< 2 सला 6 >

1 और अम्बियाज़ादों ने इलीशा' से कहा, “देख, ये जगह जहाँ हम तेरे सामने रहते हैं, हमारे लिए छोटी है;
ဧ​လိ​ရှဲ​၏​လက်​အောက်​ခံ​ပ​ရော​ဖက်​တစ်​စု က``အ​ကျွန်ုပ်​တို့​နေ​ထိုင်​သည့်​အ​ဆောင်​သည် အ​လွန်​ပင်​ကျဉ်း​ပါ​သည်။-
2 इसलिए हम को ज़रा यरदन को जाने दे कि हम वहाँ से एक एक कड़ी लेकर आएँ और अपने रहने के लिए एक घर बना सकें।” उसने जवाब दिया, “जाओ।”
အ​ဆောင်​သစ်​တစ်​ဆောင်​ဆောက်​လုပ်​နိုင်​ရန် အ​ကျွန်ုပ်​တို့​သည်​ယော်​ဒန်​မြစ်​နား​သို့​သွား​၍ သစ်​ပင်​ခုတ်​လှဲ​ပါ​ရ​စေ'' ဟု​အ​ခွင့်​တောင်း​ကြ​၏။ ဧ​လိ​ရှဲ​က``ကောင်း​ပြီ'' ဟု​ဆို​၏။
3 तब एक ने कहा, “मेहरबानी से अपने ख़ादिमों के साथ चल।” उसने कहा, “मैं चलूँगा।”
ပ​ရော​ဖက်​တစ်​ပါး​က​ဧ​လိ​ရှဲ​အား မိ​မိ​တို့​နှင့် အ​တူ​လိုက်​ရန်​တိုက်​တွန်း​သည့်​အ​တိုင်း ဧ​လိ​ရှဲ သည်​သ​ဘော​တူ​သ​ဖြင့်၊-
4 चुनाँचे वह उनके साथ गया, और जब वह यरदन पर पहुँचे तो लकड़ी काटने लगे।
သူ​တို့​သည်​အ​တူ​တ​ကွ​သွား​ကြ​လေ​သည်။ သူ​တို့​သည်​ယော်​ဒန်​မြစ်​သို့​ရောက်​သော​အ​ခါ အ​လုပ်​ကို​စ​ကြ​၏။-
5 लेकिन एक की कुल्हाड़ी का लोहा, जब वह कड़ी काट रहा था, पानी में गिर गया। तब वह चित्ला उठा, और कहने लगा, “हाय, मेरे मालिक! यह तो माँगा हुआ था।”
သူ​တို့​အ​ထဲ​မှ​လူ​တစ်​ယောက်​သည်​သစ်​ပင် ကို​ခုတ်​လှဲ​နေ​စဉ် သူ​၏​ပု​ဆိန်​သည်​ရေ​ထဲ​သို့ ကျ​သွား​၏။ ထို​အ​ခါ​သူ​သည်​ဧ​လိ​ရှဲ​အား``အ ရှင်၊ အ​ကျွန်ုပ်​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း။ ထို​ပု​ဆိန်​သည်​ငှား​ယူ​ခဲ့​သော​ပု​ဆိန်​ဖြစ် ပါ​၏'' ဟု​ဟစ်​အော်​၍​ပြော​၏။
6 नबी ने कहा, “वह किस जगह गिरा?” उसने उसे वह जगह दिखाई। तब उसने एक छड़ी काट कर उस जगह डाल दी, और लोहा तैरने लगा।
