< Ikinci Şamuel 9 >
1 Davud dedi: «Şaul nəslindən sağ qalan kimsə varmı? Yonatanın xatirinə ona yaxşılıq edim».
၁ဒါဝိဒ်က``ရှောလု၏မိသားစုထဲမှကျန်ကြွင်း သူတစ်စုံတစ်ယောက်ရှိပါသေးသလော။ ရှိခဲ့ လျှင်ငါသည်ယောနသန်၏မျက်နှာကိုထောက် သောအားဖြင့်သူ့အားကျေးဇူးပြုလိုသည်'' ဟုမိန့်တော်မူ၏။
2 Şaulun nəslində Siva adlı bir xidmətçi var idi. Onu Davudun yanına çağırdılar və padşah ona dedi: «Siva sənsənmi?» O dedi: «Qulun özüdür ki, var».
၂ထိုအခါလူတို့သည်ဇိဘနာမည်ရှိသော လူတစ်ယောက်ကိုအထံတော်သို့သွင်းကြ၏။ ထိုသူကားရှောလုမိသားစု၏အစေခံ တစ်ဦးဖြစ်၏။ မင်းကြီးကသူ့အား``သင် သည်ဇိဘလော'' ဟုမေးတော်မူလျှင်၊ ``မှန်လှပါအရှင်'' ဟုဇိဘကလျှောက် ထား၏။
3 Padşah dedi: «Şaul nəslindən bir adam qalmayıb ki, ona Allah xatirinə yaxşılıq edim?» Siva padşaha dedi: «Yonatanın iki ayağından şikəst bir oğlu var».
၃မင်းကြီးက``ငါသည်ထာဝရဘုရားအလို တော်အတိုင်း ကျေးဇူးသစ္စာစောင့်သူဖြစ်ကြောင်း ပြသနိုင်ရန် ရှောလုမိသားစုမှကျန်ကြွင်းနေ သူတစ်စုံတစ်ယောက်ရှိပါသေးသလော'' ဟု မေးတော်မူလျှင်၊ ဇိဘက``ယောနသန်၏သားတစ်ယောက်ကျန် ရှိနေပါသေးသည်။ သူသည်ခြေဆွံ့၍နေပါ သည်'' ဟုလျှောက်၏။
4 Padşah ona dedi: «İndi o haradadır?» Siva padşaha dedi: «Budur, indi o, Lo-Devarda Ammielin oğlu Makirin evindədir».
၄မင်းကြီးက``သူသည်အဘယ်မှာရှိသနည်း'' ဟုမေးလျှင်၊ ဇိဘက``လောဒေဗာရွာ၊ အမျေလ၏သား မာခိရ၏အိမ်တွင်ရှိပါသည်'' ဟုလျှောက် ၏။-
5 Padşah Davud adam göndərib Lo-Devardan Ammielin oğlu Makirin evindən Mefiboşeti gətirtdi.
၅သို့ဖြစ်၍ဒါဝိဒ်မင်းသည်ယောနသန်၏ သားကိုအခေါ်ခိုင်းတော်မူ၏။
6 Şaul oğlu Yonatanın oğlu Mefiboşet Davudun yanına gəldi və üzünü yerə qoyub təzim etdi. Davud dedi: «Mefiboşet!» O «Budur, qulun özüdür ki, var!» dedi.
၆ရှောလု၏မြေးယောနသန်၏သားမေဖိဗော ရှက်သည်ရောက်ရှိလာသောအခါ ဒါဝိဒ်၏ ရှေ့တွင်ရိုသေစွာပျပ်ဝပ်လျက်နေ၏။ ဒါဝိဒ် က``မေဖိဗောရှက်'' ဟုခေါ်လျှင်မေဖိဗော ရှက်က``ကိုယ်တော့်ကျွန်ရှိပါသည်'' ဟုထူး လေ၏။
7 Davud ona dedi: «Qorxma, atan Yonatanın xatirinə mütləq sənə yaxşılıq edəcəyəm və baban Şaulun bütün torpağını sənə qaytaracağam. Sən həmişə mənim süfrəmdə yemək yeyəcəksən».
