< Ndu Manzaniba 22 >
1 “Mri vayi baba bati, sren ton ni vri kpachuwo mu, wa mi ti yiwu.”
၁``ညီအစ်ကိုများနှင့်ဖခင်တို့၊ ယခုအကျွန်ုပ် ထုချေမည့်စကားကိုနားထောင်ကြပါ'' ဟု ဆို၏။-
2 Niwa jbu indji ba ba wo Bulus si tre niba ni lan Ibraniyawa, ba ti whime, A tre ndi,
၂ထိုသို့ဟေဗြဲဘာသာဖြင့်ပြောဆိုသည်ကို ကြားသောအခါ လူတို့သည်ပို၍ပင်ဆိတ် ဆိတ်နေကြ၏။
3 Me mi nji Yahudawa, ngrji wu Tarsus ni Cilicia, mi kpa tsro mu ni kikle gbu yi ni za Gamaliel. Mi kpa tsro nitu nkon tsatsra wu du ba ti ti mbu. Mi hu nkon Irji ngyengyere, to wa biyi wawu mbi bi he luwa.
၃ပေါလုကဆက်လက်၍ ``အကျွန်ုပ်သည်ကိလိကိ ပြည်၊ တာရှုမြို့တွင်မွေးဖွားသူယုဒအမျိုးသား ဖြစ်ပါ၏။ ယေရုရှလင်မြို့တွင်ကြီးပြင်း၍ဘိုး ဘေးတို့လိုက်လျှောက်ကျင့်သုံးသည့်ပညတ်တရား တော်ကို ဂါမလျေလ၏ခြေရင်း၌တိကျစွာ ဆည်းပူးခဲ့ပါ၏။ ယခုသင်တို့သည်ဘုရား သခင်၏အမှုတော်ကိုထမ်းဆောင်ရန်စိတ်အား ထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်းစိတ် အားထက်သန်ခဲ့ပါ၏။-
4 Miyo bi hu nkon'a iya ka tsra ni kwu, vu ba lo ndi tru ba sru ni kotro, lilon baba mmba,
၄အကျွန်ုပ်သည်ယေရှု၏လမ်းစဉ်တော်ကိုလိုက် လျှောက်ကြသူများအား အသေသတ်သည်အထိ ညှဉ်းဆဲနှိပ်စက်ခဲ့ပါ၏။ အမျိုးသား၊ အမျိုး သမီးများကိုဖမ်းဆီး၍ထောင်ချခဲ့ပါ၏။-
5 me wa kikle Prist baba bi chiche wawu ba vu bla nituma. Mi kpa nha vunvu rhi ni ba hi ni mri vayi wa ba he ni Damascus, I mi hiki nitu hi vuba lo nji ye ni Urushelima ni duba fubaton.
၅အကျွန်ုပ်ပြောဆိုသည်အတိုင်းမှန်ကန်ကြောင်း ကို ယဇ်ပုရောဟိတ်မင်းနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့ကသက်သေ ခံနိုင်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ထံ မှဒမာသက်မြို့နေ ယုဒညီအစ်ကိုထံသို့ ရေးပေးလိုက်သည့်အမှာစာများကိုရယူ ၏။ ထိုနောက်ထိုလမ်းစဉ်တော်ကိုလိုက်လျှောက် သူတို့အား အပြစ်ဒဏ်စီရင်ခြင်းငှာဖမ်းဆီး ချည်နှောင်လျက် ယေရုရှလင်မြို့သို့ခေါ်ဆောင် လာရန်ဒမာသက်မြို့သို့ထွက်ခွာသွားပါ ၏။
6 A he niki mba niwa mi zren ti weiweire ni Damascus, mla tsutsu irji, mle kikle kpan rji ni shulu a lu kri kpan kagon mu.
၆``အကျွန်ုပ်သည်ခရီးသွားနေစဉ်ဒမာသက် မြို့အနီးသို့ရောက်သောအခါမွန်းတည့်အချိန် ခန့်တွင် ကောင်းကင်မှအလင်းရောင်ကြီးတစ်ခု သည် ရုတ်တရက်အကျွန်ုပ်ပတ်လည်တွင်ထွန်း တောက်သဖြင့်၊-
7 Mi kurjoku ni meme ndi wo ilan a tre ni me, 'Shawulu, Shawulu, nitu ngye wu si time ya?'
၇အကျွန်ုပ်သည်မြေပေါ်သို့လဲကျနေစဉ် `ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ကိုနှိပ်စက် ညှဉ်းဆဲသနည်း' ဟူသောအသံကိုကြားရ ပါ၏။-
