< ܡܪܩܘܣ 6 >

ܘܢܦܩ ܡܢ ܬܡܢ ܘܐܬܐ ܠܡܕܝܢܬܗ ܘܕܒܝܩܝܢ ܗܘܘ ܠܗ ܬܠܡܝܕܘܗܝ 1
ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ ထို အ​ရပ်​မှ​ကြွ​တော်​မူ​ပြီး​နောက် မိ​မိ​၏​နေ​ရင်း မြို့​သို့​ရောက်​ရှိ​လာ​၏။-
ܘܟܕ ܗܘܬ ܫܒܬܐ ܫܪܝ ܠܡܠܦܘ ܒܟܢܘܫܬܐ ܘܤܓܝܐܐ ܕܫܡܥܘ ܐܬܕܡܪܘ ܘܐܡܪܝܢ ܗܘܘ ܐܝܡܟܐ ܠܗ ܗܠܝܢ ܠܗܢܐ ܘܐܝܕܐ ܗܝ ܚܟܡܬܐ ܕܐܬܝܗܒܬ ܠܗ ܕܚܝܠܐ ܕܐܝܟ ܗܠܝܢ ܒܐܝܕܘܗܝ ܢܗܘܘܢ 2
ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​တွင် ဟော​ပြော​သွန်​သင်​တော်​မူ​၏။ ကိုယ်​တော်​၏​သွန် သင်​ချက်​ကို​ကြား​သော​အ​ခါ -လူ​အ​ပေါင်း​တို့ သည်​အံ့​သြ​ကြ​၏။ ``ဤ​သူ​သည်​ဤ​ပညာ​ကို အ​ဘယ်​မှာ​ရ​ရှိ​သ​နည်း။ သူ​ရ​ရှိ​သည့်​ပညာ ကား​အ​ဘယ်​ပညာ​နည်း။ ဤ​နိ​မိတ်​လက္ခ​ဏာ​များ ကို​အ​ဘယ်​သို့​ပြ​နိုင်​သ​နည်း။-
ܠܐ ܗܘܐ ܗܢܐ ܢܓܪܐ ܒܪܗ ܕܡܪܝܡ ܘܐܚܘܗܝ ܕܝܥܩܘܒ ܘܕܝܘܤܐ ܘܕܝܗܘܕܐ ܘܕܫܡܥܘܢ ܘܠܐ ܗܐ ܐܚܘܬܗ ܬܢܢ ܠܘܬܢ ܘܡܬܟܫܠܝܢ ܗܘܘ ܒܗ 3
ဤ​သူ​သည်​မာ​ရိ​၏​သား​မ​ဟုတ်​လော။ ယာ​ကုပ်၊ ယော​သေ၊ ယု​ဒ​နှင့်​ရှိ​မုန်​တို့​၏​အစ်​ကို​လက်​သ​မား ဆ​ရာ​ပင်​မ​ဟုတ်​လော သူ​၏​နှ​မ​များ​သည်​ငါ​တို့ အ​ရပ်​သူ​များ​မ​ဟုတ်​လော'' ဟု​ပြော​ဆို​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​မ​ခံ ကြ။
ܘܐܡܪ ܠܗܘܢ ܝܫܘܥ ܠܝܬ ܢܒܝܐ ܕܨܥܝܪ ܐܠܐ ܐܢ ܒܡܕܝܢܬܗ ܘܒܝܬ ܐܚܝܢܘܗܝ ܘܒܒܝܬܗ 4
သ​ခင်​ယေ​ရှု​က ``ပ​ရော​ဖက်​မည်​သည်​မိ​မိ​နေ​ရင်း မြို့​ရွာ၊ ဆွေ​မျိုး၊ အိမ်​ထောင်​စု​မှ​လွဲ​၍​အ​ဘယ် အ​ရပ်​တွင်​မ​ဆို​ဂုဏ်​အ​သ​ရေ​ရှိ​သည်'' ဟု မိန့်​တော်​မူ​၏။
ܘܠܐ ܡܫܟܚ ܗܘܐ ܕܢܥܒܕ ܬܡܢ ܐܦ ܠܐ ܚܕ ܚܝܠܐ ܐܠܐ ܐܢ ܕܥܠ ܟܪܝܗܐ ܩܠܝܠ ܤܡ ܐܝܕܗ ܘܐܤܝ 5
ကိုယ်​တော်​သည်​ထို​မြို့​တွင်​ဖျား​နာ​သူ​အ​နည်း​ငယ် ကို​လက်​တော်​တင်​၍ ကျန်း​မာ​စေ​တော်​မူ​သည်​မှ အ​ပ အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ​ပြ​တော် မ​မူ​နိုင်။-
ܘܡܬܕܡܪ ܗܘܐ ܒܚܤܝܪܘܬ ܗܝܡܢܘܬܗܘܢ ܘܡܬܟܪܟ ܗܘܐ ܒܩܘܪܝܐ ܟܕ ܡܠܦ 6
ကိုယ်​တော်​သည်​ထို​သူ​တို့​ယုံ​ကြည်​ခြင်း​ကင်း​မဲ့ ကြ​သည်​ကို​အံ့​သြ​တော်​မူ​၏။ ထို့​နောက်​သ​ခင်​ယေ​ရှု​သည်​အ​နီး​အ​နား​ရှိ ကျေး​ရွာ​များ​သို့​သွား​၍​ဟော​ပြော​သွန်​သင် တော်​မူ​၏။
ܘܩܪܐ ܠܬܪܥܤܪܬܗ ܘܫܪܝ ܕܢܫܕܪ ܐܢܘܢ ܬܪܝܢ ܬܪܝܢ ܘܝܗܒ ܠܗܘܢ ܫܘܠܛܢܐ ܥܠ ܪܘܚܐ ܛܢܦܬܐ ܕܢܦܩܘܢ 7
တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ဦး​တို့​ကို​အ​ထံ​တော် သို့​ခေါ်​တော်​မူ​ပြီး​နောက် နှစ်​ယောက်​စီ​တွဲ​၍​မြို့ ရွာ​များ​သို့​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​အား​ညစ် ညမ်း​သော​နတ်​များ​ကို​နှိမ်​နင်း​နိုင်​သော​တန်​ခိုး အာ​ဏာ​ကို​အပ်​နှင်း​တော်​မူ​၏။-
ܘܦܩܕ ܐܢܘܢ ܕܠܐ ܢܫܩܠܘܢ ܡܕܡ ܠܐܘܪܚܐ ܐܠܐ ܐܢ ܫܒܛܐ ܒܠܚܘܕ ܠܐ ܬܪܡܠܐ ܘܠܐ ܠܚܡܐ ܘܠܐ ܢܚܫܐ ܒܟܝܤܝܗܘܢ 8
ကိုယ်​တော်​က ``လမ်း​ခ​ရီး​အ​တွက်​တောင်​ဝှေး​မှ တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ကြ​နှင့်။ ရိက္ခာ၊ လွယ်​အိတ်၊ ခါး​ပန်း​၌​ကြေး​ငွေ​များ​ကို​ယူ​မ သွား​ကြ​နှင့်။-
ܐܠܐ ܢܤܐܢܘܢ ܛܠܪܐ ܘܠܐ ܢܠܒܫܘܢ ܬܪܬܝܢ ܟܘܬܝܢܝܢ 9
ဖိ​နပ်​ကို​စီး​ကြ​လော့။ သို့​ရာ​တွင်​အင်္ကျီ​နှစ်​ထပ် မ​ဝတ်​နှင့်။-
ܘܐܡܪ ܠܗܘܢ ܕܠܐܝܢܐ ܒܝܬܐ ܕܥܐܠܝܢ ܐܢܬܘܢ ܬܡܢ ܗܘܘ ܥܕܡܐ ܕܢܦܩܝܢ ܐܢܬܘܢ ܡܢ ܬܡܢ 10
၁၀ထို​မှ​တစ်​ပါး​မည်​သည့်​မြို့​တွင်​မ​ဆို​သင်​တို့ အား ဦး​စွာ​လက်​ခံ​သည့်​အိမ်​မှ​မ​ရွေ့​မ​ပြောင်း ကြ​နှင့်။ ထို​မြို့​မှ​မ​ထွက်​ခွာ​မီ​ကာ​လ​ပတ်​လုံး ထို​အိမ်​တွင်​သာ​တည်း​ခို​ကြ​လော့။-
ܘܟܠ ܡܢ ܕܠܐ ܢܩܒܠܘܢܟܘܢ ܘܠܐ ܢܫܡܥܘܢܟܘܢ ܡܐ ܕܢܦܩܝܢ ܐܢܬܘܢ ܡܢ ܬܡܢ ܦܨܘ ܚܠܐ ܕܒܬܚܬܝܐ ܕܪܓܠܝܟܘܢ ܠܤܗܕܘܬܗܘܢ ܘܐܡܝܢ ܐܡܪ ܐܢܐ ܠܟܘܢ ܕܢܗܘܐ ܢܝܚ ܠܤܕܘܡ ܘܠܥܡܘܪܐ ܒܝܘܡܐ ܕܕܝܢܐ ܐܘ ܠܡܕܝܢܬܐ ܗܝ 11
၁၁သင်​တို့​ကို​လက်​မ​ခံ​သည့်​အ​ရပ်​တွင်​မ​နေ​ကြ​နှင့်။ သင်​တို့​ဟော​ပြော​သွန်​သင်​သည်​ကို​နား​မ​ထောင် သူ​များ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လော့။ ထွက်​ခွာ သွား​သည့်​အ​ခါ​တွင်​သူ​တို့​ကို​သ​တိ​ပေး​သည့် အ​နေ​ဖြင့် သင်​တို့​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို ခါ​ချ​ခဲ့​ကြ​လော့'' ဟု​မှာ​ကြား​တော်​မူ​၏။
ܘܢܦܩܘ ܗܘܘ ܘܐܟܪܙܘ ܕܢܬܘܒܘܢ 12
၁၂တ​ပည့်​တော်​တို့​သည်​ထွက်​သွား​၍​လူ​တို့ နောင်​တ​ရ​ကြ​စေ​ရန်​ဟော​ပြော​ကြ​၏။-
ܘܫܐܕܐ ܤܓܝܐܐ ܡܦܩܝܢ ܗܘܘ ܘܡܫܚܝܢ ܗܘܘ ܒܡܫܚܐ ܟܪܝܗܐ ܤܓܝܐܐ ܘܡܐܤܝܢ ܗܘܘ 13
၁၃များ​စွာ​သော​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​ကြ​၏။ ဖျား​နာ​သူ​အ​မြောက်​အ​မြား​ကို​ဆီ​လိမ်း ၍​ကျန်း​မာ​စေ​ကြ​၏။
ܘܫܡܥ ܗܪܘܕܤ ܡܠܟܐ ܥܠ ܝܫܘܥ ܐܬܝܕܥ ܗܘܐ ܠܗ ܓܝܪ ܫܡܗ ܘܐܡܪ ܗܘܐ ܝܘܚܢܢ ܡܥܡܕܢܐ ܩܡ ܡܢ ܒܝܬ ܡܝܬܐ ܡܛܠ ܗܢܐ ܚܝܠܐ ܡܤܬܥܪܝܢ ܒܗ 14
