< 1 كورنثوس 3 >
عَلَى أَنِّي، أَيُّهَا الإِخْوَةُ، لَمْ أَسْتَطِعْ أَنْ أُكَلِّمَكُمْ بِاعْتِبَارِكُمْ رُوحِيِّينَ، بَلْ بِاعْتِبَارِكُمْ جَسَدِيِّينَ وَأَطْفَالاً فِي الْمَسِيحِ. | ١ 1 |
၁ညီအစ်ကိုတို့၊ အမှန်အားဖြင့်ဆိုသော်ငါသည် သင်တို့အား ဝိညာဉ်တော်ကိုခံယူရရှိသူများ အနေဖြင့်ပြောဆို၍မဖြစ်။ လောကီသားများ သဖွယ်အနေဖြင့်လည်းကောင်း၊ ခရစ်ယာန်သက် တွင်ကလေးသူငယ်များအနေဖြင့်လည်းကောင်း ပြောဆိုရ၏။-
قَدْ أَطْعَمْتُكُمْ لَبَناً لَا الطَّعَامَ الْقَوِيَّ، لأَنَّكُمْ لَمْ تَكُونُوا قَادِرِينَ عَلَيْهِ، بَلْ إِنَّكُمْ حَتَّى الآنَ غَيْرُ قَادِرِينَ. | ٢ 2 |
၂ကြေခဲသောအစားအစာကိုသင်တို့မစား နိုင်ကြသေးသဖြင့် ငါသည်သင်တို့အားနို့ ကိုသာတိုက်ကျွေးရ၏။ ယခုတိုင်အောင်သင် တို့သည်အစာမကြေနိုင်ကြ။-
فَإِنَّكُمْ مَازِلْتُمْ جَسَدِيِّينَ. فَمَادَامَ بَيْنَكُمْ حَسَدٌ وَخِصَامٌ (وَانْقِسَامٌ)، أَفَلا تَكُونُونَ جَسَدِيِّينَ وَتَسْلُكُونَ وَفْقاً لِلْبَشَرِ؟ | ٣ 3 |
၃သင်တို့သည်လောကီသားများအဆင့်အတန်း ၌သာနေကြသေး၏။ အချင်းချင်းမနာလို လျက်၊ ရန်ဖြစ်လျက်နေကြသည်မှာလောကီ သားအဆင့်အတန်း၌ပင်သင်တို့ရှိနေကြ သေး၍မဟုတ်ပါလော။ လောကီထုံးစံအတိုင်း ကျင့်ကြံနေကြခြင်းပင်မဟုတ်ပါလော။-
وَمَادَامَ أَحَدُكُمْ يَقُولُ: «أَنَا مَعَ بُولُسَ»، وَآخَرُ: «أَنَا مَعَ أَبُلُّوسَ»، أَفَلا تَكُونُونَ جَسَدِيِّينَ؟ | ٤ 4 |
၄ငါသည်ပေါလုတပည့်ဖြစ်သည်၊ ငါသည် အာပေါလုတပည့်ဖြစ်သည်ဟုသင်တို့ဆို သည့်အခါ သင်တို့သည်လောကီဆန်သူ များကဲ့သို့ပြုမူခြင်းပင်မဟုတ်ပါလော။
فَمَنْ هُوَ بُولُسُ؟ وَمَنْ هُوَ أَبُلُّوسُ؟ إِنَّهُمَا فَقَطْ خَادِمَانِ آمَنْتُمْ عَلَى أَيْدِيهِمَا، كَمَا أَنْعَمَ الرَّبُّ عَلَى كُلٍّ مِنْهُمَا. | ٥ 5 |
၅အာပေါလုကားအဘယ်သူနည်း။ ပေါလုကား အဘယ်သူနည်း။ သူတို့သည်ဘုရားသခင်၏ အစေခံများသာလျှင်ဖြစ်၍ သင်တို့ယုံကြည် လာစေရန်ပြုစုပေးကြသူများဖြစ်၏။ ငါ တို့တစ်ဦးစီသည်သခင်ဘုရားခွဲဝေသတ် မှတ်ပေးတော်မူသောတာဝန်အသီးသီး ကိုထမ်းဆောင်ကြရသည်။-
