< أَيُّوبَ 13 >
«هَذَا كُلُّهُ رَأَتْهُ عَيْنِي. سَمِعَتْهُ أُذُنِي وَفَطِنَتْ بِهِ. | ١ 1 |
၁ထိုအမှုအရာအလုံးစုံ တို့ကို ငါ့ မျက်စိ သည် မြင် ပြီ။ ငါ့ နား သည်လည်း ကြား ၍ နားလည် ပြီ။
مَا تَعْرِفُونَهُ عَرَفْتُهُ أَنَا أَيْضًا. لَسْتُ دُونَكُمْ. | ٢ 2 |
၂သင် တို့သိ သမျှကို ငါသိ ၏။ သင် တို့ထက် ငါ ယုတ်ညံ့ သည်မ ဟုတ်။
وَلَكِنِّي أُرِيدُ أَنْ أُكَلِّمَ ٱلْقَدِيرَ، وَأَنْ أُحَاكَمَ إِلَى ٱللهِ. | ٣ 3 |
၃အနန္တ တန်ခိုးရှင်အား ငါ လျှောက် ရသောအခွင့်၊ ဘုရား သခင်နှင့် ငါဆွေးနွေး ရသောအခွင့်ရှိ ပါစေသော။
أَمَّا أَنْتُمْ فَمُلَفِّقُو كَذِبٍ. أَطِبَّاءُ بَطَّالُونَ كُلُّكُمْ. | ٤ 4 |
၄သင် တို့သည် တယောက်မျှမကြွင်း၊ မုသာ ကို ပြုပြင် သောသူ၊ အသုံး မရသောဆေးသမား ဖြစ်ကြ၏။
لَيْتَكُمْ تَصْمُتُونَ صَمْتًا. يَكُونُ ذَلِكَ لَكُمْ حِكْمَةً. | ٥ 5 |
၅သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ် စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိ ကဲ့သို့ ဖြစ် ကြလိမ့်မည်။
اِسْمَعُوا ٱلْآنَ حُجَّتِي، وَٱصْغُوا إِلَى دَعَاوِي شَفَتَيَّ. | ٦ 6 |
၆ငါ ပြောမည်အကျိုး အကြောင်းစကားကို နားထောင် ကြပါလော့။ ငါ့ နှုတ် နှင့် ဆွေးနွေး နှီးနှောမည့် စကားကို နှလုံးသွင်း ကြပါလော့။
أَتَقُولُونَ لِأَجْلِ ٱللهِ ظُلْمًا، وَتَتَكَلَّمُونَ بِغِشٍّ لِأَجْلِهِ؟ | ٧ 7 |
၇သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရား သခင့်ဘက် ၌ ပြော ချင်သလော။ ဘုရား သခင့်ဘက် ၌နေ၍ မုသာ ကိုသုံးချင်သလော။
أَتُحَابُونَ وَجْهَهُ، أَمْ عَنِ ٱللهِ تُخَاصِمُونَ؟ | ٨ 8 |
၈မျက်နှာ တော်ကိုထောက် လျက်သာ၊ ဘုရား သခင့်ဘက် ၌နေ၍ ငြင်းခုံ စစ်တိုက်ချင်သလော။
أَخَيْرٌ لَكُمْ أَنْ يَفْحَصَكُمْ، أَمْ تُخَاتِلُونَهُ كَمَا يُخَاتَلُ ٱلْإِنْسَانُ؟ | ٩ 9 |
၉သင် တို့ကိုကျပ်တည်းစွာ စစ် တော်မူလျှင် ၊ သင်တို့၌ ကျေးဇူး ရှိလိမ့်မည်လော။ လူ ကို လှည့်စား သကဲ့သို့ ဘုရား သခင်ကို လှည့်စားနိုင်သလော။
تَوْبِيخًا يُوَبِّخُكُمْ إِنْ حَابَيْتُمُ ٱلْوُجُوهَ خِفْيَةً. | ١٠ 10 |
