< حِزْقِيَال 27 >
وَكَانَ إِلَيَّ كَلَامُ ٱلرَّبِّ قَائِلًا: | ١ 1 |
၁ထာဝရဘုရားငါ့အားမိန့်တော်မူသည်ကား၊-
«وَأَنْتَ يَا ٱبْنَ آدَمَ، فَٱرْفَعْ مَرْثَاةً عَلَى صُورَ، | ٢ 2 |
၂``အချင်းလူသား၊ တုရုမြို့အတွက်ငိုချင်းကို ဖွင့်ဆိုလော့။-
وَقُلْ لِصُورَ: أَيَّتُهَا ٱلسَّاكِنَةُ عِنْدَ مَدَاخِلِ ٱلْبَحْرِ، تَاجِرَةُ ٱلشُّعُوبِ إِلَى جَزَائِرَ كَثِيرَةٍ، هَكَذَا قَالَ ٱلسَّيِّدُ ٱلرَّبُّ: يَا صُورُ، أَنْتِ قُلْتِ: أَنَا كَامِلَةُ ٱلْجَمَالِ. | ٣ 3 |
၃ထိုမြို့သည်ပင်လယ်ကမ်းစပ်တွင်ရှိ၍ ပင်လယ် ကမ်းခြေပေါ်တွင်ရှိသမျှသောမြို့တို့နှင့်ကုန် သွယ်ဘက်ဖြစ်၏။ သူ့အားအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုဤသို့ဆင့်ဆို လော့။ ``အချင်းတုရုမြို့၊ သင်သည်အပြစ်ဆိုဖွယ် မရှိအောင်လှပတင့်တယ်သည့်အတွက်ဝါ ကြွားတတ်၏။
تُخُومُكِ فِي قَلْبِ ٱلْبُحُورِ. بَنَّاؤُوكِ تَمَّمُوا جَمَالَكِ. | ٤ 4 |
၄ပင်လယ်သည်သင်နေထိုင်ရာအရပ်ဖြစ်၏။ သင်၏ဗိသုကာတို့သည်သင့်အားလှပစွာ တည်ဆောက်ထားကြ၏။
عَمِلُوا كُلَّ أَلْوَاحِكِ مِنْ سَرْوِ سَنِيرَ. أَخَذُوا أَرْزًا مِنْ لُبْنَانَ لِيَصْنَعُوهُ لَكِ سَوَارِيَ. | ٥ 5 |
၅သူတို့သည်ဟေရမုန်တောင်မှ ထင်းရှူးပင်များကိုပျဉ်အတွက်၊ လေဗနုန်တောမှအာရစ်ပင်ကို ရွက်တိုင်အတွက်အသုံးပြုကြ၏။
صَنَعُوا مِنْ بَلُّوطِ بَاشَانَ مَجَاذِيفَكِ. صَنَعُوا مَقَاعِدَكِ مِنْ عَاجٍ مُطَعَّمٍ فِي ٱلْبَقْسِ مِنْ جَزَائِرِ كِتِّيمَ. | ٦ 6 |
၆လှော်တက်များကိုပြုလုပ်ရန်ဗာရှန်တောမှ ဝက်သစ်ချပင်များကိုယူဆောင်လာကြ၏။ သင်၏ကုန်းပတ်ကိုကုပရုကျွန်းမှရသော ထင်းရှူးဖြင့်ပြုလုပ်ကာဆင်စွယ်များဖြင့် ချယ်လှယ်ထားကြ၏။
كَتَّانٌ مُطَرَّزٌ مِنْ مِصْرَ هُوَ شِرَاعُكِ لِيَكُونَ لَكِ رَايَةً. ٱلْأَسْمَانْجُونِيُّ وَٱلْأُرْجُوانُ مِنْ جَزَائِرِ أَلِيشَةَ كَانَا غِطَاءَكِ. | ٧ 7 |
၇သင်၏ရွက်များကိုအီဂျစ်ပြည်မှရသော ပန်းထိုးထည် ပိတ်ချောဖြင့်ပြုလုပ်ထားကြောင်းအဝေးကပင် အလံသဖွယ်အလွယ်တကူသိနိုင်၏။ သင်၏နေရောင်ကာများသည်ဧလိရှကျွန်း မှရရှိသော မရမ်းစေ့ရောင်အကောင်းစားပိတ်ချောဖြင့် ပြုလုပ်ထား၏။