၇ဒါဝိဒ်ကလည်း``မကြောက်နှင့်ငါသည်သင်၏ ဖခင်ယောနသန်၏မျက်နှာကိုထောက်၍သင့် အားကျေးဇူးပြုမည်။ သင်၏အဖိုးရှောလု ပိုင်ဆိုင်ခဲ့သည့်မြေယာမှန်သမျှကိုသင့် အားပြန်၍ပေးမည်။ သင့်အားငါ့စားပွဲ တွင်နေ့စဉ်စားသောက်ခွင့်ကိုငါပေးမည်'' ဟုမိန့်တော်မူ၏။
8 Mefiboşet təzim edib dedi: «Axı bu qulun kimdir ki? Mənim kimi ölü bir köpəyə tərəf nə üçün üz tutursan?»
၈မေဖိဗောရှက်သည်တစ်ဖန်ဦးချပြီး လျှင်``အရှင်ခွေးသေကောင်သဖွယ်ဖြစ်သူ ကျွန်တော်မျိုးအားအရှင်သည် အဘယ် ကြောင့်ဤသို့ကျေးဇူးပြုတော်မူပါ သနည်း'' ဟုလျှောက်၏။
9 Padşah Şaulun xidmətçisi Sivanı çağırıb dedi: «Şaula və onun nəslinə aid olan hər şeyi sənin ağanın nəvəsinə verdim.
၉ထိုအခါမင်းကြီးသည်ရှောလု၏အစေခံ ဇိဘကိုခေါ်ယူ၍``ငါသည်သင့်သခင်၏ မြေးမေဖိဗောရှက်အား ရှောလုမိသားစု ပိုင်ဆိုင်သမျှသောမြေယာတို့ကိုပေးမည်။-
10 Ağanızın nəvəsinin torpağını sən, oğulların və qulların becərəcək. Məhsulunu ona verəcəksiniz ki, azuqəsi olsun. Ağanızın nəvəsi Mefiboşet isə həmişə mənim süfrəmdə yemək yeyəcək». Sivanın on beş oğlu və iyirmi qulu var idi.
၁၀သင်နှင့်တကွသင်၏သားသင်၏အစေခံတို့ သည် သင့်သခင်ရှောလု၏အိမ်ထောင်စုအတွက် ထိုမြေယာများကိုထွန်ယက်စိုက်ပျိုး၍ အသီး အနှံများကိုယူဆောင်ကာသူတို့အဖို့ရိက္ခာ အဖြစ်ဖြင့်ပေးသွင်းရမည်။ သို့ရာတွင်မေဖိ ဗောရှက်မူကားငါ၏စားပွဲတွင်ငါနှင့်အတူ စားသောက်ရမည်'' ဟုမိန့်တော်မူ၏။ (ဇိဘ တွင်သားတစ်ဆယ့်ငါးယောက်နှင့်အစေခံ နှစ်ဆယ်ရှိသတည်း။)
11 Siva padşaha dedi: «Mən ağam padşahın bu quluna əmr etdiyi hər şeyi edəcəyəm». Beləliklə, Mefiboşet padşah oğullarından biri kimi Davudun süfrəsində yemək yeyirdi.
၁၁ဇိဘက``အရှင်မင်းကြီးမိန့်တော်မူသမျှ အတိုင်း ကျွန်တော်မျိုးနာခံပါမည်'' ဟု လျှောက်၏။ သို့ဖြစ်၍မေဖိဗောရှက်သည်ဘုရင်၏သား တော်တစ်ပါးကဲ့သို့ စားပွဲတော်၌စားသောက် ရလေ၏။-
12 Mefiboşetin kiçik bir oğlu var idi. Onun adı Mika idi. Sivanın evində yaşayanların hamısı Mefiboşetin xidmətçiləri idi.
၁၂မေဖိဗောရှက်မှာမိက္ခာနာမည်တွင်သောသား ငယ်တစ်ယောက်ရှိ၏။ ဇိဘ၏အိမ်သူအိမ်သား အပေါင်းတို့သည်လည်း မေဖိဗောရှက်၏ အစေခံများဖြစ်လာကြ၏။-
13 Bundan sonra Mefiboşet Yerusəlimdə qaldı, çünki həmişə padşahın süfrəsində yemək yeyirdi. O, iki ayağından şikəst idi.
၁၃ထို့ကြောင့်ခြေနှစ်ဘက်စလုံးဆွံ့သောမေဖိ ဗောရှက်သည် ယေရုရှလင်မြို့၌နေထိုင်လျက် ဘုရင့်စားပွဲတော်တွင်စားသောက်ခွင့်ကိုရ လေသည်။