< 2 Berɛsosɛm 6 >
1 Afei, Salomo bɔɔ mpaeɛ sɛ, “Ao Awurade, woaka sɛ, wobɛtena omununkum kusuu mu.
၁ရှောလမုန်က ``အို ထာဝရဘုရား၊ကိုယ်တော်သည် စံတော်မူရန်အတွက်မိုးတိမ်နှင့်မှောင်မိုက်ကို ရွေးချယ်တော်မူပါပြီ။
2 Afei, masi Asɔredan a ɛho wɔ nyam ama wo, baabi a wobɛtumi atena afebɔɔ.”
၂ယခုအခါအကျွန်ုပ်သည်ကိုယ်တော်စံတော်မူရာ ဗိမာန်တော်၊ ကိုယ်တော်ထာဝစဉ်ကိန်းဝပ်တော်မူရာ ဌာနတော်ကိုတည်ဆောက်ပြီးပါပြီ'' ဟု ပတ္ထနာပြုတော်မူ၏။
3 Na ɔhene no danee ne ho kyerɛɛ ɔmanfoɔ a wɔgyina nʼanim no nyinaa, hyiraa wɔn sɛ,
၃ဣသရေလပြည်သူအပေါင်းတို့သည်ထိုနေရာ တွင်ရပ်လျက်နေကြ၏။ မင်းကြီးသည်သူတို့ ဘက်သို့မျက်နှာမူပြီးလျှင် သူတို့အားဘုရားသခင်ကောင်းချီးပေးရန်တောင်းလျှောက်တော် မူ၏။-
4 “Nhyira nka Awurade, Israel Onyankopɔn, a wadi ɛbɔ a ɔhyɛɛ mʼagya Dawid no so, ɛfiri sɛ, ɔka kyerɛɛ mʼagya sɛ,
၄ထိုနောက်မင်းကြီးက``ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့။ ကိုယ်တော်သည်ငါ၏ခမည်းတော် ဒါဝိဒ်အားငါသည် ငါ၏လူမျိုးတော်အားပေး အပ်ခဲ့သည့်ကတိတော်ကိုတည်မြဲစေလေပြီ။-
5 ‘Ɛfiri da a meyii me nkurɔfoɔ firii Misraim no, menyii kuropɔn biara mfirii Israel mmusuakuo no mu sɛ baabi a ɛsɛ sɛ wɔsi Asɔredan, de hyɛ me din animuonyam. Ɛnna nso, menyii ɔhene biara sɛ ɔnni me nkurɔfoɔ Israelfoɔ anim.
၅`သူတို့ကိုအီဂျစ်ပြည်ကထုတ်ဆောင်ခဲ့ချိန် မှအစပြု၍ယနေ့တိုင်အောင် ငါသည်အဘယ် ဣသရေလမြို့ကိုမျှငါ့အားဝတ်ပြုကိုးကွယ် ရာဌာနအဖြစ်ဖြင့်ရွေးချယ်သတ်မှတ်ခဲ့ဖူး သည်မရှိ။ အဘယ်သူကိုမျှလည်းငါ၏လူ မျိုးတော်ဣသရေလအမျိုးသားတို့အား ခေါင်းဆောင်ရန်မရွေးမချယ်ခဲ့။-
6 Nanso, afei, mayi Yerusalem sɛ kuropɔn, ne Dawid sɛ ɔhene.’”
၆သို့ရာတွင်ယခုငါသည်ယေရုရှလင်မြို့ ကိုငါ့အားကိုးကွယ်ဝတ်ပြုရန်ဌာနအဖြစ် ဖြင့်လည်းကောင်း၊ အချင်းဒါဝိဒ်၊ သင့်အားငါ ၏လူမျိုးတော်ကိုအုပ်စိုးမည့်သူအဖြစ် ဖြင့်လည်းကောင်းရွေးချယ်ထားလေပြီ' ဟူ ၍မိန့်တော်မူ၏'' ဟုဆို၏။