أَهْلُ صِيدُونَ وَإِرْوَادَ كَانُوا مَلَّاحِيكِ. حُكَمَاؤُكِ يَا صُورُ ٱلَّذِينَ كَانُوا فِيكِ هُمْ رَبَابِينُكِ. | ٨ 8 |
၈သင်၏လှော်တက်ကိုင်သမားများမှာဇိဒုန် မြို့သားနှင့် အာဝဒ်မြို့သားများဖြစ်၏။ လေ့ကျင့်မှုရှိသူတုရုမြို့သားများက သင်္ဘောသားများဖြစ်ကြ၏။
شُيُوخُ جُبَيْلَ وَحُكَمَاؤُهَا كَانُوا فِيكِ قَلَّافُوكِ. جَمِيعُ سُفُنِ ٱلْبَحْرِ وَمَلَّاحُوهَا كَانُوا فِيكِ لِيُتَاجِرُوا بِتِجَارَتِكِ. | ٩ 9 |
၉သင်္ဘောကိုပြုပြင်ဖာထေးရန်လိုက်ပါသည့် ကျွမ်းကျင်သူလက်သမားဆရာများသည် ဂေဗလမြို့မှဖြစ်ကြ၏။ ပင်လယ်ကူးသင်္ဘောမှန်သမျှမှသင်္ဘောသားတို့သည် သင်နှင့်ရောင်းဝယ်ဖောက်ကားမှုကိုပြုကြ၏။
فَارِسُ وَلُودُ وَفُوطُ كَانُوا فِي جَيْشِكِ، رِجَالَ حَرْبِكِ. عَلَّقُوا فِيكِ تُرْسًا وَخُوذَةً. هُمْ صَيَّرُوا بَهَاءَكِ. | ١٠ 10 |
၁၀``ပေရသိပြည်၊ လုဒပြည်၊ ဖုတပြည်တို့မှစစ် သူရဲများသည်သင်၏တပ်မတော်တွင်အမှု ထမ်းကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များနှင့်သံခမောက်များကိုသင်၏စစ်တန်း လျားများတွင်ဆွဲချိတ်ထားကြ၏။ သူတို့ သည်ကားသင်၏ဂုဏ်အသရေကိုတိုးစေ သူများဖြစ်ကြ၏။-
بَنُو إِرْوَادَ مَعَ جَيْشِكِ عَلَى ٱلْأَسْوَارِ مِنْ حَوْلِكِ، وَٱلْأَبْطَالِ كَانُوا فِي بُرُوجِكِ. عَلَّقُوا أَتْرَاسَهُمْ عَلَى أَسْوَارِكِ مِنْ حَوْلِكِ. هُمْ تَمَّمُوا جَمَالَكِ. | ١١ 11 |
၁၁အာဝဒ်မြို့မှစစ်သူရဲများကသင်၏မြို့ရိုး များကိုလည်းကောင်း၊ ဂမ္မဒိမ်မြို့သားတို့က သင်၏ပြအိုးတို့ကိုလည်းကောင်းစောင့်ကြပ် ပေးကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များကိုသင်တို့၏မြို့ရိုးတွင်ဆွဲချိတ်ထား ကြ၏။ သင့်အားလှပတင့်တယ်စေသူများ ကားထိုသူတို့ပင်ဖြစ်သတည်း။
تَرْشِيشُ تَاجِرَتُكِ بِكَثْرَةِ كُلِّ غِنًى. بِٱلْفِضَّةِ وَٱلْحَدِيدِ وَٱلْقَصْدِيرِ وَٱلرَّصَاصِ أَقَامُوا أَسْوَاقَكِ. | ١٢ 12 |
