< II Sử Ký 9 >
1 Khi Nữ vương Sê-ba nghe danh tiếng của Sa-lô-môn, bà bèn đến Giê-ru-sa-lem; đặt nhiều câu hỏi khó để thử tài Sa-lô-môn. Bà đến với một đoàn tùy tùng đông đảo, cùng đoàn lạc đà chở rất nhiều hương liệu, vàng, và ngọc. Khi gặp Sa-lô-môn, bà nói với vua tất cả những nghi vấn trong lòng.
၁ရှေဘ ပြည်ကိုအစိုးရသောမိဖုရား သည် ရှောလမုန် ၏ သိတင်း ကိုကြား လျှင် ၊ နက်နဲ ခက်ခဲသော ပြဿနာအားဖြင့် သူ့ကိုစုံစမ်း ခြင်းငှါ ၊ နံ့သာမျိုး နှင့် များစွာ သောရွှေ ၊ အဘိုး ထိုက်သောကျောက် တို့ကို ဆောင် သောကုလားအုပ် များ၊ လိုက်သောသူများနှင့်တကွ ယေရုရှလင် မြို့သို့ လာ ၏။
2 Sa-lô-môn giải đáp các thắc mắc, không có điều gì là khó khăn cho vua.
၂ရှောလမုန် မင်းကြီးထံ တော်သို့ ရောက် သောအခါ ၊ မိမိ အလို ဆန္ဒရှိသမျှ ကို ဆွေးနွှေး မေးမြန်းလေ၏။ သူ မေးမြန်း သော ပြဿနာရှိသမျှ တို့ကို ရှောလမုန် သည် ဖြေ လေ၏။ နားမလည် ၍ မ ဖြေ နိုင်သော အရာတစုံတခုမျှ မရှိ။
3 Nữ vương Sê-ba thấy sự khôn ngoan của Sa-lô-môn và cung điện ông xây cất,
၃ရှေဘ မိဖုရား သည် ရှောလမုန် ၏ ပညာ ကို၎င်း ၊ တည်ဆောက် သော အိမ် တော်ကို၎င်း၊
4 bà vô cùng thán phục. Bà cũng rất ngạc nhiên về những thức ăn trên bàn vua, thứ tự uy nghi của các đại thần và áo quần lộng lẫy của họ, các quan tửu chánh cùng áo choàng của họ, và những tế lễ thiêu mà Sa-lô-môn dâng tại đền thờ của Chúa Hằng Hữu.
၄စားပွဲ တော်တန်ဆာ ကို၎င်း ၊ အမှု တော်စောင့်တို့နေရာ ထိုင်ရာကို၎င်း ၊ လုလင် တို့ခစား သည် အခြင်းအရာကို၎င်း ၊ သူ တို့ဝတ်သော အဝတ် တန်ဆာကို၎င်း ၊ ဝန်စာရေး များ နှင့် သူ တို့ဝတ်သောအဝတ် တန်ဆာကို၎င်း ၊ ထာဝရဘုရား ၏ အိမ် တော်၌မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို၎င်းမြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊
5 Nữ vương nói với vua: “Thật đúng như lời người ta đồn đại trong nước tôi về thành tựu và sự khôn ngoan của vua!
၅ကိုယ်တော် ၏ အခြင်း အရာနှင့် ကိုယ်တော် ၏ ပညာ ကို အကျွန်ုပ် သည် ကိုယ်ပြည် ၌ ကြား ရသော သိတင်းစကား မှန် ပါ၏။
6 Tuy nhiên, trước kia tôi không tin, mà nay thấy tận mắt rồi, tôi phải nhìn nhận người ta chỉ kể cho tôi một nửa sự thật thôi! Vua thật khôn ngoan bội phần!
၆သို့သော်လည်း ကိုယ်တိုင်ရောက် ၍ မ မြင် မှီ ထို စကား ကို မ ယုံ။ယခုမူကား၊ ကိုယ်တော် ပညာ ကျယ် ခြင်း အရာမှာ၊ အရင်ကြားရသောစကား သည် တဝက် ကိုမျှမ မှီ။ အကျွန်ုပ် ကြား ရသော သိတင်း ကို ကိုယ်တော်လွန်ကဲ ပါ၏။
7 Con dân của vua thật có phước! Các cận thần ngày ngày chầu chực và nghe các lời châu ngọc của vua thật có phước!
၇ရှေ့ တော်၌အစဉ် နေ ၍ ပညာ တော်ကို ကြား ရသော ကိုယ်တော် ၏လူ နှင့် ကိုယ်တော် ၏ကျွန် တို့သည် မင်္ဂလာ ရှိကြပါ၏။
8 Đáng chúc tụng Chúa Hằng Hữu, Đức Chúa Trời vua, vì Ngài vui lòng đặt vua trên ngôi báu để thay Ngài cai trị. Vì Đức Chúa Trời yêu thương dân tộc Ít-ra-ên, lập vững dân này đến đời đời, và vì Ngài đặt vua lên cai trị họ để xét xử công minh và thi hành sự công chính.”
