< 2 Hou Olelesu 23 >
1 Gobele salasu dunu Yihoida da ode gafeyale ouesalu, A:dalaia fadegamusa: dawa: i. E da dadi gagui ouligisu dunu biyale e fidima: ne ilegei. Ilia dio da A: salaia (Yihoula: me egefe), Isiama: iele (Yihouhaina: ne egefe), A:salaia (Oubede egefe), Ma: iasia (Ada: iya egefe), amola Ilisiafa: de (Sigalai egefe).
၁ယောယဒသည်ခြောက်နှစ်မျှစောင့်ဆိုင်းနေ ပြီးနောက် အရေးယူဆောင်ရွက်ရန်အချိန်ကျ ပြီဖြစ်ကြောင်းဆုံးဖြတ်လျက် တပ်မတော် အရာရှိငါးဦးဖြစ်ကြသောယေရောဟံ ၏သားအာဇရိ၊ ယောဟနန်၏သားဣရှမေလ၊ သြဗက်၏သားအာဇရိ၊ အဒါယ၏သား မာသေယ၊ ဇိခရိသားဧလိရှဖတ်တို့ နှင့်သဘောတူညီချက်ရပြီးနောက်၊-
2 Ilia da Yuda moilai bai bagade amoga asili, Lifai fi dunu amola sosogo fi huluane ilia ouligisu dunu amo bu Yelusalemega oule misi.
၂သူတို့သည်ယုဒမြို့ရှိသမျှသို့သွား၍ လေဝိအနွယ်ဝင်များ၊ သားချင်းစုခေါင်း ဆောင်အပေါင်းကိုယေရုရှလင်မြို့သို့ ခေါ်ဆောင်ခဲ့ကြ၏။
3 Ilia huluane da Debolo Diasu ganodini gilisili, amogawi hina bagade egefe Youa: sie, e hana bagade hawa: hamoma: ne ilegei. Yihoiada da ilima amane sia: i, “Hina bagade bogoi amo ea mano da goea! Hina Gode da hina bagade Da: ibidi egaga fi dunu da hina bagade hamoma: ne ilegele sia: i. Amaiba: le, Youa: sie da hina bagade hamomu.
၃ထိုသူတို့သည်ဗိမာန်တော်တွင်စုဝေး၍ ဘုရင့် သားတော်ယောရှနှင့်ပဋိညာဉ်ပြုကြ၏။ ယော ယဒကသူတို့အား``ကွယ်လွန်သောဘုရင် ၏သားတော်သည်ဤတွင်ရှိပါ၏။ ဒါဝိဒ်မင်း ၏သားမြေးများအတွက် ထာဝရဘုရား ကတိထားတော်မူခဲ့သည့်အတိုင်းသူသည် ယခုနန်းတက်ရမည်ဖြစ်သည်။-
4 Ninia da agoane hamomu. Dilia gobele salasu dunu amola Lifai fi dunu da Sa: bade eso hawa: hamomusa: masea, mogi udiana amoga afae da Debolo Diasu Logo Ga: su sosodo aligima: ne sia: ma!
၄ငါတို့အဘယ်သို့ဆောင်ရွက်ရကြမည်ကို ဖော်ပြပါအံ့။ ဥပုသ်နေ့၌တာဝန်ကျ၍ ရောက်ရှိလာသောလေဝိအနွယ်ဝင်တို့ အနက်သုံးပုံတစ်ပုံမှာဗိမာန်တော်အဝင် တံခါးကိုစောင့်ကြပ်ရကြမည်။-
5 Mogi udiana afae eno da hina bagade uda ea diasu sosodo aligima: ne sia: ma! Mogi udiana amoga, eno da Debolo Bai Logo Ga: suga sosodo aligima: ne sia: ma! Dunu huluane da Debolo Diasu gagoi ganodini gilisima: ne sia: ma!
၅အခြားသုံးပုံတစ်ပုံသည်နန်းတော်ကို လည်းကောင်း၊ ကျန်သုံးပုံတစ်ပုံသည်မြင်း တံခါးကိုလည်းကောင်းစောင့်ကြပ်ရမည်။ လူအပေါင်းတို့ကဗိမာန်တော်ဝင်းအတွင်း ၌စုရုံးရကြမည်။-
6 Gobele salasu dunu amola Lifai fi dunu amo da hawa: hamomusa: misi, ilia fawane da Debolo Diasu ganodini golili sa: imu. Bai ilia fawane da nigima: dodofei. Eno dunu huluane da Hina Gode Ea hamoma: ne sia: i defele, gadili aligima: mu.
