< Yohana 7 >

1 Ni kogon kpi biyi Yesu zren kagon mi gbu Galili, ni tu wa ana son ri ni mi ingbu Yahudiya nitu Yahudawa ba mla ki si gben ndi ba wu'u.
ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​ပြည်​တွင် ဒေ​သ​စာ​ရီ​လှည့်​လည်​တော်​မူ​၏။ ယု​ဒ​အာ​ဏာ ပိုင်​တို့​သည်​ကိုယ်​တော်​ကို​သတ်​ရန်​ကြံ​စည်​နေ ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ယု​ဒ​ပြည်​တွင်​ဒေ​သ စာ​ရီ​လှည့်​လည်​တော်​မ​မူ​လို။-
2 U igan idin u Yahudawa tewhire.
ယု​ဒ​အ​မျိုး​သား​တို့​၏​သစ်​ခက်​တဲ​နေ့​ကောက် သိမ်း​ပွဲ​တော်​အ​ခါ​ကား​နီး​ကပ်​၍​လာ​၏။-
3 U miri vayi ma ba hla niwu, “Lunde hi ni Yahudiya ni ndu almajeran me ndu ba to ikpi wa u si tre ba'a.
သို့​ဖြစ်​၍​ညီ​တော်​များ​က​ကိုယ်​တော်​အား ``သင် ပြု​သော​အ​မှု​အ​ရာ​များ​ကို​သင့်​တ​ပည့်​တို့ တွေ့​မြင်​နိုင်​ကြ​စေ​ရန် ဤ​အ​ရပ်​မှ​ထွက်​ခွာ​၍ ယု​ဒ​ပြည်​သို့​သွား​ပါ​လော့။-
4 Idiori, nati kperi ririna inde ani son ndu indji ndu ba to wawuu, nitu wa u tie ikpi biyi u tsoro tume ni rira ni ngbungbulu'a
မည်​သူ​မ​ဆို​ထင်​ပေါ်​ကျော်​ကြား​လို​လျှင် အ​ဘယ်​အ​မှု​ကို​မျှ​လျှို့​ဝှက်​စွာ​ပြု​လေ့​မ​ရှိ။ သင်​သည်​ဤ​သို့​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ ကို​ပြု​မည်​ဆို​ပါ​က သင်​၏​အ​ကြောင်း​ကို​ကမ္ဘာ က​သိ​အောင်​ပြု​ပါ​လော့'' ဟု​ဆို​ကြ​၏။-
5 Nitu wa imri vayi ma me bana kpanyime niwu na.
(ညီ​တော်​များ​သည်​ပင်​လျှင်​ကိုယ်​တော်​ကို မ​ယုံ​ကြည်​ကြ။)
6 Yesu hla ni bawu, iton mu na tsira rina, ka iton bi ni he ni tan.
သ​ခင်​ယေ​ရှု​က ``ငါ့​အ​ချိန်​မ​ကျ​ရောက်​သေး။ သင်​တို့​အ​ချိန်​ကား​အ​စဉ်​ကျ​ရောက်​လျက်​ရှိ​၏။-
7 Gbungbulu'a ba na ya kamba niyi na, a kama ni me nitu wa mi hla ni bawu andi indu a hi memme.
ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မူ​ကား​မုန်း​ကြ​၏။ ယင်း​သို့​မုန်း​ကြ​ခြင်း မှာ​ငါ​သည်​သူ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့် များ​ကို​ထုတ်​ဖော်​ပြော​ဆို​သော​ကြောင့်​ဖြစ်​၏။-
8 Bika lunde hi ni idin, ime mi na hi na iton mu tsira rina.
ထို​ပွဲ​တော်​သို့​သင်​တို့​သွား​ကြ​ကုန်။ ငါ​ကား ငါ့​အ​ချိန်​မ​ကျ​ရောက်​သေး​သ​ဖြင့်​သွား လိမ့်​မည်​မ​ဟုတ်'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။-
9 Ni kogon iwa a hla ikpi biyi, a kuk'ri ni Galili.
ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် ဂါ​လိ​လဲ​ပြည်​တွင်​ဆက်​၍​နေ​တော်​မူ​၏။