ဧ​လိ​ရှဲ​က``ပု​ဆိန်​အ​ဘယ်​မှာ​ကျ​သ​နည်း'' ဟု မေး​လျှင် ထို​သူ​သည်​ကျ​သည့်​နေ​ရာ​ကို​ပြ​၏။ ဧ​လိ​ရှဲ သည်​တုတ်​တစ်​ချောင်း​ကို​ခုတ်​၍​ရေ​ထဲ​သို့​ပစ် ချ​ကာ ပု​ဆိန်​ကို​ပေါ​လော​ပေါ်​စေ​ပြီး​နောက်၊-
7 फिर उसने कहा, “अपने लिए उठा ले।” तब उसने हाथ बढ़ाकर उसे उठा लिया।
``ထို​ပု​ဆိန်​ကို​ဆယ်​ယူ​လော့'' ဟု​ဆို​၏။ ထို​သူ သည်​လည်း​လက်​ကို​ဆန့်​၍​ပု​ဆိန်​ကို​ဆယ်​ယူ လိုက်​လေ​သည်။
8 अराम का बादशाह, इस्राईल के बादशाह से लड़ रहा था; और उसने अपने ख़ादिमों से मशवरा किया कि “मैं इन जगह पर डेरा डालूँगा।”
ရှု​ရိ​ဘု​ရင်​သည်​ဣ​သ​ရေ​လ​ပြည်​နှင့်​စစ်​ဖြစ် နေ​ချိန်​၌ မိ​မိ​၏​တပ်​မှူး​များ​နှင့်​တိုင်​ပင်​၍ တပ်​စ​ခန်း​ချ​ရန်​နေ​ရာ​ကို​ရွေး​ချယ်​၏။-
9 इसलिए मर्द — ए — ख़ुदा ने इस्राईल के बादशाह से कहला भेजा कि “ख़बरदार तू उन जगहों से मत गुज़रना, क्यूँकि वहाँ अरामी आने को हैं।”
သို့​ရာ​တွင်​ဧ​လိ​ရှဲ​က​ဣသ​ရေ​လ​ဘု​ရင်​အား``ဤ မည်​သော​နေ​ရာ​တွင်​ရှု​ရိ​အ​မျိုး​သား​တို့​သည် ခြုံ ခို​တိုက်​ခိုက်​ရန်​စောင့်​လျက်​နေ​ကြ​ပါ​သည်။ သို့ ဖြစ်​၍​ထို​နေ​ရာ​သို့​မ​သွား​ပါ​နှင့်'' ဟု​လူ​လွှတ် ၍​သ​တိ​ပေး​လေ​သည်။-
10 और इस्राईल के बादशाह ने उस जगह, जिसकी ख़बर मर्द — ए — ख़ुदा ने दी थी और उसको आगाह कर दिया था, आदमी भेजे और वहाँ से अपने को बचाया, और यह सिर्फ़ एक या दो बार ही नहीं।
၁၀ထို့​ကြောင့်​ဣသ​ရေ​လ​ဘု​ရင်​သည်​ထို​အ​ရပ်​တွင် နေ​ထိုင်​သူ​တို့​အား ကြို​တင်​သ​တိ​ပေး​၍​သ​တိ ဝိ​ရိ​ယ​နှင့်​စောင့်​နေ​စေ​၏။ ဤ​သို့​ဖြစ်​ပျက်​သည် မှာ​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ပင်​ဖြစ်​သ​တည်း။
11 इस बात की वजह से अराम के बादशाह का दिल निहायत बेचैन हुआ; और उसने अपने ख़ादिमों को बुलाकर उनसे कहा, “क्या तुम मुझे नहीं बताओगे कि हम में से कौन इस्राईल के बादशाह की तरफ़ है?”
