< Amos 8 >
1 Afei, deɛ Otumfoɔ Awurade yi kyerɛɛ me nie: kɛntɛn a aduaba a abereɛ wɔ mu.
၁ငါသည်အရှင်ထာဝရဘုရားထံမှရူပါရုံ တစ်ခုကိုမြင်ရ၏။ ထိုရူပါရုံတွင်အသီး မှည့်များထည့်ထားသောခြင်းတောင်းတစ်ခု ကိုတွေ့ရ၏။-
2 Ɔbisaa sɛ, “Ɛdeɛn na wohunu, Amos?” Mebuaa sɛ, “Kɛntɛn a wɔde nnuaba a abereɛ ahyɛ no ma.” Ɛna Awurade ka kyerɛɛ me sɛ, “Me nkurɔfoɔ Israelfoɔ berɛ no aso; meremfa wɔn ho nnkyɛ wɔn bio.”
၂ထာဝရဘုရားကငါ့အား``အာမုတ် အဘယ်အရာကိုမြင်သနည်း'' ဟု မေး တော်မူသဖြင့်၊ ငါကလည်း``အသီးမှည့်များထည့်ထားသော ခြင်းတောင်းတစ်ခုကိုမြင်ရပါသည်'' ဟု လျှောက်လေသည်။ ထာဝရဘုရားကငါ ၏လူမျိုးတော်ဣသရေလတို့သည်မှည့် ရော်၍ ကြွေပျက်တော့မည့်နောက်ဆုံးသော ကာလသို့ရောက်လာပြီ။ ငါသည်သူတို့ ၏ပြစ်မှုများကိုသည်းမခံတော့ဘဲ အပြစ်ပေးရတော့မည်။-
3 Sɛdeɛ Otumfoɔ Awurade seɛ nie, “Saa ɛda no, asɔrefie nnwontoɔ bɛdane menabɔ. Wɔbɛbɔ afunu bebree apete baabiara! Enti yɛ komm!”
၃ထိုနေ့၌နန်းတွင်းတေးသံတို့သည် ငိုကြွေး သံများအဖြစ်သို့ကူးပြောင်းသွားလိမ့်မည်။ နေရာအနှံ့အပြား၌အလောင်းကောင် များရှိနေပြီး ယင်းအလောင်းများကိုတိတ် တဆိတ်စွန့်ပစ်ကြလိမ့်မည်'' ဟုအရှင် ထာဝရဘုရားမိန့်တော်မူ၏။
4 Montie saa asɛm yi, mo a motiatia mmɔborɔwafoɔ so, na mopam ahiafoɔ firi wɔn asase so,
၄ငတ်မွတ်သူများကိုနင်းချေ၍ဆင်းရဲသော ပြည်သူတို့အား ဖိနှိပ်ချုပ်ချယ်နေကြသူ တို့၊ ဤစကားကိုနားထောင်ကြလော့။-
5 na moka sɛ, “Ɛberɛ bɛn na ɔbosome foforɔ bɛtwam ama yɛatɔn aduane, na Homeda bɛba awieeɛ ama yɛadi ayuo dwa?” Sɛ mobɛhyɛ susukora mu na moatoto ɛboɔ so na mode nsania a wɔamia mu asisi atɔfoɔ,
၅``ငါတို့သည်ဂျုံစပါးကိုရောင်းလိုလှပြီ။ သန့်ရှင်းရာနေ့လွန်အောင်ပင်မစောင့်နိုင်အောင် ဖြစ်နေကြပြီ။ ဥပုသ်နေ့သည်ဘယ်သောခါ မှကုန်ပါမည်နည်း။ ထိုနေ့လွန်လျှင်ငါတို့ သည်မမှန်သောတင်းတောင်းနှင့် အလေးခိုး ပြီးမမှန်သောချိန်ခွင်ကိုသုံး၍စျေးတင် ရောင်းချမည်။-
6 na mode dwetɛ atɔ ahiafoɔ na mmɔborɔwafoɔ nso moatɔn wɔn agye mpaboa, na moapra ayuo ase afra ayuo mu atɔn.
၆တန်ဖိုးမရှိသောဂျုံစပါးကိုတက်စျေး ဖြင့်ရောင်းမည်။ အကြွေးနစ်လွန်းသဖြင့် ဆင်းရဲနေသူကိုရှာပြီးကျွန်အဖြစ်နှင့် ခြေနင်းတစ်ရံစာမျှဖြင့်ဝယ်ယူမည်'' ဟုသင်တို့ဆိုကြလေပြီ။
7 Awurade de Yakob ahohoahoa aka ntam sɛ: “Me werɛ remfiri biribiara a wɔayɛ da.
၇ထာဝရဘုရားက``ငါသည်ဤသူတို့၏ ယုတ်မာမှုများကို ဘယ်သောခါမှမမေ့ နိုင်ဟုယာကုပ်၏ဘုန်းတန်ခိုးကိုတိုင်တည် ၍ကျိန်ဆိုတော်မူပြီ။-
8 “Asase renwoso wɔ deɛ asie yi ho anaa, na wɔn a wɔte mu nyinaa ntwa adwo anaa? Asase no nyinaa bɛpagya ne ho te sɛ Nil ɛbubu afa so, na asane atwe bio te sɛ Misraim asubɔnten.”
