< 4 Mose 21 >
1 Arad ɔhene a ɔyɛ Kanaanni a ɔte Negeb tee sɛ Israelfoɔ nam Atarim ɛkwan so reba. Ɔboaboaa nʼakodɔm ano kɔto hyɛɛ Israelfoɔ no so kyekyeree binom sɛ nneduafoɔ.
၁ခါနာန်ပြည်တောင်ပိုင်းတွင်အာရဒ်မြို့ကိုအုပ် စိုးသောမင်းသည် ဣသရေလအမျိုးသားများ အသရိမ်လမ်းဖြင့်လာနေကြောင်းသိရလျှင် သူတို့ကိုစစ်ချီတိုက်ခိုက်ရာအချို့ကိုသုံ့ပန်း အဖြစ်ဖမ်းမိလေသည်။-
2 Afei, Israelfoɔ no kaa ntam kyerɛɛ Awurade sɛ, sɛ ɔbɛboa wɔn ama wɔadi Arad ɔhene ne de dɔm so a, anka wɔbɛgu nkuro akɛseɛ a ɛwɔ hɔ nyinaa.
၂ထိုအခါဣသရေလအမျိုးသားတို့က``ကိုယ် တော်သည်အကျွန်ုပ်တို့အားဤသူတို့ကိုတိုက် ခိုက်အောင်မြင်စေတော်မူလျှင် သူတို့နှင့်သူတို့ ၏မြို့များကိုကိုယ်တော်အားအပြီးအပိုင် ဆက်ကပ်သောပူဇော်သကာအဖြစ်ဖျက်ဆီး ပစ်ပါမည်'' ဟုထာဝရဘုရားအားသစ္စာ ကတိပြုကြလေသည်။-
3 Awurade tiee wɔn abisadeɛ no, enti ɔmaa wɔdii Kanaanfoɔ no so; Israelfoɔ no sɛee wɔn ne wɔn nkuro akɛseɛ pasaa. Wɔtoo hɔ edin Horma a aseɛ ne “Ɔsɛeɛ.”
၃ထာဝရဘုရားသည်သူတို့လျှောက်ထားသည် အတိုင်းခါနာန်အမျိုးသားတို့ကိုတိုက်ခိုက် အောင်မြင်စေတော်မူ၏။ ထိုကြောင့်ဣသရေလ အမျိုးသားတို့သည်သူတို့၏မြို့များကို လုံးဝဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်ကို ဟော်မာဟူ၍နာမည်မှည့်ခေါ်လေသည်။
4 Afei, Israelfoɔ no sane kɔɔ Bepɔ Hor so. Wɔfiri hɔ no, wɔkɔɔ anafoɔ fam ɛkwan a ɛkɔ Ɛpo Kɔkɔɔ no so no so sɛdeɛ ɛbɛyɛ a, wɔbɛtumi atwa kanko afa Edom ho. Nnipa no aba mu buiɛ.
၄ထိုနောက်ဣသရေလအမျိုးသားတို့သည် ဟောရ တောင်မှထွက်ခွာ၍ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် အကွာဘာပင်လယ်ကွေ့သို့သွားရာလမ်းအတိုင်း ချီတက်ကြလေသည်။ သို့ရာတွင်သူတို့သည် လမ်းခုလတ်တွင် စိတ်ပျက်အားလျော့လာကြ ပြီးလျှင်၊-
5 Wɔhyɛɛ aseɛ nwiinwii tiaa Onyankopɔn enti wɔkaa wɔn ahiasɛm kyerɛɛ Mose sɛ, “Adɛn enti na woayi yɛn afiri Misraim de yɛn aba sɛ yɛmmɛwuwu ɛserɛ yi so? Aduane a yɛbɛdie nni ha. Nsuo a yɛbɛnom nso nni ha. Mana yi nso deɛ, afono yɛn.”
၅ဘုရားသခင်နှင့်မောရှေတို့အားပြစ်တင်ပြော ဆိုကြလေသည်။ သူတို့က``အစာရေစာမရှိ သည့်ဤတောကန္တာရတွင်သေစေရန် အဘယ် ကြောင့် အကျွန်ုပ်တို့ကိုအီဂျစ်ပြည်မှခေါ် ဆောင်လာပါသနည်း။ ဤပေါ့ပျက်သော အစားအစာကိုလည်း အကျွန်ုပ်တို့ငြီး ငွေ့လာပါပြီ'' ဟုညည်းညူကြ၏။-
6 Enti, Awurade maa awɔ a wɔn ano wɔ borɔ yie kɔkekaa wɔn mu bebree ma wɔwuwuiɛ.
၆ထိုအခါထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ရှိရာသို့မြွေဆိုးများကိုစေ လွှတ်သဖြင့် လူပေါင်းများစွာတို့သည်မြွေ ကိုက်ခံရ၍သေဆုံးကြ၏။-
7 Afei, nnipa no baa Mose nkyɛn bɛsrɛɛ sɛ, “Yɛayɛ bɔne, ɛfiri sɛ, yɛakasa atia Awurade ne wo. Bɔ mpaeɛ kyerɛ Awurade na awɔ no nkɔ.” Mose bɔɔ mpaeɛ maa nnipa no.