၁၁ရှု​ရိ​ဘု​ရင်​သည်​လွန်​စွာ​စိတ်​ပူ​ပန်​သ​ဖြင့် မိ​မိ​၏ တပ်​မှူး​များ​ကို​ခေါ်​၍``သင်​တို့​အ​နက်​အ​ဘယ် သူ​သည် ဣ​သ​ရေ​လ​ဘု​ရင်​ဘက်​သို့​ပါ​နေ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
12 तब उसके ख़ादिमों में से एक ने कहा, “नहीं, ऐ मेरे मालिक, ऐ बादशाह! बल्कि इलीशा', जो इस्राईल में नबी है, तेरी उन बातों को जो तू अपनी आरामगाह में कहता है, इस्राईल के बादशाह को बता देता है।”
၁၂တပ်​မှူး​တစ်​ယောက်​က``အ​ရှင်​မင်း​ကြီး၊ အ​ဘယ် သူ​မျှ​မ​ပါ​ပါ။ ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​အ​ရှင် ၏​အိမ်​ခန်း​တွင်​တီး​တိုး​ပြော​သည့်​စ​ကား​ကို ပင် ဣသ​ရေ​လ​ဘု​ရင်​အား​သံ​တော်​ဦး​တင် ပါ​၏'' ဟု​လျှောက်​၏။
13 उसने कहा, “जाकर देखो वह कहाँ है, ताकि मैं उसे पकड़वाऊँ।” और उसे यह बताया गया, “वह दूतैन में है।”
၁၃မင်း​ကြီး​က``ထို​သူ​အ​ဘယ်​မှာ​ရှိ​သည်​ကို စုံ​စမ်း​ကြ​လော့။ သူ့​အား​ငါ​ဖမ်း​ဆီး​မည်'' ဟု​မိန့်​တော်​မူ​၏။ မင်း​ကြီး​သည်​ဒေါ​သန်​မြို့​တွင်​ဧ​လိ​ရှဲ​ရှိ​နေ ကြောင်း ကြား​သိ​တော်​မူ​သော​အ​ခါ-
14 तब उसने वहाँ घोड़ों और रथों, और एक बड़े लश्कर को रवाना किया; तब उन्होंने रातों रात आकर उस शहर को घेर लिया।
၁၄မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​နှင့်​စစ်​သည် ဗိုလ်​ခြေ​တို့​ကို​ထို​အ​ရပ်​သို့​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​သည်​ညဥ့်​အ​ချိန်​၌​ရောက်​ရှိ​လာ​ကာ​ထို မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​၏။-
15 जब उस मर्द — ए — ख़ुदा का ख़ादिम सुबह को उठ कर बाहर निकला तो देखा, कि एक लश्कर घोड़ों के साथ और रथों के शहर के चारों तरफ़ है। तब उस ख़ादिम ने जाकर उससे कहा, “हाय! ऐ मेरे मालिक, हम क्या करें?”
၁၅နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​ဧ​လိ​ရှဲ​၏ အ​စေ​ခံ​သည်​ထ​၍​အိမ်​ပြင်​သို့​ထွက်​လိုက်​ရာ မြို့​ကို​ဝိုင်း​ရံ​ထား​သော​ရှု​ရိ​တပ်​သား​များ​နှင့် တ​ကွ​မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​ကို မြင်​လေ​၏။ သူ​သည်​ဧ​လိ​ရှဲ​ထံ​သို့​ပြန်​လာ​ပြီး လျှင်``ကျွန်​တော်​တို့​ခက်​ချေ​ပြီ။ အ​ဘယ်​သို့​ပြု ရ​ကြ​ပါ​မည်​နည်း'' ဟု​ဟစ်​အော်​၍​ပြော​၏။
16 उसने जवाब दिया, “ख़ौफ़ न कर, क्यूँकि हमारे साथ वाले उनके साथ वालों से ज़्यादा हैं।”
၁၆ဧ​လိ​ရှဲ​က``မ​စိုး​ရိမ်​နှင့်။ ငါ​တို့​ဘက်​၌​ရှိ​နေ သူ​တို့​သည် သူ​တို့​ဘက်​၌​ရှိ​နေ​သူ​တို့​ထက် ပို​မို​များ​ပြား​၏'' ဟု​ဆို​၏။-