أَنَا غَرَسْتُ وَأَبُلُّوسُ سَقَى؛ وَلَكِنَّ اللهَ أَنْمَى. | ٦ 6 |
၆ငါသည်မျိုးစေ့ကိုစိုက်၏။ အာပေါလုကား ရေလောင်း၏။ အပင်ပေါက်စေတော်မူသော အရှင်ကားဘုရားသခင်ပေတည်း။-
فَلَيْسَ الْغَارِسُ شَيْئاً وَلا السَّاقِي، بَلِ اللهُ الَّذِي يُعْطِي النُّمُوَّ. | ٧ 7 |
၇မျိုးစေ့ကိုစိုက်သူနှင့်ရေလောင်းသူသည် အဋ္ဌိကမဟုတ်။ အပင်ပေါက်စေတော်မူ သောသူတည်းဟူသောဘုရားသခင်သာ လျှင်အဋ္ဌိကဖြစ်တော်မူ၏။-
فَالْغَارِسُ وَالسَّاقِي سَوَاءٌ. إِلّا أَنَّ كُلًّا مِنْهُمَا سَيَنَالُ أُجْرَتَهُ بِالنِّسْبَةِ إِلَى تَعَبِهِ. | ٨ 8 |
၈မျိုးစေ့ကိုစိုက်သူနှင့်ရေလောင်းသူတို့သည် တန်းတူရည်တူဖြစ်ကြ၏။ သူတို့သည်မိမိတို့ ၏အားထုတ်မှုနှင့်အညီအကျိုးကိုရရှိကြ ပေမည်။-
فَإِنَّنَا نَحْنُ جَمِيعاً عَامِلُونَ مَعاً عِنْدَ اللهِ، وَأَنْتُمْ حَقْلُ اللهِ وَبِنَاءُ اللهِ. | ٩ 9 |
၉ငါတို့သည်ဘုရားသခင်၏ထံတော်၌အလုပ် လုပ်သောလုပ်ဖော်ကိုင်ဘက်ဖြစ်ကြ၏။ သင်တို့ သည်ကားဘုရားသခင်၏ဥယျာဉ်တော်ဖြစ်၏။ သင်တို့သည်ဘုရားသခင်၏ကျောင်းတော်တိုက် လည်းဖြစ်၏။-
وَبِحَسَبِ نِعْمَةِ اللهِ الْمَوْهُوبَةِ لِي، وَضَعْتُ الأَسَاسَ كَمَا يَفْعَلُ الْبَنَّاءُ الْمَاهِرُ، وَغَيْرِي يَبْنِي عَلَيْهِ. وَلَكِنْ، لِيَنْتَبِهْ كُلُّ وَاحِدٍ كَيْفَ يَبْنِي عَلَيْهِ. | ١٠ 10 |
၁၀ငါသည်ဘုရားသခင်ပေးသနားတော်မူသော ဆုကျေးဇူးကိုအသုံးပြုလျက် ကျွမ်းကျင်သော ဗိသုကာကဲ့သို့တိုက်မြစ်ကိုချခဲ့၏။ အခြား သူတစ်ဦးကထိုတိုက်မြစ်ပေါ်တွင်တည်ဆောက် ၏။ သို့ရာတွင်ထပ်ဆင့်၍တည်ဆောက်သူတိုင်း သည်မိမိအဘယ်သို့တည်ဆောက်သည်ကို သတိပြုစေ။-
فَلَيْسَ مُمْكِناً أَنْ يَضَعَ أَحَدٌ أَسَاساً آخَرَ بِالإِضَافَةِ إِلَى الأَسَاسِ الْمَوْضُوعِ، وَهُوَ يَسُوعُ الْمَسِيحُ. | ١١ 11 |
၁၁ယေရှုခရစ်တည်းဟူသောချထားပြီးတိုက် မြစ်မှတစ်ပါး အခြားတိုက်မြစ်ကိုအဘယ် သူမျှမချနိုင်။-
فَإِنْ بَنَى أَحَدٌ عَلَى هَذَا الأَسَاسِ ذَهَباً وَفِضَّةً وَحِجَارَةً كَرِيمَةً، أَوْ خَشَباً وَعُشْباً وَقَشّاً، | ١٢ 12 |