၁၂``သင်သည်မိမိ၏များမြောင်သောကုန်စည် တို့ကိုတာရှုမြို့တွင် ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ နှင့်လဲလှယ်ကာကုန်သွယ်မှုကိုပြု၏။-
يَاوَانُ وَتُوبَالُ وَمَاشِكُ هُمْ تُجَّارُكِ. بِنُفُوسِ ٱلنَّاسِ وَبِآنِيَةِ ٱلنُّحَاسِ أَقَامُوا تِجَارَتَكِ. | ١٣ 13 |
၁၃ယာဝန်မြို့၊ တုဗလမြို့နှင့်မေရှက်မြို့တို့ တွင်သင်၏ကုန်စည်များကိုကျွန်များ၊ ကြေး နီအိုးများနှင့်လဲလှယ်၏။-
وَمِنْ بَيْتِ تُوجَرْمَةَ بِٱلْخَيْلِ وَٱلْفُرْسَانِ وَٱلْبِغَالِ أَقَامُوا أَسْوَاقَكِ. | ١٤ 14 |
၁၄တောဂါမမြို့မှလာသောခိုင်းမြင်း၊ စီးမြင်း နှင့်လားများကိုသင်သည်မိမိ၏ကုန်စည် များနှင့်လဲလှယ်၏။-
بَنُو دَدَانَ تُجَّارُكِ. جَزَائِرُ كَثِيرَةٌ تُجَّارُ يَدِكِ. أَدَّوْا هَدِيَّتَكِ قُرُونًا مِنَ ٱلْعَاجِ وَٱلْآبْنُوسِ. | ١٥ 15 |
၁၅ဒေဒန်မြို့သားတို့သည်လည်းသင်နှင့်ကုန်သွယ် မှုကိုပြုကြ၏။ ပင်လယ်ကမ်းခြေအမြောက် အမြားမှလူတို့သည် ဆင်စွယ်နှင့်အနက်ရောင် ရှိသောသစ်သားများကိုသင်၏ကုန်ပစ္စည်း များနှင့်လဲလှယ်ကြ၏။-
أَرَامُ تَاجِرَتُكِ بِكَثْرَةِ صَنَائِعِكِ، تَاجَرُوا فِي أَسْوَاقِكِ بِٱلْبَهْرَمَانِ وَٱلْأُرْجُوانِ وَٱلْمُطَرَّزِ وَٱلْبُوصِ وَٱلْمَرْجَانِ وَٱلْيَاقُوتِ. | ١٦ 16 |
၁၆ရှုရိပြည်သားတို့သည်သင်ထုတ်လုပ်သည့် ကုန်ပစ္စည်းအမျိုးမျိုးကိုဝယ်ယူကာ ယင်း တို့၏တန်ဖိုးကိုမြ၊ ကျောက်နီ၊ မရမ်းစေ့ ရောင်အထည်အလိပ်၊ ပန်းထိုးထည်၊ ပိတ်ချော၊ သန္တာနှင့်ပတ္တမြားတို့ဖြင့်ပေးချေကြ၏။-
يَهُوذَا وَأَرْضُ إِسْرَائِيلَ هُمْ تُجَّارُكِ. تَاجَرُوا فِي سُوقِكِ بِحِنْطَةِ مِنِّيتَ وَحَلَاوَى وَعَسَلٍ وَزَيْتٍ وَبَلَسَانٍ. | ١٧ 17 |
၁၇ယုဒပြည်နှင့်ဣသရေလပြည်တို့ကသင်၏ ကုန်စည်များကိုမင်းနစ်မြို့မှဂျုံစပါး၊ ပျား ရည်၊ သံလွင်ဆီ၊ အမွှေးအကြိုင်အမျိုးမျိုး ပေး၍ဝယ်ယူကြ၏။-
دِمَشْقُ تَاجِرَتُكِ بِكَثْرَةِ صَنَائِعِكِ وَكَثْرَةِ كُلِّ غِنًى، بِخَمْرِ حَلْبُونَ وَٱلصُّوفِ ٱلْأَبْيَضِ. | ١٨ 18 |
