လျက်နေကြောင်းကို ထိုသူတို့မသိကြ။-
28 Yesu tre, bita zu Vren Ndji hi ni shu ri bi to ndi a hi me, ndi mi ti kpi ri ni tumu na. Na wa Iti tsoro me, naki mi si ikpi ni yiwu.
၂၈ထို့ကြောင့်ကိုယ်တော်က ``လူသားကိုမြေမှ မြှောက်ထားကြသောအခါမှငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုလည်းကောင်း၊ ငါ သည်ကိုယ်ပိုင်အခွင့်အာဏာအရအဘယ် အမှုကိုမျှမပြုမူ၍ မိမိအားခမည်းတော် သွန်သင်တော်မူသည့်အကြောင်းအရာများ ကိုသာလျှင်ဟောပြောသွန်သင်သည်ကိုလည်း ကောင်း သင်တို့သိကြလိမ့်မည်။-
29 Wawu wa a ton me ndu'a, ana ka me don kan grji mu na, ahe ni me nitu kpi wawu wa me ti'a ani kpa soron ma si.”
၂၉ထိုမှတစ်ပါးလည်းငါ့ကိုစေလွှတ်တော်မူသော အရှင်သည်ငါနှင့်အတူရှိတော်မူ၏။ ထိုအရှင် နှစ်သက်တော်မူသောအမှုကိုငါသည်အခါ ခပ်သိမ်းလုပ်ဆောင်သည်ဖြစ်၍ ထိုအရှင်သည် ငါ့အားတစ်ကိုယ်တည်းစွန့်ပစ်၍ထားတော်မမူ'' ဟုမိန့်တော်မူ၏။
30 Wa Yesu si hla bi mba, indji gbugbu'u ba kpa yemme ni wu.
၃၀ဤသို့မိန့်တော်မူသည်ကိုကြားရသောလူ အမြောက်အမြားပင်ကိုယ်တော်ကိုယုံကြည် လာကြ၏။
31 Yesu hla biyi ni Yahudawa biwa ba wo na kpayenmen niwu, “Bi ta kli ni mi tre mu ni njanji, bi almajere mu bi nanji.
၃၁သခင်ယေရှုသည်ယုံကြည်သူတို့အား ``သင် တို့သည်ငါဟောပြောသွန်သင်သည်အတိုင်းပြု ကျင့်ကြလျှင် ငါ၏တပည့်အမှန်ဖြစ်ကြ၏။-
32 Bi to njanji, u njanji ni kpayi chuwo.”
၃၂သမ္မာတရားကိုလည်းသိသဖြင့်ထိုသမ္မာ တရားသည်သင်တို့အားလွတ်လပ်စေလိမ့် မည်'' ဟုမိန့်တော်မူ၏။
33 U ba sa niwu, “Ki mir bi grji ba Ibrahim wa kina ti bre hu diori kan na, iwa tre ni genri, ba kpatachuwo?”
၃၃ထိုသူတို့က ``အကျွန်ုပ်တို့သည်အာဗြဟံ၏ သားမြေးများဖြစ်ပါ၏။ အဘယ်အခါကမျှ တစ်ပါးကျွန်မဖြစ်ခဲ့ဘူးပါ။ `သင်တို့လွတ် လပ်လိမ့်မည်' ဟုအဘယ်ကြောင့်ဆိုပါသနည်း'' ဟုမေးလျှောက်ကြ၏။
34 Yesu hla bawu, “Njani, njanji, mi hla ni yiwu, indji wa ani latre, ahi gran latre.
၃၄သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား အပြစ်ကူးသူတိုင်းသည် အပြစ်၏ကျွန်ဖြစ်၏။-
35 Igran, na son ni ko se ka se na, ata son se ka se. (aiōn )
၃၅ကျွန်သည်အိမ်မှာအစဉ်နေသည်မဟုတ်၊ သား မူကားအစဉ်နေ၏။- (aiōn )
36 Naki, ivren nita kpa yi chuwo, u bi nawo wawu.
၃၆သို့ဖြစ်၍သင်တို့အားသားတော်ကလွတ်လပ် စေလျှင် သင်တို့သည်ဧကန်အမှန်လွတ်လပ် ကြလိမ့်မည်။-
37 Mi to bi, bi igrji Ibrahim, bi son bi wuma, nitu wa lan tre mu na he ni bubu son ni mi bina.
၃၇သင်တို့သည်အာဗြဟံ၏သားမြေးဖြစ်သည်ကို ငါသိ၏။ သို့ရာတွင်သင်တို့သည်ငါ၏သွန်သင် ချက်ကိုလက်မခံလိုသဖြင့် ငါ့ကိုသတ်ရန် ကြိုးစားကြ၏။-
38 Mi hla ikpe wa mi to ni Ti mu, biyi bi ti ikpe wa bi wo ni ba ti bi'a.
၃၈ငါသည်ငါ့ခမည်းတော်ထံမှသိရှိသောအရာ များကိုဟောပြော၏။ သင်တို့မူကားသင်တို့ အဖညွှန်ကြားသည့်အတိုင်းပြုကြ၏'' ဟု မိန့်တော်မူ၏။