၇ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။-
8 Awurade ka kyerɛɛ Mose sɛ, “Fa kɔbere yɛ saa awɔ yi mu baako sɛso na fa no sɛn poma bi so, na sɛ awɔ no bi ka obi na onii no hwɛ no kɛkɛ a, ɔrenwu.”
၈ထိုအခါထာဝရဘုရားကမောရှေအား သတ္တု မြွေရုပ်ကိုပြုလုပ်၍တိုင်ထိပ်တွင်တင်ထားရန် ခိုင်းစေတော်မူ၏။ မြွေကိုက်ခံရသောသူသည် မြွေရုပ်ကိုကြည့်လျှင် အသက်ချမ်းသာရာရ မည်ဖြစ်ကြောင်းဆင့်ဆိုစေတော်မူ၏။-
9 Enti, Mose yɛɛ ɔwɔ sɛso no; na obiara a ɔwɔ no bi bɛka no no, sɛ ɔpagya nʼani hwɛ no a, ɔnwu.
၉ထို့ကြောင့်မောရှေသည်ကြေးဝါမြွေရုပ်ကိုပြု လုပ်၍ တိုင်ထိပ်တွင်တင်ထားရာမြွေကိုက်ခံ ရသောသူသည် မြွေရုပ်ကိုကြည့်လျှင်အသက် ချမ်းသာရာရလေ၏။
10 Israelfoɔ no firi hɔ no, wɔtoaa wɔn akwantuo no so kɔɔ Obot kɔtenaa hɔ.
၁၀တစ်ဖန်ဣသရေလအမျိုးသားတို့သည် ခရီး ဆက်ခဲ့ကြရာသြဗုတ်အရပ်တွင်စခန်းချ ကြ၏။-
11 Afei, wɔtoaa so kɔɔ Iye-Abarim wɔ ɛserɛ so wɔ Moab apueeɛ fam.
၁၁ထိုအရပ်မှတစ်ဖန်သူတို့သည်ခရီးထွက်၍ မောဘပြည်အရှေ့ဘက်တောကန္တာရရှိယို ယွင်းပျက်စီးနေသော ဗာရိမ်မြို့တွင်စခန်းချ ကြလေသည်။-
12 Wɔfiri hɔ no, wɔtoaa so kɔɔ asuwa Sered Subɔnhwa mu kɔbɔɔ atenaeɛ wɔ hɔ.
၁၂ထိုနောက်သူတို့သည်ဇာရက်မြစ်ဝှမ်းတွင် စခန်းချကြသည်။-
13 Afei, wɔtu kɔɔ akyirikyiri fam wɔ Asubɔnten Arnon nkyɛn hɔ baabi a wɔne Amorifoɔ bɔ hyeɛ. Asubɔnten Arnon na ɛyɛ ɛhyeɛ a ɛda Moabfoɔ ne Amorifoɔ ntam.
၁၃ထိုအရပ်မှတစ်ဖန်သူတို့သည်ခရီးထွက်လာ ခဲ့ကြရာ အာနုန်မြစ်မြောက်ဘက်အာမောရိပြည် တောကန္တာရနှင့်တစ်ဆက်တည်းရှိသောတော ကန္တာရတွင်စခန်းချကြ၏။ (အာနုန်မြစ်သည် မောဘပြည်နှင့်အာမောရိပြည်တို့၏နယ်ခြား ဖြစ်၏။-)
14 Enti, wɔkaa saa asɛm yi wɔ Awurade akodie nwoma no mu sɛ, asubɔnten Arnon subɔnhwa ne kuro Waheb
၁၄ထို့ကြောင့်ထာဝရဘုရား၏စစ်ပွဲများစာ စောင်တွင်``သုပဒေသတွင်တည်သောဝါဟက် မြို့နှင့်ချိုင့်ဝှမ်းများအာနုန်မြစ်နှင့်၊-
15 da Amorifoɔ ne Moabfoɔ ntam.