၁၄သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​တော်​သည်​ကျော် ကြား​လာ​သ​ဖြင့် ဟေ​ရုဒ်​ဘု​ရင်​၏​နား​တော်​သို့​ပင် ရောက်​ရှိ​လေ​သည်။ လူ​အ​ချို့​တို့​က ``သေ​ရာ​မှ ပြန်​ရှင်​လာ​သော​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​သည်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ လျက်​ရှိ​၏'' ဟု​ဆို​ကြ​၏။
ܐܚܪܢܐ ܐܡܪܝܢ ܗܘܘ ܕܐܠܝܐ ܗܘ ܘܐܚܪܢܐ ܕܢܒܝܐ ܗܘ ܐܝܟ ܚܕ ܡܢ ܢܒܝܐ 15
၁၅အ​ချို့​သူ​များ​က ``ယေ​ရှု​သည်​ဧ​လိ​ယ​ဖြစ် ၏'' ဟု​ဆို​ကြ​၏။ အ​ချို့​သူ​များ​က​မူ ``ယေ​ရှု​သည်​ရှေး​ပ​ရော​ဖက် များ​ကဲ့​သို့​သော​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​၏'' ဟု ပြော​ဆို​ကြ​၏။-
ܟܕ ܫܡܥ ܕܝܢ ܗܪܘܕܤ ܐܡܪ ܝܘܚܢܢ ܗܘ ܕܐܢܐ ܦܤܩܬ ܪܫܗ ܗܘ ܩܡ ܡܢ ܒܝܬ ܡܝܬܐ 16
၁၆သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု အ​ရာ​အ​ကြောင်း​ကို​ကြား​သော​အ​ခါ ဟေ​ရုဒ် က ``ငါ​ဦး​ခေါင်း​ဖြတ်​ခဲ့​သော​ယော​ဟန်​သည် အ​သက်​ပြန်​ရှင်​လေ​ပြီ'' ဟု​ဆို​၏။-
ܗܘ ܓܝܪ ܗܪܘܕܤ ܫܕܪ ܗܘܐ ܐܚܕܗ ܠܝܘܚܢܢ ܘܐܤܪܗ ܒܝܬ ܐܤܝܪܐ ܡܛܠ ܗܪܘܕܝܐ ܐܢܬܬ ܦܝܠܝܦܘܤ ܐܚܘܗܝ ܗܝ ܕܢܤܒ 17
၁၇ဟေ​ရုဒ်​သည်​ညီ​ဖြစ်​သူ​ဖိ​လိပ္ပု​၏​ဇ​နီး၊ ဟေ​ရော ဒိ​အား​မိ​မိ​သိမ်း​ပိုက်​မှု​နှင့်​ပတ်​သက်​၍ ယော​ဟန် ကို​ဖမ်း​ဆီး​ပြီး​လျှင်​ထောင်​တွင်​ချုပ်​နှောင်​ထား စေ​၏။-
ܐܡܪ ܗܘܐ ܓܝܪ ܝܘܚܢܢ ܠܗܪܘܕܤ ܕܠܐ ܫܠܝܛ ܠܟ ܕܬܤܒ ܐܢܬܬ ܐܚܘܟ 18
၁၈ယော​ဟန်​သည်​ဟေ​ရုဒ်​အား ``သင်​သည်​ညီ​ဖြစ်​သူ ၏​ဇ​နီး​ကို​မ​သိမ်း​မ​ယူ​အပ်'' ဟု​အ​ဖန်​ဖန် ကန့်​ကွက်​ပြော​ဆို​ခဲ့​၏။
ܗܝ ܕܝܢ ܗܪܘܕܝܐ ܠܚܝܡܐ ܗܘܬ ܠܗ ܘܨܒܝܢ ܗܘܬ ܠܡܩܛܠܗ ܘܠܐ ܡܫܟܚܐ ܗܘܬ 19
၁၉သို့​ဖြစ်​၍​ဟေ​ရော​ဒိ​သည်​ယော​ဟန်​ကို​ရန်​ငြိုး​ဖွဲ့ ၍​သတ်​လို​၏။ သို့​ရာ​တွင်​သတ်​ရန်​ကား​မ​တတ်​နိုင်။-
ܗܪܘܕܤ ܓܝܪ ܕܚܠ ܗܘܐ ܡܢ ܝܘܚܢܢ ܥܠ ܕܝܕܥ ܗܘܐ ܕܓܒܪܐ ܗܘ ܙܕܝܩܐ ܘܩܕܝܫܐ ܘܡܢܛܪ ܗܘܐ ܠܗ ܘܤܓܝܐܬܐ ܫܡܥ ܗܘܐ ܠܗ ܘܥܒܕ ܘܒܤܝܡܐܝܬ ܫܡܥ ܗܘܐ ܠܗ 20
၂၀ယော​ဟန်​သည်​သူ​တော်​သူ​မြတ်​ဖြစ်​ကြောင်း​ဟေ​ရုဒ် သိ​သ​ဖြင့်​ကြောက်​၍ သူ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​၏။ ဟေ​ရုဒ်​သည်​ယော​ဟန်​၏​ဟော​ပြော​သွန်​သင် ချက်​များ​ကို​ကြား​နာ​ရ​သည့်​အ​ခါ​တိုင်း စိတ် မ​ငြိမ်​မ​သက်​ဖြစ်​ရ​တတ်​သော်​လည်း​ဝမ်း​မြောက် စွာ​ပင်​ကြား​နာ​လေ့​ရှိ​သည်။
ܘܗܘܐ ܝܘܡܐ ܝܕܝܥܐ ܟܕ ܗܪܘܕܤ ܒܒܝܬ ܝܠܕܗ ܚܫܡܝܬܐ ܥܒܕ ܗܘܐ ܠܪܘܪܒܢܘܗܝ ܘܠܟܝܠܝܪܟܐ ܘܠܪܫܐ ܕܓܠܝܠܐ 21
