< يَشُوع 18 >
وَٱجْتَمَعَ كُلُّ جَمَاعَةِ بَنِي إِسْرَائِيلَ فِي شِيلُوهَ وَنَصَبُوا هُنَاكَ خَيْمَةَ ٱلِٱجْتِمَاعِ، وَأُخْضِعَتِ ٱلْأَرْضُ قُدَّامَهُمْ. | ١ 1 |
၁တစ်ပြည်လုံးကိုတိုက်ခိုက်အောင်မြင်ပြီး သည်နောက်ဣသရေလအမျိုးသားတို့သည် ရှိလောမြို့သို့စုဝေးရောက်ရှိလာပြီးလျှင် ထာဝရဘုရားကိန်းဝပ်တော်မူရာတဲ တော်ကိုတည်ဆောက်ကြ၏။-
وَبَقِيَ مِنْ بَنِي إِسْرَائِيلَ مِمَّنْ لَمْ يَقْسِمُوا نَصِيبَهُمْ، سَبْعَةُ أَسْبَاطٍ. | ٢ 2 |
၂ဣသရေလအနွယ်တို့အားနယ်မြေခွဲဝေ ၍မပေးရသေးချေ။-
فَقَالَ يَشُوعُ لِبَنِي إِسْرَائِيلَ: «حَتَّى مَتَى أَنْتُمْ مُتَرَاخُونَ عَنِ ٱلدُّخُولِ لِٱمْتِلَاكِ ٱلْأَرْضِ ٱلَّتِي أَعْطَاكُمْ إِيَّاهَا ٱلرَّبُّ إِلَهُ آبَائِكُمْ؟ | ٣ 3 |
၃သို့ဖြစ်၍ယောရှုကဣသရေလအမျိုး သားတို့အား``သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကသင်တို့ကို ပေး တော်မူသောပြည်ကိုမသိမ်းယူဘဲအဘယ် မျှကြာအောင်စောင့်ဆိုင်းနေကြပါမည်နည်း။-
هَاتُوا ثَلَاثَةَ رِجَالٍ مِنْ كُلِّ سِبْطٍ فَأُرْسِلَهُمْ فَيَقُومُوا وَيَسِيرُوا فِي ٱلْأَرْضِ وَيَكْتُبُوهَا بِحَسَبِ أَنْصِبَتِهِمْ، ثُمَّ يَأْتُوا إِلَيَّ. | ٤ 4 |
၄သင်တို့၏အနွယ်တစ်နွယ်လျှင်သုံးယောက် ကျရွေးချယ်၍ငါ့ထံသို့ခေါ်ဆောင်ခဲ့လော့။ ထိုသူတို့သည်မိမိတို့အတွက် နှစ်သက်ရာ နယ်မြေကိုပိုင်းခြားသတ်မှတ်ပေးရန်သူ တို့အားတစ်ပြည်လုံးသို့ငါစေလွှတ်မည်။ သူတို့သည်ယင်းသို့နယ်မြေတို့ကိုသတ်မှတ် ပေးပြီးသောအခါ ငါ့ထံသို့ပြန်လာရ ကြမည်။-
وَلْيَقْسِمُوهَا إِلَى سَبْعَةِ أَقْسَامٍ، فَيُقِيمُ يَهُوذَا عَلَى تُخْمِهِ مِنَ ٱلْجَنُوبِ، وَيُقِيمُ بَيْتُ يُوسُفَ عَلَى تُخْمِهِمْ مِنَ ٱلشِّمَالِ. | ٥ 5 |
၅ထိုပြည်ကိုခုနစ်ပိုင်းပိုင်းခြားရမည်။ ယုဒ အနွယ်ဝင်တို့သည်မိမိတို့၏တောင်ဘက်နယ် မြေ၌လည်းကောင်း၊ ယောသပ်အနွယ်ဝင်တို့ သည်မိမိတို့၏မြောက်ဘက်နယ်မြေ၌လည်း ကောင်းနေထိုင်ရကြမည်။-
وَأَنْتُمْ تَكْتُبُونَ ٱلْأَرْضَ سَبْعَةَ أَقْسَامٍ، ثُمَّ تَأْتُونَ إِلَيَّ هُنَا فَأُلْقِي لَكُمْ قُرْعَةً هَهُنَا أَمَامَ ٱلرَّبِّ إِلَهِنَا. | ٦ 6 |