၁၅မောဘပြည်နယ်စပ်အာရမြို့သို့တိုင်အောင် လျှောဆင်းသောချိုင့်ဝှမ်းများ'' ဟူ၍ဖော်ပြ ပါရှိလေသည်။
16 Afei, Israelfoɔ no toaa wɔn akwantuo no so kɔɔ Beer a aseɛ ne “Abura.” Ɛha na Awurade ka kyerɛɛ Mose sɛ, “Frɛfrɛ nnipa no nyinaa bra na mɛma wɔn nsuo.”
၁၆ဣသရေလအမျိုးသားတို့သည်ထိုအရပ်မှ ရေတွင်းဟုအနက်ရှိသောဗေရစခန်းသို့ ရောက်ကြလေသည်။ ထိုစခန်းတွင်ထာဝရ ဘုရားကမောရှေအား``လူအပေါင်းတို့ကို စုရုံးစေလော့။ ငါသည်သူတို့အားရေပေး မည်'' ဟုမိန့်တော်မူ၏။-
17 Ɛhɔ na Israelfoɔ too dwom sɛ, “Tue Ao, Abura! To ho dwom!
၁၇ထိုအခါဣသရေလအမျိုးသားတို့စပ်ဆို ကြသောသီချင်းသည်ကား၊- ``ရေတွင်းတို့ရေထွက်ကြလော့။ ငါတို့သည်သီချင်းဆို၍ကြိုဆိုမည်။
18 To abura yi ho dwom, mmapɔmma na wɔtuiɛ; na akunini titii mu wɔde wɔn ahempoma ne wɔn poma.” Afei, Israelfoɔ no firii ɛserɛ no so kɔfaa Matana,
၁၈မင်းညီမင်းသားနှင့်ခေါင်းဆောင်တို့တူးဖော် သော ရေတွင်း၊ရာဇလှံတံနှင့်တောင်ဝှေးများဖြင့် တူးဖော်သောရေတွင်းပေတည်း'' ဟူ၍ဖြစ် သည်။ သူတို့သည်ထိုတောကန္တာရမှမတ္တနာစခန်း သို့လည်းကောင်း၊-
၁၉ထိုမှတစ်ဖန်နဟာလျေလစခန်းသို့လည်း ကောင်း၊ နဟာလျေလစခန်းမှဗာမုတ်စခန်း သို့လည်းကောင်း၊-
20 Afei wɔkɔɔ Pisga atifi a ɛwɔ Moab bɔnhwa no mu, baabi a wogyina a wohunu asase tamaa no.
၂၀ဗာမုတ်စခန်းမှသဲကန္တာရကိုမျက်နှာမူနေသော ပိသဂါတောင်ခြေရှိမောဘချိုင့်ဝှမ်းသို့လည်း ကောင်းခရီးဆက်ကြလေသည်။
21 Afei, Israelfoɔ tuu abɔfoɔ ma wɔde nkra yi kɔmaa Amorifoɔhene Sihon sɛ:
၂၁ဣသရေအမျိုးသားတို့သည် အာမောရိဘုရင် ရှိဟုန်ထံသို့သံတမန်များစေလွှတ်လျက်၊-
22 “Momma yɛntwa mu mfa mo ɔman yi mu. Yɛbɛfa ɛkwan tempɔn so, na yɛremfiri so kɔsi sɛ yɛbɛtra mo hyeɛ. Yɛrentiatia mo mfudeɛ so, yɛremfa yɛn nsa nka mo bobe nturo, na yɛrennom mo abura mu nsuo.”
၂၂``အကျွန်ုပ်တို့အားမင်းကြီး၏ပြည်ကိုဖြတ် သွားခွင့်ပြုပါ။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ ၏သိုးနွားတိရစ္ဆာန်တို့သည် လမ်းမကြီးအတိုင်း သွားပါမည်။ မင်းကြီး၏လယ်ယာများနှင့် စပျစ်ဥယျာဉ်များကိုဖြတ်ကျော်သွားမည် မဟုတ်ပါ။ မင်းကြီး၏ရေတွင်းများမှရေကို လည်းမသောက်ပါ။ အကျွန်ုပ်တို့သည်မင်းကြီး ၏နယ်မြေမှထွက်သည်အထိ လမ်းမကြီး အတိုင်းဖြတ်သွားပါမည်'' ဟူ၍အခွင့် တောင်းစေ၏။-
23 Nanso ɔhene Sihon ampene so. Na mmom, ɔboaboaa nʼakodɔm ano kɔto hyɛɛ Israelfoɔ so wɔ ɛserɛ so hɔ ne wɔn koo wɔ Yahas.