17 और इलीशा' ने दुआ की और कहा, “ऐ ख़ुदावन्द, उसकी आँखें खोल दे ताकि वह देख सके।” तब ख़ुदावन्द ने उस जवान की आँखें खोल दीं, और उसने जो निगाह की तो देखा कि इलीशा' के चारों तरफ़ का पहाड़ आग के घोड़ों और रथों से भरा है।
၁၇ထို​နောက်​သူ​သည်``အို ထာ​ဝရ​ဘု​ရား၊ ဤ​သူ​၏ မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ'' ဟု​ဆု​တောင်း​သည် အ​တိုင်း​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​၏​မျက်​စိ ကို​ဖွင့်​တော်​မူ​သ​ဖြင့် သူ​သည်​ဧ​လိ​ရှဲ​၏​ပတ် လည်​တောင်​ကုန်း​ပေါ်​၌ မီး​မြင်း​များ​နှင့်​မီး စစ်​ရ​ထား​များ​ပြည့်​နှက်​လျက်​နေ​သည်​ကို မြင်​လေ​၏။
18 और जब वह उसकी तरफ़ आने लगे, तो इलीशा' ने ख़ुदावन्द से दुआ की और कहा, “मैं तेरी मिन्नत करता हूँ, इन लोगों को अन्धा कर दे।” इसलिए उसने जैसा इलीशा' ने कहा था, उनको अन्धा कर दिया।
၁၈ရှု​ရိ​တပ်​ချဉ်း​ကပ်​လာ​သော​အခါ​ဧ​လိ​ရှဲ​က``အို ထာ​ဝ​ရ​ဘု​ရား၊ ထို​သူ​တို့​အား​မျက်​စိ​ကွယ် စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​သည့်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အား​မျက်​စိ ကွယ်​စေ​တော်​မူ​၏။-
19 फिर इलीशा' ने उनसे कहा, “यह वह रास्ता नहीं और न ये वह शहर है, तुम मेरे पीछे चले आओ, और मैं तुम को उस शख़्स के पास पहुँचा दूँगा जिसकी तुम तलाश करते हो।” और वह उनको सामरिया को ले गया।
၁၉ထို​အ​ခါ​ဧ​လိ​ရှဲ​သည်​သူ​တို့​ထံ​သို့​သွား​ပြီး လျှင်``သင်​တို့​လမ်း​မှား​နေ​ကြ​သည်။ ဤ​မြို့​သည် သင်​တို့​ရှာ​သော​မြို့​မ​ဟုတ်။ ငါ့​နောက်​သို့​လိုက် ခဲ့​ကြ​လော့။ သင်​တို့​အ​လို​ရှိ​သူ​ထံ​သို့​ငါ​ပို့ ဆောင်​ပေး​မည်'' ဟု​ဆို​၏။ ထို​နောက်​ထို​သူ​တို့ အား​ရှ​မာ​ရိ​မြို့​သို့​ခေါ်​ဆောင်​သွား​လေ​သည်။
20 जब वह सामरिया में पहुँचे तो इलीशा' ने कहा, “ऐ ख़ुदावन्द, इन लोगों की आँखें खोल दे, ताकि वह देख सके।” तब ख़ुदावन्द ने उनकी आँखें खोल दीं, उन्होंने जो निगाह की, तो क्या देखा कि सामरिया के अन्दर हैं।
၂၀သူ​တို့​မြို့​တွင်း​သို့​ဝင်​ပြီး​သည်​နှင့်​တစ်​ပြိုင်​နက် ဧ​လိ​ရှဲ​သည်``အို ထာ​ဝရ​ဘု​ရား၊ ဤ​သူ​တို့​၏ မျက်​စိ​ကို​ဖွင့်​တော်​မူ​၍​တစ်​ဖန်​မြင်​စေ​တော် မူ​ပါ'' ဟု​ဆု​တောင်း​သည့်​အ​တိုင်း​ထာ​ဝရ ဘု​ရား​သည် သူ​တို့​အား​မျက်​စိ​အ​လင်း​ကို ပြန်​၍​ပေး​တော်​မူ​သော​အ​ခါ သူ​တို့​သည် ရှ​မာ​ရိ​မြို့​တွင်း​သို့​ရောက်​ရှိ​နေ​သည်​ကို မြင်​ရ​ကြ​၏။
21 और इस्राईल के बादशाह ने उनको देखकर इलीशा' से कहा, “ऐ मेरे बाप, क्या मैं उनको मार लूँ? मैं उनको मार लूँ?”