၆နယ်မြေခုနစ်ပိုင်းတို့ကိုပိုင်းခြားရေးသား ၍ငါ့ထံသို့တင်သွင်းလော့။ ထိုနောက်ငါသည် ငါတို့၏ဘုရားသခင်ထာဝရဘုရား၏ အလိုတော်အတိုင်းဖြစ်စေခြင်းငှာမဲချ ၍ခွဲဝေပေးမည်။-
لِأَنَّهُ لَيْسَ لِلَّاوِيِّينَ قِسْمٌ فِي وَسَطِكُمْ، لِأَنَّ كَهَنُوتَ ٱلرَّبِّ هُوَ نَصِيبُهُمْ. وَجَادُ وَرَأُوبَيْنُ وَنِصْفُ سِبْطِ مَنَسَّى قَدْ أَخَذُوا نَصِيبَهُمْ فِي عَبْرِ ٱلْأُرْدُنِّ نَحْوَ ٱلشُّرُوقِ، ٱلَّذِي أَعْطَاهُمْ إِيَّاهُ مُوسَى عَبْدُ ٱلرَّبِّ». | ٧ 7 |
၇လေဝိအနွယ်ဝင်တို့သည်ထာဝရဘုရား ၏ယဇ်ပုရောဟိတ်များအဖြစ်အမှုတော် ထမ်းဆောင်ရကြမည်ဖြစ်သောကြောင့် သင် တို့ကဲ့သို့နယ်မြေဝေစုရမည်မဟုတ်။ ဂဒ် အနွယ်၊ ရုဗင်အနွယ်နှင့်အရှေ့မနာရှေ အနွယ်တို့သည် ထာဝရဘုရား၏အစေ ခံမောရှေခွဲဝေပေးခဲ့သည့်အတိုင်း ယော်ဒန် မြစ်အရှေ့ဘက်ရှိနယ်မြေကိုရရှိကြပြီ'' ဟုဆိုလေ၏။
فَقَامَ ٱلرِّجَالُ وَذَهَبُوا. وَأَوْصَى يَشُوعُ ٱلذَّاهِبِينَ لِكِتَابَةِ ٱلْأَرْضِ قَائِلًا: «اِذْهَبُوا وَسِيرُوا فِي ٱلْأَرْضِ وَٱكْتُبُوهَا، ثُمَّ ٱرْجِعُوا إِلَيَّ فَأُلْقِي لَكُمْ هُنَا قُرْعَةً أَمَامَ ٱلرَّبِّ فِي شِيلُوهَ». | ٨ 8 |
၈ယောရှုစေခိုင်းသည့်အတိုင်းထိုသူတို့ သည်နယ်မြေကိုသတ်မှတ်ရန်ထွက်သွားကြ ၏။ ယောရှုက``သင်တို့သည်တိုင်းပြည်တစ် လျှောက်လုံးသို့သွား၍နယ်မြေများကိုပိုင်း ခြားသတ်မှတ်လော့။ ထိုနောက်ငါ့ထံသို့ပြန် လာရမည်။ ထိုအခါငါသည်ဤရှိလောမြို့ တွင်သင်တို့ရရှိမည့်နယ်မြေများကို ထာဝရဘုရား၏အလိုတော်အတိုင်း ဖြစ်စေရန်မဲချ ၍ခွဲဝေပေးမည်'' ဟုမှာကြားလိုက်၏။-
فَسَارَ ٱلرِّجَالُ وَعَبَرُوا فِي ٱلْأَرْضِ وَكَتَبُوهَا حَسَبَ ٱلْمُدُنِ سَبْعَةَ أَقْسَامٍ فِي سِفْرٍ، ثُمَّ جَاءُوا إِلَى يَشُوعَ إِلَى ٱلْمَحَلَّةِ فِي شِيلُوهَ. | ٩ 9 |
၉သို့ဖြစ်၍သူတို့သည်တိုင်းပြည်တစ်လျှောက် လုံးသို့သွားပြီးလျှင် ပါဝင်သောမြို့များ စာရင်းနှင့်တကွနယ်မြေခုနစ်ခုကိုပိုင်း ခြားရေးမှတ်၍ရှိလောမြို့စခန်းတွင်ရှိ နေသောယောရှုထံသို့ပြန်လာကြ၏။-