၁၈ဒမာသက်မြို့ကသင့်ကုန်စည်များနှင့်သင် ထုတ်လုပ်သည့်ပစ္စည်းအသုံးအဆောင်များ ကိုဝယ်ယူကာ ဥဇလမြို့အနီးရှိဝေဒန် မြို့နှင့်ယာဝန်မြို့တို့ကလည်း ပစ္စည်းအသုံး အဆောင်များအတွက်ဟေလဗုန်စပျစ်ရည်၊ စဟာရသိုးမွေးတို့ဖြင့်ပေးချေကြ၏။ သူ တို့သည်သံကြွတ်၊ အမွှေးအကြိုင်အမျိုး မျိုးနှင့်လည်း သင်၏ကုန်စည်များကိုလဲ လှယ်ကြ၏။-
وَدَانُ وَيَاوَانُ قَدَّمُوا غَزْلًا فِي أَسْوَاقِكِ. حَدِيدٌ مَشْغُولٌ وَسَلِيخَةٌ وَقَصَبُ ٱلذَّرِيرَةِ كَانَتْ فِي سُوقِكِ. | ١٩ 19 |
၁၉
دَدَانُ تَاجِرَتُكِ بِطَنَافِسَ لِلرُّكُوبِ. | ٢٠ 20 |
၂၀ဒေဒန်မြို့သားတို့သည်သင်၏ကုန်စည် များကိုမြင်းကုန်းနှီးအခင်းများနှင့် လဲလှယ်ကြ၏။-
اَلْعَرَبُ وَكُلُّ رُؤَسَاءِ قِيدَارَ هُمْ تُجَّارُ يَدِكِ بِٱلْخِرْفَانِ وَٱلْكِبَاشِ وَٱلْأَعْتِدَةِ. فِي هَذِهِ كَانُوا تُجَّارَكِ. | ٢١ 21 |
၂၁အာရပ်သားများနှင့်ကေဒါဘုရင်တို့ သည်သင်၏ကုန်စည်များကိုသိုးငယ်၊ သိုး ကြီးနှင့်ဆိတ်များကိုပေး၍ဝယ်ယူကြ၏။-
تُجَّارُ شَبَا وَرَعْمَةَ هُمْ تُجَّارُكِ. بِأَفْخَرِ كُلِّ أَنْوَاعِ ٱلطِّيبِ وَبِكُلِّ حَجَرٍ كَرِيمٍ وَٱلذَّهَبِ أَقَامُوا أَسْوَاقَكِ. | ٢٢ 22 |
၂၂ရှေဘနှင့်ရာဂမမြို့များမှကုန်သည်တို့ သည်သင်၏ကုန်စည်များကိုအကောင်းဆုံး အမွှေးအကြိုင်များ၊ ကျောက်မျက်ရတနာ များနှင့်ရွှေတို့ဖြင့်ဝယ်ယူကြ၏။-
حُرَّانُ وَكِنَّةُ وَعَدَنُ تُجَّارُ شَبَا وَأَشُّورَ وَكِلْمَدَ تُجَّارُكِ. | ٢٣ 23 |
၂၃ခါရန်မြို့၊ ကန္နေမြို့၊ ဧဒင်မြို့တို့သည်လည်း ကောင်း၊ ရှေဘမြို့၊ အာရှုရိမြို့နှင့်ခိလမဒ် မြို့များမှကုန်သည်တို့သည်လည်းကောင်း သင်နှင့်ကုန်သွယ်မှုကိုပြုကြ၏။-
هَؤُلَاءِ تُجَّارُكِ بِنَفَائِسَ، بِأَرْدِيَةٍ أَسْمَانْجُونِيَّةٍ وَمُطَرَّزَةٍ، وَأَصْوِنَةٍ مُبْرَمٍ مَعْكُومَةٍ بِٱلْحِبَالِ مَصْنُوعَةٍ مِنَ ٱلْأَرْزِ بَيْنَ بَضَائِعِكِ. | ٢٤ 24 |
၂၄သူတို့ကလှပသောအဝတ်တန်ဆာ၊ မရမ်း စေ့ရောင်အထည်အလိပ်၊ ပန်းထိုးထည်၊ အရောင် တောက်ပသောကော်ဇောနှင့်ခိုင်ခံ့အောင်ကျစ် ထားသောကြိုးအမျိုးမျိုးတို့ကိုရောင်းချ ကြ၏။-
«سُفُنُ تَرْشِيشَ قَوَافِلُكِ لِتِجَارَتِكِ، فَٱمْتَلَأْتِ وَتَمَجَّدْتِ جِدًّا فِي قَلْبِ ٱلْبِحَارِ. | ٢٥ 25 |