7 Afei, Salomo kaa sɛ, “Mʼagya Dawid pɛɛ sɛ ɔsi saa Asɔredan yi de hyɛ Awurade, Israel Onyankopɔn din animuonyam.
၇ထိုနောက်ရှောလမုန်သည်ဆက်လက်၍``ငါ၏ ခမည်းတော်သည်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားအား ကိုး ကွယ်ဝတ်ပြုရာဗိမာန်တော်ကိုတည်ဆောက် ရန်ကြံစည်ခဲ့သော်လည်း၊-
8 Nanso, Awurade ka kyerɛɛ no sɛ, ‘Ɛyɛ sɛ wopɛ sɛ wosi asɔredan de hyɛ me din animuonyam
၈ထာဝရဘုရားကသူ့အား`ငါ့အဖို့ဗိမာန် တော်တည်ဆောက်ရန်သင်ဆန္ဒပြုသည်မှာ လျောက်ပတ်ပေသည်။-
9 nanso, ɛnyɛ wo na wobɛyɛ. Mmom, wo mmammarima no mu baako na ɔbɛsi.’
၉သို့ရာတွင်သင်သည်ဗိမာန်ကိုတည်ဆောက်ရမည် မဟုတ်။ တည်ဆောက်မည့်သူမှာသင်၏ရင်သွေး ဖြစ်သောသင်၏သားတော်ပင်ဖြစ်၏' ဟုမိန့် တော်မူ၏။
10 “Na afei, Awurade ayɛ deɛ ɔhyɛɛ ho bɔ no, ɛfiri sɛ, masi mʼagya anan mu sɛ ɔhene. Masi saa Asɔredan yi de ahyɛ Awurade, Israel Onyankopɔn din animuonyam.
၁၀``ယခုအခါထာဝရဘုရားသည်ကတိတော် ကိုတည်စေတော်မူပြီ။ ငါသည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်ပြီးလျှင် ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာ ဗိမာန်တော်တည်ဆောက်ပြီးလေပြီ။-
11 Ɛhɔ na mede Adaka no asi, na Adaka no mu nso na apam a Awurade ne Israelfoɔ yɛeɛ no hyɛ.”
၁၁ငါသည်ဣသရေလအမျိုးသားတို့နှင့်ထာဝရ ဘုရားပြုတော်မူသော ပဋိညာဉ်တော်ဆိုင်ရာ ကျောက်ပြားများပါရှိသည့်ပဋိညာဉ်သေတ္တာ တော်ကိုလည်းဗိမာန်တော်တွင်ထားရှိပြီး လေပြီ'' ဟုပြည်သူတို့အားမိန့်တော်မူ၏။
12 Na Salomo pagyaa ne nsa kyerɛɛ soro wɔ Awurade afɔrebukyia ne Israel manfoɔ no nyinaa anim.
၁၂ထိုနောက်လူတို့၏မျက်မှောက်တွင်ရှောလမုန် သည်ယဇ်ပလ္လင်ရှေ့သို့သွား၍ရပ်တော်မူပြီး လျှင် လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုတော် မူ၏။-
13 Na wabɔ kɔbere mfrafraeɛ apa a nʼatweeɛmu yɛ anammɔn nson ne fa, ne tɛtrɛtɛ yɛ anammɔn nson ne fa, na ne ɔsorokɔ yɛ anammɔn ɛnan ne fa, de asi asɔredan no adihɔ mfimfini. Ɔgyinaa apa no so wɔ nnipa no nyinaa anim. Ɔbuu nkotodwe, maa ne nsa so kyerɛɛ soro.
၁၃(ရှောလမုန်သည်အလျားရှစ်ပေ၊ အနံရှစ်ပေ၊ အမြင့်ငါးပေရှိသောကြေးနီပလ္လင်စင်မြင့် ကိုတည်ဆောက်ပြီးတံတိုင်းအလယ်တွင်ထား တော်မူခဲ့၏။ မင်းကြီးသည်ထိုပလ္လင်စင်မြင့်ပေါ် သို့တက်၍လူအပေါင်းမြင်သာသည့်နေရာ တွင်ဒူးထောက်ကာလက်အုပ်ချီလျက်၊-)
14 Ɔbɔɔ mpaeɛ sɛ, “Ao Awurade, Israel Onyankopɔn, Onyankopɔn biara nni hɔ sɛ wo wɔ ɔsoro ne asase so nyinaa. Wodi wo bɔhyɛ so, na woda wo dɔ a ɛwɔ hɔ daa no adi kyerɛ wɔn a wɔtie wo na wɔn ani gye sɛ wɔbɛyɛ wʼapɛdeɛ nyinaa.