10 Ni kogon wa imiri vayi ma ba hi ni rira na.
၁၀ထို​ပွဲ​တော်​သို့​ညီ​တော်​များ​ထွက်​သွား​ကြ ပြီး​မှ​သ​ခင်​ယေ​ရှု​သည်​လည်း​ထို​ပွဲ​သို့ မ​ထင်​မ​ရှား​ကြွ​တော်​မူ​၏။-
11 Nitu iwa Yahudawa ba si wa'u ni bubu indji'a, nani minye, a he ni ntsen?
၁၁ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ထို​ပွဲ​တော်​တွင် ကိုယ်​တော်​ကို​ရှာ​လျက် ``ထို​သူ​ကား​အ​ဘယ် မှာ​နည်း'' ဟု​မေး​မြန်း​ကြ​၏။-
12 Rju, rju itre ba he nituma gbugbu'u nimi kuson'a, bari mba tre a hi Indji ndindi, “Ahi Ndji u toh ti.” Bari mba ba tisan, andi an, an aye kpa soron ndji ni kasran.
၁၂လူ​ပ​ရိ​သတ်​သည်​ကိုယ်​တော်​နှင့်​ပတ်​သက်​၍ များ​စွာ​တီး​တိုး​ပြော​ဆို​လျက်​နေ​ကြ​ကုန်​၏။ လူ​အ​ချို့​တို့​က ``ဤ​သူ​သည်​သူ​တော်​ကောင်း ဖြစ်​သည်'' ဟု​ဆို​ကြ​၏။ အ​ချို့​က​မူ ``သူ​တော် ကောင်း​မ​ဟုတ်။ လူ​ပ​ရိ​သတ်​အား​မှောက်​မှား လမ်း​လွဲ​စေ​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။-
13 Ni naki me idiori na tre ni rira ni tumana nitu sisir Yahudawa.
၁၃သို့​ရာ​တွင်​ယု​ဒ​အာ​ဏာ​ပိုင်​တို့​ကို​ကြောက် ကြ​သ​ဖြင့် ကိုယ်​တော်​၏​အ​ကြောင်း​ကို​မည်​သူ မျှ​ပွင့်​လင်း​စွာ​မ​ပြော​ရဲ​ကြ။
14 Niwa ba ri igan indji ka ri ni zuzma, u Yesu lu ri ye hekali na (fara) ni tsroroba.
၁၄ပွဲ​တော်​ကျင်း​ပ​ရက်​ထက်​ဝက်​မျှ​လွန်​သော အ​ခါ သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့​ကြွ ၍​ဟော​ပြော​သွန်​သင်​လျက်​နေ​တော်​မူ​၏။-
15 Yahudawa ba luni ti sisir na ni tre, “Ani he iguyi he ni bibi kpran gbugbu'u na yi? Iwa na hi ni magrata na.
၁၅ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​လွန်​စွာ​အံ့​သြ​ကြ လျက် ``ဤ​သူ​သည်​အ​ဘယ်​သင်​တန်း​ကျောင်း ကို​မျှ​မ​တက်​ဘူး​ဘဲ ဤ​အ​သိ​ပ​ညာ​များ​ကို အ​ဘယ်​သို့​ရ​ရှိ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။
16 Yesu kasa ni bawu, “Itsroro mu'a ana umu na, a u Indji wa a ton me ye'a.”
၁၆သ​ခင်​ယေ​ရှု​က ``ငါ​ဟော​ပြော​သွန်​သင်​သော တ​ရား​သည်​ငါ​၏​တ​ရား​မ​ဟုတ်။ ငါ့​ကို​စေ လွှတ်​တော်​မူ​သော​အ​ရှင်​၏​တ​ရား​ဖြစ်​၏။-
17 Indji wa ani son ti kpi iwa ani son'a ani ya to tsoro mu'a ko a rji ni Irji, ko mi tre u mu kimu.
၁၇ထို​အ​ရှင်​၏​အ​လို​တော်​ကို​လိုက်​လျှောက်​လို သူ​သည် ငါ​ဟော​ပြော​သော​တ​ရား​ကား​ဘု​ရား သ​ခင်​၏​တ​ရား​လော၊ သို့​မ​ဟုတ်​ငါ​၏​ကိုယ် ပိုင်​တ​ရား​လော​ဟူ​၍​ခွဲ​ခြား​သိ​လိမ့်​မည်။-
18 Ko inha wa ani tre u tuma, ani wa kpandema mu, ko ahi nha iwa awa kpande Indji iwa a ton me, Indji ki a wu njanji, ikpiri meme ma na he niwu na.
