< اَلْعَدَد 12 >
وَتَكَلَّمَتْ مَرْيَمُ وَهَارُونُ عَلَى مُوسَى بِسَبَبِ ٱلْمَرْأَةِ ٱلْكُوشِيَّةِ ٱلَّتِي ٱتَّخَذَهَا، لِأَنَّهُ كَانَ قَدِ ٱتَّخَذَ ٱمْرَأَةً كُوشِيَّةً. | ١ 1 |
၁မောရှေသည်မိဒျန်အမျိုးသမီးတစ်ဦး နှင့်စုံဖက်သဖြင့် မိရိအံနှင့်အာရုန်တို့ ကသူ့အားအပြစ်တင်ကြလေသည်။-
فَقَالَا: «هَلْ كَلَّمَ ٱلرَّبُّ مُوسَى وَحْدَهُ؟ أَلَمْ يُكَلِّمْنَا نَحْنُ أَيْضًا؟» فَسَمِعَ ٱلرَّبُّ. | ٢ 2 |
၂သူတို့က``ထာဝရဘုရားသည်မောရှေအား ဖြင့်သာလျှင်မိန့်ကြားတော်မူသလော။ ငါ တို့အားဖြင့်လည်းမိန့်ကြားတော်မမူသလော'' ဟုဆိုကြ၏။ ထိုစကားကိုထာဝရဘုရား ကြားတော်မူသည်။-
وَأَمَّا ٱلرَّجُلُ مُوسَى فَكَانَ حَلِيمًا جِدًّا أَكْثَرَ مِنْ جَمِيعِ ٱلنَّاسِ ٱلَّذِينَ عَلَى وَجْهِ ٱلْأَرْضِ. | ٣ 3 |
၃(မောရှေသည်စိတ်နှိမ့်ချသူဖြစ်၏။ ကမ္ဘာပေါ် တွင်သူကဲ့သို့စိတ်နှိမ့်ချသူတစ်ယောက်မျှ မရှိ။)
فَقَالَ ٱلرَّبُّ حَالًا لِمُوسَى وَهَارُونَ وَمَرْيَمَ: «ٱخْرُجُوا أَنْتُمُ ٱلثَّلَاثَةُ إِلَى خَيْمَةِ ٱلِٱجْتِمَاعِ». فَخَرَجُوا هُمُ ٱلثَّلَاثَةُ. | ٤ 4 |
၄ချက်ချင်းပင်ထာဝရဘုရားသည်မောရှေ၊ အာရုန်နှင့်မိရိအံတို့အား``သင်တို့သုံး ဦးစလုံးတဲတော်သို့လာခဲ့ကြလော့'' ဟု မိန့်တော်မူ၏။ သူတို့သည်တဲတော်သို့ရောက်ရှိ သောအခါ၊-
فَنَزَلَ ٱلرَّبُّ فِي عَمُودِ سَحَابٍ وَوَقَفَ فِي بَابِ ٱلْخَيْمَةِ، وَدَعَا هَارُونَ وَمَرْيَمَ فَخَرَجَا كِلَاهُمَا. | ٥ 5 |
၅ထာဝရဘုရားသည်မိုးတိမ်တိုင်ဖြင့်ကြွ လာ၍ တဲတော်တံခါးဝတွင်ရပ်လျက်``အာရုန်၊ မိရိအံ'' ဟူ၍ခေါ်တော်မူ၏။ ထိုအခါသူ တို့နှစ်ဦးသည်ရှေ့သို့ထွက်လာသဖြင့်၊-
فَقَالَ: «ٱسْمَعَا كَلَامِي. إِنْ كَانَ مِنْكُمْ نَبِيٌّ لِلرَّبِّ، فَبِالرُّؤْيَا أَسْتَعْلِنُ لَهُ. فِي ٱلْحُلْمِ أُكَلِّمُهُ. | ٦ 6 |
၆``ငါမိန့်တော်မူသမျှကိုနားထောင်လော့။ သင် တို့တွင်ပရောဖက်များရှိသောအခါ ငါသည် သူတို့အားအိပ်မက်အားဖြင့်သော်လည်းကောင်း၊ ရူပါရုံအားဖြင့်သော်လည်းကောင်းဗျာဒိတ် ပေး၏။-
وَأَمَّا عَبْدِي مُوسَى فَلَيْسَ هَكَذَا، بَلْ هُوَ أَمِينٌ فِي كُلِّ بَيْتِي. | ٧ 7 |
၇ငါ၏အစေခံမောရှေသည်ကားထိုကဲ့သို့ သောပရောဖက်မဟုတ်။ ငါ၏လူမျိုးတော် ဣသရေလအမျိုးသားအပေါင်းတို့ကို သူ၏လက်ဝယ်၌ငါအပ်ထားပြီ။-
فَمًا إِلَى فَمٍ وَعَيَانًا أَتَكَلَّمُ مَعَهُ، لَا بِٱلْأَلْغَازِ. وَشِبْهَ ٱلرَّبِّ يُعَايِنُ. فَلِمَاذَا لَا تَخْشَيَانِ أَنْ تَتَكَلَّمَا عَلَى عَبْدِي مُوسَى؟». | ٨ 8 |
၈သို့ဖြစ်၍ငါသည်သူနှင့်မျက်နှာချင်းဆိုင်၍ ရှင်းလင်းပြတ်သားစွာစကားပြောဆို၏။ စကားဝှက်ဖြင့်ပြောဆိုလေ့မရှိ။ သူသည် ငါ၏ပုံသဏ္ဌာန်တော်ကိုပင်ဖူးတွေ့ခဲ့ရ၏။ သင်တို့သည်ငါ၏အစေခံမောရှေကို အဘယ်ကြောင့်အပြစ်တင်ပြောဆိုဝံ့ သနည်း'' ဟုမိန့်တော်မူ၏။