၁၄``အို ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်နှင့်တူသော ဘုရားမိုးမြေ၌မရှိပါ။ ကိုယ်တော်၏လူမျိုး တော်သည်စကားတော်ကိုတစ်သဝေမတိမ်း နာယူကျင့်သုံးကြသောအခါကိုယ်တော် သည်သူတို့နှင့်ထားရှိသည့်ပဋိညာဉ်တော် ကိုစောင့်ထိန်းတော်မူလျက်သူတို့အား မေတ္တာတော်ကိုပြတော်မူပါ၏။-
15 Wo bɔ a wohyɛɛ wo ɔsomfoɔ Dawid a ɔyɛ mʼagya no, woadi so. Wʼankasa wʼano na wode hyɛɛ bɔ no, na ɛnnɛ, wonam wʼankasa wo nsa so ama aba mu.
၁၅ကိုယ်တော်သည်အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ် အား ပေးခဲ့သည့်ကတိတော်ကိုတည်စေတော် မူပါပြီ။ ကိုယ်တော်မိန့်တော်မူခဲ့သမျှ အတိုင်းယနေ့အကောင်အထည်ပေါ်ပါပြီ။-
16 “Afei, Ao Awurade, Israel Onyankopɔn, ma ɛbɔ a wokɔɔ so hyɛɛ wo ɔsomfoɔ Dawid a ɔyɛ mʼagya no mmra mu. Woka kyerɛɛ no sɛ, ‘Sɛ wʼasefoɔ bɔ wɔn bra yie, na wɔdi me mmara so sɛdeɛ woayɛ no a, wɔbɛdi Israel so ɔhene daa daa.’
၁၆အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏ ခမည်းတော်ဒါဝိဒ်အား`သင်၏သားမြေးတို့ သည်သင်နည်းတူပညတ်တော်ကိုဂရုပြု၍ လိုက်လျှောက်ကြလျှင် ဣသရေလပြည်တွင် အဘယ်အခါ၌မျှသင်၏အမျိုးမင်းရိုး ပြတ်မည်မဟုတ်' ဟုပေးတော်မူခဲ့သည့် ကတိတော်ကိုလည်းတည်စေတော်မူ ပါ။-
17 Afei, Ao Awurade, Israel Onyankopɔn, di saa bɔ a woahyɛ wo ɔsomfoɔ Dawid no so.
၁၇အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏အစေခံ၊ အကျွန်ုပ် ၏ခမည်းတော်ဒါဝိဒ်အားကတိထားတော်မူ သမျှတို့ကိုယခုဖြစ်ပွားစေတော်မူပါ။''
18 “Ɛyɛ nokorɛ sɛ Onyankopɔn bɛtena nnipa mu wɔ asase so? Ɔsorosoro nohoa mpo ntumi nkora wo, na ɛbɛyɛ dɛn na Asɔredan a masie yi bɛtumi akora wo.
၁၈``သို့ရာတွင်ဘုရားသခင်သည်လူတို့နှင့် အတူကမ္ဘာမြေကြီးပေါ်တွင် အကယ်ပင်စံ နေတော်မူနိုင်ပါသလော။ ကောင်းကင်ဘဝဂ် ပင်လျှင်ကိုယ်တော်စံနေတော်မူနိုင်အောင် မကျယ်ဝန်းပါလျှင်အကျွန်ုပ်တည်ဆောက် သည့်ဗိမာန်တော်ကားစံနေတော်မူနိုင်ရန် ကျယ်ဝန်းမည်မဟုတ်ပါ။-