၂၁ဣသ​ရေ​လ​ဘု​ရင်​သည်​ရှ​ရိ​အ​မျိုး​သား​တို့ ကို​တွေ့​သော​အ​ခါ ဧ​လိ​ရှဲ​အား``အ​ရှင်၊ သူ​တို့ အား​သတ်​ရ​ပါ​မည်​လော။ သူ​တို့​အား​သတ်​ရ ပါ​မည်​လော'' ဟု​မေး​တော်​မူ​၏။
22 उसने जवाब दिया, “तू उनको न मार। क्या तू उनको मार दिया करता है, जिनको तू अपनी तलवार और कमान से क़ैद कर लेता है? तू उनके आगे रोटी और पानी रख, ताकि वह खाएँ — पिएँ और अपने मालिक के पास जाएँ।”
၂၂ဧ​လိ​ရှဲ​က``မ​သတ်​ပါ​နှင့်။ တိုက်​ပွဲ​တွင်​ဖမ်း​ဆီး​ရ မိ​သည့်​စစ်​သည်​များ​ကို​ပင်​လျှင်​သတ်​ရ​သည်​မ ဟုတ်​ပါ။ သူ​တို့​အား​စား​သောက်​ဖွယ်​ရာ​များ​ကို ကျွေး​မွေး​၍ သူ​တို့​၏​ဘု​ရင်​ထံ​သို့​ပြန်​ခွင့်​ပေး တော်​မူ​ပါ'' ဟု​ဆို​၏။-
23 तब उसने उनके लिए बहुत सा खाना तैयार किया; और जब वह खा पी चुके तो उसने उनको रुख़्सत किया, और वह अपने मालिक के पास चले गए। और अराम के गिरोह इस्राईल के मुल्क में फिर न आए।
၂၃သို့​ဖြစ်​၍​ဣသ​ရေ​လ​ဘု​ရင်​သည်​စား​ပွဲ​ကြီး ခင်း​ကျင်း​၍ သူ​တို့​အား​စား​သောက်​စေ​ပြီး သော​အ​ခါ ရှု​ရိ​ဘု​ရင်​ထံ​သို့​ပြန်​စေ​တော် မူ​၏။ ထို​နေ့​မှ​အ​စ​ပြု​၍​ရှု​ရိ​အ​မျိုး​သား တို့​သည် ဣသ​ရေ​လ​ပြည်​ကို​တိုက်​ခိုက်​လု​ယက် မှု​မ​ပြု​ဝံ့​ကြ​တော့​ချေ။
24 इसके बाद ऐसा हुआ कि बिनहदद, अराम, का बादशाह अपनी सब फ़ौज इकट्ठी करके चढ़ आया और सामरिया का घेरा कर लिया।
၂၄ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ရှု​ရိ​ဘု​ရင် ဗင်္ဟာ​ဒဒ်​သည် ဣသ​ရေ​လ​ပြည်​သို့​မိ​မိ​၏​တပ်​မ တော်​တစ်​ခု​လုံး​နှင့်​ချီ​တက်​၍​ရှ​မာ​ရိ​မြို့​ကို ဝိုင်း​ရံ​ထား​သ​ဖြင့်၊-
25 और सामरिया में बड़ा काल था, और वह उसे घेरे रहे, यहाँ तक कि गधे का सिर चाँदी के अस्सी सिक्कों में और कबूतर की बीट का एक चौथाई पैमाना' चाँदी के पाँच सिक्कों में बिकने लगा।
၂၅မြည်း​ခေါင်း​တစ်​လုံး​ကို​ငွေ​သား​ရှစ်​ဆယ်​ဖြင့် လည်း​ကောင်း၊ ခို​ချေး အ​စိတ်​သား​ကို​ငွေ​သား​ငါး​ခု​ဖြင့်​လည်း​ကောင်း ဝယ်​ယူ​ရ​သည့်​တိုင်​အောင်​ထို​မြို့​တွင်​အ​စာ ခေါင်း​ပါး​၏။
26 जब इस्राईल का बादशाह दीवार पर जा रहा था, तो एक 'औरत ने उसकी दुहाई दी और कहा, “ऐ मेरे मालिक, ऐ बादशाह, मदद कर।”
၂၆ဣသ​ရေ​လ​ဘု​ရင်​သည်​မြို့​ရိုး​ပေါ်​တွင်​လမ်း​လျှောက် သွား​စဉ် အ​မျိုး​သ​မီး​တစ်​ယောက်​က``အ​ရှင်​မင်း ကြီး၊ ကျွန်​တော်​မ​အား​ကယ်​တော်​မူ​ပါ'' ဟု​ဟစ် အော်​လေ​သည်။
27 उसने कहा, “अगर ख़ुदावन्द ही तेरी मदद न करे, तो मैं कहाँ से तेरी मदद करूँ? क्या ख़लिहान से, या अंगूर के कोल्हू से?”