8 Mi sa ndi, 'Wu nha, Bachi?' A hla mu ndi, 'Mi Yesu wu Nazaret, wa wu si tiwu ya.'
၈အကျွန်ုပ်က `အရှင်၊ ကိုယ်တော်သည်မည်သူဖြစ် ပါသနည်း' ဟုမေးလျှောက်လျှင်ကိုယ်တော်က `ငါသည်သင်နှိပ်စက်ညှဉ်းဆဲသောနာဇရက် မြို့သားယေရှုပင်ဖြစ်၏' ဟုမိန့်တော်မူ၏။-
9 Biwa bana heni me bato bwu kpan, ndana to tutre lan wa a tre nime na.
၉အကျွန်ုပ်နှင့်အတူပါလာကြသောသူတို့ သည် ထိုအလင်းရောင်ကိုမြင်ရကြသော် လည်း အကျွန်ုပ်အားမိန့်မှာတော်မူသောအရှင် ၏အသံကိုမူမကြားရကြ။-
10 Mi tre ndi, 'Mi ti ngye zizan Bachi?' Bachi a hla mu, lunde ni rhihi nimi Damascus. Niki wu wo kpe wa mi chuwu du wuti.
၁၀အကျွန်ုပ်က `အရှင်၊ အကျွန်ုပ်သည်အဘယ်သို့ ပြုရပါမည်နည်း' ဟုမေးလျှောက်လျှင်ကိုယ်တော် က `ထလော့။ ဒမာသက်မြို့သို့သွားလော့။ သင် ဆောင်ရွက်ရန်ခွဲခန့်သတ်မှတ်ထားသည့်အမှု အရာခပ်သိမ်းကို ထိုမြို့တွင်သင့်အားပြော မည်' ဟုမိန့်တော်မူ၏။-
11 Mina lani to bubuna nitu kpanlua, i indji wa ba he ni me'a ba vume zrenji ni wo ye nimi Damascus.
၁၁အကျွန်ုပ်သည်အလင်းရောင်၏တောက်ပြောင်မှု ကြောင့်မျက်စိကွယ်သွားသဖြင့် အကျွန်ုပ်နှင့် အတူပါလာကြသောသူတို့က အကျွန်ုပ် ကိုလက်ဆွဲ၍ဒမာသက်မြို့သို့ပို့ဆောင် ပေးရကြပါသည်။
12 Niki mi zontu ni indji ri wu nde Ananiyas, indji wu kri gbangban ni hu nkon du, mba wa Yahudawa ba pempe wa ba ki niki ba tre ndindi ni tuma.
၁၂အာနနိဆိုသူသည်အကျွန်ုပ်၏ထံသို့လာ ပါ၏။ သူသည်ပညတ်တရားကိုလိုက်လျှောက် ကျင့်သုံး၍ ဘုရားဝတ်၌မွေ့လျော်သူဖြစ်၏။ ဒမာသက်မြို့ရှိယုဒအမျိုးသားအပေါင်း တို့၏ရိုသေလေးစားခြင်းကိုလည်းခံရ၏။-
13 A ye ni me, nda ye kri whi nime, nda tre ndi, 'Vayi Shawulu, kpa to bubu me.' Ni nton kima, mi towu.
၁၃သူသည်အကျွန်ုပ်၏အနီးတွင်ရပ်လျက် `ညီရှောလု၊ သင်သည်မျက်စိပြန်၍မြင်စေသတည်းဟုဆို၏။ ထိုခဏ၌ပင်လျှင်အကျွန်ုပ်သည်မျက်စိပြန်၍ မြင်သဖြင့်သူ့ကိုကြည့်လိုက်ရာ၊-
14 Wa a tre ndi, Irji wu ba titimbu a chu du wu to sron ma, du wu to Tsatsra wu Ma, mba ndi du wo ilan wa rju rju ni nyuma.
၁၄အာနနိက `သင်သည်ငါတို့ဘိုးဘေးများ ကိုးကွယ်သည့်ဘုရားသခင်၏အလိုတော် ကိုသိရစေရန်လည်းကောင်း၊ ကိုယ်တော်၏ ဖြောင့်မတ်သောအစေခံအားဖူးမြင်ရစေ ရန်လည်းကောင်း၊ ထိုအရှင်၏နှုတ်တော်မှ အသံတော်ကိုကြားရစေရန်လည်းကောင်း ကိုယ်တော်သည်သင့်အားရွေးချယ်တော်မူ လေပြီ။-