၈ကိုယ်တော် ကို နှစ်သက် ၍ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား ကိုယ်စားတော်ရှင်ဘုရင် အရာနှင့် ရာဇ ပလ္လင် တော်ပေါ် မှာ တင် တော်မူသောကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။ ကိုယ်တော် ၏ဘုရားသခင် သည် ဣသရေလ အမျိုးကို ချစ် ၍ အစဉ်အမြဲ တည်စေချင်သောကြောင့်၊ ဖြောင့်မတ် စွာ တရား စီရင်စေခြင်းငှါ ကိုယ်တော် ကို ဣသရေလရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၍၊
9 Nữ vương tặng vua 4.000 ký vàng, rất nhiều hương liệu, và ngọc quý. Từ trước đến nay, chưa có ai có loại hương liệu nào quý như hương liệu của Nữ vương Sê-ba tặng Vua Sa-lô-môn.
၉ရွှေ အခွက် တရာ နှစ်ဆယ် ၊ နံ့သာမျိုး အများ၊ ကျောက်မြတ် တို့ကို ဆက် လေ၏။ ရှေဘ မိဖုရား သည် ရှောလမုန် မင်းကြီး အား ဆက် သော နံ့သာမျိုး နှင့် တူသော နံ့သာမျိုးသည် မ ရှိ။
10 (Trong chuyến đi Ô-phia lấy vàng, các thủy thủ của Hi-ram và Sa-lô-môn cũng chở về nhiều gỗ bạch đàn hương và bảo thạch.
၁၀ဩဖိရ မြို့မှ ရွှေ ကိုဆောင် ခဲ့သော ဟိရံ ကျွန်နှင့် ရှောလမုန် ကျွန် တို့သည်၊ အာလဂုံ သစ်သား များ၊ ကျောက် မြတ် များတို့ကိုလည်း ဆောင် ခဲ့ကြ၏။
11 Vua dùng gỗ này làm các bực thềm trong Đền Thờ Chúa Hằng Hữu và cung điện, cùng làm các đàn thụ cầm và đàn hạc. Trước kia ở nước Giu-đa chưa bao giờ có loại gỗ quý này.)
၁၁ထိုအာလဂုံ သစ်သား ဖြင့် ရှင် ဘုရင်သည် ဗိမာန် တော် ပွတ်လုံးတန်း နှင့် နန်းတော် ပွတ်လုံးတန်းကို၎င်း၊ သီချင်း ဆိုသောသူဘို့ စောင်း နှင့် တယော တို့ကို၎င်း၊ လုပ် လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် ယုဒ ပြည် ၌ တခါမျှ မပေါ် လာ။
12 Vua Sa-lô-môn tặng Nữ vương Sê-ba tất cả những gì nữ vương yêu cầu—những tặng phẩm này còn giá trị hơn những thứ nữ vương đem đến tặng vua. Rồi bà cùng đoàn tùy tùng trở về nước.
၁၂ရှောလမုန် မင်းကြီး သည် ရှေဘ မိဖုရား ဆက် သည်အတွက် ပြန်ပေးသောလက်ဆောင်မှတပါး၊ မိဖုရား ၏ အလို ဆန္ဒပြည့်စုံစေခြင်းငှါ သူတောင်း သမျှ ကိုလည်း ပေး တော်မူ၏။ ထိုနောက်မှမိဖုရားသည် မိမိ ကျွန် တို့နှင့်တကွ မိမိ ပြည် သို့ ပြန် သွားလေ၏။
13 Mỗi năm, Sa-lô-môn thu được 25 tấn vàng.
၁၃ရှောလမုန် ထံသို့ တနှစ် တနှစ်လျှင် ရောက် သော ရွှေ ချိန် ကား အခွက် ခြောက် ရာ ခြောက်ဆယ် ခြောက် ပိဿာဖြစ် သတည်း။
14 Chưa kể số vàng các thương gia và người bán dạo mang vào nước. Các vua A-rập và các tổng trấn trong nước đều đem vàng và bạc đến nạp cho Sa-lô-môn.