၂၇မင်း​ကြီး​က``သင့်​အား​ထာ​ဝရ​ဘု​ရား​ကယ်​တော် မ​မူ​လျှင် ငါ​အ​ဘယ်​သို့​ကယ်​နိုင်​ပါ​မည်​နည်း။ ငါ့​မှာ​ဂျုံ​ဆန်​သော်​လည်း​ကောင်း၊ စ​ပျစ်​ရည် သော်​လည်း​ကောင်း​ရှိ​ပါ​သ​လော။-
28 फिर बादशाह ने उससे कहा, “तुझे क्या हुआ?” उसने जवाब दिया, इस 'औरत ने मुझसे कहा, 'अपना बेटा दे दे, ताकि हम आज के दिन उसे खाएँ; और मेरा बेटा जो है, फिर उसे हम कल खाएँगे।
၂၈သင်​၏​အ​ခက်​အ​ခဲ​ကား​အ​ဘယ်​သို့​နည်း'' ဟု​မေး​တော်​မူ​၏။ အ​မျိုး​သ​မီး​က``ဤ​မိန်း​မ​သည်​ယ​မန်​နေ့​က`သင် ၏​သား​ကို​ငါ​တို့​ယ​နေ့​စား​ကြ​ပြီး​လျှင် နောက် တစ်​နေ့​၌​ငါ​၏​သား​ကို​စား​ကြ​ပါ​မည်' ဟု ကျွန်​တော်​မ​အား​ပြော​ပါ​၏။-
29 तब मेरे बेटे को हम ने पकाया और उसे खा लिया, और दूसरे दिन मैंने उससे कहा, 'अपना बेटा ला, ताकि हम उसे खाएँ; “लेकिन उसने अपना बेटा छिपा दिया है।”
၂၉သို့​ဖြစ်​၍​ကျွန်​တော်​မ​၏​သား​ကို​ချက်​ပြုတ်​စား ကြ​ပြီး​လျှင် နောက်​တစ်​နေ့​၌​ကျွန်​တော်​မ​က သူ​၏​သား​ကို​စား​ရန်​ပြော​သော​အ​ခါ သူ​သည် က​လေး​ကို​ဝှက်​ထား​ပါ​သည်'' ဟု​လျှောက်​၏။
30 बादशाह ने उस 'औरत की बातें सुनकर अपने कपड़े फाड़े; उस वक़्त वह दीवार पर चला जाता था, और लोगों ने देखा कि अन्दर उसके तन पर टाट है।
၃၀ဤ​အ​ကြောင်း​ကို​ကြား​သော​အ​ခါ​မင်း​ကြီး​သည် ဝမ်း​နည်း​စိတ်​ပျက်​လျက် မိ​မိ​၏​အ​ဝတ်​တော်​ကို ဆုတ်​သ​ဖြင့် ထို​အ​ဝတ်​တော်​အောက်​တွင်​ဝတ်​ဆင် ထား​သော​လျှော်​တေ​ကို​မြို့​ရိုး​အ​နီး​ရှိ​လူ​တို့ တွေ့​မြင်​ရ​ကြ​လေ​သည်။-
31 और उसने कहा, “अगर आज साफ़त के बेटे इलीशा' का सिर उसके तन पर रह जाए, तो ख़ुदावन्द मुझसे ऐसा बल्कि इससे ज़्यादा करे।”
၃၁မင်း​ကြီး​က``ယ​နေ့​နေ​မ​ဝင်​မီ​ဧ​လိ​ရှဲ​ဦး​ခေါင်း မ​ပြတ်​လျှင် ထာ​ဝရ​ဘု​ရား​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော'' ဟု​ကျိန်​ဆို​တော်​မူ ပြီး​နောက်၊-
