< Daniel 8 >
1 Əvvəl mənə gələn görüntüdən sonra padşah Belşassarın hökmranlığının üçüncü ilində mən Danielə başqa bir görüntü gəldi.
၁ဗေလရှာဇာမင်းနန်းစံတတိယနှစ်၌ငါ ဒံယေလသည် ဒုတိယဗျာဒိတ်ရူပါရုံ ကိုမြင်ရ၏။-
2 Görüntüdə özümü Elam vilayətinin Şuşan qalasında gördüm. Həmin görüntüdə mən Ulay kanalının kənarında dayanmışdım.
၂ထိုဗျာဒိတ်ရူပါရုံထဲတွင်ငါသည်ဧလံ ပြည်နယ်မြို့ရိုးများကာရံထားသော ရှုရှန် မြို့တွင်းသို့ရုတ်တရက်ရောက်ရှိနေသည် ကိုတွေ့ရ၏။ ငါသည်ဥလဲမြစ်အနီးတွင် ရပ်၍၊-
3 Başımı qaldırıb gördüm ki, kanalın kənarında bir qoç durub. Onun iki buynuzu var idi. Buynuzlarının hər ikisi uzun idi, biri digərindən uzun idi və uzun olan sonradan çıxdı.
၃မျှော်ကြည့်လိုက်ရာမြစ်အနီးတွင်ရပ်နေ သောသိုးထီးတစ်ကောင်ကိုမြင်ရ၏။ ထိုသိုး မှာဦးချိုရှည်ကြီးနှစ်ချောင်းရှိ၍တစ်ချောင်း မှာအခြားတစ်ချောင်းထက်ပိုရှည်၍နောက် မှပေါက်သောချိုဖြစ်သည်။-
4 Mən gördüm ki, bu qoç qərbə, şimala və cənuba tərəf buynuz vurur. Heç bir heyvan onun qabağında dura bilmirdi və onun əlindən qurtaran yox idi. O istədiyini etdi və özünü yüksəltdi.
၄ထိုသိုးသည်ဦးချိုဖြင့်အနောက်၊ တောင်၊ မြောက် အရပ်သုံးမျက်နှာသို့ခတ်ဝှေ့၍နေသည် ကိုငါကြည့်လျက်နေမိ၏။ သူ့အားအဘယ် တိရစ္ဆာန်မျှမဆီးတားနိုင်။ သူ၏လက်တွင်း မှလွတ်မြောက်အောင်လည်းမတတ်နိုင်။ သူ သည်မိမိအလိုရှိသည်အတိုင်းပြုကာ မာန်မာနထောင်လွှားလာလေသည်။
5 Mən bu barədə düşünərkən qərbdən bir təkə gəldi. Onun gözləri arasında gözə çarpan bir buynuzu var idi. O, ayağı yerə toxunmadan bütün yer üzünü keçdi.
၅ငါသည်ဤအခြင်းအရာ၏အနက်အဋ္ဌိပ္ပါယ် ကိုစဉ်းစားတွေးတောလျက်နေစဉ် အနောက် အရပ်မှဆိတ်တစ်ကောင်သည်ပြေး၍ထွက် လာ၏။ သူသည်အရှိန်ပြင်းလှသဖြင့်မြေ ကိုပင်မနင်းမိချေ။ သူ၏မျက်လုံးများ အကြားတွင်ငေါ၍ထွက်နေသောဦးချို တစ်ချောင်းရှိ၏။-
6 O, kanalın kənarında durduğunu gördüyüm iki buynuzu olan qoçun yanına gəldi və böyük qızğınlıqla onun üstünə atıldı.
၆သူသည်ယခင်ကမြစ်အနီးတွင် ငါမြင် ခဲ့သောသိုး၏အနီးသို့ရောက်လာသော အခါ တစ်ဟုန်တည်းပြေး၍ဝှေ့လေ၏။-
7 Mən gördüm ki, o qeyzə gəlib qoça hücum etdi və qoçu vurub iki buynuzunu qırdı. Qoçda onun qabağında durmağa qüvvət yox idi. O, qoçu yerə yıxıb tapdaladı. Qoçu onun əlindən qurtaran olmadı.
