< Mmɛbusɛm 11 >

1 Awurade kyiri asisie nsania, na nʼani gye nokorɛ nkariboɔ ho.
မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန်သောအလေးမူကား၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။
2 Ahantan ba a, animguaseɛ na ɛdi soɔ nanso ahobrɛaseɛ de nyansa ba.
မာနထောင်လွှားသောအခါ အရှက်ကွဲခြင်း ဖြစ်တတ်၏။ စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။
3 Teefoɔ nokorɛdie kyerɛ wɔn ɛkwan; nanso nkontompofoɔ ano ntanta sɛe wɔn.
ဖြောင့်သောသဘောသည် ဖြောင့်မတ်သော သူတို့ကိုပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။
4 Ahonya nnka hwee abufuhyeɛ da no, nanso tenenee gye nkwa firi owuo mu.
အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။
5 Wɔn a wɔnnyɛ bɔne teneneeyɛ bɔ ɛkwan tee ma wɔn, nanso amumuyɛfoɔ amumuyɛsɛm brɛ wɔn ase.
ဖြောင့်မတ်ခြင်း ပါရမီသည်စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသော အမှုအားဖြင့် ဆုံးရှုံးတတ်၏။
6 Pɛyɛfoɔ teneneeyɛ gye wɔn, nanso akɔnnɔ bɔne afidie yi nkontompofoɔ.
ဖြောင့်မတ်သော သူတို့၏ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။
7 Sɛ omumuyɛfoɔ wu a, nʼanidasoɔ yera; deɛ ɔsusuu sɛ ɔbɛnya afiri ne tumi mu nyinaa no yɛ kwa.
ဆိုးသောသူသည် သေသောအခါ မြော်လင့်ခြင်း ပျက်တတ်၏။ မတရားသောသူ၏တောင့်တခြင်းလည်း ပျက်တတ်၏။
8 Wɔgye ɔteneneeni firi amaneɛ mu, na ɛba omumuyɛfoɔ so mmom.
ဖြောင့်မတ်သောသူသည် ဒုက္ခထဲက ထွက် မြောက်၍၊ သူ့ကိုယ်စား မတရားသောသူခံရ၏။
9 Deɛ ɔnsuro Onyame de nʼano sɛe ne yɔnko, nanso ɔteneneeni nam nimdeɛ so firi mu.
အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကို ဖျက်တတ်၏။ တရားသောသူမူကား၊ ပညာအတတ် အားဖြင့် အမှုလွတ်တတ်၏။
10 Sɛ teneneefoɔ di yie a, kuropɔn no di ahurisie; nanso amumuyɛfoɔ wu a, wɔbɔ ose.
၁၀တရားသောသူသည် ကောင်းစားသောအခါ တမြို့လုံး ဝမ်းမြောက်ခြင်း ရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။
11 Pɛyɛfoɔ nhyira ma kuropɔn no kɔ so, nanso amumuyɛfoɔ ano bɔ no.
၁၁တရားသောသူသည် ကောင်းကြီးပေးသော အားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့၎င်း၊ မတရားသော သူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့၎င်း ရောက် တတ်၏။
12 Onipa a ɔnni adwene no bu ne yɔnko animtiaa, nanso deɛ ɔwɔ nhunumu no to ne tɛkrɛma nnareka.
၁၂ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဥာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။
13 Osekuni da kɔkoamsɛm adi, nanso deɛ yɛnya ne mu ahotosoɔ no kora kasasie so.
၁၃လည်၍စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ်၏။ သစ္စာစောင့် သောသူမူကာ၊ ဝှက်ထားတတ်၏။
14 Ɔman a ɛnni akwankyerɛ no bɔ, nanso afotufoɔ dodoɔ ma nkonimdie ba.
၁၄အကြံပေးနိုင်သော ဥာဏ်မရှိလျှင် ပြည်သားတို့ သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား၊ ဘေးလွတ်တတ်၏။
15 Deɛ ɔdi agyinamu ma ɔfoforɔ no bɛhunu amane, na deɛ ɔmmfa ne nsa nhyɛ awowasie ase no aso mu dwo no.
၁၅အကျွမ်းမဝင်သောသူ၏ အမှု၌အာမခံသော သူသည် အလွန်နာလိမ့်မည်။ လက်ဝါးချင်းရိုက်သော အမှု ကို မုန်းသောသူမူကား၊ စိုးရိမ်စရာမရှိ။
16 Ɔbaa a ne yam yɛ no wɔde obuo ma no, nanso mmarima basabasayɛfoɔ nya ahodeɛ nko ara.