၁၈မိ​မိ​ကိုယ်​ပိုင်​တ​ရား​စ​ကား​ကို​ဟော​ပြော​သွန် သင်​သူ​သည် မိ​မိ​ကိုယ်​ပိုင်​ဘုန်း​အ​သ​ရေ​ကို ရှာ​လိမ့်​မည်။ သို့​သော်​မိ​မိ​အား​စေ​လွှတ်​တော် မူ​သော​အ​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ရှာ​သော သူ​မူ​ကား ရိုး​သား​ဖြောင့်​မှန်​စွာ​ဟော​ပြော တတ်​၏။ သူ့​မှာ​မု​သား​မ​ရှိ။-
19 Musa na nuyi ndu na? Ni naki iriri ni mi mbi ana hu ndu'a na. U ahi geri mba ni yoyui ni ndu yi wu me?
၁၉မော​ရှေ​သည်​သင်​တို့​အား​ပ​ညတ်​တရား​ကို ပေး​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း​သင်​တို့ တစ်​စုံ​တစ်​ယောက်​မျှ ထို​ပ​ညတ်​တ​ရား​ကို မ​ကျင့်​သုံး​ကြ။ သင်​တို့​သည်​ငါ့​ကို​သတ်​ရန် အ​ဘယ်​ကြောင့်​ရှာ​ကြံ​ကြ​သ​နည်း'' ဟု မိန့်​တော်​မူ​၏။
20 Ison indji ba hla niwu, “U he ni brji. Ahi nha mba ni son wu'u?”
၂၀လူ​ပ​ရိ​သတ်​က ``သင်​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​နေ သူ​ဖြစ်​၏။ အ​ဘယ်​သူ​သည်​သင့်​ကို​သတ်​ရန် ကြိုး​စား​ကြံ​စည်​လျက်​နေ​ပါ​သ​နည်း'' ဟု ဆို​ကြ​၏။
21 Yesu hla bawu, mi ti indu iriri migen, u bi ti sisir wawu mbi.
၂၁သ​ခင်​ယေ​ရှု​က ``ဥ​ပုသ်​နေ့​၌​အံ့​သြ​ဖွယ်​အ​မှု တစ်​ခု​ကို​ငါ​ပြု​သော​အ​ခါ သင်​တို့​အား​လုံး ပင်​အံ့​အား​သင့်​သွား​ကြ​၏။-
22 Musa noyi ji (ana ri ni Musa na, a rji ni ba Ti-Iti, Tima), ni ivi u Asabar bi no indji iji.
၂၂မော​ရှေ​က​သင်​တို့​၏​က​လေး​သူ​ငယ်​များ​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပေး​ရန်​ပညတ်​ခဲ့​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ဥ​ပုသ်​နေ့​၌​ပင်​လျှင် အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ကို​ပြု​ကြ​၏။ (အ​မှန်​စင်​စစ် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​စ​တင်​စီ​ရင်​ခဲ့​သူ မှာ မော​ရှေ​မ​ဟုတ်​ဘဲ​သင်​တို့​ဘိုး​ဘေး​များ ဖြစ်​ပေ​သည်။)-
23 Indji nita kpa ji, ni ivi u asabar nitu, nduba na lahtre ni du Musa na, ahi ngeri mba noyi infu ni wa ndi mi chu lilo wawu rju ni indji wa a hi lo'a ni ivi asabar?
