< Ikinci Padşahlar 16 >
1 Remalya oğlu Peqahın padşahlığının on yeddinci ilində Yotam oğlu Axaz Yəhuda üzərində padşah oldu.
၁ရေမလိ၏သားပေကာ၏ နန်းစံတစ်ဆယ့်ခုနစ် နှစ်မြောက်၌ယောသံ၏သားအာခတ်သည်၊ အ သက်နှစ်ဆယ်ရှိသောအခါယုဒပြည်ဘုရင် အဖြစ်နန်းတက်၍ ယေရုရှလင်မြို့၌တစ်ဆယ့် ခြောက်နှစ်နန်းစံရ၏။ သူသည်မိမိ၏ဘေးတော် ဒါဝိဒ်မင်း၏စံနမူနာကောင်းကိုမယူဘဲ ထာဝရဘုရားနှစ်သက်တော်မမူသည့် အမှုတို့ကိုပြု၍၊-
2 Axaz padşah olduğu vaxt iyirmi yaşında idi və Yerusəlimdə on altı il padşahlıq etdi. O, babası Davuddan fərqli olaraq Allahı Rəbbin gözündə doğru olan işlər etmədi.
၂
3 Axaz İsrail padşahlarının yolu ilə getdi və Rəbbin İsrail övladlarının önündən qovduğu millətlərin iyrənc əməllərini edərək oğlunu oda qurban verdi.
၃ဣသရေလမင်းတို့၏လမ်းစဉ်ကိုလိုက်လေ သည်။ သူသည်ဣသရေလအမျိုးသားတို့ချီ တက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော် မူသောလူမျိုးတို့၏စက်ဆုတ်ရွံရှာဖွယ်ကောင်း သည့်ဋ္ဌလေ့ထုံးစံတို့ကိုအတုခိုးကာ မိမိ ၏သားတော်ကိုပင်လျှင်မီးရှို့ရာပူဇော်သကာ အဖြစ်ရုပ်တုတို့အားပူဇော်လေသည်။-
4 O, səcdəgahlarda, təpələr üstündə və hər kölgəli ağac altında qurban gətirir və buxur yandırırdı.
၄ရုပ်တုကိုးကွယ်ရာဌာနများဖြစ်သောတောင် ကုန်းများနှင့် အရိပ်ကောင်းသည့်သစ်ပင်အောက် တို့တွင်အာခတ်သည်ယဇ်များကိုပူဇော်၍ နံ့သာပေါင်းကိုမီးရှို့၏။
5 Onda Aram padşahı Resin və İsrail padşahı Remalya oğlu Peqah Yerusəlimin üzərinə hücum etdilər və Axazı mühasirəyə aldılar, ancaq onu məğlub edə bilmədilər.
၅ရှုရိဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ပေကာ တို့သည် စစ်ချီ၍ယေရုရှလင်မြို့ကိုဝိုင်းရံ ထားကြသော်လည်း အာခတ်မင်းကိုမနှိမ်နင်း နိုင်ကြ။-
6 O vaxt Aram padşahı Resin Elatı Arama qaytardı və Yəhudalıları Elatdan qovub çıxartdı. Edomlular Elata girdilər və bu günə qədər orada yaşayırlar.
၆(ထိုအချိန်၌ပင်လျှင်ဧဒုံဘုရင်သည်ဧလတ် မြို့ကိုပြန်လည်သိမ်းယူပြီးနောက် ထိုပြည်တွင် နေထိုင်သူယုဒပြည်သားတို့အားနှင်ထုတ် လိုက်လေသည်။ ဧဒုံပြည်သားတို့သည်ဧလတ် မြို့သို့လာရောက်နေထိုင်၍ယနေ့တိုင်အောင် ရှိနေကြသတည်း။-)
7 Axaz Aşşur padşahı Tiqlat-Pileserin yanına qasidlər göndərib dedi: «Mən sənin qulun və nökərinəm. Gəl, məni üstümə hücum edən Aram və İsrail padşahlarının əlindən qurtar».