32 लेकिन इलीशा' अपने घर में बैठा रहा, और बुजु़र्ग़ लोग उसके साथ बैठे थे, और बादशाह ने अपने सामने से एक शख़्स को भेजा, पर इससे पहले कि वह क़ासिद उसके पास आए, उसने बुज़ु़गों से कहा, “तुम देखते हो कि उस क़ातिल के बेटे ने मेरा सिर उड़ा देने को एक आदमी भेजा है? इसलिए देखो, जब वह क़ासिद आए, तो दरवाज़ा बन्द कर लेना और मज़बूती से दरवाज़े को उसके सामने पकड़े रहना। क्या उसके पीछे — पीछे उसके मालिक के पैरों की आहट नहीं?”
၃၂ဧ​လိ​ရှဲ​အား​ဖမ်း​ဆီး​ရန်​လူ​တစ်​ယောက်​ကို စေ​လွှတ်​တော်​မူ​၏။ ဤ​အ​တော​အ​တွင်း​၌​ဧ​လိ​ရှဲ​သည်​မိ​မိ​ထံ​သို့ အ​လည်​အ​ပတ်​လာ​သော​အ​မျိုး​သား​အ​ကြီး အ​ကဲ​များ​နှင့်​အ​တူ မိ​မိ​၏​အိမ်​တွင်​ရှိ​လေ သည်။ မင်း​ကြီး​၏​စေ​တ​မန်​မ​ရောက်​လာ​မီ ဧ​လိ​ရှဲ​က ထို​အ​ကြီး​အကဲ​တို့​အား``လူ​သတ် သ​မား​သည် ငါ့​အား​သတ်​ရန်​လူ​တစ်​ယောက် ကို​စေ​လွှတ်​လေ​ပြီ။ သို့​ဖြစ်​၍​ထို​သူ​ရောက်​လာ သော​အ​ခါ​တံ​ခါး​ကို​ပိတ်​ထား​ကြ​လော့။ သူ့ အား​အ​ထဲ​သို့​ဝင်​ခွင့်​မ​ပြု​ကြ​နှင့်။ မင်း​ကြီး ကိုယ်​တိုင်​ပင်​လျှင်​သူ​၏​နောက်​မှ​လိုက်​လာ လိမ့်​မည်'' ဟု​ပြော​၏။-
33 और वह उनसे अभी बातें कर ही रहा था कि देखो, कि वह क़ासिद उसके पास आ पहुँचा, और उसने कहा, “देखो, ये बला ख़ुदावन्द की तरफ़ से है, अब आगे मैं ख़ुदावन्द का रास्ता क्यूँ देखूँ?”
၃၃သူ​ပြော​သော​စ​ကား​မ​ဆုံး​မီ​ပင်​မင်း​ကြီး သည်​ရောက်​ရှိ​လာ​လျက်``ဤ​ဘေး​ဒုက္ခ​နှင့်​ငါ တို့​အား​တွေ့​ကြုံ​စေ​သူ​မှာ ထာ​ဝရ​ဘု​ရား​ပင် ဖြစ်​ပါ​သည်​တ​ကား။ ငါ​သည်​ကိုယ်​တော်​ကူ​မ တော်​မူ​မည်​ကို အ​ဘယ်​ကြောင့်​ဆက်​လက်​စောင့် မျှော်​နေ​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။

< 2 सला 6 >