19 Tie me mpaeɛbɔ ne mʼadesrɛdeɛ, Ao Awurade, me Onyankopɔn. Tie osufrɛ ne mpaeɛ a wo ɔsomfoɔ rebɔ no.
၁၉အရှင်ထာဝရဘုရား၊ ကျွန်ုပ်သည်ကိုယ်တော် ၏ကျွန်ဖြစ်ပါ၏။ အကျွန်ုပ်ဆုတောင်းသံကို နားညောင်းတော်မူပါ။ အကျွန်ုပ်တောင်းသော ဆုကိုပေးသနားတော်မူပါ။-
20 Hwɛ saa Asɔredan yi so, beaeɛ a woaka sɛ wode wo din bɛto so no, awia ne anadwo. Daa, tie me mpaeɛ a mebɔ wɔ ha no.
၂၀ဤဗိမာန်တော်ကိုနေ့ညမပြတ်စောင့်ထိန်း ကြည့်ရှုတော်မူပါ။ ဤဌာနတော်တွင်ကိုယ် တော်အားကိုးကွယ်ဝတ်ပြုရကြမည်ဖြစ် ကြောင်းကိုယ်တော်မိန့်မှာတော်မူခဲ့သည်ဖြစ် ၍ ဤဗိမာန်တော်ကိုမျက်နှာမူလျက်အကျွန်ုပ် ဆုတောင်းသောအခါနားညောင်းတော်မူ ပါ။-
21 Tie mʼahobrɛaseɛ ne nokorɛ adebisa a me ne wo nkurɔfoɔ Israelfoɔ bɔ mpaeɛ wɔ ha de to wʼanim no. Aane, tie yɛn firi soro baabi a wote no; na sɛ wote nso a, fa kyɛ.
၂၁အကျွန်ုပ်၏ဆုတောင်းပတ္ထနာများကိုလည်း ကောင်း၊ ဤအရပ်သို့မျက်နှာမူလျက်ကိုယ် တော်၏လူမျိုးတော်ပြုသော ဆုတောင်းပတ္ထနာ များကိုလည်းကောင်းနားညောင်းတော်မူပါ။ ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံမှ အကျွန်ုပ်တို့လျှောက်ထားချက်များကို နား ညောင်းတော်မူပြီးလျှင်အကျွန်ုပ်တို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ။''
22 “Sɛ obi fom obi, na ɛho hia sɛ ɔka ho ntam sɛ ɔnnim ho hwee wɔ afɔrebukyia a ɛsi asɔredan mu no anim a,
၂၂``လူတစ်ယောက်သည်အခြားလူတစ်ယောက် အားမတရားပြုမှုနှင့်စွပ်စွဲခြင်းခံရသဖြင့် မိမိတွင်အပြစ်မရှိကြောင်းဤဗိမာန်တော်ရှိ ကိုယ်တော်၏ယဇ်ပလ္လင်တော်ရှေ့တွင်ကျမ်း ကျိန်သောအခါ၊-
23 tie firi soro, na bu wʼasomfoɔ baanu no a ɛyɛ deɛ wɔabɔ no soboɔ no ne soboɔbɔfoɔ no ntam atɛn. Deɛ ɔdi fɔ no, twe nʼaso na gyaa deɛ ɔdi bem no.
၂၃အို ထာဝရဘုရား၊ ကောင်းကင်ဘုံမှနားထောင် တော်မူပြီးလျှင်ကိုယ်တော်၏အစေခံများ အားတရားစီရင်တော်မူပါ။''
24 “Sɛ wo nkurɔfoɔ Israelfoɔ yɛ bɔne tia wo, na ɛno enti wɔn atamfoɔ di wɔn so nkonim na wɔsane ba wo nkyɛn, bɔ wo din na wɔbɔ wo mpaeɛ wɔ Asɔredan yi mu a,
၂၄``ကိုယ်တော်၏လူမျိုးတော်ဣသရေလအမျိုး သားတို့သည် ကိုယ်တော်ကိုပြစ်မှားသည့်အတွက် ရန်သူတို့လက်တွင်အရေးရှုံးနိမ့်ရကြသဖြင့် သူတို့သည်မိမိတို့အပြစ်များမှဖြေလွှတ် ရန်အထံတော်သို့ပြန်လာ၍ဤဗိမာန်တော် သို့လာရောက်ကာစိတ်နှိမ့်ချလျက်ဆုတောင်း ပတ္ထနာပြုကြသောအခါ၊-
25 tie firi soro, na fa wɔn bɔne kyɛ wɔn, na ma wɔnsane nkɔ asase a wode maa wɔn agyanom no so.