၁၄ထိုမှတပါး၊ ကုန်သည် များ၊ လှည်းသမားများ၊ အာရပ် မင်းကြီး ရှိသမျှ ၊ မြို့ဝန် များဆက် သော ရွှေ ရှိသေး ၏။
15 Vua Sa-lô-môn cho làm 200 chiếc khiên lớn bằng vàng gò, mỗi chiếc nặng 6,8 ký.
၁၅ရှောလမုန် မင်းကြီး သည် ရွှေ ခြောက် ပိဿာ စီဖြင့် ဒိုင်းကြီး နှစ်ရာ၊
16 Ông cũng cho làm 300 chiếc khiên nhỏ bằng vàng gò, mỗi chiếc nặng 3,4 ký. Tất cả các khiên ấy đều tồn trữ trong Cung Rừng Li-ban.
၁၆သုံး ပိဿာ စီဖြင့် ဒိုင်း ငယ်သုံး ရာ တို့ကို ထု လုပ်၍၊ လေဗနုန် တော သစ်သားနှင့် တည်ဆောက်သော နန်းတော် ၌ ထား တော်မူ၏။
17 Rồi Vua cho làm một chiếc ngai lớn bằng ngà bọc vàng ròng.
၁၇ရှင် ဘုရင်သည်လည်း ဆင်စွယ် ရာဇ ပလ္လင်ကြီး ကို လုပ် ၍ ရွှေ စင် နှင့် မွမ်းမံ လေ၏။
18 Ngai có sáu bậc thang, và một cái bệ bằng vàng gắn chặt vào ngai và hai bên ngai có tay dựa, mỗi bên có hình sư tử bằng vàng.
၁၈လှေကား ခြောက် ထစ်နှင့် ရွှေ ဘိနပ် သည် ရာဇ ပလ္လင် တော်နှင့် တဆက် တည်းရှိ၏။ ထိုင် ရာတဘက် တချက်၌ မှီစရာလက်ရုံးတန်း နှင့် ပြည့်စုံ၍၊ လက်ရုံးတန်း အနား မှာ ခြင်္သေ့ နှစ် ကောင်ရပ် နေ၏။
19 Trên sáu bậc thang có đúc mười hai sư tử, mỗi bên có sáu con. Đây là chiếc ngai đặc biệt không nước nào có cả!
၁၉လှေကား ခြောက် ထစ်အပေါ် တွင်၊ တဘက်တချက် ၌လည်း ခြင်္သေ့ တဆယ် နှစ် ကောင်ရပ် နေ၏။ ထိုသို့ သော ရာဇပလ္လင်သည် အဘယ် တိုင်း နိုင်ငံ၌မျှမ ရှိ။
20 Các ly uống nước của Sa-lô-môn đều được làm bằng vàng ròng, cũng như các dụng cụ trong Cung Rừng Li-ban làm bằng vàng ròng. Họ không làm bằng bạc vì trong đời Sa-lô-môn, bạc là loại tầm thường!
၂၀ရှောလမုန် မင်းကြီး သောက် သော ဖလား တော် ရှိသမျှ နှင့် လေဗနုန် နန်းတော် ၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ်၊ ရွှေဖလားသက်သက်ဖြစ်၏။ ရှောလမုန် လက်ထက် ၌ ငွေ ကို အလျှင်းပမာဏ မပြုတတ်ကြ။
21 Đoàn tàu của vua vượt biển qua Ta-rê-si với các thủy thủ của Hi-ram, cứ ba năm một lần, chở về cho Sa-lô-môn rất nhiều vàng, bạc, ngà, dã nhân, và công.
၂၁ရှင်ဘုရင် ၏သင်္ဘော သည် ဟိရံ မင်းကျွန် တို့နှင့် တာရှု မြို့သို့ သွား တတ်သဖြင့်၊ သုံး နှစ် တခါ တာရှု သင်္ဘော သည် ပြန်လာ ၍ ရွှေ ၊ ငွေ ၊ ဆင်စွယ် ၊ မျောက် များ၊ ဒေါင်း များကို ဆောင် ခဲ့၏။
22 Vua Sa-lô-môn nổi danh là giàu có và khôn ngoan hơn hết các vua trên đất.
၂၂ထိုသို့ ရှောလမုန် သည် မြေကြီး ပေါ်မှာရှိသမျှ သော ရှင် ဘုရင်တို့ထက် ပညာ နှင့် စည်းစိမ် အားဖြင့် လွန်ကဲ ၏။
23 Vua các nước đều tìm dịp đến thăm vua và nghe những lời khôn ngoan Chúa đã đặt trong lòng vua.
၂၃ရှောလမုန် ၏ နှလုံး ၌ ဘုရားသခင် သွင်းပေး တော်မူသော ပညာ ကို အတိုင်းတိုင်း အပြည်ပြည်ရှင် ဘုရင်တို့သည် ကြား ရအံ့သောငှါ ၊ မျက်နှာ တော်ကို ဖူး လာကြ၏။
24 Hằng năm, các vua cũng tiến cống nhiều lễ vật, các khí cụ bằng bạc và vàng, các y phục, khí giới, hương liệu, ngựa, và la.