၂၃သို့ရာတွင်ရှိဟုန်ဘုရင်သည်ဣသရေလ အမျိုးသားတို့အား မိမိ၏ပြည်ကိုဖြတ် သန်းခွင့်မပေးချေ။ သူသည်တောကန္တာရရှိ ယာဟတ်မြို့သို့စစ်ချီလာပြီးလျှင် ဣသရေလ အမျိုးသားတို့ကိုတိုက်ခိုက်လေသည်။-
24 Nanso Israelfoɔ no kunkumm wɔn faa wɔn asase a ɛfiri Asubɔnten Arnon kɔsi asuo Yabok ho toaa so kɔsii Amorifoɔ ahyeɛ so, nanso wɔkɔhyiaa Amon mma ahoɔdenfoɔ bi a wɔakyere sraban enti wɔantumi anko ankɔ wɔn anim bio.
၂၄သို့ရာတွင်ဣသရေလအမျိုးသားတို့သည်ရန် သူများစွာတို့ကို တိုက်ပွဲ၌ကျဆုံးစေပြီးလျှင် အာနုန်မြစ်မှမြောက်ဘက်အမ္မုန်ပြည်နယ်စပ် ယဗ္ဗုတ်မြစ်တိုင်အောင် ရှိဟုန်ဘုရင်၏နယ်မြေ များကိုသိမ်းယူကြလေသည်။ အမ္မုန်ပြည် နယ်စပ်တိုင်အောင်သာချီတက်နိုင်ခြင်းမှာ ထိုနယ်စပ်ကိုခိုင်ခံ့စွာကာကွယ်ထားခြင်း ကြောင့်ဖြစ်သည်။-
25 Enti Israelfoɔ no faa Amorifoɔ no nkuro akɛseɛ nyinaa a Hesbon kuropɔn ne ne nkuraase nyinaa ka ho tenaa mu.
၂၅ဤနည်းအားဖြင့်ဣသရေလအမျိုးသားတို့ သည် ဟေရှဘုန်မြို့နှင့်ပတ်ဝန်းကျင်ရှိမြို့များ အပါအဝင် အာမောရိအမျိုးသားတို့၏မြို့ အားလုံးကိုသိမ်းပိုက်၍ ထိုမြို့များတွင်နေ ထိုင်ကြလေသည်။-
26 Na Hesbon yɛ Amorifoɔhene Sihon Kuropɔn. Sihon na ɛda bi ɔko tiaa Moabhene faa ne nsase nyinaa bɛsii Asubɔnten Arnon no.
၂၆ဟေရှဘုန်မြို့သည်ကားရှိဟုန်ဘုရင်နန်းစိုက် သောမြို့တော်ဖြစ်သည်။ ရှိဟုန်ဘုရင်၏ပိုင်နက် မှာအာနုန်မြစ်တိုင်အောင်ကျယ်ပြန့်သော ယခင် မောဘပြည်ဘုရင်ပိုင်နက်ဖြစ်သည်။ ထိုနယ်မြေ ကိုရှိဟုန်ဘုရင်ကတိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်။-
27 Ne sei enti tete, anwensɛm twerɛfoɔ twerɛɛ yei faa ne ho sɛ, “Bra Hesbon, Sihon kuropɔn, yɛnkyekyere na ɛnsi ne dada mu.
၂၇သို့ဖြစ်၍ကဗျာဆရာတို့က၊ ``ရှိဟုန်ဘုရင်၏မြို့တော်ဟေရှဘုန်မြို့သို့ လာကြလော့။ ငါတို့သည်ထိုမြို့ကိုအသစ်တစ်ဖန်တည်ကြ ကုန်စို့။
28 “Egya turi firii Hesbon Ogyaframa firii Sihon ahenkuro mu, Ɛhyee Ar kuropɔn a ɛwɔ Moab; ɛsɛee sodifoɔ a wɔwɔ Arnon mmepɔ so.
၂၈တစ်ခါကရှိဟုန်ဘုရင်၏တပ်သည်ဟေရှဘုန် မြို့မှ ထွက်သောမီးလျှံကဲ့သို့ချီတက်၍ မောဘပြည်အာရမြို့ကိုဖျက်ဆီးလျက် အာနုန်မြစ် အထက်ပိုင်းရှိတောင်များကိုလောင်ကျွမ်းစေ၏။
29 Ao Moabfoɔ, mosɛeɛ bɛba mu! Wɔawie mo, mo a mosom Kemos! Kemos agya ne mmammarima sɛ atutenafoɔ, Ne ne mmammaa sɛ Amorifoɔhene Sihon nnommumfoɔ.