39 U ba sa niwu, “Ibrahim mba a timbu, Yesu hla bawu, “Bina mir Ibrahim bina ti ikpe wa Ibrahim a ti'a.
၃၉ထိုသူတို့က ``အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်ပါ၏'' ဟုဆိုကြ၏။ သခင်ယေရှုက ``သင်တို့သည်အာဗြဟံ၏ သားမြေးများဖြစ်ပါမူ အာဗြဟံကဲ့သို့ ပြုကျင့်ကြလိမ့်မည်။-
40 U, zizan bi son wume, indji wa a hla njani ni yiwu wa a wo rji ni Rji. Ibrahim na ti naki na.
၄၀ဘုရားသခင်ထံတော်မှကြားနာခဲ့ရသည့် သမ္မာတရားကို သင်တို့အားဟောပြောသူငါ့ ကိုသတ်ရန်သင်တို့ကြံစည်လျက်နေကြ၏။ အာဗြဟံကားဤသို့မကျင့်ခဲ့။-
41 Bi ti na Iti mbi, u ba hla niwu, “Bana grji ta ni mi gyugyu na, ki he ni Iti riri, Irji.”
၄၁သင်တို့သည်သင်တို့အဖကဲ့သို့ကျင့်ကြ၏'' ဟုမိန့်တော်မူ၏။ ထိုသူတို့က ``အကျွန်ုပ်တို့သည်ဖခင်မဲ့မွေး သောသားများမဟုတ်။ အကျွန်ုပ်တို့မှာဘုရား သခင်တည်းဟူသောဖခင်တစ်ပါးတည်းရှိ၏'' ဟုဆိုကြ၏။
42 Yesu hla bawu, “Irji ana Iti bi bi na son me, u mi rji ni Irji i mi he ni yi zizan, ana ni tumu mi ye na, a wawu yi ton me.
၄၂သခင်ယေရှုက ``ဘုရားသခင်သည်သင်တို့၏ အဖဖြစ်ပါမူ သင်တို့သည်ငါ့ကိုချစ်ကြလိမ့် မည်။ ငါသည်ဘုရားသခင်ထံတော်မှလာ၍ ယခုဤအရပ်သို့ရောက်ရှိနေ၏။ ကိုယ်ပိုင် အခွင့်အာဏာအရလာသည်မဟုတ်။ ကိုယ် တော်သည်ငါ့ကိုစေလွှတ်တော်မူ၏။-
43 Ahi genri sa bina ya to wo tre mu na? e bina wo tre mu na.
၄၃ငါဟောပြောသည့်တရားကိုအဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ သင်တို့တွင် ငါ၏တရားကို နာယူနိုင်စွမ်းမရှိသောကြောင့် ပင်ဖြစ်၏။-
44 Bi u Ti bi, Ibrji, bi son bi hu iza ma Iti bi, ani wu ndi rji ni mumla mu ana kri ni njanji na he ni wuna, anita ni hla ice, asi hla Iti ma (isoron ma) rji ni mu a indji u ce na Iti u ce ngari.
၄၄သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
45 Wa mi si hla njanji ni yiwu u bi na kpa yenme ni kpe wa mi si hla na.
၄၅ငါသည်သစ္စာစကားကိုပြောသောကြောင့်သင် တို့ငါ့ကိုမယုံကြ။-
46 Ahi nha ni ri mbi a vu me ni latre? Mi ta hla njanji u bi ka na kpayemme na?
၄၆ငါသည်အပြစ်ကူးသူဖြစ်ကြောင်းအဘယ် သူသက်သေပြနိုင်သနည်း။ ငါသည်သစ္စာစကား ကိုပြောဆိုလျှင်အဘယ်ကြောင့်သင်တို့မယုံ ကြသနည်း။-
47 Indji wa a u Rji ani wo tre Rji, biyi bina wo tre Irji na, nitu wa bina u Rji na.
၄၇ဘုရားသခင်၏ထံမှဖြစ်ပွားသူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်တတ်၏။ သင် တို့သည်ဘုရားသခင်၏ထံမှဖြစ်ပွားသူ များမဟုတ်သောကြောင့်နားမထောင်ကြ'' ဟု မိန့်တော်မူ၏။
48 Yahudawa ba sa niwu, natre, “Kina hla njanji na nitu wa ki hla andi u indji u Samariya ni he ni meme brji?”
၄၈သူတို့က ``သင်သည်ရှမာရိအမျိုးသားဖြစ် သည်ဟူ၍လည်းကောင်း၊ နတ်မိစ္ဆာစွဲကပ်သူဖြစ် သည်ဟူ၍လည်းကောင်းငါတို့စွပ်စွဲသည်မှာ မမှန်ပါလော'' ဟုဆိုကြ၏။