၇အာခတ်မင်းသည်အာရှုရိဧကရာဇ်ဘုရင် တိဂလတ်ပိလေသာထံသို့``အကျွန်ုပ်သည် အရှင်၏သစ္စာတော်ခံ၊ အစေခံတစ်ဦးဖြစ် ပါ၏။ အကျွန်ုပ်တို့ကိုတိုက်ခိုက်လျက်နေသူ ရှုရိဘုရင်နှင့် ဣသရေလဘုရင်တို့လက်မှ ကယ်တော်မူပါ'' ဟုသဝဏ်လွှာရေး၍သံ တမန်များစေလွှတ်ပေးပို့လိုက်၏။-
8 Axaz Rəbbin məbədində və sarayın xəzinələrində tapılan qızıl-gümüşü götürüb Aşşur padşahına hədiyyə göndərdi.
၈အာခတ်သည်ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာ တိုက်ထဲမှရွှေ၊ ငွေတို့ကိုယူ၍ဧကရာဇ် မင်းအားလက်ဆောင်ပဏ္ဏာအဖြစ်ဆက်သ လေသည်။-
9 Aşşur padşahı ona qulaq asdı: Dəməşqə hücum edib onu aldı, əhalisini Qirə sürgün etdi və Resini öldürdü.
၉တိဂလတ်ပိလေသာသည်အာခတ်မင်း၏ပန် ကြားချက်အရ မိမိ၏တပ်မတော်နှင့်အတူ ဒမာသက်မြို့ကိုချီတက်သိမ်းယူပြီးလျှင် ရေဇိန်မင်းအားလုပ်ကြံ၍ပြည်သူတို့အား ကိရမြို့သို့သုံ့ပန်းများအဖြစ်ဖမ်းသွား တော်မူ၏။
10 Padşah Axaz Aşşur padşahı Tiqlat-Pileseri qarşılamaq üçün Dəməşqə getdi. O, Dəməşqdə olan qurbangahı gördü, qurbangahın bütün quruluşunu və təsvirini kahin Uriyaya göndərdi.
၁၀အာခတ်မင်းသည်ဧကရာဇ်ဘုရင်တိဂလတ် ပိလေသာကိုတွေ့ဆုံရန် ဒမာသက်မြို့သို့သွား သောအခါ ထိုမြို့တွင်ရှိသောယဇ်ပလ္လင်ကိုမြင် သဖြင့် ထိုယဇ်ပလ္လင်၏ပုံတူတစ်ခုကိုစေ့စပ် သေချာစွာပြုလုပ်ပြီးလျှင် ယဇ်ပုရောဟိတ် ဥရိယထံသို့ပေးပို့လိုက်၏။-
11 Kahin Uriya padşah Axazın Dəməşqdən göndərdiyi bütün şeylərə görə bir qurbangah düzəltdi. O, padşah Dəməşqdən qayıdana qədər bunu etdi.
၁၁သို့ဖြစ်၍ဥရိယသည်ထိုပုံစံအတိုင်း တိကျ စွာယဇ်ပလ္လင်တစ်ခုကိုအာခတ်မင်းပြန်၍ မရောက်မီ အပြီးဆောက်လုပ်ထားလေသည်။-
12 Padşah Dəməşqdən qayıdıb qurbangahı gördü. O yaxınlaşıb qurbangahın üstünə qalxdı.
၁၂ဒမာသက်မြို့မှပြန်၍ရောက်ရှိလာသော အခါ အာခတ်မင်းသည်တည်ဆောက်ပြီး သည့်ယဇ်ပလ္လင်ကိုမြင်လေလျှင်၊-
13 Qurbangahın üstündə öz yandırma qurbanını və taxıl təqdimini yandırdı, tökmə təqdimini tökdü və ünsiyyət qurbanlarının qanını oraya səpdi.
၁၃ထိုပလ္လင်ပေါ်တွင်ယဇ်ကောင်များနှင့်ဘောဇဉ် ပူဇော်သကာများကိုမီးရှို့ပူဇော်၏။ ထိုနောက် စပျစ်ရည်ပူဇော်သကာများနှင့် မိတ်သဟာယ ယဇ်ဆိုင်ရာသွေးတို့ကိုလည်း ထိုယဇ်ပလ္လင်ပေါ် တွင်သွန်းလောင်းလေသည်။-
14 Rəbbin önündə olan tunc qurbangahı məbədin qabaq tərəfindən, öz qurbangahı ilə Rəbbin məbədi arasından gətirdi və onu öz qurbangahının şimal tərəfinə qoydu.