၂၉မောဘပြည်သားတို့သင်တို့သည်အလွန် ဆင်းရဲဒုက္ခရောက်ကြရပါပြီတကား။ ခေမုရှဘုရားကိုကိုးကွယ်သောအသင်တို့ ပျက်စီးရကြလေပြီ။ သင်တို့၏ဘုရားများသည်သင်တို့၏အမျိုး သားများကို စစ်ပြေးဒုက္ခသည်များဖြစ်စေ၍၊ အမျိုးသမီးများကိုအာမောရိဘုရင်၏ သုံ့ပန်းများဖြစ်စေ၏။
30 “Yɛasɛe wɔn pasaa, ɛfiri Hesbon tɔnn kɔsi Dibon. Yɛasɛe wɔn ara akɔsi Nofa De kɔ ara kɔsi Medeba.”
၃၀သို့ဖြစ်၍သူတို့၏အဆက်အနွယ်တို့သည် ဟေရှဘုန်မြို့မှဒိဘုန်မြို့သို့လည်းကောင်း၊ နာရှင်မြို့မှမေဒဘမြို့အနီးနောဖာမြို့သို့ လည်းကောင်း၊ ဖျက်ဆီးသုတ်သင်ခြင်းခံရလေပြီ'' ဟူ၍ စပ်ဆိုကြ၏။
31 Enti Israelfoɔ no tenaa Amorifoɔ asase so.
၃၁သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် အာမောရိပြည်တွင်အခြေချနေထိုင်ကြ လေသည်။-
32 Mose somaa akwansrafoɔ sɛ wɔnkɔsrasra Yaser fa mu hɔ. Ɔde asraafoɔ toaa wɔn, faa wɔn nkuro nyinaa, pamoo Amorifoɔ no.
၃၂မောရှေသည်ယာဇာမြို့ကိုမတိုက်ခိုက်မီ လူကို စေလွှတ်၍ထောက်လှမ်းစေ၏။ ဣသရေလအမျိုး သားတို့သည်ထိုမြို့နှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ များကိုတိုက်ခိုက်သိမ်းပိုက်သဖြင့် အာမောရိ အမျိုးသားတို့သည်ထိုမြို့များမှထွက်ပြေး ကြ၏။
33 Afei, wɔde wɔn ani kyerɛɛ kuro kɛseɛ Basan, nanso Basanhene Og de nʼasraafoɔ hyiaa wɔn wɔ Edrei.
၃၃ထိုနောက်ဣသရေလအမျိုးသားတို့သည် ဗာရှန် ပြည်ကိုဦးတည်ချီတက်ကြလေသည်။ ထိုအခါ ဗာရှန်ပြည်ဘုရင်သြဃသည်စစ်ချီ၍ ဣသ ရေလအမျိုးသားတို့ကိုဧဒြိအရပ်တွင် တိုက်ခိုက်လေသည်။-
34 Awurade ka kyerɛɛ Mose sɛ ɔnnsuro na wadi atamfoɔ no so dada. Awurade sane hyɛɛ Mose nkuran sɛ asɛm a ɛtoo ɔhene Sihon wɔ Hesbon no, saa asɛm korɔ no ara bi na ɛbɛto no.
၃၄ထာဝရဘုရားကမောရှေအား``သူ့ကိုမ ကြောက်နှင့်။ သူနှင့်တကွပြည်သူပြည်သား အပေါင်းတို့ကိုလည်းကောင်း၊ သူ၏ပြည်ကို လည်းကောင်းသင့်လက်၌ငါအပ်ပေးမည်။ သင်သည်ဟေရှဘုန်မြို့တွင်စိုးစံသော အာ မောရိဘုရင်ရှိဟုန်အားပြုသကဲ့သို့သူ့ အားပြုလော့'' ဟုမိန့်တော်မူ၏။-
35 Ampa ara, Israelfoɔ dii nkonim na wɔkumm ɔhene Og ne ne mmammarima ne ne nkurɔfoɔ nyinaa a anka wɔn mu baako mpo. Enti Israelfoɔ no tenaa asase no so.
၃၅ထိုကြောင့်ဣသရေလအမျိုးသားတို့သည် သြဃဘုရင်နှင့်သူ၏သားများအပါအဝင် တိုင်းသူပြည်သားတို့ကိုတစ်ယောက်မကျန် သုတ်သင်သတ်ဖြတ်ပြီးနောက်တိုင်းပြည်ကို သိမ်းပိုက်လေသည်။