49 Yesu sa bawu, “ime mi na he ni Ibrji na, mi to ninkon u Timu, biyi bina to ninkon mu na.”
၄၉သခင်ယေရှုက ``ငါသည်နတ်မိစ္ဆာစွဲကပ်သူ မဟုတ်။ ငါသည်ငါ့ခမည်းတော်ကိုချီးမြှောက် ၏။ သင်တို့ကားငါ့ကိုရှုတ်ချကြ၏။-
50 Mina wa to tu mu ti kperi u tu mu na, Indji ri he wa ani wa na ni gbi ton.
၅၀ငါသည်မိမိဘုန်းအသရေကိုမရှာ။ ငါ့ ဘုန်းအသရေကိုရှာ၍ငါ့ဘက်မှစစ်ကြော စီရင်တော်မူသောအရှင်တစ်ပါးရှိ၏။-
51 Njanji, njanji, mi hla ni yiwu, indji wa a hu tre mu, ana to kwu na.” (aiōn )
၅၁အမှန်အကန်သင်တို့အားငါဆိုသည်ကားငါ့ စကားကိုနာယူသူသည် အဘယ်အခါမျှ သေဘေးနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။ (aiōn )
52 U Yahudawa ba tre, zizan yi ki to u he ni brji. Ibrahim ni ana bawa ba kwu, iwu u tre, indji wa a hu tre me ana to kwu na.' (aiōn )
၅၂ယုဒအမျိုးသားတို့က ``သင်သည်နတ်မိစ္ဆာ စွဲကပ်နေသူဖြစ်ကြောင်းယခုအခါငါတို့ သိကြပါပြီ။ အာဗြဟံကားသေလွန်လေ ပြီ။ ပရောဖက်များသည်လည်းထို့အတူပင်။ သို့ပါလျက်သင်က `ငါ၏စကားကိုနာယူ သူသည်အဘယ်အခါမျှသေရလိမ့်မည် မဟုတ်' ဟုဆိုချေသည်။- (aiōn )
53 Ee, u na zan Iti mbu Ibrahim ni ninkon na wa kwu, ka u zan? anabawa me ba kwu, u ban tu ndi u nha?”
၅၃သင်သည်သေလွန်သူငါတို့၏အဖအာဗြဟံ ထက်ပင်ကြီးမြတ်ပါသလော။ ပရောဖက်တို့ သည်လည်းသေလွန်လေပြီ။ သင်သည်မိမိကိုယ် ကိုအဘယ်သူဟုထင်မှတ်ပါသနည်း'' ဟု မေးကြ၏။
54 Yesu sa, “Mita ban tumu ti kperi u tu mu, ani u migyen, ahi Iti mu mba ban ti kperi iwa bi tre ahi wawuyi a Irji bi.
၅၄သခင်ယေရှုက ``ငါသည်မိမိကိုယ်ကိုချီး မြှောက်ပါမူငါ၏ဘုန်းအသရေသည်အချည်း နှီးပင်ဖြစ်၏။ ငါ့ကိုချီးမြှောက်သူကားငါ၏ ခမည်းတော်တည်း။ ထိုအရှင်ကိုသင်တို့၏ ဘုရားသခင်ဟုဆိုကြ၏။-
55 Bi mebina tou na, ime mi tou, mi ta tre mina tou na, ka mi kati iriri ni yi me, indji u ce, se me, mi to ni ni hu tre ma.
၅၅သို့သော်လည်းထိုအရှင်ကိုသင်တို့မသိကြ။ ငါမူကားသိ၏။ အကယ်၍ငါမသိဟုဆို လျှင်ငါသည်သင်တို့နည်းတူလိမ်လည်ပြော ဆိုသူဖြစ်ပေအံ့။ ငါသည်ခမည်းတော်ကို အကယ်ပင်သိ၍ကိုယ်တော်၏စကားကို နားထောင်၏။-
56 Iti bi Ibrahim a gir ni to ivi mu, a tou na gir.”
၅၆သင်တို့အဖအာဗြဟံသည်ငါကြွလာ မည့်ခေတ်ကာလနှင့်ကြုံကြိုက်ရမည်ဖြစ် ၍နှစ်ထောင်းအားရ၏။ ထိုခေတ်ကာလနှင့် ကြုံကြိုက်ရသောအခါ၌လည်းရွှင်လန်း ဝမ်းမြောက်၏'' ဟုမိန့်တော်မူ၏။
57 Yahudawa ba hla niwu, “Una ti hamsi rina, una to Ibrahim?”
၅၇ယုဒအမျိုးသားတို့က ``သင်သည်အသက် ငါးဆယ်မျှပင်မရှိသေး။ အဘယ်သို့လျှင် အာဗြဟံကိုမြင်ဖူးနိုင်ပါမည်နည်း'' ဟု ဆိုကြ၏။
58 Yesu hla bawu, “Njanji, njanji, mi si hla ni yiwu, mi heri, ban grji Ibrahim.
၅၈သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားအာဗြဟံမမွေးဖွားမီက ပင်ငါရှိနှင့်၏'' ဟုမိန့်တော်မူ၏။
59 U ba vu tita ndi ba tau, u Yesu ri tuma, na rju ni mi hekeli'a.
၅၉ထိုသူတို့သည်သခင်ယေရှုကိုပေါက်ရန် ကျောက်ခဲများကောက်ကြ၏။ သို့ရာတွင် ကိုယ်တော်သည်တိမ်းရှောင်၍ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ၏။