၂၁ဟေ​ရုဒ်​၏​မွေး​နေ့​၌​ဟေ​ရော​ဒိ​အ​တွက် အ​ခါ အ​ခွင့်​သာ​လာ​၏။ ထို​နေ့​၌​ဟေ​ရုဒ်​သည်​ဂါ​လိ​လဲ ပြည်​မှ​ခေါင်း​ဆောင်​ကြီး​များ၊ တပ်​မ​တော်​အ​ရာ​ရှိ ကြီး​များ၊ ဂုဏ်​အ​သ​ရေ​ရှိ​လူ​ကြီး​လူ​ကောင်း​များ ကို​ဖိတ်​ကြား​လျက်​ည​စာ​စား​ပွဲ​တစ်​ရပ်​တည်​ခင်း ကျွေး​မွေး​၏။-
ܘܥܠܬ ܒܪܬܗ ܕܗܪܘܕܝܐ ܪܩܕܬ ܘܫܦܪܬ ܠܗ ܠܗܪܘܕܤ ܘܠܐܝܠܝܢ ܕܤܡܝܟܝܢ ܥܡܗ ܘܐܡܪ ܡܠܟܐ ܠܛܠܝܬܐ ܫܐܠܝ ܡܢܝ ܡܕܡ ܕܨܒܝܐ ܐܢܬܝ ܘܐܬܠ ܠܟܝ 22
၂၂ထို​ည​စာ​စား​ပွဲ​သို့​ဟေ​ရော​ဒိ​၏​သ​မီး​သည် လာ​၍ အ​က​နှင့်​ဖျော်​ဖြေ​၏။ သူ​သည်​ဟေ​ရုဒ်​နှင့် ဧည့်​သည်​တော်​အ​ပေါင်း​တို့​၏​စိတ်​ကို​များ​စွာ ရွှင်​လန်း​စေ​၏။ ဘု​ရင်​မင်း​က​သူ​ငယ်​မ​အား ``သင် နှစ်​သက်​ရာ​ကို​တောင်း​လော့။ သင့်​အား​ငါ​ပေး​မည်။-
ܘܝܡܐ ܠܗ ܕܡܕܡ ܕܬܫܐܠܝܢ ܐܬܠ ܠܟܝ ܥܕܡܐ ܠܦܠܓܗ ܕܡܠܟܘܬܝ 23
၂၃ငါ​၏​နိုင်​ငံ​တစ်​ဝက်​တိုင်​အောင်​သင်​တောင်း​သ​မျှ ကို​ငါ​ပေး​မည်'' ဟု​ကျိန်​ဆို​၍​ပြော​၏။
ܗܝ ܕܝܢ ܢܦܩܬ ܘܐܡܪܐ ܠܐܡܗ ܡܢܐ ܐܫܐܠܝܘܗܝ ܐܡܪܐ ܠܗ ܪܫܗ ܕܝܘܚܢܢ ܡܥܡܕܢܐ 24
၂၄သူ​ငယ်​မ​သည်​မင်း​ကြီး​၏​ထံ​မှ​ထွက်​သွား​ကာ မိ​ခင်​အား ``ကျွန်​မ​သည်​အ​ဘယ်​အ​ရာ​ကို တောင်း​ခံ​ရ​ပါ​မည်​နည်း'' ဟု​မေး​၏။ မိ​ခင်​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း​ကို​တောင်း လော့'' ဟု​ဆို​၏။
ܘܡܚܕܐ ܥܠܬ ܒܒܛܝܠܘܬܐ ܠܘܬ ܡܠܟܐ ܘܐܡܪܐ ܠܗ ܨܒܝܐ ܐܢܐ ܒܗܕܐ ܫܥܬܐ ܕܬܬܠ ܠܝ ܥܠ ܦܝܢܟܐ ܪܫܗ ܕܝܘܚܢܢ ܡܥܡܕܢܐ 25
၂၅သူ​ငယ်​မ​သည်​ချက်​ချင်း​ပင်​မင်း​ကြီး​၏​ထံ​သို့ အ​လျင်​အ​မြန်​ဝင်​ပြီး​လျှင် ``ဗတ္တိ​ဇံ​ဆ​ရာ ယော​ဟန်​၏​ဦး​ခေါင်း​ကို​လင်​ပန်း​ပေါ်​တွင်​တင် ၍ ယ​ခု​ပင်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။
ܘܟܪܝܬ ܠܗ ܤܓܝ ܠܡܠܟܐ ܡܛܠ ܕܝܢ ܡܘܡܬܐ ܘܡܛܠ ܤܡܝܟܐ ܠܐ ܨܒܐ ܕܢܓܠܙܝܗ 26
၂၆ထို​အ​ခါ​မင်း​ကြီး​သည်​များ​စွာ​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​၏။ သို့​ရာ​တွင်​ဧည့်​သည်​တော်​များ​ရှေ့ တွင် မိ​မိ​ကျိန်​ဆို​၍​ပေး​ခဲ့​သည့်​က​တိ​ကို​ထောက် ၍ သူ​ငယ်​မ​၏​တောင်း​လျှောက်​ချက်​ကို​မ​ငြင်း မ​ပယ်​နိုင်။-
ܐܠܐ ܡܚܕܐ ܫܕܪ ܡܠܟܐ ܐܤܦܘܩܠܛܪܐ ܘܦܩܕ ܕܢܝܬܐ ܪܫܗ ܕܝܘܚܢܢ ܘܐܙܠ ܦܤܩܗ ܪܫܗ ܕܝܘܚܢܢ ܒܝܬ ܐܤܝܪܐ 27
၂၇သို့​ဖြစ်​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ယူ​ဆောင်​ခဲ့​ရန် အ​မိန့်​ပေး​၍ ကိုယ်​ရံ​တော်​တပ်​သား​တစ်​ယောက်​ကို စေ​လွှတ်​လိုက်​၏။ တပ်​သား​သည်​အ​ကျဉ်း​ထောင်​သို့ သွား​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ဖြတ်​၏။-