၇ငါသည်ဆိတ်ကသိုးအားဝှေ့သည်ကိုကြည့် ၍နေ၏။ ဆိတ်သည်ပြင်းစွာအမျက်ထွက်၍ သိုးကိုတအားကုန်ဝှေ့လိုက်ရာသိုး၏ဦး ချိုနှစ်ချောင်းကျိုးလေ၏။ သိုးသည်ပြန်လည် ခုခံနိုင်စွမ်းမရှိသဖြင့်မြေပေါ်သို့လဲ ကျကာခြေနှင့်အနင်းခံရလေသည်။ အဘယ်သူမျှသူ့အားမကယ်နိုင်တော့ပေ။
8 Bir müddət təkə özünü çox yüksəltdi, ancaq qüvvətlənəndə böyük buynuzu qırıldı. Onun əvəzinə göylərin dörd səmtinə doğru yönəlmiş gözə çarpan dörd buynuz çıxdı.
၈ဆိတ်သည်ပို၍ပို၍မာန်မာနထောင်လွှား လာ၏။ သို့ရာတွင်သူတန်ခိုးအကြီးဆုံး အချိန်သို့ရောက်သောအခါသူ၏ဦးချို သည်ကျိုးသွားပြီးလျှင် ထိုဦးချို၏နေရာ တွင်အရပ်လေးမျက်နှာသို့ငေါထွက်နေ သောဦးချိုလေးချောင်းပေါက်၍လာလေ သည်။-
9 Onların birindən başqa bir kiçik buynuz çıxıb cənuba, şərqə və Gözəl ölkəyə doğru çox uzandı.
၉ထိုဦးချိုလေးချောင်းအနက်တစ်ချောင်း တွင်ချိုအတက်တစ်ချောင်းပေါက်၍လာ၏။ ထိုချိုတက်သည်တောင်ဘက်အရပ်၊ အရှေ့ အရပ်နှင့်ကတိထားတော်မူသောပြည်တော် သို့တိုင်အောင်အာဏာတန်ခိုးရှိလေသည်။-
10 Səma ordusuna qədər uzanıb bu ordunun və ulduzların bir hissəsini yerə salaraq tapdaladı.
၁၀ချိုအတက်သည်ကောင်းကင်ဗိုလ်ခြေတည်း ဟူသောကြယ်တာရာများကိုတိုက်ခိုက်နိုင် သည်တိုင်အောင် အင်အားကြီးမားလာကာ ထိုကြယ်တာရာအချို့တို့ကိုမြေသို့ ချ၍နင်းချေလေသည်။-
11 Hətta bu ordunun Başçısına qədər özünü yüksəltdi. Onun daimi yandırma qurbanı dayandırıldı və Müqəddəs məkanı təhqir olundu.
၁၁ကောင်းကင်ဗိုလ်ခြေတို့၏အရှင်ကိုပင်အာ ခံလျက် ကိုယ်တော်အားပူဇော်နေကျဖြစ် သည့်ယဇ်များကိုရပ်စဲစေ၍ဗိမာန်တော် ကိုပျက်စီးစေ၏။-
12 Qanunsuzluq üzündən bu ordu və daimi yandırma qurbanı kiçik buynuza təslim edildi. O, həqiqəti yerə vurub etdiyi hər işdə uğur qazandı.
၁၂လူတို့သည်နေ့စဉ်ပူဇော်နေကျယဇ်များ ကိုပူဇော်မည့်အစားစစ်မှန်သောဘာသာ တရားကိုမြေသို့တိုင်အောင်ရှုတ်ချကြ၏။ ထိုဦးချိုသည်ပြုလေသမျှသောအမှု တို့တွင်အောင်မြင်လေသည်။
13 Mən bir müqəddəsin səsini eşitdim və başqa bir müqəddəs danışana sual verdi: «Daimi yandırma qurbanı və viranəlik gətirən qanunsuzluq barədəki görüntü nə vaxta qədər uzanır? Müqəddəs yerin və ordunun tapdalanmasına nə vaxta qədər icazə veriləcək?»
၁၃ထိုနောက်ကောင်းကင်တမန်တစ်ပါးက အခြား တစ်ပါးအား``ဗျာဒိတ်ရူပါရုံတွင်တွေ့ရှိရ သည့်အရာများသည်အဘယ်မျှကြာအောင် ဖြစ်ပျက်နေပါမည်နည်း။ နေ့စဉ်ယဇ်ပူဇော် ခြင်းကိုကြောက်မက်ဖွယ်ရာအပြစ်ဒုစရိုက် ဖြင့်အစားထိုးမှုသည်လည်းကောင်း၊ ကောင်း ကင်ဗိုလ်ခြေနှင့်ဗိမာန်တော်ကိုနင်းချေမှု သည်လည်းကောင်းအဘယ်မျှကြာဖြစ် ပျက်လိမ့်မည်နည်း'' ဟုမေးသည်ကိုငါ ကြားရ၏။