၈ဤပြစ်မှုများကြောင့်မြေငလျင်ကြီးလှုပ်ခါ တစ်ပြည်လုံးရှိပြည်သူမှန်သမျှဝမ်းနည်းပူ ဆွေးရကြမည်။ တစ်နိုင်ငံလုံးသည်အီဂျစ်ပြည် မှနိုင်းမြစ်ကဲ့သို့တက်၍ကျ၍ဆတ်ဆတ် ခါအောင်တုန်လှုပ်သွားလိမ့်မည်။-
9 Sɛdeɛ Otumfoɔ Awurade seɛ nie, “Saa ɛda no, mɛma owia atɔ owigyinaeɛ, na mama esum aduru asase so awia ketee.
၉ငါသည်ထိုနေ့တွင်မွန်းတည့်အချိန်၌နေကို ဝင်စေပြီးနေ့အချိန်မှာပင် မြေတစ်ပြင်လုံး ၌အမှောင်ဖုံးသွားစေမည်ဟုအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
10 Mɛdane mo nyamesom apontoɔ ama ayɛ awerɛhoɔdie na mo nnwontoɔ nyinaa adane osu. Mɛma mo nyinaa afira ayitoma na mayi mo tirinwi. Mɛyɛ saa da no te sɛ ɔba korɔ ho awerɛhoɔdie da na awieeɛ no ayɛ sɛ da a ɛyɛ nwono.
၁၀သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။
11 “Nna no reba” sɛdeɛ Otumfoɔ Awurade seɛ nie, “Mɛma ɛkɔm aba asase no so, ɛnnyɛ aduane ɛkɔm anaa nsukɔm, na mmom, Awurade asɛm ho ɛkɔm.
၁၁``တစ်ပြည်လုံးငတ်မွတ်ရမည့်ကပ်ဆိုးကြီး ကိုငါကျရောက်စေမည်။ အစာအတွက်ငတ် မွတ်ခြင်းမဟုတ်။ ရေကိုဆာလောင်ခြင်းလည်း မဟုတ်။ ထာဝရဘုရားထံတော်မှသတင်း စကားတော်ကိုငတ်မွတ်ခြင်းပင်ဖြစ်လိမ့်မည်။ ထိုနေ့များရောက်ရှိလာတော့မည်။ ငါအရှင် ထာဝရဘုရားမိန့်တော်မူပြီ။-
12 Nnipa bɛtɔ ntentan akyinkyin firi ɛpo so akɔ ɛpo so na wɔakyinkyini afiri atifi fam akɔ apueeɛ fam, sɛ wɔrekɔhwehwɛ Awurade asɛm, nanso wɔrenhunu.
၁၂လူတို့သည်ပင်လယ်သေမှမြေထဲပင်လယ် တိုင်အောင်လည်းကောင်း မြောက်အရပ်မှအရှေ့ သို့လည်းကောင်း၊ နေရာအနှံ့အပြား၌သတင်း စကားတော်ကိုလှည့်လည်၍ရှာကြသော်လည်း သတင်းစကားတော်ကိုမတွေ့ဘဲနေကြ လိမ့်မည်။-
13 “Na saa da no “mmabaawa ahoɔfɛfoɔ ne mmarimaa ahoɔdenfoɔ bɛtotɔ baha ɛsiane osukɔm enti.
၁၃ထိုနေ့၌အလွန်ကျန်းမာသည့်လုလင်နှင့် မိန်းမပျိုများပင်လျှင်ရေငတ်လွန်းသဖြင့် လဲကြလိမ့်မည်။-
14 Wɔn a wɔde Samaria aniwuo abosom ka ntam, anaa wɔde Dan ne Beer-Seba abosom ka ntamka no, wɔbɛhwehwe ase na wɔrensɔre bio.”
၁၄ရှမာရိဘုရားရုပ်တုများကိုတိုင်တည်ကာ ကျိန်ဆိုလေ့ရှိသူများ`ဒန်ဘုရား' ကိုသော် လည်းကောင်း `ဗေရရှေဘမြို့လမ်းရှိဘုရား' ကို လည်းကောင်း၊ ထိုဘုရားတို့အသက်ရှင်တော် မူသည့်အတိုင်းဟုတိုင်တည်ကာ ကျိန်ဆို တတ်သူအပေါင်းတို့သည်ပြန်မထနိုင် အောင်ပင်ပြိုလဲတော့မည်'' ဟုမိန့်တော် မူ၏။