၁၀သင်တို့သည် လျှို့ဝှက် ၍ သူ့မျက်နှာ ကို ထောက် လျှင် ၊ စင်စစ်သင် တို့ကို ဆုံးမ တော်မူမည်။
فَهَلَّا يُرْهِبُكُمْ جَلَالُهُ، وَيَسْقُطُ عَلَيْكُمْ رُعْبُهُ؟ | ١١ 11 |
၁၁သင် တို့သည် တန်ခိုး အာနုဘော်တော်ကြောင့် မ ကြောက် ကြသလော။ ကြောက်မက် ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော။
خُطَبُكُمْ أَمْثَالُ رَمَادٍ، وَحُصُونُكُمْ حُصُونٌ مِنْ طِينٍ. | ١٢ 12 |
၁၂သင် တို့၏နည်း ဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏။ သင် တို့ခိုလှုံသောမြို့ရိုးသည်လည်း သရွတ် မြို့ရိုးကဲ့သို့ ဖြစ်၏။
«اُسْكُتُوا عَنِّي فَأَتَكَلَّمَ أَنَا، وَلْيُصِبْنِي مَهْمَا أَصَابَ. | ١٣ 13 |
၁၃တိတ်ဆိတ် စွာနေ၍ ငါပြော ပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက် ပါလေစေ။
لِمَاذَا آخُذُ لَحْمِي بِأَسْنَانِي، وَأَضَعُ نَفْسِي فِي كَفِّي؟ | ١٤ 14 |
၁၄သို့သော်လည်းငါသည် ကိုယ် အသား ကို ပစပ် နှင့် ကိုက်ချီ လျက်၊ ကိုယ် အသက် ကိုလည်း လက် နှင့် ကိုင် လျက် ဆောင်သွားမည်။
هُوَذَا يَقْتُلُنِي. لَا أَنْتَظِرُ شَيْئًا. فَقَطْ أُزَكِّي طَرِيقِي قُدَّامَهُ. | ١٥ 15 |
၁၅ငါ့ ကိုသတ် တော်မူ၍၊ ငါမြော်လင့် စရာမရှိသော်လည်း ၊ ရှေ့ တော်၌ ကိုယ်အပြစ် ဖြေရာစကားကို ငါလျှောက်ထားမည်။
فَهَذَا يَعُودُ إِلَى خَلَاصِي، أَنَّ ٱلْفَاجِرَ لَا يَأْتِي قُدَّامَهُ. | ١٦ 16 |
၁၆ထိုသို့ ပြုလျှင် ငါ ၏ကယ်တင် ရာအကြောင်း ဖြစ်လိမ့်မည်။ အဓမ္မ လူသည် အထံ တော်သို့ မ ဝင် ရ။
سَمْعًا ٱسْمَعُوا أَقْوَالِي وَتَصْرِيحِي بِمَسَامِعِكُمْ. | ١٧ 17 |
၁၇ငါ့ စကား ကို စေ့စေ့မှတ် ကြလော့။ ငါ့ လျှောက် ထားချက်ကို နားထောင် ကြလော့။
هَأَنَذَا قَدْ أَحْسَنْتُ ٱلدَّعْوَى. أَعْلَمُ أَنِّي أَتَبَرَّرُ. | ١٨ 18 |
၁၈ယခု ငါ့အမှု ကို ငါပြင်ဆင် ပြီ။ ငါ ၌အပြစ် လွတ်ခြင်းထင်ရှားမည်ဟု ငါသိ ၏။
مَنْ هُوَ ٱلَّذِي يُخَاصِمُنِي حَتَّى أَصْمُتَ ٱلْآنَ وَأُسْلِمَ ٱلرُّوحَ؟ | ١٩ 19 |
၁၉ငါ့ အပြစ် ကို ဘော်ပြမည့်သူကား၊ အဘယ် သူနည်း။ ထိုသို့ ဘော်ပြလျှင် ငါသည် တိတ်ဆိတ် စွာနေ၍ အသေခံ ပါမည်။