၁၂လူအချို့တို့သည်ထိုတိုက်မြစ်ပေါ်တွင်ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားဖြင့်ထပ်ဆင့်တည်ဆောက် ကြလိမ့်မည်။ လူအချို့တို့ကမူသစ်သား၊ မြက် ခြောက်သို့မဟုတ်ကောက်ရိုးဖြင့်ထပ်ဆင့် တည်ဆောက်ကြလိမ့်မည်။-
فَعَمَلُ كُلِّ وَاحِدٍ سَيَنْكَشِفُ عَلَناً إِذْ يُظْهِرُهُ ذَلِكَ الْيَوْمُ الَّذِي سَيُعْلَنُ فِي نَارٍ، وَسَوْفَ تَمْتَحِنُ النَّارُ قِيمَةَ عَمَلِ كُلِّ وَاحِدٍ. | ١٣ 13 |
၁၃ထိုသူတစ်ယောက်စီ၏တည်ဆောက်မှုအရည် အသွေးသည် ခရစ်တော်ကြွလာတော်မူရာနေ့ ၌သိသာထင်ရှားလိမ့်မည်။ ထိုနေ့၌မီးလျှံ သည်လူတိုင်း၏အလုပ်ကိုထင်ပေါ်စေလိမ့်မည်။ ထိုမီးသည်လူအသီးသီးတို့၏အလုပ် အရည်အသွေးကိုစစ်ဆေးပေးလိမ့်မည်။-
فَمَنْ بَقِيَ عَمَلُهُ الَّذِي بَنَاهُ عَلَى الأَسَاسِ، يَنَالُ أَجْراً. | ١٤ 14 |
၁၄တိုက်မြစ်ပေါ်တွင်တည်ဆောက်သည့်အရာသည် ထိုမီး၏ဒဏ်ကိုခံနိုင်လျှင်တည်ဆောက်သူသည် အကျိုးကိုခံရလိမ့်မည်။-
وَمَنِ احْتَرَقَ عَمَلُهُ، يَخْسَرُ، إِلّا أَنَّهُ هُوَ سَيَخْلُصُ؛ وَلكِنْ كَمَنْ يَمُرُّ فِي النَّارِ. | ١٥ 15 |
၁၅သို့ရာတွင်မိမိအလုပ်မီးလောင်သွားလျှင် တည် ဆောက်သူသည်အရှုံးရလိမ့်မည်။ သို့သော်ထို သူကိုယ်တိုင်မူကား မီးလျှံဘေးမှလွတ်မြောက် သူသဖွယ်ကယ်တင်ခြင်းကိုခံရလိမ့်မည်။
أَلا تَعْرِفُونَ أَنَّكُمْ هَيْكَلُ اللهِ وَأَنَّ رُوحَ اللهِ سَاكِنٌ فِيكُمْ؟ | ١٦ 16 |
၁၆သင်တို့သည်ဘုရားသခင်၏ဗိမာန်တော်ဖြစ် သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ် တော်သည်သင်တို့အထဲ၌ကျိန်းဝပ်တော်မူ သည်ကိုလည်းကောင်းသိကြသည်မဟုတ်ပါ လော။-
فَإِنْ دَمَّرَ أَحَدٌ هَيْكَلَ اللهِ، يُدَمِّرُهُ اللهُ، لأَنَّ هَيْكَلَ اللهِ مُقَدَّسٌ، وَهُوَ أَنْتُمْ. | ١٧ 17 |
၁၇သို့ဖြစ်၍ဘုရားသခင်၏ဗိမာန်တော်ကို ဖျက်ဆီးသောသူကို ဘုရားသခင်ဖျက်ဆီး တော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်၏ဗိမာန်တော်သည်သန့်ရှင်းမြင့်မြတ် တော်မူ၍ သင်တို့ကိုယ်တိုင်ပင်လျှင်ကိုယ်တော် ၏ဗိမာန်တော်ဖြစ်သောကြောင့်တည်း။