၂၃ဤ​သို့​လျှင်​မော​ရှေ​၏​ပ​ညတ်​တ​ရား​မ​ချိုး ဖောက်​ရန် သင်​တို့​သည်​ဥ​ပုသ်​နေ့​တွင်​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ပေး​လျှင် ငါ​သည်​ဥ​ပုသ်​နေ့​၌​လူ တစ်​ဦး​တစ်​ယောက်​အား​ပ​က​တိ​ကျန်း​မာ လာ​စေ​သော​အ​ခါ​၌​မူ အ​ဘယ်​ကြောင့်​ငါ့ အား​အ​မျက်​ထွက်​ကြ​သ​နည်း။-
24 Na tron ni ya shishi na, tron ni u njanji.”
၂၄အ​ပြင်​အ​ပ​လက္ခ​ဏာ​ကို​ထောက်​၍​မ​စီ​ရင် မ​ဆုံး​ဖြတ်​ကြ​နှင့်။ အ​မှန်​တ​ရား​အ​တိုင်း စီ​ရင်​ဆုံး​ဖြတ်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
25 Bari mba rji ni Urushelima ba tre, “Iwa ana indji iwa ki si wa ndi ki wu ana?
၂၅ယေ​ရု​ရှ​လင်​မြို့​သား​အ​ချို့​တို့​က ``ဤ​သူ​ကို အာ​ဏာ​ပိုင်​က​သတ်​ရန်​ရှာ​ကြံ​နေ​ကြ​သည် မ​ဟုတ်​ပါ​လော။-
26 To, a tre dedeme, u ba na tre kperi meniwu na. Ana bi na ni ndu bi chu ndi ba to a ndi i wayi a hi Kristi na, ka ana naki na?
၂၆ကြည့်​ပါ။ သူ​သည်​အ​ထင်​အ​ရှား​ဟော​ပြော​သွန် သင်​လျက်​နေ​၏။ မည်​သူ​တစ်​ဦး​တစ်​ယောက်​က​မျှ သူ့​အား​မ​တား​မြစ်​ပါ​တ​ကား။ ဤ​သူ​သည် မေ​ရှိ​ယ​အ​ရှင်​ဖြစ်​ကြောင်း​ကို​အာ​ဏာ​ပိုင်​တို့ က​အ​ကယ်​ပင်​သိ​ရှိ​ကြ​လေ​သ​လော။ သို့​ရာ တွင်​ဤ​သူ​၏​ဇာ​တိ​ကို​ငါ​တို့​သိ​ကြ​၏။-
27 Naki, kito i wurji iwa a rji. Ni ton iwa Kristi ni ye, idiori ana to iwurji wa ani rji'a na.”
၂၇မေ​ရှိ​ယ​အ​ရှင်​ကြွ​လာ​တော်​မူ​ချိန်​၌​မူ​ကား ထို​အ​ရှင်​၏​ဇာ​တိ​ကို​မည်​သူ​မျှ​မ​သိ​နိုင်​ရာ'' ဟု​ဆို​ကြ​၏။
28 Yesu tre ngbngban me ni mi heke li'a na ni tsoro ba na ni tre, “Bi to me ni to i wurji iwa mi rji. Mina ye ni tu muna, mi ye nitu indji wa a ton ye a hi njanji biyi bina to wu na.
၂၈ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​တွင်​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ``သင်​တို့​ငါ့​ကို သိ​ကြ​၏။ ငါ​အ​ဘယ်​က​လာ​သည်​ကို​လည်း သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​ကိုယ့်​အ​ခွင့် အာ​ဏာ​အ​ရ​လာ​သည်​မ​ဟုတ်။ ငါ့​ကို​စေ လွှတ်​တော်​မူ​သော​အ​ရှင်​သည်​သစ္စာ​နှင့်​ပြည့်​စုံ တော်​မူ​၏။ ထို​အ​ရှင်​ကို​သင်​တို့​မ​သိ​ကြ။-
29 Ime mi to mi rji ni wawuyi, a wawuyi ton me.”
၂၉ငါ​သည်​ထို​အ​ရှင်​၏​ထံ​မှ​လာ​သော​ကြောင့် လည်း​ကောင်း၊ ထို​အ​ရှင်​သည်​ငါ့​ကို​စေ​လွှတ် တော်​မူ​သော​ကြောင့်​လည်း​ကောင်း ငါ​သည်​ထို အ​ရှင်​ကို​သိ​၏'' ဟု​ကြွေး​ကြော်​တော်​မူ​၏။