၆တာဝန်ကျသူယဇ်ပုရောဟိတ်များနှင့် လေဝိအနွယ်ဝင်များမှတစ်ပါး အဘယ်သူ မျှဗိမာန်တော်အဆောက်အအုံများထဲ သို့မဝင်ရ။ ထိုသူတို့သည်ထာဝရဘုရား အားဆက်ကပ်ပူဇော်ထားသူများဖြစ် သဖြင့် ဝင်နိုင်ခွင့်ရှိသော်လည်းအခြား သူအပေါင်းတို့မူကားအပြင်တွင် နေရကြမည်။-
7 Lifai fi dunu da hina bagade sisiga: le leluwane, gegesu gobihei duga: le gadolewane, hina bagade Youa: sie noga: le gema: mu! E da habidili ahoasea, dili e sigi masa. Nowa da Debolo ganodini golili sa: imusa: dawa: sea, amo medole legema!”
၇လေဝိအနွယ်ဝင်တို့သည်မင်းလောင်း၏ပတ် လည်တွင် ဋ္ဌားလွတ်များကိုကိုင်၍စောင့်ကြပ် ရကြမည်။ မင်းလောင်းသွားလေရာသို့လိုက် ရကြမည်။ ဗိမာန်တော်သို့ဝင်ရန်ကြိုးစားသူ ဟူသမျှကိုသတ်ရမည်'' ဟုမှာကြားထား လေသည်။
8 Ouligisu dunu ilia da Yihoida ea hamoma: ne sia: i defele hamoi. Ilia da ilia dunu, gilisisu amo da Sa: bade esoga helefi amola gilisisu amo da Sa: bade esoga hawa: hamonanu, amo huluane Yihoidama oule asi.
၈လေဝိအနွယ်ဝင်များနှင့်ယုဒပြည်သူ အပေါင်းတို့သည် ယောယဒ၏အမိန့်ကို နာခံကြလေသည်။ ဥပုသ်နေ့၌သူတို့သည် မိမိတို့တာဝန်ချိန်ကုန်ဆုံးသွားသော်လည်း အိမ်သို့မပြန်ရကြ။ သို့ဖြစ်၍တာဝန်မှူး တို့သည်တာဝန်ကျသူများနှင့် တာဝန် ပြီးဆုံးသူများကိုပါခေါ်ယူစေခိုင်း နိုင်ကြ၏။-
9 Yihoida da musa: hina bagade Da: ibidi ea goge agei amola ludasa: besa: le da: igene ga: su liligi huluane Debolo diasu ganodini modaligi, amo lale, ouligisu dunu ilima i.
၉ယောယဒသည်ဗိမာန်တော်တွင်ဒါဝိဒ်ထား ရှိသည့်လှံများနှင့် ဒိုင်းလွှားများကိုအစောင့် တပ်မှူးတို့အားပေးအပ်လေသည်။-
10 Amola e da dunu ilia gegesu gobihei duga: le gadole, amo hina bagade Youa: sie gemusa: , Debolo diasu midadi sisiga: le dadalema: ne asunasi.
၁၀သူသည်မင်းလောင်းအားစောင့်ရှောက်ကြည့်ရှုရန် ဋ္ဌားလွတ်ကိုင်တပ်သားများကိုဗိမာန်တော် အရှေ့ဘက်တစ်ဝိုက်တွင်နေရာယူစေ၏။-
11 Amalalu, Yihoida da Youa: sie amo gadili oule asili, hina bagade habuga ea dialuma da: iya figisili, meloa amo ganodini da hina bagade ilia sema dedei ema i. Amalalu, e da Youa: sie ea dialuma da: iya susuligi sogagala: le, e Yuda hina bagade hamoma: ne mogili gagale ilegei. Dunu huluane da lobo fane, amane wele sia: i, “Hina bagade da sedagili esalumu da defea!”