၂၅ကောင်းကင်ဘုံမှသူတို့၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူပါ။ လူမျိုးတော်၏အပြစ် များကိုဖြေလွှတ်တော်မူ၍ သူတို့နှင့်သူတို့ ၏ဘိုးဘေးများအားအပိုင်ပေးသနား တော်မူသည့်ပြည်တော်သို့ပြန်လည်ပို့ဆောင် တော်မူပါ။''
26 “Sɛ wo nkurɔfoɔ yɛ bɔne tia wo, na ɛno enti wɔto ɔsoro mu na osuo antɔ na wɔbɔ mpaeɛ wɔ Asɔredan yi mu, bɔ wo din, twe wɔn ho firi wɔn bɔne ho, ɛfiri sɛ, woatwe wɔn aso a,
၂၆``ကိုယ်တော်အားလူမျိုးတော်ပြစ်မှားသည့် အတွက် မိုးခေါင်စေတော်မူသောအခါသူတို့ သည်နောင်တရ၍ ဤဗိမာန်တော်သို့မျက်နှာ မူကာစိတ်နှလုံးနှိမ့်ချလျက်ဆုတောင်း ပတ္ထနာပြုပါလျှင်၊-
27 tie firi soro, na fa wʼasomfoɔ, wo nkurɔfoɔ Israelfoɔ bɔne no kyɛ. Kyerɛ wɔn deɛ ɛyɛ, na ma osuo ntɔ ngu wʼasase a wode ama wo nkurɔfoɔ sɛ wɔn agyapadeɛ sononko no so.
၂၇အို ထာဝရဘုရား၊ ကောင်းကင်ဘုံမှနားညောင်း တော်မူပါ။ ကိုယ်တော်၏အစေခံဣသရေလ ပြည်သူတို့၏အပြစ်များကိုဖြေလွှတ်တော် မူပါ။ သူတို့အားလမ်းမှန်ကိုပြညွှန်တော်မူ ပါ။ ကိုယ်တော်၏လူမျိုးတော်အားအပိုင်ပေး သနားတော်မူသည့်ပြည်တော်တွင်မိုးရွာ စေတော်မူပါ။''
28 “Sɛ ɛkɔm si asase no so anaa ɔyaredɔm ba so anaa mfudeɛ nyarewa ba anaa ntutummɛ ne asa bɛgu mfudeɛ so, anaa wo nkurɔfoɔ atamfoɔ ba asase no so bɛtua wɔn nkuro a, sɛdeɛ ɔhaw no te biara no,
၂၈``ပြည်တော်တွင်အစာငတ်မွတ်ခေါင်းပါး သောအခါ၊ အနာရောဂါဘေးဆိုက်သော အခါ၊ ကောက်ပဲသီးနှံတို့သည်လေပူမိခြင်း၊ ပိုးထိခြင်းသို့မဟုတ်ကျိုင်းကောင်အုပ်ကျ ခြင်းတို့ကြောင့်ပျက်စီးသွားသောအခါ၊ ကိုယ်တော်၏လူမျိုးတော်အားရန်သူတို့ တိုက်ခိုက်ကြသောအခါ၊ သူတို့တွင်ဘေး ဥပဒ်၊ အနာရောဂါတစ်စုံတစ်ရာကပ် ရောက်သောအခါ၊-
29 sɛ wo nkurɔfoɔ bɔ mpaeɛ wɔ wɔn haw ne awerɛhoɔ ho, na wɔpagya wɔn nsa wɔ asɔredan yi mu a,
၂၉သူတို့ပြုသောဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပါ။ အကယ်၍ကိုယ်တော်၏လူမျိုး တော်ဣသရေလအမျိုးသားအချို့တို့သည် လှိုက်လှဲစွာဝမ်းနည်းလျက် ဤဗိမာန်တော် ဘက်သို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြု ကြလျှင်-
30 tie firi ɔsoro deɛ wote hɔ, na fa kyɛ. Fa biribiara a ɛfata wo nkurɔfoɔ no ma wɔn, ɛfiri sɛ, wo nko ara na wonim onipa akoma mu.