ܘܐܝܬܝ ܒܦܝܢܟܐ ܘܝܗܒ ܠܛܠܝܬܐ ܘܗܝ ܛܠܝܬܐ ܝܗܒܬ ܠܐܡܗ 28
၂၈ဦး​ခေါင်း​ကို​လင်​ပန်း​ပေါ်​တွင်​တင်​၍​ယူ​ဆောင် လာ​ပြီး​နောက် သူ​ငယ်​မ​အား​ပေး​၏။ သူ​ငယ်​မ သည်​လည်း​မိ​ခင်​အား​တစ်​ဆင့်​ပေး​၏။-
ܘܫܡܥܘ ܬܠܡܝܕܘܗܝ ܘܐܬܘ ܫܩܠܘ ܫܠܕܗ ܘܤܡܘ ܒܒܝܬ ܩܒܘܪܐ 29
၂၉ယော​ဟန်​၏​တ​ပည့်​တို့​သည်​ဤ​သ​တင်း​ကို ကြား​သော​အ​ခါ လာ​၍​ယော​ဟန်​၏​အ​လောင်း ကို​ယူ​ပြီး​လျှင်​ဂူ​သွင်း​ထား​ကြ​၏။
ܘܐܬܟܢܫܘ ܫܠܝܚܐ ܠܘܬ ܝܫܘܥ ܘܐܡܪܘ ܠܗ ܟܠ ܡܐ ܕܥܒܕܘ ܘܟܠ ܡܐ ܕܐܠܦܘ 30
၃၀တ​မန်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ထံ​တော်​သို့ ပြန်​လာ​ပြီး​လျှင် မိ​မိ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ သွန်​သင်​ခဲ့​သ​မျှ​တို့​ကို​ကြား​လျှောက်​ကြ​၏။-
ܘܐܡܪ ܠܗܘܢ ܬܘ ܠܟܘܢ ܢܐܙܠ ܠܕܒܪܐ ܒܠܚܘܕܝܢ ܘܐܬܬܢܝܚܘ ܩܠܝܠ ܐܝܬ ܗܘܘ ܓܝܪ ܤܓܝܐܐ ܕܐܙܠܝܢ ܘܐܬܝܢ ܘܠܝܬ ܗܘܐ ܠܗܘܢ ܐܬܪܐ ܐܦ ܠܐ ܠܡܐܟܠ 31
၃၁များ​စွာ​သော​လူ​တို့​သည်​ဝင်​ထွက်​သွား​လာ​လျက် ရှိ​ကြ​သ​ဖြင့် သ​ခင်​ယေ​ရှု​နှင့်​တ​မန်​တော်​တို့​သည် အ​စား​အ​စာ​သုံး​ဆောင်​ရန်​အ​ချိန်​ပင်​မ​ရ​ကြ။ ထို့​ကြောင့်​ကိုယ်​တော်​က ``ငါ​တို့​ဆိတ်​ကွယ်​ရာ အ​ရပ်​သို့​သွား​၍​ခေတ္တ​မျှ​နား​နေ​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​၏။-
ܘܐܙܠܘ ܠܐܬܪܐ ܚܘܪܒܐ ܒܤܦܝܢܬܐ ܒܠܚܘܕܝܗܘܢ 32
၃၂သို့​ဖြစ်​၍​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်​တစ်​ခု​သို့​လှေ​ဖြင့်​ထွက် သွား​ကြ​၏။
ܘܚܙܘ ܐܢܘܢ ܤܓܝܐܐ ܟܕ ܐܙܠܝܢ ܘܐܫܬܘܕܥܘ ܐܢܘܢ ܘܒܝܒܫܐ ܪܗܛܘ ܡܢ ܟܠܗܝܢ ܡܕܝܢܬܐ ܩܕܡܘܗܝ ܠܬܡܢ 33
၃၃ထို​သို့​သွား​သည်​ကို​လူ​အ​များ​ပင်​မြင်​လိုက် သ​ဖြင့် ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​ဖြစ်​ကြောင်း သိ​ကြ​၏။ ထို့​ကြောင့်​အ​မြို့​မြို့​အ​ရွာ​ရွာ​မှ​လူ အ​ပေါင်း​တို့​သည် ကိုယ်​တော်​သွား​ရာ​အ​ရပ်​သို့ အ​လျင်​အ​မြန်​ကုန်း​ကြောင်း​လိုက်​သ​ဖြင့်​ကိုယ် တော်​နှင့်​တ​ပည့်​တော်​တို့​မ​ရောက်​မီ​ရောက်​နှင့် နေ​ကြ​၏။-
ܘܢܦܩ ܝܫܘܥ ܚܙܐ ܟܢܫܐ ܤܓܝܐܐ ܘܐܬܪܚܡ ܥܠܝܗܘܢ ܕܕܡܝܢ ܗܘܘ ܠܥܪܒܐ ܕܠܝܬ ܠܗܘܢ ܪܥܝܐ ܘܫܪܝ ܗܘܐ ܠܡܠܦܘ ܐܢܘܢ ܤܓܝܐܬܐ 34