၁၁ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာ သရဖူကိုဆောင်းပေးပြီးလျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်လေသည်။ ဤသို့ဖြင့်ယောရှကိုမင်းမြှောက်ကြ၏။ ယဇ် ပုရောဟိတ်ယောယဒနှင့်သူ၏သားတို့သည် ယောရှအား ဘိသိက်ပေးပြီးကြသောအခါ လူအပေါင်းတို့က``မင်းကြီးသက်တော်ရှည် ပါစေသော'' ဟုကြွေးကြော်ကြကုန်၏။
12 Hina bagade uda A: dalaia da sosodo aligisu dunu amola gilisi dialu dunu ilia nodosa gugulubi amo nababeba: le, e da hehenaia Debolo diasuga doaga: loba, dunu bagohame amogawi gilisi dialebe ba: i.
၁၂အာသလိသည်မင်းကြီးအား လူတို့သြဘာ ပေးသံကိုကြားသဖြင့်လူတို့စုဝေးလျက် ရှိရာ ဗိမာန်တော်သို့အဆောတလျင်ရောက် လာသော်၊-
13 Amogawi, e da hina bagade gaheabolo, Yuda fi ilia hou defele, duni bugi bagade Debolo Diasu logo holeiga dialu, amo dafulili lelebe ba: i. Ouligisu dunu huluane amola dalabede fulabosu dunu ilia da e sisiga: le lelefulu. Amola dunu huluane da hahawane wele sia: nanebe amola dalabede fulabolalebe ba: i. A: dalaia da bagadewane da: i dioiba: le, ea abula gadelale, ha: giwane amane wele sia: i, “Hohonosu! Hohonosu da doaga: i dagoi.”
၁၃တပ်မှူးများနှင့်တံပိုးခရာမှုတ်သူများ ခြံရံလျက် ဗိမာန်တော်အဝင်ဝရှိကျောက် တိုင်အနီးတွင်ဘုရင်တို့အတွက် သီးသန့် ထားသည့်နေရာတွင်ရပ်နေသောဘုရင်သစ် ကိုတွေ့မြင်လေ၏။ လူအပေါင်းတို့သည်ဝမ်း မြောက်စွာကြွေးကြော်လျက် တံပိုးခရာများ ကိုမှုတ်လျက်ဗိမာန်တော်ဂီတပညာသည် များကလည်း မိမိတို့တူရိယာများကို တီးမှုတ်လျက်ဘိသိက်ပွဲကိုကျင်းပနေ ကြ၏။ အာသလိသည်မိမိအဝတ်ကို ဆုတ်လျက်``ပုန်ကန်မှုပါတကား၊ ပုန်ကန် မှုပါတကား'' ဟုအော်ဟစ်၏။
14 Yihoida da A: dalaia amo Debolo diasu sogebi ganodini medole legei ba: mu higa: i galu. Amaiba: le e da dadi gagui wa: i ouligisu dunu ilima amane hamoma: ne sia: i, “A: dalaia amo sosodo aligisu dunu ilia dadalei dogoa amoga gadili oule masa. Nowa da e gesea, amo medole legema!”
၁၄ယောယဒသည်အာသလိအား ဗိမာန်တော် ဝင်းအတွင်း၌သတ်ဖြတ်သည်ကိုမလိုလား သဖြင့်``သူ့ကိုအစောင့်တပ်သားများအကြား မှထုတ်သွားကြလော့။ သူ့ကိုကယ်မည့်သူကို သတ်လော့'' ဟုတပ်မှူးတို့အားအမိန့်ပေး လေသည်။-
15 Ilia da A: dalaia gagulaligili, hina bagade diasuga gaguli oule asili, Hosi Logo Ga: sua amogai, e medole legei dagoi.
၁၅သူတို့သည်အာသလိကိုဖမ်းဆီး၍နန်း တော်သို့ထုတ်ပြီးလျှင် မြင်းတံခါးဝ၌ ကွပ်မျက်ကြ၏။
16 Gobele salasu dunu Yihoida da amane hamoma: ne sia: beba: le, hina bagade Youa: sie amola Yuda fi dunu da Hina Godema ilia da Ea fidafa fawane esaloma: ne, dafawane ilegele sia: su hamoi.