၃၀သူတို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော် မူပါ။ ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံ မှနားညောင်းတော်မူ၍ သူတို့အားအပြစ် ဖြေလွှတ်တော်မူပါ။ ကိုယ်တော်သာလျှင်လူ ၏အကြံအစည်ကိုသိတော်မူပါ၏။ လူ တစ်ဦးစီအားထိုက်သင့်သည့်အတိုင်း စီရင်တော်မူပါ။-
31 Ɛno akyi wɔbɛsuro wo na wɔanante wʼakwan so mmerɛ dodoɔ a wɔte asase a wode maa yɛn agyanom no so.
၃၁သို့မှသာလျှင်ကိုယ်တော်၏လူမျိုးတော်သည် ဘိုးဘေးတို့အားပေးသနားတော်မူသည့် ပြည်တော်တွင် နေထိုင်သမျှကာလပတ်လုံး ကိုယ်တော်ကိုကြောက်ရွံ့ရိုသေကြပါလိမ့် မည်။''
32 “Na sɛ ananafoɔ te wo nka ne wo nsɛnkyerɛnneɛ akɛseɛ no, na wɔfiri akyirikyiri bɛsom wo din kɛseɛ no, bɔ mpaeɛ de wɔn ani kyerɛ Asɔredan yi a,
၃၂``ကိုယ်တော်သည်အဘယ်မျှကြီးမြတ်တော်မူ ကြောင်း၊ အဘယ်မျှတန်ခိုးကြီးတော်မူကြောင်း၊ လက်ရုံးတော်ဖြင့်အဘယ်သို့ပြုတော်မူကြောင်း တို့ကိုရပ်ဝေးလူမျိုးခြားသားတစ်ယောက်သည် ကြားသိရသဖြင့် ဤဗိမာန်တော်သို့လာ၍ ဆုတောင်းပတ္ထနာပြုသောအခါ-
33 tie firi soro deɛ wote hɔ, na yɛ wɔn abisadeɛ ma wɔn. Na ɛbɛma nnipa a wɔte asase so nyinaa ahunu, asuro wo, sɛdeɛ wo nkurɔfoɔ Israelfoɔ no yɛ pɛpɛɛpɛ. Wɔn nso bɛhunu sɛ, wo din na ɛda saa Asɔredan a masie yi so.
၃၃ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံမှနား ညောင်းတော်မူပြီးလျှင် ထိုသူတောင်းလျှောက် သည်အတိုင်းပြုတော်မူပါ။ သို့မှသာလျှင် ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်ကိုယ်တော် ၏လူမျိုးတော်နည်းတူ ကိုယ်တော်အားကြောက် ရွံ့ရိုသေကြပါလိမ့်မည်။ ထို့အပြင်ကိုယ်တော် အဖို့အကျွန်ုပ်တည်ဆောက်သည့်ဗိမာန်တော် သည်ကိုယ်တော်အားဝတ်ပြုကိုးကွယ်ရာ ဌာနတော်ဖြစ်ကြောင်းကိုသူတို့သိကြ ပါလိမ့်မည်။''
34 “Sɛ wohyɛ wo nkurɔfoɔ sɛ wɔmfiri adi nkɔko ntia wɔn atamfoɔ, na sɛ wɔbɔ wo mpaeɛ firi kuro yi a woayi, ne saa asɔredan yi a masi de wo din ato so yi mu a,
၃၄``ကိုယ်တော်သည်လူမျိုးတော်အားရန်သူတို့ ကိုတိုက်ခိုက်ရန်အမိန့်ပေးတော်မူသောအခါ သူတို့သည်မည်သည့်အရပ်၌ရှိသည်မဆို ကိုယ်တော်ရွေးချယ်ထားတော်မူသည့် ဤမြို့ တော်နှင့်ကိုယ်တော်အဖို့အကျွန်ုပ်တည်ဆောက် သည့်ဤဗိမာန်တော်သို့မျက်နှာမူ၍ဆု တောင်းပတ္ထနာပြုကြလျှင်-
35 tie wɔn mpaeɛbɔ firi soro, na yɛ wɔn abisadeɛ ma wɔn.