၃၄ကိုယ်​တော်​သည်​လှေ​မှ​တက်​တော်​မူ​သော​အ​ခါ လူ​ထု​ကြီး​ကို​မြင်​တော်​မူ​၏။ သိုး​ထိန်း​မဲ့​သည့် သိုး​များ​ကဲ့​သို့​ဖြစ်​နေ​ကြ​သ​ဖြင့် သူ​တို့​ကို သ​နား​တော်​မူ​၏။ သို့​ဖြစ်​၍​များ​စွာ​သော​တ​ရား စ​ကား​များ​ကို သူ​တို့​အား​ဟော​ပြော​သွန်​သင် တော်​မူ​၏။-
ܘܟܕ ܗܘܐ ܥܕܢܐ ܤܓܝܐܐ ܩܪܒܘ ܠܘܬܗ ܬܠܡܝܕܘܗܝ ܘܐܡܪܝܢ ܠܗ ܕܗܢܐ ܐܬܪܐ ܚܘܪܒܐ ܗܘ ܘܥܕܢܐ ܤܓܝ 35
၃၅မိုး​ချုပ်​စ​ပြု​သော​အ​ခါ​တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``ဤ​အ​ရပ်​သည်​လူ သူ​မ​ရှိ​သည့်​အ​ရပ်​ဖြစ်​ပါ​၏။ အ​ချိန်​လည်း​နှောင်း ပါ​ပြီ။-
ܫܪܝ ܐܢܘܢ ܕܢܐܙܠܘܢ ܠܐܓܘܪܤܐ ܕܚܕܪܝܢ ܘܠܩܘܪܝܐ ܘܢܙܒܢܘܢ ܠܗܘܢ ܠܚܡܐ ܠܝܬ ܠܗܘܢ ܓܝܪ ܡܕܡ ܠܡܐܟܠ 36
၃၆အ​စား​အ​စာ​ဝယ်​၍​စား​နိုင်​ရန်​လူ​တို့​အား ပတ်​ဝန်း​ကျင်​ရှိ​ကျေး​လက်​တော​ရွာ​များ​သို့ စေ​လွှတ်​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
ܗܘ ܕܝܢ ܐܡܪ ܠܗܘܢ ܗܒܘ ܠܗܘܢ ܐܢܬܘܢ ܠܡܠܥܤ ܐܡܪܝܢ ܠܗ ܢܐܙܠ ܢܙܒܢ ܕܡܐܬܝܢ ܕܝܢܪܝܢ ܠܚܡܐ ܘܢܬܠ ܠܗܘܢ ܠܥܤܝܢ 37
၃၇ကိုယ်​တော်​က ``သင်​တို့​ပင်​လျှင် သူ​တို့​အား​စား စ​ရာ​တစ်​စုံ​တစ်​ခု​ကို​ကျွေး​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။ ထို​အ​ခါ​တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​သည် ငွေ​ဒင်္ဂါး​နှစ်​ရာ​ဖိုး​မျှ​အ​စား​အ​စာ​ဝယ်​၍ ဤ သူ​တို့​အား​ကျွေး​ရ​ပါ​မည်​လော'' ဟု​လျှောက် ထား​ကြ​၏။-
ܗܘ ܕܝܢ ܐܡܪ ܠܗܘܢ ܙܠܘ ܚܙܘ ܟܡܐ ܠܚܡܝܢ ܐܝܬ ܠܟܘܢ ܗܪܟܐ ܘܟܕ ܚܙܘ ܐܡܪܝܢ ܠܗ ܚܡܫܐ ܠܚܡܝܢ ܘܬܪܝܢ ܢܘܢܝܢ 38
၃၈ကိုယ်​တော်​က ``သင်​တို့​ထံ​တွင်​အ​စား​အ​စာ​မည် မျှ​ရှိ​သ​နည်း။ သွား​၍​ကြည့်​ကြ​လော့'' ဟု​မိန့်​တော် မူ​၏။ သူ​တို့​သည်​ကြည့်​၍​တွေ့​သော​အ​ခါ ``မုန့်​ငါး​လုံး နှင့်​ငါး​နှစ်​ကောင်​ရှိ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
ܘܦܩܕ ܠܗܘܢ ܕܢܤܡܟܘܢ ܠܟܠܢܫ ܤܡܟܝܢ ܤܡܟܝܢ ܥܠ ܥܤܒܐ 39
၃၉ကိုယ်​တော်​သည်​စိမ်း​လန်း​သော​မြက်​ခင်း​ပေါ်​တွင် လူ​အ​ပေါင်း​တို့​ကို​အ​စု​လိုက်​ထိုင်​ကြ​စေ​ရန် တ​ပည့်​တော်​တို့​အား​စေ​ခိုင်း​တော်​မူ​၏။-
ܘܐܤܬܡܟܘ ܤܡܟܝܢ ܤܡܟܝܢ ܕܡܐܐ ܡܐܐ ܘܕܚܡܫܝܢ ܚܡܫܝܢ 40
၄၀လူ​တို့​သည်​အ​စု​လိုက်​တစ်​ရာ​စီ၊ ငါး​ဆယ်​စီ၊ စီ​တန်း​၍​ထိုင်​ကြ​၏။-
ܘܢܤܒ ܗܢܘܢ ܚܡܫܐ ܠܚܡܝܢ ܘܬܪܝܢ ܢܘܢܝܢ ܘܚܪ ܒܫܡܝܐ ܘܒܪܟ ܘܩܨܐ ܠܚܡܐ ܘܝܗܒ ܠܬܠܡܝܕܘܗܝ ܕܢܤܝܡܘܢ ܠܗܘܢ ܘܗܢܘܢ ܬܪܝܢ ܢܘܢܝܢ ܦܠܓܘ ܠܟܠܗܘܢ 41