إِنَّمَا أَمْرَيْنِ لَا تَفْعَلْ بِي، فَحِينَئِذٍ لَا أَخْتَفِي مِنْ حَضْرَتِكَ. | ٢٠ 20 |
၂၀ဒဏ်ခတ် ခြင်းနှစ်ပါး ကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော် ကို မ ရှောင် ပါ။
أَبْعِدْ يَدَيْكَ عَنِّي، وَلَا تَدَعْ هَيْبَتَكَ تُرْعِبُنِي. | ٢١ 21 |
၂၁လက် တော်ကိုသိမ်း တော်မူပါ။ ကြောက်မက် ဘွယ်သော အခြင်းအရာတော်အားဖြင့်အကျွန်ုပ် ကို ချောက် တော်မ မူပါနှင့်။
ثُمَّ ٱدْعُ فَأَنَا أُجِيبُ، أَوْ أَتَكَلَّمُ فَتُجَاوِبُنِي. | ٢٢ 22 |
၂၂ထိုအခါ ခေါ် တော်မူပါ။ အကျွန်ုပ် ပြန် လျှောက်ပါမည်။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက် ပါမည်။ ကိုယ်တော်အမိန့် ရှိတော်မူပါ။
كَمْ لِي مِنَ ٱلْآثَامِ وَٱلْخَطَايَا؟ أَعْلِمْنِي ذَنْبِي وَخَطِيَّتِي. | ٢٣ 23 |
၂၃အကျွန်ုပ် ပြုမိသော ဒုစရိုက် အပြစ်တို့သည် အဘယ် မျှလောက်များပါသနည်း။ အကျွန်ုပ် ပြစ်မှား ကျူးလွန်ခြင်းအပြစ် တို့ကို အကျွန်ုပ် အား ပြ တော်မူပါ။
لِمَاذَا تَحْجُبُ وَجْهَكَ، وَتَحْسِبُنِي عَدُوًّا لَكَ؟ | ٢٤ 24 |
၂၄ကိုယ်တော် သည် မျက်နှာ တော်ကိုလွှဲ ၍ အဘယ်ကြောင့် အကျွန်ုပ် ကို ရန်သူ ကဲ့သို့ မှတ် တော်မူသနည်း။
أَتُرْعِبُ وَرَقَةً مُنْدَفَعَةً، وَتُطَارِدُ قَشًّا يَابِسًا؟ | ٢٥ 25 |
၂၅လေ တိုက်သော သစ်ရွက် ကို ချောက် လှန့်တော်မူမည် လော။ မြက် ခြောက် ကို မှီအောင်လိုက် တော်မူမည် လော။
لِأَنَّكَ كَتَبْتَ عَلَيَّ أُمُورًا مُرَّةً، وَوَرَّثْتَنِي آثَامَ صِبَايَ، | ٢٦ 26 |
၂၆အကျွန်ုပ် ၌ ပြင်းစွာ သောအပြစ်တင်သော စကားကိုမှတ် ထားတော်မူ၏။ အကျွန်ုပ် အသက် ငယ်စဉ်တွင် ပြုမိသောအပြစ် ကြောင့် ယခုခံ စေတော်မူ၏။
فَجَعَلْتَ رِجْلَيَّ فِي ٱلْمِقْطَرَةِ، وَلَاحَظْتَ جَمِيعَ مَسَالِكِي، وَعَلَى أُصُولِ رِجْلَيَّ نَبَشْتَ. | ٢٧ 27 |
၂၇အကျွန်ုပ် ကိုထိတ်ခတ် လျက်၊ အကျွန်ုပ် ထွက်ရာ လမ်း ရှိသမျှ ကို စောင့် လျက်နေ၍ ၊ အကျွန်ုပ် ပတ်လည်၌ စည်း လုပ်တော်မူ၏။
وَأَنَا كَمُتَسَوِّسٍ يَبْلَى، كَثَوْبٍ أَكَلَهُ ٱلْعُثُّ. | ٢٨ 28 |
၂၈ထိုသို့ ခံရသောသူ သည် ဆွေးမြေ့ သောအရာကဲ့သို့ ၎င်း၊ ပိုးရွ ကိုက်စား သောအဝတ် ကဲ့သို့ ၎င်း အားလျော့ ပျက်ရပါ၏။