فَأَلْقَى لَهُمْ يَشُوعُ قُرْعَةً فِي شِيلُوهَ أَمَامَ ٱلرَّبِّ، وَهُنَاكَ قَسَمَ يَشُوعُ ٱلْأَرْضَ لِبَنِي إِسْرَائِيلَ حَسَبَ فِرَقِهِمْ. | ١٠ 10 |
၁၀ယောရှုသည်လည်းထာဝရဘုရား၏ အလိုတော်အတိုင်းဖြစ်စေရန်မဲချ ၍ဣသရေလအနွယ်တို့အားနယ်မြေ များကိုခွဲဝေပေးလေသည်။
وَطَلَعَتْ قُرْعَةُ سِبْطِ بَنِي بَنْيَامِينَ حَسَبَ عَشَائِرِهِمْ، وَخَرَجَ تُخْمُ قُرْعَتِهِمْ بَيْنَ بَنِي يَهُوذَا وَبَنِي يُوسُفَ: | ١١ 11 |
၁၁ဗင်္ယာမိန်အနွယ်မိသားစုတို့ရရှိမည့်နယ် မြေကိုဦးစွာသတ်မှတ်ပေးလေသည်။ သူတို့ အတွက်နယ်မြေသည်ယုဒအနွယ်နှင့် ယော သပ်အနွယ်တို့၏နယ်မြေများစပ်ကြား တွင်တည်ရှိသည်။-
وَكَانَ تُخْمُهُمْ مِنْ جِهَةِ ٱلشِّمَالِ مِنَ ٱلْأُرْدُنِّ. وَصَعِدَ ٱلتُّخْمُ إِلَى جَانِبِ أَرِيحَا مِنَ ٱلشِّمَالِ وَصَعِدَ فِي ٱلْجَبَلِ غَرْبًا، وَكَانَتْ مَخَارِجُهُ عْنْدَ بَرِّيَّةِ بَيْتِ آوِنَ. | ١٢ 12 |
၁၂သူတို့၏နယ်မြေမြောက်ဘက်နယ်နိမိတ်သည် ယော်ဒန်မြစ်တွင်အစပြု၍ ယေရိခေါမြို့ မြောက်ဘက်ရှိတောင်စောင်းသို့တက်ပြီးလျှင် အနောက်သို့ဗေသဝင်တောကန္တာရတိုင် အောင်တောင်ကုန်းဒေသကိုဖြတ်သန်း သွားလေသည်။-
وَعَبَرَ ٱلتُّخْمُ مِنْ هُنَاكَ إِلَى لُوزَ، إِلَى جَانِبِ لُوزَ ٱلْجَنُوبِيِّ، هِيَ بَيْتُ إِيلَ، وَنَزَلَ ٱلتُّخْمُ إِلَى عَطَارُوتِ إِدَّارَ عَلَى ٱلْجَبَلِ ٱلَّذِي إِلَى جَنُوبِ بَيْتِ حُورُونَ ٱلسُّفْلَى. | ١٣ 13 |
၁၃တစ်ဖန်လုဇမြို့(ဗေသလမြို့ဟူ၍လည်း ခေါ်တွင်သည်) တောင်ဘက်ရှိတောင်စောင်းသို့ တက်ပြီးလျှင်အောက်ဗက်ဟောရုန်မြို့တောင် ဘက်၊ တောင်ပေါ်ရှိအတရုတ်အဒ္ဒါမြို့သို့ ရောက်သည်။-
وَٱمْتَدَّ ٱلتُّخْمُ وَدَارَ إِلَى جِهَةِ ٱلْغَرْبِ جَنُوبًا مِنَ ٱلْجَبَلِ ٱلَّذِي مُقَابِلَ بَيْتِ حُورُونَ جَنُوبًا. وَكَانَتْ مَخَارِجُهُ عِنْدَ قَرْيَةِ بَعْلٍ، هِيَ قَرْيَةُ يَعَارِيمَ. مَدِينَةٌ لِبَنِي يَهُوذَا. هَذِهِ هِيَ جِهَةُ ٱلْغَرْبِ. | ١٤ 14 |