၄၁ထို့​နောက်​ကိုယ်​တော်​သည်​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ် ကောင်​ကို​ယူ​တော်​မူ​၍​ကောင်း​ကင်​သို့​မျှော်​ကြည့် လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း တော်​မူ​၏။ မုန့်​ကို​ဖဲ့​တော်​မူ​ပြီး​လျှင် လူ​တို့​အား ဝေ​ငှ​ရန်​တ​ပည့်​တော်​တို့​အား​ပေး​တော်​မူ​၏။-
ܘܐܟܠܘ ܟܠܗܘܢ ܘܤܒܥܘ 42
၄၂ထို​နည်း​တူ​ငါး​နှစ်​ကောင်​ကို​လည်း​သူ​တို့​အား ခွဲ​ဝေ​ပေး​တော်​မူ​၏။ လူ​အ​ပေါင်း​တို့​သည်​ဝ စွာ​စား​ရ​ကြ​၏။-
ܘܫܩܠܘ ܩܨܝܐ ܬܪܥܤܪ ܩܘܦܝܢܝܢ ܟܕ ܡܠܝܢ ܘܡܢ ܢܘܢܐ 43
၄၃ထို့​နောက်​တ​ပည့်​တော်​တို့​သည် မုန့်​နှင့်​ငါး​အ​ကြွင်း အ​ကျန်​ကို​ကောက်​သိမ်း​ရာ​တစ်​ဆယ့်​နှစ်​တောင်း အ​ပြည့်​ရ​ကြ​၏။-
ܐܝܬܝܗܘܢ ܗܘܘ ܕܝܢ ܕܐܟܠܘ ܠܚܡܐ ܚܡܫܐ ܐܠܦܝܢ ܓܒܪܝܢ 44
၄၄မုန့်​စား​သူ​ယောကျာ်း​ဦး​ရေ​မှာ​ငါး​ထောင်​မျှ​ရှိ သ​တည်း။
ܘܡܚܕܐ ܐܠܨ ܠܬܠܡܝܕܘܗܝ ܕܢܤܩܘܢ ܠܤܦܝܢܬܐ ܘܢܐܙܠܘܢ ܩܕܡܘܗܝ ܠܥܒܪܐ ܠܒܝܬ ܨܝܕܐ ܥܕ ܫܪܐ ܗܘ ܠܟܢܫܐ 45
၄၅ထို​နောက်​ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​အိမ် သို့​ပြန်​စေ​တော်​မူ​၏။ တစ်​ချိန်​တည်း​မှာ​ပင်​တ​ပည့် တော်​တို့​အား​လှေ​တစ်​စင်း​ပေါ်​သို့​တက်​၍ အိုင်​တစ် ဖက်​ကမ်း​ရှိ​ဗက်​ဇဲ​ဒ​ရွာ​သို့​ကူး​နှင့်​စေ​တော်​မူ​၏။-
ܘܟܕ ܫܪܐ ܐܢܘܢ ܐܙܠ ܠܛܘܪܐ ܠܡܨܠܝܘ 46
၄၆ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​နှုတ်​ဆက်​တော် မူ​ပြီး​လျှင် ဆု​တောင်း​ပတ္တနာ​ပြု​ရန်​တောင်​ပေါ်​သို့ တက်​တော်​မူ​၏။-
ܟܕ ܗܘܐ ܕܝܢ ܪܡܫܐ ܤܦܝܢܬܐ ܐܝܬܝܗ ܗܘܬ ܡܨܥܬ ܝܡܐ ܘܗܘ ܒܠܚܘܕܘܗܝ ܥܠ ܐܪܥܐ 47
၄၇ည​ချမ်း​အ​ချိန်​ကျ​ရောက်​သော်​တ​ပည့်​တော်​တို့​၏ လှေ​သည် အိုင်​အ​လယ်​တွင်​ရောက်​လျက်​နေ​၏။ ကိုယ် တော်​သည်​ကား​တစ်​ကိုယ်​တည်း​ကုန်း​ပေါ်​မှာ​ရှိ​၏။-
ܘܚܙܐ ܐܢܘܢ ܕܡܫܬܢܩܝܢ ܟܕ ܪܕܝܢ ܪܘܚܐ ܓܝܪ ܠܘܩܒܠܗܘܢ ܗܘܬ ܘܒܡܛܪܬܐ ܪܒܝܥܝܬܐ ܕܠܠܝܐ ܐܬܐ ܠܘܬܗܘܢ ܝܫܘܥ ܟܕ ܡܗܠܟ ܥܠ ܡܝܐ ܘܨܒܐ ܗܘܐ ܕܢܥܒܪ ܐܢܘܢ 48
၄၈လေ​ကို​ဆန်​၍​ခက်​ခဲ​စွာ​လှော်​ခတ်​ရ​ကြ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​ကြ​သည် ကို​မြင်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည်​ရေ​ပေါ် မှာ​လျှောက်​၍​သူ​တို့​ထံ​သို့​ကြွ​တော်​မူ​၏။ အ​ချိန် ကား​မိုး​သောက်​ယံ​အ​ချိန်​ဖြစ်​၏။ ကိုယ်​တော်​သည် သူ​တို့​အ​နီး​မှ​ဖြတ်​ကျော်​၍​ကြွ​မည်​ပြု​၏။-
ܗܢܘܢ ܕܝܢ ܚܙܐܘܗܝ ܕܡܗܠܟ ܥܠ ܡܝܐ ܘܤܒܪܘ ܠܗܘܢ ܕܚܙܘܐ ܗܘ ܕܓܠܐ ܘܩܥܘ 49