၁၆နှစ်သက်ဘွယ်သောမိန်းမသည် ဂုဏ်အသရေ ကို၎င်း၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကို ၎င်း ရတတ်၏။
17 Ɔyamyɛfoɔ yɛ ma ne ho, na otirimuɔdenfoɔ de ɔhaw ba nʼankasa so.
၁၇သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။
18 Omumuyɛfoɔ nya akatua a ɛnnyina, nanso deɛ ɔgu tenenee aba no twa akatua a ɛdi mu.
၁၈မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။
19 Deɛ ɔyɛ nokorɛ teneneeni no nya nkwa, nanso deɛ ɔkɔ so yɛ bɔne no kɔ owuo mu.
၁၉ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့၊ ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်း၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ်၏။
20 Awurade kyiri nnipa a wɔn akoma akyinsa, na nʼani gye wɔn a wɔn akwan ho nni asɛm ho.
၂၀သဘောကောက်သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်သောလမ်းသို့ လိုက်သော သူတို့ကိုကား၊ နှစ်သက်တော်မူ၏။
21 Gye to mu sɛ, amumuyɛfoɔ bɛnya wɔn akatua, na teneneefoɔ bɛnya wɔn tiri adi mu.
၂၁လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုး အနွှယ်မူကား လွတ်ရ၏။
22 Ɔbaa hoɔfɛfoɔ a ɔntumi nsi gyinaeɛ no te sɛ sika kawa a ɛhyɛ prako hwene mu.
၂၂သမ္မာသတိမရှိ၊ အဆင်းလှသော မိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။
23 Teneneefoɔ apɛdeɛ wie yie, nanso amumuyɛfoɔ anidasoɔ wie abufuhyeɛ.
၂၃ဖြောင့်မတ်သောသူသည် မြတ်သောအရာကို သာတောင့်တတတ်၏။ မတရားသောသူမြော်လင့်သော အရာမူကား၊ ဒေါသအမျက်နှင့် ဆိုင်သတည်း။
24 Obi yɛ adɔeɛ, na ɔnya ne ho bebree; obi nso yɛ adɔna, nanso ɛhia no.
၂၄စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။
25 Ɔyamyɛfoɔ bɛkɔ so anya ne ho; na deɛ ɔma ebinom mee no nso bɛmee.
၂၅စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုး ကို ခံရလိမ့်မည်။
26 Nnipa dome deɛ ɔde atokoɔ sie, na nhyira ba deɛ ɔtɔn ne deɛ so.
၂၆စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌မူကား၊ ကောင်းကြီးမင်္ဂလာရှိလိမ့်မည်။
27 Deɛ ɔhwehwɛ papa akyiri ɛkwan no nya anisɔ, na deɛ ɔhwehwɛ bɔne no, bɔne ba ne so.
၂၇ကောင်းသောအရာကိုကြိုးစား၍ ရှာသော သူသည် ကျေးဇူးကို ခံရလိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါ ရှာကြံသောသူမူကား၊ ကိုယ်အကျိုးပျက်ခြင်းရှိလိမ့်မည်။
28 Deɛ ɔde ne ho to nʼahonyadeɛ soɔ no bɛhwe ase, na ɔteneneeni bɛyɛ frɔmm sɛ ahahan mono.
၂၈မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့် မည်။ ဖြောင့်မတ်သော သူမူကား၊ သစ်ခက်ကဲ့သို့ စိမ်း လန်းလိမ့်မည်။
29 Deɛ ɔde ɔhaw bɛto nʼabusua so no bɛdi mframa adeɛ, na ɔkwasea bɛyɛ onyansafoɔ ɔsomfoɔ.
၂၉မိမိအိမ်ကိုနှောင့်ရှက်သော သူသည် လေကို အမွေခံရလိမ့်မည်။ မိုက်သောသူသည်လည်း၊ လိမ္မာသော သူထံ၌ ကျွန်ခံရလိမ့်မည်။
30 Ɔteneneeni aba yɛ nkwa dua, na deɛ ɔgye akra no yɛ onyansafoɔ.
၃၀ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
31 Sɛ teneneefoɔ nya wɔn akatua wɔ asase so a ɛnneɛ na wɔn a wɔnnim Onyame ne abɔnefoɔ nso ɛ!
၃၁ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကို ခံရ၏။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာ ရှိသနည်း။

< Mmɛbusɛm 11 >