၂၅သင်၏ထံမှကုန်စည်များကိုအကြီးမား ဆုံးကုန်သင်္ဘောကြီးများဖြင့်သယ်ဆောင် သွားကြ၏။ ``သင်သည်လေးလံသောကုန်စည်များကို တင်ဆောင်ကာပင်လယ်ထဲသို့ရောက်နေသော သင်္ဘောနှင့်တူ၏။
مَلَّاحُوكِ قَدْ أَتَوْا بِكِ إِلَى مِيَاهٍ كَثِيرَةٍ. كَسَرَتْكِ ٱلرِّيحُ ٱلشَّرْقِيَّةُ فِي قَلْبِ ٱلْبِحَارِ. | ٢٦ 26 |
၂၆သင့်အားလှော်ခတ်သူတို့သည်ပင်လယ်ထဲသို့ ထုတ်ဆောင်လာသောအခါ၊ အရှေ့လေသည်ပင်လယ်ထဲ၌သင့်ကို ပျက်စီးသွားစေ၏။
ثَرْوَتُكِ وَأَسْوَاقُكِ وَبِضَاعَتُكِ وَمَلَّاحُوكِ وَرَبَابِينُكِ وَقَلَّافُوكِ وَٱلْمُتَاجِرُونَ بِمَتْجَرِكِ، وَجَمِيعُ رِجَالِ حَرْبِكِ ٱلَّذِينَ فِيكِ، وَكُلُّ جَمْعِكِ ٱلَّذِي فِي وَسْطِكِ يَسْقُطُونَ فِي قَلْبِ ٱلْبِحَارِ فِي يَوْمِ سُقُوطِكِ. | ٢٧ 27 |
၂၇သင်ချမ်းသာသမျှကုန်စည်များ၊ သင်၏သင်္ဘောသားအားလုံး၊သင်္ဘောပြုပြင်သူ လက်သမားဆရာများနှင့်ကုန်သည်များ၊ သင်္ဘောပေါ်ရှိစစ်သူရဲများနှင့်ရှိရှိသမျှ သော လူတို့သည် သင်၏သင်္ဘောပျက်သောအခါပင်လယ်ထဲ တွင် နစ်မြုပ်သေဆုံးကြကုန်၏။
مِنْ صَوْتِ صُرَاخِ رَبَابِينِكِ تَتَزَلْزَلُ ٱلْمَسَارِحُ. | ٢٨ 28 |
၂၈ရေနစ်သေဆုံးကြသည့်သင်္ဘောသားတို့ ဟစ်အော်သံသည်ကမ်းခြေတွင်ပဲ့တင်ထပ် ၍သွား၏။
وَكُلُّ مُمْسِكِي ٱلْمِجْذَافِ وَٱلْمَلَّاحُونَ، وَكُلُّ رَبَابِينِ ٱلْبَحْرِ يَنْزِلُونَ مِنْ سُفُنِهِمْ وَيَقِفُونَ عَلَى ٱلْبَرِّ، | ٢٩ 29 |
၂၉``သင်္ဘောသားအပေါင်းတို့သည်မိမိတို့၏ သင်္ဘောများကိုစွန့်ကာကုန်းပေါ်သို့တက်ကြ လေပြီ။
وَيُسْمِعُونَ صَوْتَهُمْ عَلَيْكِ، وَيَصْرُخُونَ بِمَرَارَةٍ، وَيُذَرُّونَ تُرَابًا فَوْقَ رُؤُوسِهِمْ، وَيَتَمَرَّغُونَ فِي ٱلرَّمَادِ. | ٣٠ 30 |
၃၀သူတို့သည်မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့် များကို မြှောက်ကြဲ၍ပြာထဲတွင်လူးလှိမ့်လျက် သင်၏အတွက်ပြင်းပြစွာငိုကြွေးမြည် တမ်းကြ၏။
وَيَجْعَلُونَ فِي أَنْفُسِهِمْ قَرْعَةً عَلَيْكِ، وَيَتَنَطَّقُونَ بِٱلْمُسُوحِ، وَيَبْكُونَ عَلَيْكِ بِمَرَارَةِ نَفْسٍ نَحِيبًا مُرًّا. | ٣١ 31 |