၄၉သူ​တို့​သည်​ရေ​ပေါ်​မှာ​ကိုယ်​တော်​လမ်း​လျှောက် နေ​သည်​ကို​မြင်​ကြ​သော်​တစ္ဆေ​ဟု​ထင်​မှတ်​၍ ဟစ်​အော်​ကြ​၏။-
ܟܠܗܘܢ ܓܝܪ ܚܙܐܘܗܝ ܘܕܚܠܘ ܘܒܪ ܫܥܬܗ ܡܠܠ ܥܡܗܘܢ ܘܐܡܪ ܠܗܘܢ ܐܬܠܒܒܘ ܐܢܐ ܐܢܐ ܠܐ ܬܕܚܠܘܢ 50
၅၀သူ​တို့​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ ထိတ် လန့်​ကြ​သော​ကြောင့်​ဖြစ်​၏။ ထို​အ​ခါ​ကိုယ်​တော် က ``အား​မ​ငယ်​ကြ​နှင့်။ ငါ​ပင်​တည်း။ မ​ကြောက် ကြ​နှင့်'' ဟု​သူ​တို့​အား​မိန့်​တော်​မူ​၏။-
ܘܤܠܩ ܠܘܬܗܘܢ ܠܤܦܝܢܬܐ ܘܫܠܝܬ ܪܘܚܐ ܘܛܒ ܡܬܕܡܪܝܢ ܗܘܘ ܘܬܗܝܪܝܢ ܒܢܦܫܗܘܢ 51
၅၁ထို​နောက်​သူ​တို့​ရှိ​ရာ​လှေ​ပေါ်​သို့​တက်​တော် မူ​၏။ ထို​ခ​ဏ​၌​လေ​ငြိမ်​သွား​၏။ သူ​တို့​သည် လွန်​မင်း​စွာ​အံ့​သြ​တွေ​ဝေ​လျက်​နေ​ကြ​၏။-
ܠܐ ܓܝܪ ܐܤܬܟܠܘ ܗܘܘ ܡܢ ܠܚܡܐ ܗܘ ܡܛܠ ܕܠܒܗܘܢ ܡܥܒܝ ܗܘܐ 52
၅၂အ​ဘယ်​ကြောင့်​ဆို​သော်​မုန့်​ကို​ကိုယ်​တော်​ကျွေး တော်​မူ​စဉ်​က မိ​မိ​တို့​တွေ့​မြင်​ခဲ့​ရ​သည့်​အံ့​သြ ဖွယ်​အ​ခြင်း​အ​ရာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သူ တို့​နား​မ​လည်​ခဲ့​ကြ​သော​ကြောင့်​တည်း။ သူ​တို့ ၏​အ​သိ​ဉာဏ်​သည်​နား​လည်​နိုင်​စွမ်း​မ​ရှိ။
ܘܟܕ ܥܒܪܘ ܥܒܪܐ ܐܬܘ ܠܐܪܥܐ ܕܓܢܤܪ 53
၅၃ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် အိုင်​တစ်​ဖက် သို့​ကူး​ကြ​၏။ ဂင်​နေ​သ​ရက်​မြို့​သို့​ရောက်​လျှင် လှေ​ကို​ဆိုက်​ကြ​၏။-
ܘܟܕ ܢܦܩܘ ܡܢ ܤܦܝܢܬܐ ܒܪ ܫܥܬܗ ܐܤܬܟܠܘܗܝ ܐܢܫܝ ܐܬܪܐ 54
၅၄သူ​တို့​လှေ​ပေါ်​မှ​ဆင်း​လျှင်​ဆင်း​ချင်း​လူ​တို့ သည် ကိုယ်​တော်​ကို​မှတ်​မိ​ကြ​သ​ဖြင့်၊-
ܘܪܗܛܘ ܒܟܠܗ ܐܪܥܐ ܗܝ ܘܫܪܝܘ ܠܡܝܬܝܘ ܠܐܝܠܝܢ ܕܒܝܫܐܝܬ ܥܒܝܕܝܢ ܟܕ ܫܩܝܠܝܢ ܠܗܘܢ ܒܥܪܤܬܐ ܠܐܝܟܐ ܕܫܡܥܝܢ ܗܘܘ ܕܐܝܬܘܗܝ 55
၅၅ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​သို့​ပြေး​၍ လူ​နာ​များ ကို​ထမ်း​စင်​များ​နှင့်​ဆောင်​ခဲ့​ကြ​၏။-
ܘܐܝܟܐ ܕܥܐܠ ܗܘܐ ܠܩܘܪܝܐ ܘܠܡܕܝܢܬܐ ܒܫܘܩܐ ܤܝܡܝܢ ܗܘܘ ܟܪܝܗܐ ܘܒܥܝܢ ܗܘܘ ܡܢܗ ܕܐܦܢ ܠܟܢܦܐ ܕܠܒܘܫܗ ܢܩܪܒܘܢ ܘܟܠܗܘܢ ܐܝܠܝܢ ܕܩܪܒܝܢ ܗܘܘ ܠܗ ܡܬܐܤܝܢ ܗܘܘ 56
၅၆ကိုယ်​တော်​ကြွ​ရောက်​တော်​မူ​ရာ​မြို့​ရွာ​ဇ​န​ပုဒ် ရှိ​လမ်း​နား​မှာ​လူ​နာ​များ​ကို​ချ​ထား​ကြ​၏။ အ​ဝတ်​တော်​၏​ပန်း​ဖွား​ကို​မျှ လူ​နာ​များ​အား တို့​ထိ​ခွင့်​ပြု​တော်​မူ​ရန်​တောင်း​ပန်​ကြ​၏။ တို့ ထိ​ခွင့်​ရ​သ​မျှ​သော​လူ​နာ​တို့​သည်​ကျန်း​မာ လာ​ကြ​၏။

< ܡܪܩܘܣ 6 >