15 Nitu wu ta bla nituma ni indji wawu, kpe wa wu to ni shishime mba ni woa.
၁၅သင်သည်မိမိမြင်ရကြားရသည့်အရာ များကို လူအပေါင်းတို့အားပြောကြားရန် ထိုအရှင်၏သက်သေခံဖြစ်ရလိမ့်မည်။-
16 Zizan wu si gben ngye? lu kri, kpa batisma, ndi gla tre me hi, nisi yo ni ndema.
၁၆သို့ဖြစ်၍ယခုသင်သည်အဘယ်ကြောင့်ဆိုင်းငံ့ နေပါသနည်း။ ထ၍ဗတ္တိဇံမင်္ဂလာကိုခံလော့။ သင်၏အပြစ်များဖြေလွှတ်စိမ့်သောငှာကိုယ် တော်အားပတ္ထနာပြုလော့' ဟုဆိုလေသည်။
17 Niwa mika kma ye ni Urushelima, nda sia bre ni mi hekali, a he niwa mi kpa to nimi ra.
၁၇``အကျွန်ုပ်သည်ယေရုရှလင်မြို့သို့ပြန်ရောက် ၍ ဗိမာန်တော်တွင်ဆုတောင်းလျက်နေစဉ်ဗျာ ဒိတ်ရူပါရုံကိုမြင်ရပါ၏။-
18 Mi ton sia hlamu, 'Sima ni lunde don Urushelima gbagbla, nitu bana kpa bla tre nitumu na.'
၁၈ထိုဗျာဒိတ်ရူပါရုံတွင်သခင်ဘုရားသည် ထင်ရှား၍ `သင်သည်ဆိုင်းငံ့၍မနေဘဲယေရု ရှလင်မြို့မှ အလျင်အမြန်ထွက်ခွာသွားလော့။ ဤမြို့သားတို့သည်ငါ၏အကြောင်းသင်သက် သေခံချက်ကိုလက်ခံကြလိမ့်မည်မဟုတ်' ဟုမိန့်တော်မူ၏။-
19 Mi tre ndi, 'Bachi, baba kimba ba to ndi mi vu bi wa ba kpanyimea tro nda tsi ba ni sinagog kagon.
၁၉အကျွန်ုပ်က `သခင်ဘုရား၊ တရားဇရပ်တစ်ခု မှတစ်ခုသို့သွား၍ အရှင့်ကိုယုံကြည်ကြသူ တို့အားဖမ်းဆီးရိုက်နှက်သူမှာ အကျွန်ုပ်ပင် ဖြစ်ကြောင်းထိုသူတို့သိကြပါ၏။-
20 Niwa ba ka iyi Istifanus wa ata bla nitu me hle, mi sia kri ni hugon, ndani kri ya nklon biwa ba wuu a.
၂၀အရှင်၏အကြောင်းသက်သေခံသူသတေဖန် ကိုသတ်ကြသောအခါ၌လည်း အကျွန်ုပ်သည် အနီးတွင်ရပ်လျက်အလိုတူအလိုပါပြု ခဲ့ပါ၏။ သူ့ကိုသတ်ကြသောသူတို့၏အဝတ် များကိုစောင့်ထိန်းပေးခဲ့ပါ၏' ဟုပြန်လျှောက် သော်၊-
21 I a hlamu ndi, 'Hi, nitu mi ton hi gbagban mu ni bi kora'a.'”
၂၁သခင်ဘုရားက `သွားလော့။ ရပ်ဝေးရှိလူမျိုး ခြားတို့ထံသို့သင့်အားငါစေလွှတ်မည်' မိန့် တော်မူ၏'' ဟုဆို၏။
22 Ba srenton niwu ka tsra niwa a tre kima. Mle ba nzu gro kpa nda tre ndi, “njii bibi kima rhuni gbungblu meme, nitu a na bi du he ni sisren na.”
၂၂လူတို့သည်ဤမျှကြာအောင်နားထောင်နေ ကြပြီးနောက် ဤသို့ပေါလုပြောဆိုသည်ကို ကြားသောအခါ ``ဤသူအားကမ္ဘာမြေကြီး ပေါ်မှသုတ်သင်ပယ်ရှင်းလော့။ သူ့အားသတ် လော့။ သူသည်အသက်ရှင်ရန်မသင့်'' ဟု အသံကုန်ဟစ်အော်ကြ၏။-
23 Niwa ba sia kpa gro nda ju nklon mba ni the, nda ni vra iwru,
၂၃သူတို့သည်ဝတ်လုံများကိုဝှေ့ရမ်းကာမြေ မှုန့်ကို မိုးကောင်းကင်သို့ပစ်လွှင့်လျက်အော် ဟစ်ကြ၏။-
24 kikle kaptin a duba nji Bulus rihi ni bubu wu mla ri. A nu nyu tre nda du ba shle myeu tre no tiwu ya, nitu du wawume du to ka a hi ngye duba ni kpagro nituma toki.
