< اَلْمَزَامِيرُ 14 >
لِإِمَامِ ٱلْمُغَنِّينَ. لِدَاوُدَ قَالَ ٱلْجَاهِلُ فِي قَلْبِهِ: «لَيْسَ إِلَهٌ». فَسَدُوا وَرَجِسُوا بِأَفْعَالِهِمْ. لَيْسَ مَنْ يَعْمَلُ صَلَاحًا. | ١ 1 |
၁ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ် ၏။ ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော အမှုကို ပြုတတ်ကြ၏။ ကောင်းသောအမှုကို ပြုသော သူတယောက်မျှမရှိ။
اَلرَّبُّ مِنَ ٱلسَّمَاءِ أَشْرَفَ عَلَى بَنِي ٱلْبَشَرِ، لِيَنْظُرَ: هَلْ مِنْ فَاهِمٍ طَالِبِ ٱللهِ؟ | ٢ 2 |
၂နားလည်သောသူ၊ ဘုရားသခင်ကိုရှာသော သူတစုံတယောက်ရှိ သည်မရှိသည်ကို သိမြင်ခြင်းငှါ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ကြည့်ရှုတော်မူ၏။
ٱلْكُلُّ قَدْ زَاغُوا مَعًا، فَسَدُوا. لَيْسَ مَنْ يَعْمَلُ صَلَاحًا، لَيْسَ وَلَا وَاحِدٌ. | ٣ 3 |
၃လူအပေါင်းတို့သည် လမ်းလွှဲကြပြီ။ တညီ တညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်း သော အကျင့်ကို ကျင့်သော သူမရှိ။ တယောက်မျှမရှိ။
أَلَمْ يَعْلَمْ كُلُّ فَاعِلِي ٱلْإِثْمِ، ٱلَّذِينَ يَأْكُلُونَ شَعْبِي كَمَا يَأْكُلُونَ ٱلْخُبْزَ، وَٱلرَّبَّ لَمْ يَدْعُوا. | ٤ 4 |
၄မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကို ကိုက်စား၍၊ ထာဝရဘုရားကို ပဌနာမပြုသော အဓမ္မလူအပေါင်းတို့ သည် မသိဘဲ နေရကြသလော။
هُنَاكَ خَافُوا خَوْفًا، لِأَنَّ ٱللهَ فِي ٱلْجِيلِ ٱلْبَارِّ. | ٥ 5 |
၅သို့ဖြစ်၍ အလွန်ကြောက်လန့်ကြလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် ဖြောင့်မတ်သော လူမျိုးဘက်၌ရှိတော်မူ၏။
رَأْيَ ٱلْمِسْكِينِ نَاقَضْتُمْ، لِأَنَّ ٱلرَّبَّ مَلْجَأُهُ. | ٦ 6 |
၆နှိမ့်ချလျက်ရှိသော သူသည် ထာဝရဘုရားကို ခိုလှုံသောကြောင့်၊ သင်တို့သည် သူ၏အကြံအစည်ကို အရှက်ကွဲစေတတ်ကြ၏။
لَيْتَ مِنْ صِهْيَوْنَ خَلَاصَ إِسْرَائِيلَ. عِنْدَ رَدِّ ٱلرَّبِّ سَبْيَ شَعْبِهِ، يَهْتِفُ يَعْقُوبُ، وَيَفْرَحُ إِسْرَائِيلُ. | ٧ 7 |
၇ဣသရေလအမျိုးကို ကယ်တင်ခြင်း ကျေးဇူး တော်သည်၊ ဇိအုန်တောင်ပေါ်မှာ ပေါ်ထွန်းပါစေသော။ သိမ်းသွားခြင်းကို ခံရသော လူမျိုးတော်ကို တဖန်ထာဝ ဘုရားသည် ဆောင်ခဲ့တော်မူသောအခါ၊ ယာကုပ်သည် ဝမ်းမြောက်ခြင်း၊ ဣသရေလသည်လည်း ရွှင်လန်းခြင်း ရှိလိမ့်မည်။