၁၄ထိုနောက်နယ်နိမိတ်သည်ထိုတောင်အနောက် ဘက်မှယုဒအနွယ်ပိုင်သောကိရယတ် ဗာလမြို့(သို့မဟုတ်ကိရယယာရိမ်မြို့) အထိတောင်ဘက်သို့ဆင်းလာသည်။ ဤ သည်ကားအနောက်ဘက်နယ်နိမိတ်ဖြစ်၏။-
وَجِهَةُ ٱلْجَنُوبِ هِيَ أَقْصَى قَرْيَةِ يَعَارِيمَ. وَخَرَجَ ٱلتُّخْمُ غَرْبًا وَخَرَجَ إِلَى مَنْبَعِ مِيَاهِ نَفْتُوحَ. | ١٥ 15 |
၁၅တောင်ဘက်နယ်နိမိတ်သည်ကိရယတ် ယာရိမ်မြို့စွန်မှအစပြု၍ နေဖတော စမ်းရေတွင်းများသို့ရောက်သည်။-
وَنَزَلَ ٱلتُّخْمُ إِلَى طَرَفِ ٱلْجَبَلِ ٱلَّذِي مُقَابِلَ وَادِي ٱبْنِ هِنُّومَ ٱلَّذِي فِي وَادِي ٱلرَّفَائِيِّينَ شِمَالًا، وَنَزَلَ إِلَى وَادِي هِنُّومَ إِلَى جَانِبِ ٱلْيَبُوسِيِّينَ مِنَ ٱلْجَنُوبِ، وَنَزَلَ إِلَى عَيْنِ رُوجَلَ. | ١٦ 16 |
၁၆ထိုနောက်ရေဖိမ်ချိုင့်ဝှမ်းမြောက်ဘက်ရှိဟိန္နုံ ချိုင့်ဝှမ်းအနီးတောင်ခြေသို့ရောက်သည်။ တစ် ဖန်ယေဗုသိတောင်တန်းတောင်ဘက်ရှိဟိန္နုံ ချိုင့်ဝှမ်းကိုဖြတ်၍တောင်ဘက်အင်္ရော ဂေလရွာသို့ရောက်သည်။-
وَٱمْتَدَّ مِنَ ٱلشِّمَالِ وَخَرَجَ إِلَى عَيْنِ شَمْسٍ، وَخَرَجَ إِلَى جَلِيلُوتَ ٱلَّتِي مُقَابِلَ عَقَبَةِ أَدُمِّيمَ، وَنَزَلَ إِلَى حَجَرِ بُوهَنَ بْنِ رَأُوبَيْنَ. | ١٧ 17 |
၁၇ထိုမှတစ်ဖန်မြောက်ဘက်အင်ရှေမက်ရွာသို့ ကွေ့ပြီးလျှင် အဒုမ္မိမ်တောင်ကြားတစ်ဘက် တွင်ရှိသောဂေလိလုတ်ရွာသို့ရောက်သည်။ ထိုနောက်ဗောဟန်၏ကျောက်(ဗောဟန်သည်ရုဗင် ၏သားဖြစ်၏) သို့ဆင်းလာပြီးလျှင်၊-
وَعَبَرَ إِلَى ٱلْكَتِفِ مُقَابِلَ ٱلْعَرَبَةِ شِمَالًا، وَنَزَلَ إِلَى ٱلْعَرَبَةِ. | ١٨ 18 |
၁၈ယော်ဒန်မြစ်ဝှမ်းအနီးရှိတောင်တန်းမြောက် ဘက်မှဖြတ်သွားသည်။ တစ်ဖန်ဗက်ဟောဂလ တောင်တန်းမြောက်ဘက်မှဖြတ်၍မြစ်ဝှမ်းထဲ သို့ဆင်းလာပြီးလျှင် ပင်လယ်သေမြောက်ဘက် ယော်ဒန်မြစ်ဝ၌အဆုံးသတ်သည်။ ဤသည် ကားတောင်ဘက်နယ်နိမိတ်ဖြစ်၏။-
وَعَبَرَ ٱلتُّخْمُ إِلَى جَانِبِ بَيْتِ حُجْلَةَ شِمَالًا. وَكَانَتْ مَخَارِجُ ٱلتُّخْمِ عِنْدَ لِسَانِ بَحْرِ ٱلْمِلْحِ شِمَالًا إِلَى طَرَفِ ٱلْأُرْدُنِّ جَنُوبًا. هَذَا هُوَ تُخْمُ ٱلْجَنُوبِ. | ١٩ 19 |