၂၄ထိုအခါရောမတပ်မှူးသည်ပေါလုကိုတပ် စခန်းရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်နှင့် အဘယ်ကြောင့်ဤသို့လူတို့ဆူပူဟစ်အော်ရ ကြောင်းကိုပေါလုအားရိုက်၍စစ်ဆေးရန် အမိန့်ပေး၏။-
25 Niwa ba loo ni rjirji ntan, Bulus a tre ni ninkon wu ndji ya bi lokpa deri ri, wa a kri nha niki, “A tsra ni du yi ti indji Roma ya biyi, hama ni yo ni tsra?
၂၅သူ့ကိုကြိမ်ဒဏ်ခတ်ရန်ချည်နှောင်ကြသော အခါ ပေါလုကအနီးတွင်ရပ်လျက်နေသည့် တပ်ခွဲမှူးအား``ရောမနိုင်ငံသားတစ်ယောက် ကိုစစ်ဆေးစီရင်ခြင်းမပြုဘဲကြိမ်ဒဏ် ခတ်ခြင်းမှာတရားဥပဒေနှင့်ကိုက်ညီပါ သလော'' ဟုမေး၏။
26 Niwa Centurion a wo toki, a hi ni ninkon kaptin a nda ka hlawu ndi, “A hi ngye wu si son ti? Indji yi hi vren meme Roma.”
၂၆ထိုစကားကိုကြားလျှင်တပ်ခွဲမှူးသည်တပ်မှူး ထံသို့သွား၍ ``အရှင်၊ အသို့ပြုဘိသနည်း။ ထို သူသည်ရောမနိုင်ငံသားဖြစ်ပါ၏'' ဟု လျှောက်၏။
27 Kikle kaptin a ye tre niwu ndi, “Hlamu, wu vren meme Roma? Bulus a tre ndi, “Ee.”
၂၇ထိုအခါတပ်မှူးသည်ပေါလုထံလာ၍ ``သင် သည်ရောမနိုင်ငံသားပေလော။ ငါ့အားပြော ပါ'' ဟုဆိုလျှင်ပေါလုက ``ဟုတ်ပါ၏'' ဟု ဆို၏။
28 Kikle kaptin a sa ndi, “Ana ni gbugbu nklen mba mi kpanyime son vren meme.”I Bulus a tre ndi, “Ba ngrji me vren me Roma.”
၂၈တပ်မှူးက ``ငါသည်ငွေအမြောက်အမြားပေး၍ ရောမနိုင်ငံသားအဖြစ်ကိုရရှိ၏'' ဟုဆိုလျှင် ပေါလုက ``ငါမူကားဇာတိအားဖြင့်ရောမ နိုင်ငံသားဖြစ်ပါ၏'' ဟုပြန်ပြော၏။
29 Niki indji wa bata hi shle miu trea ba kawu don hari. Kikle kaptin a ti sissri, niwa a wo ndi Bulus hi ndji meme Roma, nitu wa a vuu lo.
၂၉သူ့ကိုစစ်ဆေးမေးမြန်းမည့်သူတို့သည်လည်း ချက်ချင်းပင်နောက်သို့ဆုတ်ခွာသွားကြလေ သည်။ ပေါလုသည်ရောမနိုင်ငံသားဖြစ်သည် ကိုလည်းကောင်း၊ သူ့အားသံကြိုးဖြင့်ချည်နှောင် မိသည်ကိုလည်းကောင်းသိမြင်သောအခါ တပ်မှူးသည်ကြောက်လန့်လေ၏။
30 Ni vi wa ahu kia, kikle kpatin a ta son to tukpe wa Yahudawa ba bahe niwu nitu Bulus. Niki a duba si chuwo ni lo nda du kikle Prist baba bi son nitra bi ninkon gbua kuson. Niki, ba nji Bulus grji ye zi ni mi mba.
၃၀တပ်မှူးသည်ပေါလုအားယုဒအမျိုးသားတို့ က အဘယ်ပြစ်မှုဖြင့်စွပ်စွဲကြသည်ကိုအသေ အချာသိလို၏။ သို့ဖြစ်၍နောက်တစ်နေ့၌ ပေါလုအားချည်နှောင်ထားသည့်သံကြိုးကို ဖယ်ရှားစေပြီးလျှင် ယဇ်ပုရောဟိတ်ကြီး များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင် အပေါင်းတို့ကိုစုဝေးကြရန်အမိန့်ပေး လေသည်။ ထိုနောက်ပေါလုကိုခေါ်ဆောင်ကာ ထိုသူတို့ရှေ့တွင်ရပ်စေ၏။