30 Balu ni son vu u diori na ya bre wo niwu na iton na tsira rina.
၃၀လူ​တို့​သည်​ကိုယ်​တော်​အား​ဖမ်း​ဆီး​ရန်​အ​ခွင့် ကို​ရှာ​ကြံ​ကြ​သော်​လည်း​အ​ချိန်​မ​ကျ​သေး သ​ဖြင့် ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ​မ​ဖမ်း မ​ဆီး​ကြ။-
31 Indji gbugbu ni mi mba ba kpa nyeme niwu, u ba tre, “Yesu ni ta ye, ani ti zan wayi wa ndi ati ba yi?
၃၁ပ​ရိ​သတ်​အ​ထဲ​မှ​လူ​အ​များ​ပင်​ကိုယ်​တော်​ကို သက်​ဝင်​ယုံ​ကြည်​လာ​ကြ​ပြီး​လျှင် ``မေ​ရှိ​ယ အ​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ ဤ​အ​ရှင် ပြ​သည်​ထက်​ပို​မို​များ​ပြား​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​မည်​လော'' ဟု​ဆို​ကြ​၏။
32 Farisawa ba wo indji ba tre toto nitu Yesu, Malami bi nikon ni Farisawa ba ton bi gben ndu ba hi vu.
၃၂ဤ​သို့​ကိုယ်​တော်​၏​အ​ကြောင်း​ကို​လူ​တို့​တီး တိုး​ပြော​ဆို​နေ​ကြ​သည်​ကို​ဖာ​ရိ​ရှဲ​များ ကြား​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​နှင့်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး ရန်​အ​စောင့်​တပ်​သား​အ​ချို့​ကို​စေ​လွှတ် လိုက်​ကြ​၏။-
33 Yesu tre, “Miri he ni yi za mi ni vi ton ni k'ban hi ni Indji wa a ton Me.
၃၃သ​ခင်​ယေ​ရှု​က​လူ​တို့​အား ``ငါ​သည်​သင်​တို့ နှင့်​အ​တူ​ခေတ္တ​ခ​ဏ​သာ​နေ​ပြီး​လျှင်​ငါ့​ကို စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ထံ​သို့​ငါ​သွား ရ​မည်။-
34 Bi wa me bi na to mena, bubu iwa mi hi'a, bina ya hina.
၃၄သင်​တို့​သည်​ငါ့​ကို​ရှာ​သော်​လည်း​တွေ့​ကြ​လိမ့် မည်​မ​ဟုတ်။ ထို​မှ​တစ်​ပါး​ငါ​ရောက်​ရှိ​မည့် အ​ရပ်​သို့​သင်​တို့​မ​သွား​နိုင်​ကြ'' ဟု​မိန့်​တော် မူ​၏။
35 Yahudawa ba lu ni miyen kpamba, ani tsen iguyi ni hi wa kina ya hi to'a na? Ko ani hi ni Helinawa ba si yar ani hi tsoro Helinawa?
၃၅ယု​ဒ​အာ​ဏာ​ပိုင်​တို့​က ``ငါ​တို့​ရှာ​၍​မ​တွေ့​စေ​ရန် သူ​သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ပါ​မည်​နည်း။ ယု​ဒ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ဂ​ရိ​မြို့​များ​သို့​သွား​၍ ဂ​ရိ​အ​မျိုး​သား​တို့​အား​ဟော​ပြော​သွန်​သင်​ပါ မည်​လော။-
36 A hi lan birime a ni tre naki, bi wa me u bina to me na, iwurji me hi'a na, bina ya hi na?”
၃၆သူ​က `သင်​တို့​ငါ့​ကို​ရှာ​သော်​လည်း​တွေ့​လိမ့်​မည် မ​ဟုတ်။ ငါ​ရောက်​ရှိ​မည့်​အ​ရပ်​သို့​သင်​တို့​မ​သွား နိုင်​ကြ' ဟု​ဆို​ချေ​သည်။ ဤ​စ​ကား​များ​၏​အ​နက် ကား​အ​ဘယ်​သို့​နည်း'' ဟု​အ​ချင်း​ချင်း​မေး​မြန်း ကြ​၏။
37 Ni vi u kekle'a, ki kle ivi u idin, Yesu lu kri kri na yar yin gbangban, na hla, “Indji wa lan ma nita ni tiwu wa ka ye nime na so.