၁၉
وَٱلْأُرْدُنُّ يَتْخُمُهُ مِنْ جِهَةِ ٱلشَّرْقِ. فَهَذَا هُوَ نَصِيبُ بَنِي بَنْيَامِينَ مَعَ تُخُومِهِ مُسْتَدِيرًا حَسَبَ عَشَائِرِهِمْ. | ٢٠ 20 |
၂၀ယော်ဒန်မြစ်သည်နယ်မြေ၏အရှေ့ဘက်နယ် နိမိတ်ဖြစ်သည်။ အထက်ဖော်ပြပါနယ်နိမိတ် သည်ဗင်္ယာမိန်အနွယ်ဝင်မိသားစုတို့ပိုင် သောနယ်မြေ၏နယ်နိမိတ်ဖြစ်သည်။
وَكَانَتْ مُدُنُ سِبْطِ بَنِي بَنْيَامِينَ حَسَبَ عَشَائِرِهِمْ: أَرِيحَا وَبَيْتَ حُجْلَةَ وَوَادِي قَصِيصَ، | ٢١ 21 |
၂၁ဗင်္ယာမိန်အနွယ်မိသားစုတို့၏နယ်မြေ အတွင်းရှိမြို့များမှာ ယေရိခေါမြို့၊ ဗေသောဂလမြို့၊ ဧမက္ကေဇဇ်မြို့၊-
وَبَيْتَ ٱلْعَرَبَةِ وَصَمَارَايِمَ وَبَيْتَ إِيلَ، | ٢٢ 22 |
၂၂ဗေသရာဗမြို့၊ ဇေမရိမ်မြို့၊ ဗေသလမြို့၊-
وَٱلْعَوِّيمَ وَٱلْفَارَةَ وَعَفْرَةَ، | ٢٣ 23 |
၂၃အာဝိမ်မြို့၊ ပါရမြို့၊ သြဖရာမြို့၊-
وَكَفْرَ ٱلْعَمُّونِيِّ وَٱلْعُفْنِي وَجَبَعَ، سِتَّ عَشَرَةَ مَدِينَةً مَعَ ضِيَاعِهَا. | ٢٤ 24 |
၂၄ခေဖာဟာမောနဲမြို့၊ သြဖနိမြို့၊ ဂါဘမြို့ စသောမြို့ကြီးတစ်ဆယ်နှစ်မြို့နှင့်ယင်းတို့ ၏ပတ်ဝန်းကျင်ရှိမြို့များဖြစ်သည်။-
جِبْعُونَ وَٱلرَّامَةَ وَبَئِيرُوتَ، | ٢٥ 25 |
၂၅ထို့အပြင်ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊- မိဇပါမြို့၊ ခေဖိရမြို့၊ မောဇမြို့၊- ရေကင် မြို့၊ ဣရပေလမြို့၊ တာရလမြို့၊-
وَٱلْمِصْفَاةَ وَٱلْكَفِيرَةَ وَٱلْمُوصَةَ، | ٢٦ 26 |
၂၆
وَرَاقَمَ وَيَرَفْئِيلَ وَتَرَالَةَ، | ٢٧ 27 |
၂၇
وَصَيْلَعَ وَآلفَ وَٱلْيَبُوسِيَّ، هِيَ أُورُشَلِيمُ، وَجِبْعَةَ وَقِرْيَةَ. أَرْبَعَ عَشَرَةَ مَدِينَةً مَعَ ضِيَاعِهَا. هَذَا هُوَ نَصِيبُ بَنِي بَنْيَامِينَ حَسَبَ عَشَائِرِهِمْ. | ٢٨ 28 |
၂၈ဇေလမြို့၊ ဧလပ်မြို့၊ ယေဗုသိမြို့၊(သို့မ ဟုတ်ယေရုရှလင်မြို့၊) ဂိဗတ်မြို့၊ ကိရယတ် ယာရိမ်မြို့စသောမြို့ကြီးတစ်ဆယ်လေး မြို့နှင့်ယင်းတို့၏ပတ်ဝန်းကျင်ရှိမြို့များ လည်းပါဝင်သည်။ ဤနယ်မြေသည်ဗင်္ယာမိန် အနွယ်မိသားစုတို့ပိုင်သောနယ်မြေဖြစ် သည်။