14 Sonra mənə dedi: «İki min üç yüz axşam və səhər keçənə qədər. Ondan sonra müqəddəs yer bərpa olunacaq».
၁၄ဒုတိယကောင်းကင်တမန်က``ရက်ပေါင်း တစ်ထောင့်တစ်ရာ့ငါးဆယ် ကြာလိမ့်မည်။ ထိုကာလအတောအတွင်း၌ နံနက်နှင့်ညဥ့်ဦးယံယဇ်ပူဇော်မှုများကို ပြုကြလိမ့်မည်မဟုတ်။ ထိုနောက်ဗိမာန်တော် သည်ပြန်လည်သန့်စင်၍လာလိမ့်မည်'' ဟု ပြန်ပြော၏။
15 Mən Daniel bu görüntünü görəndə onun mənasını öyrənmək istədim. Bu zaman qarşımda insan simasında olan bir nəfər dayandı.
၁၅ငါဒံယေလသည်ဗျာဒိတ်ရူပါရုံ၏အနက် ကိုသိရှိနိုင်ရန်ကြိုးစားလျက်နေစဉ် လူ့ သဏ္ဌာန်ကိုဆောင်သူတစ်ဦးသည်ငါ၏ရှေ့ တွင်ရပ်၍နေသည်ကိုမြင်ရ၏။-
16 Mən Ulay kanalından bir insan səsi eşitdim. O nida edib «ey Cəbrayıl, bu görüntünü ona izah et» dedi.
၁၆ထိုအချိန်၌``အချင်းဂါဗြေလ၊ ထိုသူအား ရူပါရုံ၏အနက်ကိုဖော်ပြလော့'' ဟူ၍ဥလဲ မြစ်ဘက်မှလူ့အသံနှင့်ဟစ်၍ပြောဆိုသည် ကိုငါကြားရ၏။-
17 O dayandığım yerə yaxınlaşdı. Yanıma çatanda mən dəhşətə düşüb üzüstə yıxıldım. O mənə dedi: «Ey bəşər oğlu, bil ki, bu görüntü axır zamana aiddir».
၁၇ဂါဗြေလသည်ငါ၏အနီးသို့လာ၍ရပ် လိုက်သောအခါငါသည်လွန်စွာထိတ်လန့် သွားသဖြင့်မြေသို့လဲကျလေသည်။ ဂါဗြေလက``အချင်းလူသား၊ ရူပါရုံ၏ အနက်ကိုနားလည်လော့။ ထိုရူပါရုံသည် ကပ်ကမ္ဘာကုန်ဆုံးချိန်နှင့်သက်ဆိုင်၏'' ဟု ငါ့အားဆို၏။-
18 O mənimlə danışdığı vaxt üzüstə yıxılıb dərin yuxuya getmişdim. O məni tutub ayaq üstə qaldırdı
၁၈သူဤသို့ပြောနေစဉ်ငါသည်မေ့မြော၍ မြေပေါ်သို့လဲကျသွားလေသည်။ သို့ရာ တွင်သူသည်ငါ့အားဆွဲကိုင်ထူမပြီး လျှင်၊-
19 və dedi: «Bax daha sonra Allahın qəzəb günlərində nə baş verəcəyini sənə bildirirəm, çünki görüntü axır zamanın müəyyən vaxtına aiddir.
၁၉``ထာဝရဘုရားအမျက်တော်၏အကျိုး ဆက်ကား အဘယ်သို့ဖြစ်မည်ကိုသင့်အား ငါဖော်ပြနေခြင်းဖြစ်၏။ ရူပါရုံသည် အဆုံးစွန်သောကာလနှင့်သက်ဆိုင်၏။
20 Gördüyün iki buynuzlu qoç Midiya və Fars padşahlarıdır.
၂၀``သင်မြင်ရသောဦးချိုနှစ်ချောင်းရှိသည့် သိုးသည် မေဒိနှင့်ပါရှနိုင်ငံများကိုဆို လို၏။-
21 Tüklü təkə isə Yunan padşahıdır, onun gözləri arasında olan böyük buynuz isə birinci padşahdır.
၂၁ဆိတ်သည်ဂရိတ်နိုင်ငံဖြစ်၏။ သူ၏မျက်စိ များအကြားမှငေါ၍ထွက်နေသောဦးချို ကား ထိုနိုင်ငံ၏ပထမမြောက်ဘုရင်ဖြစ်၏။-
22 Qırılan buynuzun yerinə çıxan dörd buynuz o millətdən çıxacaq dörd padşahlığı təmsil edir. Ancaq onlar birinci padşah qədər güclü olmayacaq.