၁၄ထာဝရဘုရားအားဆက်ကပ်ထားသည့်ကြေး ဝါပလ္လင်မှာ ယဇ်ပလ္လင်သစ်နှင့်ဗိမာန်တော်စပ်ကြား တွင်တည်ရှိနေသောကြောင့် အာခတ်သည်ထို ပလ္လင်ကိုယဇ်ပလ္လင်သစ်၏မြောက်ဘက်သို့ပြောင်း ရွှေ့လိုက်ပြီးလျှင်၊-
15 Padşah Axaz kahin Uriyaya əmr edib dedi: «Hər gün səhərin yandırma qurbanını, axşamın taxıl təqdimini, padşahın yandırma qurbanını və taxıl təqdimini, bütün ölkə xalqının yandırma qurbanını, taxıl təqdimini və tökmə təqdimini böyük qurbangahın üstündə yandır. Yandırma qurbanlarının və başqa qurbanların bütün qanını onun üstünə səp. Ancaq tunc qurbangah soraq etmək üçün mənim olacaq».
၁၅ဥရိယအား``ငါ၏ယဇ်ပလ္လင်ကြီးကိုနံနက်ချိန် မီးရှို့ရာယဇ်နှင့် ညနေချိန်ဘောဇဉ်ပူဇော်သကာ များအတွက်လည်းကောင်း၊ ဘုရင်နှင့်ပြည်သူတို့ ၏မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သကာများ၊ ပြည်သူတို့၏စပျစ်ရည်ပူဇော်သကာများ အတွက်လည်းကောင်းအသုံးပြုလော့။ ထိုယဇ် ပလ္လင်ပေါ်တွင်ယဇ်ကောင်ရှိသမျှတို့၏သွေး ကိုသွန်းလောင်းလော့။ ကြေးဝါပလ္လင်မှာငါ အတိတ်နိမိတ်ဖတ်ခြင်းကိုမေးလျှောက်ရာ ဖြစ်ရမည်'' ဟုအမိန့်ပေးသည့်အတိုင်း၊-
16 Kahin Uriya da padşah Axazın əmr etdiyi hər şeyi yerinə yetirdi.
၁၆ဥရိယသည်ပြုလေ၏။
17 Padşah Axaz dayaqların yan lövhələrini kəsib dayaqların üstündən ləyənləri götürdü. Hovuzu altında olan tunc buğaların üstündən qaldırıb bir daş səkinin üstünə qoydu.
၁၇အာခတ်မင်းသည်ဗိမာန်တော်တွင်အသုံးပြု သည့်ကြေးဝါလှည်းတို့ကိုယူ၍ ယင်းတို့အပေါ် ရှိအင်တုံများကိုဖယ်ရှားလိုက်လေသည်။ သူ သည်ကြေးဝါနွားလားဥသဘရုပ်တစ်ဆယ့် နှစ်ကောင်၏ကျောက်ကုန်းထက်မှ ကြေးဝါကန် များကိုလည်းယူ၍အောက်ခံကျောက်ပေါ်တွင် ထားရှိလေသည်။-
18 Şənbə günü üçün məbəddə düzəldilmiş bağlı yeri və padşahın bayırdakı giriş yerini Aşşur padşahından ötrü Rəbbin məbədindən götürdü.
၁၈ထိုနောက်အာရှုရိဧကရာဇ်ဘုရင်နှစ်သက် စေရန် အာခတ်သည်ဗိမာန်တော်ရှိရာဇပလ္လင် တည်ရာစင်မြင့်ကိုဖယ်ရှားပြီးလျှင် ဘုရင် အတွက်သီးသန့်ထားသည့်ဗိမာန်တော် အဝင်ဝကိုလည်းပိတ်လိုက်၏။
19 Axazın qalan işləri barədə Yəhuda padşahlarının salnamələr kitabında yazılmışdır.
၁၉အာခတ်မင်းလုပ်ဆောင်ခဲ့သောအခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။-
20 Axaz ataları ilə uyudu və Davudun şəhərində, atalarının yanında basdırıldı. Onun yerinə oğlu Xizqiya padşah oldu.
၂၀အာခတ်ကွယ်လွန်သောအခါ သူ့အားဒါဝိဒ် မြို့ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူ၏သားတော်ဟေဇကိ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။