< Zəbur 136 >
1 Rəbbə şükür edin, ona görə ki yaxşıdır, Çünki məhəbbəti əbədidir!
၁ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသဖြင့် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
2 Allahların Allahına şükür edin, Çünki məhəbbəti əbədidir!
၂ဘုရားရှိသမျှတို့ထက်ကြီးမြတ်တော်မူသော အရှင်၏ကျေးဇူးကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
3 Hökmranların Hökmranına şükür edin, Çünki məhəbbəti əbədidir!
၃အရှင်သခင်ရှိသမျှတို့ထက် တန်ခိုးကြီးတော်မူသောအရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
4 Yalnız Odur böyük xariqələr yaradan, Çünki məhəbbəti əbədidir!
၄ကိုယ်တော်တစ်ပါးတည်းသာလျှင်အလွန် ထူးဆန်းသော နိမိတ်လက္ခဏာတို့ကိုပြတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
5 Odur göyləri hikməti ilə quran, Çünki məhəbbəti əbədidir!
၅ကိုယ်တော်သည်ဉာဏ်ပညာတော်အားဖြင့် မိုးကောင်းကင်ကိုဖန်ဆင်းတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
6 Odur yerin təməlini sular üstündə qoyan, Çünki məhəbbəti əbədidir!
၆ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုသမုဒ္ဒရာ ပေါ်တွင် တည်ဆောက်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
7 Odur böyük işıqları yaradan, Çünki məhəbbəti əbədidir!
၇ကိုယ်တော်သည်နေနှင့်လကိုဖန်ဆင်းတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
8 Gündüzü günəşin hökmü altına saldı, Çünki məhəbbəti əbədidir!
၈နေကိုဖန်ဆင်းတော်မူသည်မှာနေ့ကို အုပ်စိုးစေရန်ဖြစ်၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
9 Gecə ay-ulduzların hökmü altında oldu, Çünki məhəbbəti əbədidir!
၉လနှင့်ကြယ်များကိုဖန်ဆင်းတော်မူသည်မှာ ညဥ့်ကိုအုပ်စိုးစေရန်ဖြစ်၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
10 O, Misirlilərin ilk oğullarını qırdı, Çünki məhəbbəti əbədidir!
၁၀ကိုယ်တော်သည်အီဂျစ်အမျိုးသားများ၏ သားဦးတို့ကိုသေစေတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
11 İsrail nəslini Misirlilərin arasından çıxartdı, Çünki məhəbbəti əbədidir!
၁၁ကိုယ်တော်သည်ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှထုတ်ဆောင်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
12 İsrailliləri qüdrətli əli, uzanan qolu ilə apardı, Çünki məhəbbəti əbədidir!
၁၂ယင်းသို့ထုတ်ဆောင်တော်မူသည်မှာခွန်အား ကြီးမားသည့်လက်တော်အားဖြင့်လည်းကောင်း၊ တန်ခိုးကြီးမားသည့်လက်ရုံးတော် အားဖြင့်လည်းကောင်းဖြစ်ပေသည်။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
13 Qırmızı dənizi iki yerə yardı, Çünki məhəbbəti əbədidir!
၁၃ကိုယ်တော်သည်ပင်လယ်နီကိုနှစ်ပိုင်းကွဲစေ တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
14 İsrailliləri dənizin ortasından keçirtdi, Çünki məhəbbəti əbədidir!
၁၄ကိုယ်တော်သည်မိမိ၏လူစုတော်အားထိုပင်လယ်ကို ဖြတ်၍ခေါ်ဆောင်သွားတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
15 Fironla ordusunu Qırmızı dənizdə batırdı, Çünki məhəbbəti əbədidir!
၁၅ကိုယ်တော်သည်ဖာရောဘုရင်နှင့်သူ၏တပ်မတော်ကို ရေနစ်သေဆုံးစေတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
16 O, xalqını səhrada apardı, Çünki məhəbbəti əbədidir!
၁၆ကိုယ်တော်သည်မိမိ၏လူစုတော်အား တောကန္တာရကိုဖြတ်၍လမ်းပြပို့ဆောင်တော် မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
17 O, böyük padşahları vurdu, Çünki məhəbbəti əbədidir!
၁၇ကိုယ်တော်သည်ဘုန်းကြီးသောဘုရင်တို့ကို ကွပ်မျက်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
18 O, güclü padşahları qırdı, Çünki məhəbbəti əbədidir!
၁၈ကိုယ်တော်သည်ကျော်စောသောဘုရင်တို့ကို ကွပ်မျက်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
19 Emor padşahı Sixonu vurdu, Çünki məhəbbəti əbədidir!
၁၉အာမောရိပြည်ဘုရင်ရှိဟုန်မင်းကို ကွပ်မျက်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
20 Başan padşahı Oqu öldürdü, Çünki məhəbbəti əbədidir!
၂၀ဗာရှန်ပြည်ဘုရင်သြဃမင်းကိုလည်း ကွပ်မျက်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
21 Onların torpaqlarını irs olaraq verdi, Çünki məhəbbəti əbədidir!
၂၁ကိုယ်တော်သည်သူတို့၏ပြည်နယ်များကို မိမိ၏လူစုတော်အားပေးတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
22 Bu yerləri qulu İsrail nəslinin mülkü etdi, Çünki məhəbbəti əbədidir!
၂၂ထိုပြည်နယ်များကိုကိုယ်တော်သည်မိမိ၏ အစေခံဣသရေလအားပေးတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
23 O, miskin halımızda bizi yaddan çıxarmadı, Çünki məhəbbəti əbədidir!
၂၃ငါတို့အရေးရှုံးနိမ့်ကြသောအခါကိုယ်တော်သည် ငါတို့အားမေ့လျော့တော်မမူ။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
24 Bizi düşmən əlindən qurtardı, Çünki məhəbbəti əbədidir!
၂၄ကိုယ်တော်သည်ငါတို့အားရန်သူတို့၏လက်မှ လွတ်မြောက်စေတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
25 O, bəşəriyyətə ruzi verir, Çünki məhəbbəti əbədidir!
၂၅ကိုယ်တော်သည်ခပ်သိမ်းသောသတ္တဝါတို့အား အစားအစာများကိုပေးတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
26 Göylərin Allahına şükür edin, Çünki məhəbbəti əbədidir!
၂၆ကောင်းကင်ဘုံရှင်ဘုရားသခင်၏ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။