၂၂ထိုဦးချိုကျိုး၍သွားသောအခါပေါက်လာ သည့်ဦးချိုလေးချောင်းတို့မှာ ထိုနိုင်ငံမှကွဲ ပြားပေါ်ပေါက်လာမည့်နိုင်ငံလေးခုဖြစ်၏။ သို့ရာတွင်ထိုနိုင်ငံတို့သည် ပထမနိုင်ငံ လောက်အင်အားကြီးမားကြလိမ့်မည် မဟုတ်။
23 Onların hakimiyyətinin sonunda isə qanunsuzlar azğınlıq edəndə həyasız və hiyləgərlikdə mahir bir padşah çıxacaq.
၂၃``ထိုနိုင်ငံများသည်ပျက်သုဉ်းချိန်နီး၍ အပြစ်ဒဏ်သင့်လောက်အောင်ယုတ်မာလာ သောအခါခေါင်းမာဆိုးညစ်၊ ကောက်ကျစ် လိမ်လည်တတ်သောဘုရင်တစ်ပါးပေါ် ပေါက်လာလိမ့်မည်။-
24 O çox güclənəcək, ancaq öz gücü ilə yox. Heyrətləndirici dağıntılar törədəcək, etdiyi hər işdə uğur qazanacaq, igid adamları və müqəddəs xalqı qıracaq.
၂၄သူသည်ကိုယ်ပိုင်စွမ်းရည်မရှိဘဲတန်ခိုး ကြီးမား၍လာလိမ့်မည်။ သူသည်ကြောက်မက် ဖွယ်ကောင်းသည့်သတ်ဖြတ်ဖျက်ဆီးမှုများ ကိုပြု၍ အဘယ်အမှုကိစ္စတွင်မဆိုအောင် မြင်လိမ့်မည်။ တန်ခိုးကြီးမားသူများနှင့် ထာဝရဘုရား၏လူမျိုးတော်တို့ကို ဖျက်ဆီးလိမ့်မည်။-
25 Öz hiyləgərliyi ilə məkrli işlərində uğur qazanacaq və ürəyində özünə qürrələnəcək. Əmin-amanlıqda yaşayan çoxlu adamı həlak edəcək və başçılar Başçısına qarşı çıxacaq, ancaq əl dəymədən məhv olacaq.
၂၅သူသည်ပါးနပ်လိမ္မာသူဖြစ်သဖြင့် လိမ် လည်လှည့်စားမှုတို့တွင်အောင်မြင်လိမ့်မည်။ သူသည်မာန်မာနထောင်လွှားကာလူအ မြောက်အမြားကိုအမှတ်မထင်သုတ်သင် သတ်ဖြတ်လိမ့်မည်။ သူသည်ဘုရင်တကာ တို့၏ဘုရင်ကိုပင်လျှင်အံတုလိမ့်မည်။ သို့ ရာတွင်သူသည်လူ့လက်ဖြင့်မဟုတ်ဘဲ သုတ်သင်ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။-
26 Axşam və səhər barədə sənə göstərilən bu görüntü həqiqətdir. Ancaq sən bu görüntünü gizli saxla, çünki o, uzaq dövrə aiddir».
၂၆ညဥ့်ဦးယံ၊ နံနက်ယံပူဇော်ရာယဇ်များ နှင့်သက်ဆိုင်၍ သင့်အားငါရှင်းလင်းပြသည့် ဤရူပါရုံသည်အကောင်အထည်ပေါ်လာ လိမ့်မည်။ သို့ရာတွင်ယင်းသို့အကောင်အထည် ပေါ်ရန်အချိန်များစွာလိုသေးသဖြင့်ထို ရူပါရုံကိုလျှို့ဝှက်၍ထားလော့'' ဟုဆို၏။
27 Onda mən Daniel taqətdən düşdüm və bir neçə gün xəstə oldum. Sonra qalxıb padşahın işləri ilə məşğul olmağa başladım. Mən bu görüntüdən çaşqın hala gəlmişdim, onu anlaya bilmirdim.
၂၇ငါဒံယေလသည်ရက်ပေါင်းများစွာစိတ် ညှိုးငယ်လျက် မကျန်းမမာဖြစ်၍နေ၏။ ထို နောက်ငါသည်ထ၍ဘုရင်ပေးအပ်ထားသည့် အလုပ်တာဝန်ကိုဆောင်ရွက်၏။ သို့ရာတွင် ထိုဗျာဒိတ်ရူပါရုံကြောင့်စိတ်ရှုပ်ထွေးလျက် နေသဖြင့် ငါသည်ယင်း၏အနက်အဋ္ဌိပ္ပါယ် ကိုနားမလည်နိုင်ပါ။