< المَزامِير 111 >
هَلِّلُويَا! أَشْكُرُ الرَّبَّ مِنْ كُلِّ قَلْبِي فِي مَحْفَلِ أَتْقِيَاءِ الشَّعْبِ. | ١ 1 |
၁ငါသည် ဖြောင့်မတ်သော သူတို့၏ အစည်း အဝေး၌၎င်း၊ ပရိသတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းမည်။
مَا أَعْظَمَ أَعْمَالَ الرَّبِّ! يَتَأَمَّلُهَا جَمِيعُ الْمَسْرُورِينَ بِها. | ٢ 2 |
၂ထာဝရဘုရား၏ အမှုတော်တို့သည် ကြီးမြတ် ကြ၏။ ကြည်ညိုသော သူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။
صَنِيعُهُ جَلالٌ وَبَهَاءٌ، وَعَدْلُهُ ثَابِتٌ إِلَى الأَبَدِ. | ٣ 3 |
၃စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ်တော်မူခြင်းတရားလည်း အစဉ်အမြဲ တည်၏။
جَعَلَ لِعَجَائِبِهِ ذِكْراً، فَالرَّبُّ حَنَّانٌ وَرَحِيمٌ. | ٤ 4 |
၄အံ့ဘွယ်သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတတ် သော သဘော၊ သနားစုံမက်တတ်သော သဘောနှင့် ပြည့်စုံတော်မူ၏။
أَعْطَى مُتَّقِيهِ طَعَاماً، لأَنَّهُ لَا يَنْسَى عَهْدَهُ أَبَداً. | ٥ 5 |
၅ကြောက်ရွံ့ရိုသေသောသူတို့ကို ကျွေးမွေးတော် မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော် မူ၏။
أَظْهَرَ قُوَّتَهُ لِشَعْبِهِ حِينَ أَوْرَثَهُمْ أَرْضَ الأُمَمِ. | ٦ 6 |
၆အမှုတော်တို့၌ရှိသော တန်ခိုးကို မိမိလူတို့အား ပြ၍၊ တပါးအမျိုးသားတို့၏ အမွေကို ပေးတော်မူ၏။
أَعْمَالُ يَدَيْهِ حَقٌّ وَعَدْلٌ. وَكُلُّ وَصَايَاهُ أَمِينَةٌ. | ٧ 7 |
၇လက်တော်နှင့်ပြုသော အမှုတို့သည် သစ္စာနှင့်၎င်း၊ တရားနှင့်၎င်း ယှဉ်ကြ၏။ ပညတ်တော် အလုံးစုံ တို့သည် ဖေါက်ပြန်ခြင်းသဘောနှင့် ကင်းလွတ်ကြ၏။
رَاسِخَةٌ أَبَدَ الدَّهْرِ، مَصْنُوعَةٌ بِالْحَقِّ وَالاسْتِقَامَةِ. | ٨ 8 |
၈သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့်ယှဉ်သော ကြောင့်၊ အစဉ်အမြဲတည်ကြ၏။
افْتَدَى شَعْبَهُ وَكَرَّسَ عَهْدَهُ مَعَهُ إِلَى الأَبَدِ، قَدُّوسٌ وَمَهُوبٌ اسْمُهُ. | ٩ 9 |
၉မိမိလူတို့၌ရွေးတော်မူခြင်း ကျေးဇူးကို ပြုတော် မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲ ထားတော် မူ၏။ နာမတော်သည် သန့်ရှင်း၏။ ကြောက်ရွံ့ရိုသေဘွယ် ဖြစ်၏။
رَأْسُ الْحِكْمَةِ مَخَافَةُ الرَّبِّ. وَالعَامِلُ بِها ذُو فِطْنَةٍ شَدِيدَةٍ. تَسْبِيحُ الرَّبِّ دَائِمٌ إِلَى الأَبَدِ. | ١٠ 10 |
၁၀ထာဝရဘုရားကို ကြောက်ရွံသော သဘောသည် ပညာ၏ အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသော သူတို့သည် ကောင်းသောဥာဏ် ရှိကြ၏။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည် သတည်း။