၃၇ပွဲ​တော်​၏​နောက်​ဆုံး​နေ့​နှင့်​အ​ရေး​ကြီး​ဆုံး နေ့​၌ သ​ခင်​ယေ​ရှု​သည်​ရပ်​လျက် ``ရေ​ငတ် သူ​သည်​ငါ့​ထံ​သို့​လာ​၍​သောက်​လော့။-
38 Indji wa a kpayenme ni me, ina wa itre Irji'a a la, ni mi ma iba u re (iviri) ba gukbon ni mi ne ma.”
၃၈ကျမ်း​စာ​လာ​သည်​အ​တိုင်း `ငါ့​ကို​ယုံ​ကြည်​သူ ၏​စိတ်​နှ​လုံး​အ​ထဲ​မှ​အ​သက်​ရေ​သည်​စမ်း ချောင်း​သ​ဖွယ်​စီး​ထွက်​နေ​လိမ့်​မည်' '' ဟု ကြွေး​ကြော်​တော်​မူ​၏။-
39 A tre naki nitu Ruhu (Ibrji ndindi), ni biwa ba kpa yeme niwu'a iki ba kpa, bana nu Ruhu (ibrji) rina, nitu wa bana gbre Yesu san rina.
၃၉သ​ခင်​ယေ​ရှု​သည်​ဘုန်း​အ​သ​ရေ​ပွင့်​တော်​မ​မူ သေး​သ​ဖြင့် ဝိ​ညာဉ်​တော်​ကို​လည်း​ကိုယ်​တော် ကို​သက်​ဝင်​ယုံ​ကြည်​သူ​တို့​အား​မ​ပေး​မ​အပ် ရ​သေး​ပေ။ သို့​ဖြစ်​၍​ထို​သူ​တို့​ခံ​ယူ​ကြ​ရ မည့်​ဝိ​ညာဉ်​တော်​ကို​ရည်​မှတ်​၍ ဤ​သို့​ကြွေး ကြော်​တော်​မူ​ခြင်း​ဖြစ်​၏။
40 Bari ni mi son'a ba lan tre ba naki, na tre, gbigbi iwa yin a hi ana ebi yi.”
၄၀ပ​ရိ​သတ်​အ​ထဲ​မှ​လူ​အ​များ​ပင်​ဤ​သို့​ကိုယ်​တော် ကြွေး​ကြော်​တော်​မူ​သည်​ကို​ကြား​ကြ​၏။ သို့​ဖြစ်​၍ သူ​တို့​က ``ဤ​သူ​သည်​ဧ​ကန်​ပင်​ပ​ရော​ဖက်​ဖြစ်​၏'' ဟု​ဆို​ကြ​၏။
41 Bari ba tre, iwayi a hi Almasihu.” U bari ba tre, “Almasihu ni rji ni Galili?
၄၁အ​ချို့​သော​သူ​တို့​က ``ဤ​သူ​သည်​မေ​ရှိ​ယ ဖြစ်​သည်​ဟု​ဆို​ကြ​၏။'' သို့​ရာ​တွင်​အ​ချို့​က မေ​ရှိ​ယ​သည်​ဂါ​လိ​လဲ​ပြည်​မှ​ပေါ်​ထွန်း​ပါ မည်​လော။-
42 Nda tre Irji hla Almasihu ni rji ni mi mla Dauda ni Batalami na, rji ni mi vi gbu wa Dauda rji?
၄၂မေ​ရှိ​ယ​သည်​ဒါ​ဝိဒ်​မင်း​၏​သား​မြေး​ဖြစ်​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ ဒါ​ဝိဒ်​နေ​ထိုင်​ခဲ့​သည့်​ဗက်​လင် ရွာ​မှ​ပေါ်​ထွန်း​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း ကျမ်း စာ​လာ​သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။-
43 U ba ga kpa ni mi son nitu ma.
၄၃သို့​ဖြစ်​၍​ကိုယ်​တော်​နှင့်​ပတ်​သက်​၍​လူ​ပ​ရိ​သတ် စိတ်​သ​ဘော​ကွဲ​လွဲ​လျက်​နေ​ကြ​၏။-