၂၄လာ သောသူအသီးအသီး တို့သည် ရွှေ ဖလား ၊ ငွေ ဖလား ၊ အဝတ် တန်ဆာ၊ စစ်တိုက် လက်နက်၊ နံ့သာမျိုး ၊ မြင်းလား တို့ကို နှစ် တိုင်းအခွန် ဆက်ရကြ၏။
25 Sa-lô-môn có 4.000 tàu ngựa và chiến xa. Số kỵ binh của vua lên đến 12.000 chia nhau đóng giữ các căn cứ quân sự, bảo vệ vua và phòng thủ Giê-ru-sa-lem.
၂၅ရှောလမုန် သည်လည်း ၊ ရထား တော်များနှင့် ထိုင်သောမြင်း တင်းကုပ် လေး ထောင် ၊ မြင်း စီးသူရဲ တသောင်း နှစ်ထောင်ရှိ ၏။ ရထား ထိန်းမြို့ တို့၌ ၎င်း၊ ယေရုရှလင် မြို့ အထံတော်၌ ၎င်း ထား ၏။
26 Sa-lô-môn cai trị trên các vua chư hầu từ Sông Ơ-phơ-rát đến lãnh thổ Phi-li-tin và xuống tận biên giới Ai Cập.
၂၆မြစ် ကြီးမှစ၍ ဖိလိတ္တိ ပြည် နှင့် အဲဂုတ္တု ပြည်စွန်း တိုင်အောင် ရှိ သောရှင်ဘုရင် အပေါင်း တို့ကို အစိုးရ ၏။
27 Tại Giê-ru-sa-lem, vua làm cho bạc bị xem thường như đá, và gỗ bá hương, tùng bách như gỗ cây sung.
၂၇ရှင် ဘုရင်သည် ယေရုရှလင် မြို့၌ ငွေ ကို ကျောက်ခဲ ကဲ့သို့ ၎င်း၊ အာရဇ် ပင်တို့ကို လွင်ပြင် ၌ ပေါက်သော သဖန်း ပင်ကဲ့သို့ ၎င်း များပြား စေ ၏။
28 Ngựa của Vua Sa-lô-môn được nhập từ Ai Cập và các nước khác.
၂၈ရှောလမုန် ထံသို့ မြင်း များကို အဲဂုတ္တ ပြည်အစ ရှိသောခပ်သိမ်း သော ပြည် မှ ဆောင် ခဲ့ကြ၏။
29 Các việc khác của Sa-lô-môn, từ đầu đến cuối đều ghi vào Sách của Tiên Tri Na-than và Sách Tiên Tri của A-hi-gia từ Si-lô, và cũng ghi trong Sách Khải Tượng của Nhà Tiên Kiến Y-đô, là sách ghi chép các biến cố liên hệ đến Giê-rô-bô-am, con Nê-bát.
၂၉ရှောလမုန် ပြုမူသော အမှု အရာကြွင်းလေသမျှ အစ ဆုံး တို့သည်၊ ပရောဖက် နာသန် ၏ကျမ်း ၊ ရှိလော မြို့သားအဟိယ ၏အနာဂတ္တိ ကျမ်း၊ နေဗတ် သား ယေရောဗောင် တဘက် ၌ ပရောဖက် ဣဒ္ဒေါ ၏ ဗျာဒိတ် ကျမ်း၌ ရေးထား လျက်ရှိ၏။
30 Sa-lô-môn trị vì tại Giê-ru-sa-lem trên toàn dân Ít-ra-ên được bốn mươi năm.
၃၀ရှောလမုန် သည် ယေရုရှလင် မြို့၌ နေ၍ ဣသရေလ နိုင်ငံလုံး ကို အနှစ် လေးဆယ် စိုးစံ ပြီးမှ၊
31 Vua qua đời và được an táng trong Thành Đa-vít. Con trai ông là Rô-bô-am lên ngôi kế vị.
၃၁ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ခမည်းတော် ဒါဝိဒ် မြို့ ၌ သင်္ဂြိုလ် ခြင်းကိုခံ လေ၏။ သား တော် ရောဗောင် သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။