၁၆ယောယဒသည်မင်းကြီးနှင့်တကွပြည်သူ အပေါင်းတို့အား ဘုရားသခင်၏လူမျိုး တော်ဖြစ်ကြစေရန် မိမိနှင့်အတူပါဝင် ၍ကိုယ်တော်နှင့်ပဋိညာဉ်ဖွဲ့စေ၏။-
17 Amalalu, dunu huluane da ogogosu ‘gode’ Ba: ile ea debolo diasuga asili, amo mugululi, wadela: lesi. Ilia da oloda amola loboga hamoi ‘gode’ agoai liligi loboga hamoi, amo huluane gugunufinisi. Amola ilia da oloda amo ilia midadi, Ba: ile gobele salasu dunu Ma: da: ne, medole legei dagoi.
၁၇သူတို့သည်ဗာလဘုရားဗိမာန်ကိုသွား ရောက်ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့်ရုပ်တု များကိုချိုးဖဲ့ကာ ယဇ်ပလ္လင်များရှေ့၌ဗာလ ယဇ်ပုရောဟိတ်မဿန်ကိုသတ်ကြ၏။-
18 Yihoida da gobele salasu dunu amola Lifai fi dunu amo Debolo Diasu ouligima: ne asunasi. E da ilima ilia da hina bagade Da: ibidi ilima ilegei hawa: hamosu, amola Mousese ea Sema defele, Hina Godema gobele salasu hawa: hamoma: ne sia: i. Amola ilia gesami hea: lala dusu hou amola lolo nasu hou huluane ouligima: ne sia: i.
၁၈ယောယဒသည်ယဇ်ပုရောဟိတ်များနှင့် လေဝိ အနွယ်ဝင်တို့အား ဗိမာန်တော်ဆိုင်ရာအမှု များကိုဆောင်ရွက်ရန်တာဝန်ပေးအပ်လေသည်။ သူတို့သည်ဒါဝိဒ်မင်းခွဲဝေသတ်မှတ်ပေးခဲ့ သည့် တာဝန်ဝတ္တရားများကိုဆောင်ရွက်၍ မောရှေ၏ပညတ်ကျမ်းအရမီးရှို့ရာယဇ် များကိုထာဝရဘုရားအားပူဇော်ကြ၏။ သူတို့သည်ဂီတသီဆိုတီးမှုတ်မှုများနှင့် ပွဲကျင်းပမှုများအတွက်လည်းတာဝန် ယူရကြမည်။-
19 Amola Yihoiada da sosodo aligisu dunu amo Debolo Logo Ga: su ouligima: ne ilegei. Ilia hawa: hamosu da nigima: hamoi dunu Debolo ganodini golili dasa: besa: le, ilia logo ga: musa: ilegei.
၁၉ယောယဒသည်ဗိမာန်တော်ထဲသို့ဘာသာရေး ထုံးနည်းအရ မသန့်စင်သူတစ်စုံတစ်ယောက် မျှမဝင်နိုင်စေရန်တံခါးဝတွင်အစောင့် များကိုချထားလေသည်။-
20 Amalalu, e amola dadi gagui wa: i ouligisu dunu amola hina bagade da: i sosodo aligisu dunu, ilia da hina bagade amo Debolo diasu fisili, hina bagade diasuga oule asi. Dunu huluane da ili bobogei. Youa: sie da Sosodo Aligisu Logo Ga: su amoga hina bagade diasu golili sa: ili, hina bagade fisu amoga fila heda: i.
၂၀တပ်မတော်အရာရှိများ၊ မြို့မိမြို့ဖများ၊ မှူးမတ်များနှင့် အခြားပြည်သူအပေါင်းတို့ သည်ယောယဒနှင့်အတူလိုက်ပါ၍ မင်းကြီး အားဗိမာန်တော်မှနန်းတော်သို့တံခါး မကြီးလမ်းဖြင့်ပို့ဆောင်၍မင်းကြီးကို ရာဇပလ္လင်ထက်တင်ကြ၏။-
21 Dunu huluane da hahawane bagade ba: i. Moilai bai bagade da olofosu ba: i. Bai A: dalaia da gegesu gobiheiga fane legei dagoi ba: i.
၂၁အာသလိကိုကွပ်မျက်နှင့်ပြီးဖြစ်၍ပြည်သူ အပေါင်းတို့သည် ဝမ်းမြောက်လျက်မြို့တော် သည်ငြိမ်းချမ်းလေ၏။