44 Wa bari mba ba vu, idiori na yowo na.
၄၄လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​လို ကြ​၏။ သို့​သော်​လည်း​အ​ဘယ်​သူ​မျှ​မ​ဖမ်း မ​ဆီး​ကြ။
45 Niki bi gben'a ba kaban ye ni Firistoci bi nonkon'a ni Farisawa biwa ba tre, “Ahi ngyeri sa bina njiwu ye na?
၄၅အ​စောင့်​တပ်​သား​များ​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့်​ဖာ​ရိ​ရှဲ​များ​ထံ​သို့​ပြန်​လာ​ကြ​သော အ​ခါ သူ​တို့​က ``အ​ဘယ်​ကြောင့်​ထို​သူ့​ကို​သင် တို့​ဖမ်း​ဆီး​ခေါ်​ဆောင်​၍​မ​လာ​ကြ​သ​နည်း'' ဟု​မေး​ကြ​၏။
46 Bi gben ba tre, ko diori na ti bre tre nayi.
၄၆အ​စောင့်​တပ်​သား​များ​က ``ဤ​သူ​ဟော​ပြော သ​ကဲ့​သို့​မည်​သူ​မျှ​မ​ဟော​စ​ဖူး​ပါ'' ဟု ဆို​ကြ​၏။
47 Farisawa ba sa ni bawa, “Ba kpayi kasran?
၄၇ဖာ​ရိ​ရှဲ​များ​က ``သင်​တို့​သည်​လည်း​သူ​၏​လှည့် စား​ခြင်း​ကို​ခံ​ရ​ကြ​ပြီ​လော။-
48 Ka iri ni mi chuba a kpanyeme niwu, ka ni mi Farisawa?
၄၈ငါ​တို့​ခေါင်း​ဆောင်​များ​နှင့်​ဖာ​ရိ​ရှဲ​များ​အ​ထဲ မှ​တစ်​ဦး​တစ်​ယောက်​သည် ထို​သူ​ကို​ယုံ​ကြည် ပါ​သ​လော။-
49 Indji bi son yi ba na to tron na, ba ti meme ye.
၄၉ဤ​လူ​ထု​သည်​ပ​ညတ်​တ​ရား​ကို​မ​သိ​သော ကြောင့် ဘု​ရား​သ​ခင်​၏​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ကြ ရ​ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။
50 Nikodimus hla ni bawu, wawu wa a ye ni Yesu, ni ri ni mi Farisawa,
၅၀ထို​သူ​အ​ထဲ​တွင်​နိ​ကော​ဒင်​ပါ​၏။ သူ​သည်​ယ​ခင် က​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့​လာ​ဖူး​၏။-
51 Indu mbu tre ni ndu fu ton nidi ndi ri ni wo ikpe iwa a ti'a?
၅၁နိ​ကော​ဒင်​က ``ငါ​တို့​တ​ရား​အ​ရ​အ​ဘယ် အ​မှု​ကို​ကူး​လွန်​ကြောင်း​စစ်​ဆေး​ခြင်း​ကို​မ​ပြု၊ တ​ရား​ခံ​အား​ချေ​ပ​ပြော​ဆို​ခွင့်​ကို​လည်း​မ​ပေး ဘဲ​တစ်​စုံ​တစ်​ယောက်​ကို​အ​ပြစ်​စီ​ရင်​နိုင်​ပါ သ​လော'' ဟု​ဆို​၏။
52 U ba minye, iwume u rji ni Galili? ban ya ni hla anibi wa ani ya rji Galili'a.
၅၂ထို​သူ​တို့​က ``သင်​သည်​လည်း​ဂါ​လိ​လဲ​ပြည် သား​ပေ​လော။ ကျမ်း​စာ​တော်​ကို​လေ့​လာ​ကြည့် ပါ​လျှင်​ဂါ​လိ​လဲ​ပြည်​မှ​အ​ဘယ်​ပ​ရော​ဖက် မျှ​မ​ပေါ်​ထွန်း​သည်​ကို​သင်​သိ​ရ​လိမ့်​မည်'' ဟု ဆို​ကြ​၏။
53 Niki indji wawu ba lu shan hi ni ko'mba.
၅၃

< Yohana 7 >