၃၁သူတို့သည်သင်၏အဖြစ်ကိုမြင်၍ ဦးခေါင်းများကိုရိတ်ကာဝမ်းနည်းပူဆွေး သည့် လက္ခဏာဖြင့်လျှော်တေကိုဝတ်ကြ၏။ သူတို့သည်ဝမ်းနည်းပက်လက်ဟစ်အော် ငိုကြွေးကြ၏။ သူတို့သည်ငိုကြွေးမြည်တမ်းလျက်သင်နှင့် ဆိုင်သော ငိုချင်းကိုသီဆိုကြလိမ့်မည်။
وَفِي نَوْحِهِمْ يَرْفَعُونَ عَلَيْكِ مَنَاحَةً وَيَرْثُونَكِ، وَيَقُولُونَ: أَيَّةُ مَدِينَةٍ كَصُورَ كَٱلْمُسْكَتَةِ فِي قَلْبِ ٱلْبَحْرِ؟ | ٣٢ 32 |
၃၂`ယခုအခါပင်လယ်ထဲ၌ဆိတ်ငြိမ်၍ နေသော တုရုမြို့နှင့်အဘယ်မြို့ကိုနှိုင်းယှဉ်နိုင်ပါ မည်နည်း။
عِنْدَ خُرُوجِ بَضَائِعِكِ مِنَ ٱلْبِحَارِ أَشْبَعْتِ شُعُوبًا كَثِيرِينَ. بِكَثْرَةِ ثَرْوَتِكِ وَتِجَارَتِكِ أَغْنَيْتِ مُلُوكَ ٱلْأَرْضِ. | ٣٣ 33 |
၃၃သင်သည်မိမိ၏ကုန်စည်များကိုနိုင်ငံခြားသို့ တင်ပို့ရောင်းချရာတွင် လူမျိုးတကာတို့လိုနေသောအရာများကို ဖြည့်ဆည်းပေး၏။ သင်၏များပြားသောကုန်ပစ္စည်းများကဘုရင် တို့ကို ချမ်းသာကြွယ်ဝစေလေသည်။
حِينَ ٱنْكِسَارِكِ مِنَ ٱلْبِحَارِ فِي أَعْمَاقِ ٱلْمِيَاهِ سَقَطَ مَتْجَرُكِ وَكُلُّ جَمْعِكِ. | ٣٤ 34 |
၃၄ယခုမှာသင်သည်ပင်လယ်တွင်ပျက်ကာ သမုဒ္ဒရာနက်ထဲသို့နစ်မြုပ်သွားလေပြီ။ သင်၏ကုန်စည်များနှင့်သင်၏လုပ်သား အပေါင်းတို့သည်၊ သင်နှင့်အတူပင်လယ်တွင်ပျောက်ကွယ်သွား ကြ လေကုန်ပြီ' ဟုငိုချင်းကိုဆိုကြ၏။
كُلُّ سُكَّانِ ٱلْجَزَائِرِ يَتَحَيَّرُونَ عَلَيْكِ، وَمُلُوكِهِنَّ يَقْشَعِرُّونَ ٱقْشِعْرَارًا. يَضْطَرِبُونَ فِي ٱلْوُجُوهِ. | ٣٥ 35 |
၃၅``ပင်လယ်ကမ်းခြေတွင်နေထိုင်သူအပေါင်း တို့သည်သင်၏ကံကြမ္မာကိုမြင်၍တအံ့တ သြဖြစ်ကြကုန်၏။ သူတို့၏ဘုရင်များပင် လျှင်ထိတ်လန့်တုန်လှုပ်ကြလျက် မျက်နှာတွင် သွေးမရှိကြတော့ပေ။-
اَلتُّجَّارُ بَيْنَ ٱلشُّعُوبِ يَصْفِرُونَ عَلَيْكِ فَتَكُونِينَ أَهْوَالًا، وَلَا تَكُونِينَ بَعْدُ إِلَى ٱلْأَبَدِ». | ٣٦ 36 |
၃၆သင်သည်ဆုံးပါးသွားလေပြီ။ ထာဝစဉ်ဆုံး ပါးသွားလေပြီ။ ကမ္ဘာတစ်ဝှမ်းလုံးရှိကုန် သည်တို့သည် သင့်ကိုကဲ့ရဲ့ဟစ်ကျွေးကြ လိမ့်မည်'' ဟူ၍တည်း။