حَذَارِ أَنْ يَخْدَعَ أَحَدٌ مِنْكُمْ نَفْسَهُ! إِنْ ظَنَّ أَحَدٌ بَيْنَكُمْ نَفْسَهُ حَكِيماً بِمَقَايِيسِ هَذَا الْعَالَمِ، فَلْيَصِرْ «جَاهِلاً» لِيَصِيرَ حَكِيماً حَقّاً. (aiōn ) | ١٨ 18 |
၁၈အဘယ်သူမျှမိမိကိုယ်ကိုမလှည့်စားစေနှင့်။ လောကီစံနှုန်းအရမိမိကိုယ်ကိုပညာရှိ သည်ဟုထင်မှတ်သောသူသည် အမှန်ပင်ပညာ ရှိဖြစ်လာစေရန်လူမိုက်ဖြစ်ပါစေ။- (aiōn )
فَإِنَّ حِكْمَةَ هَذَا الْعَالَمِ هِيَ جَهَالَةٌ فِي نَظَرِ اللهِ. فَإِنَّهُ قَدْ كُتِبَ: «إِنَّهُ يُمْسِكُ الْحُكَمَاءَ بِمَكْرِهِمْ» | ١٩ 19 |
၁၉ဉာဏ်ပညာဟူ၍ဤလောကသားတို့ထင်မှတ် ကြသည့်အရာသည်ဘုရားသခင်၏ရှေ့တော် ၌မိုက်မဲမှုသာလျှင်ဖြစ်၏။ ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ပညာရှိများအားမိမိ တို့ကိုယ်တိုင်အသုံးပြုသည့်ပရိယာယ်အား ဖြင့်ပင်လျှင်ထောင်ချောက်တွင်မိစေတော်မူ၏'' ဟုဖော်ပြသည့်အတိုင်းပင်။-
وَأَيْضاً: «الرَّبُّ يَعْلَمُ أَفْكَارَ الْحُكَمَاءِ وَيَعْرِفُ أَنَّهَا بَاطِلَةٌ!» | ٢٠ 20 |
၂၀ထို့အပြင်အခြားကျမ်းစာတော်တစ်ချက် က ``ပညာရှိတို့၏အကြံအစည်သည်အချည်း နှီးဖြစ်ကြောင်းကိုထာဝရဘုရားသိတော် မူ၏'' ဟုဆိုချေသည်။-
إِذَنْ، لَا يَفْتَخِرْ أَحَدٌ بِالْبَشَرِ، لأَنَّ كُلَّ شَيْءٍ هُوَ لَكُمْ، | ٢١ 21 |
၂၁သို့ဖြစ်၍လူ၏စွမ်းရည်အကြောင်းကိုမည်သူ မျှမဝါကြွားစေနှင့်။ အမှန်စင်စစ်အားဖြင့် ခပ်သိမ်းသောအရာတို့ကိုသင်တို့ပိုင်ကြ၏။-
أَبُولُسُ أَمْ أَبُلُّوسُ أَمْ بُطْرُسُ أَمِ الْعَالَمُ أَمِ الْحَيَاةُ أَمِ الْمَوْتُ أَمِ الْحَاضِرُ أَمِ الْمُسْتَقْبَلُ: هَذِهِ الأُمُورُ كُلُّهَا لَكُمْ، | ٢٢ 22 |
၂၂ပေါလု၊ အာပေါလု၊ ပေတရုတို့ကိုလည်းကောင်း၊ ဤကမ္ဘာလောကကြီးကိုလည်းကောင်း၊ အသက် ရှင်ခြင်းနှင့်သေခြင်းတို့ကိုလည်းကောင်း၊ မျက် မှောက်ကာလနှင့်အနာဂတ်ကာလတို့ကို လည်းကောင်းသင်တို့ပိုင်ကြ၏။-
وَأَنْتُمْ لِلْمَسِيحِ، وَالْمَسِيحُ لِلهِ. | ٢٣ 23 |
၂၃သင်တို့ကိုခရစ်တော်ပိုင်တော်မူ၍ခရစ်တော် ကိုဘုရားသခင်ပိုင်တော်မူ၏။