فَحَمِيَ غَضَبُ ٱلرَّبِّ عَلَيْهِمَا وَمَضَى. | ٩ 9 |
၉ထာဝရဘုရားသည် သူတို့ကိုအမျက်ထွက် တော်မူ၏။ သို့ဖြစ်၍ကိုယ်တော်ပြန်လည်ကြွ သွားလျက်၊-
فَلَمَّا ٱرْتَفَعَتِ ٱلسَّحَابَةُ عَنِ ٱلْخَيْمَةِ إِذَا مَرْيَمُ بَرْصَاءُ كَٱلثَّلْجِ. فَٱلْتَفَتَ هَارُونُ إِلَى مَرْيَمَ وَإِذَا هِيَ بَرْصَاءُ. | ١٠ 10 |
၁၀တဲတော်ပေါ်မှမိုးတိမ်တက်သွားသည့်အခါ မိရိအံတွင် ကြောက်မက်ဖွယ်သောကိုယ်ရေပြား ရောဂါစွဲသဖြင့်တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူ လာလေ၏။ အာရုန်သည်မိရိအံကိုယ်၌ ရောဂါ စွဲသည့်အခြင်းအရာကိုတွေ့မြင်ရသော အခါ၊-
فَقَالَ هَارُونُ لِمُوسَى: «أَسْأَلُكَ يَا سَيِّدِي، لَا تَجْعَلْ عَلَيْنَا ٱلْخَطِيَّةَ ٱلَّتِي حَمِقْنَا وَأَخْطَأْنَا بِهَا. | ١١ 11 |
၁၁မောရှေအား``အရှင်၊ အကျွန်ုပ်တို့၏မိုက်မဲ သောအပြစ်ကြောင့်ဒဏ်မခံရပါစေနှင့်။-
فَلَا تَكُنْ كَٱلْمَيْتِ ٱلَّذِي يَكُونُ عِنْدَ خُرُوجِهِ مِنْ رَحِمِ أُمِّهِ قَدْ أُكِلَ نِصْفُ لَحْمِهِ». | ١٢ 12 |
၁၂ဖွားစကပင်ကိုယ်ခန္ဓာတစ်ဝက်ကိုပုပ်ပျက် သော အသေကောင်ကဲ့သို့မိရိအံမဖြစ်ပါ စေနှင့်'' ဟုတောင်းပန်လေ၏။
فَصَرَخَ مُوسَى إِلَى ٱلرَّبِّ قَائِلًا: «ٱللَّهُمَّ ٱشْفِهَا». | ١٣ 13 |
၁၃သို့ဖြစ်၍မောရှေသည်ထာဝရဘုရားအား``အို ဘုရားသခင်၊ မိရိအံ၏အနာရောဂါကို ပျောက်ကင်းစေတော်မူပါ'' ဟုအော်ဟစ်တောင်း လျှောက်လေ၏။
فَقَالَ ٱلرَّبُّ لِمُوسَى: «وَلَوْ بَصَقَ أَبُوهَا بَصْقًا فِي وَجْهِهَا، أَمَا كَانَتْ تَخْجَلُ سَبْعَةَ أَيَّامٍ؟ تُحْجَزُ سَبْعَةَ أَيَّامٍ خَارِجَ ٱلْمَحَلَّةِ، وَبَعْدَ ذَلِكَ تُرْجَعُ». | ١٤ 14 |
၁၄ထာဝရဘုရားကမောရှေအား``အကယ်၍ သူ၏ဖခင်သည်သူ၏မျက်နှာကိုတံတွေး နှင့်ထွေးလျှင် သူသည်ခုနစ်ရက်ပတ်လုံး အရှက်ခွဲခြင်းခံရမည်မဟုတ်လော။ ထို ကြောင့်သူ့ကိုစခန်းအပြင်တွင်ခုနစ်ရက် မျှသီးခြားနေထိုင်စေလော့။ ရက်စေ့လျှင် သူ့ကိုစခန်းအတွင်းသို့ပြန်လည်ခေါ်ဆောင် ရမည်'' ဟုမိန့်တော်မူ၏။-
فَحُجِزَتْ مَرْيَمُ خَارِجَ ٱلْمَحَلَّةِ سَبْعَةَ أَيَّامٍ، وَلَمْ يَرْتَحِلِ ٱلشَّعْبُ حَتَّى أُرْجِعَتْ مَرْيَمُ. | ١٥ 15 |
၁၅ထို့ကြောင့်မိရိအံကိုစခန်းအပြင်သို့ ခုနစ် ရက်မျှသီးခြားနေထိုင်ရန်ထုတ်ထားကြသည်။ သူစခန်းထဲသို့ပြန်ရောက်မှလူများတို့သည် ခရီးဆက်ကြလေသည်။-
وَبَعْدَ ذَلِكَ ٱرْتَحَلَ ٱلشَّعْبُ مِنْ حَضَيْرُوتَ وَنَزَلُوا فِي بَرِّيَّةِ فَارَانَ. | ١٦ 16 |
၁၆ထိုနောက်သူတို့သည်ဟာဇရုတ်စခန်းမှ ထွက်ခွာ၍ ပါရန်ဟုခေါ်သောတောကန္တာရ တွင်စခန်းချကြလေသည်။