၃၅ကောင်းကင်ဘုံမှနားညောင်းတော်မူ၍သူတို့ အားအောင်ပွဲကိုပေးတော်မူပါ။''
36 “Sɛ wɔyɛ bɔne tia wo mpo a, hwan na ɔnyɛɛ bɔne da? Wo bo bɛfu wɔn ama wɔn atamfoɔ adi wɔn so, afa wɔn nkoa de wɔn akɔ ananasase so, sɛ ɛwɔ akyiri anaa ɛbɛn.
၃၆``အပြစ်မကူးလွန်သူတစ်ယောက်မျှမရှိပါ။ သို့ဖြစ်၍ကိုယ်တော်၏လူမျိုးတော်သည်ကိုယ် တော်ကိုပြစ်မှားကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်သည်အမျက်ထွက်တော်မူ၍သူတို့ အားရန်သူများလက်တွင် အရေးရှုံးနိမ့်စေ လျက်တိုင်းတစ်ပါးသို့ဖမ်းဆီးခေါ်ဆောင် သွားစေတော်မူပါလိမ့်မည်။ ထိုတိုင်းပြည် သည်အလွန်ဝေးကွာစေကာမူ-
37 Na saa ahɔhosase no so, wɔde ahonu sane ba wo nkyɛn, bɔ mpaeɛ sɛ, ‘Yɛayɛ bɔne; yɛayɛ amumuyɛsɛm ne atirimuɔdensɛm,’
၃၇ကိုယ်တော်သည်လူမျိုးတော်၏ဆုတောင်းပတ္ထ နာကိုနားညောင်းတော်မူပါ။ အကယ်၍သူတို့ သည်ထိုပြည်တွင်နောင်တရလျက် မိမိတို့ အဘယ်မျှအပြစ်ကူးလွန်ခဲ့၍အဘယ်မျှ ဆိုးညစ်ခဲ့ကြောင်းဖော်ပြဝန်ခံလျက် အထံ တော်သို့ဆုတောင်းပတ္ထနာပြုကြပါလျှင် အို ထာဝရဘုရား၊ သူတို့၏ဆုတောင်း ပတ္ထနာများကိုနားညောင်းတော်မူပါ။-
38 na sɛ wɔde wɔn akoma ne wɔn kra nyinaa ba wo nkyɛn, bɔ mpaeɛ fa asase a wode maa wɔn agyanom, saa kuropɔn yi a woayi ne saa asɔredan a masi de ahyɛ wo din animuonyam yi ho a,
၃၈အကယ်၍သူတို့သည်ထိုပြည်တွင်အမှန်ပင် နောင်တရလျက် မိမိတို့ဘိုးဘေးများအား ကိုယ်တော်ပေးတော်မူသည့်ပြည်တော်၊ ကိုယ်တော် ရွေးချယ်ထားတော်မူသည့်ဤမြို့တော်၊ အကျွန်ုပ် တည်ဆောက်ထားသည့်ဤဗိမာန်တော်သို့မျက် နှာမူ၍ဆုတောင်းပတ္ထနာပြုကြလျှင်၊-
39 tie wɔn mpaeɛbɔ no firi soro, deɛ woteɛ hɔ. Di wɔn asɛm ma wɔn, na fa bɔne a wo nkurɔfoɔ ayɛ atia wo no kyɛ wɔn.
၃၉စံတော်မူရာကောင်းကင်ဘုံမှနားညောင်းတော် မူပြီးလျှင် သူတို့အားကရုဏာထားတော်မူ ၍ကိုယ်တော်၏လူမျိုးတော်၏အပြစ်များ ကိုဖြေလွှတ်တော်မူပါ။''
40 “Ao me Onyankopɔn, tie mpaeɛ a wɔbɔ no wɔ ha no nyinaa.
၄၀``အို အကျွန်ုပ်၏ဘုရားသခင်၊ ယခုအကျွန်ုပ် တို့ကိုကြည့်ရှုတော်မူ၍ဤဌာနတော်တွင်ပြု သည့်ဆုတောင်းပတ္ထနာများကိုနားညောင်းတော် မူပါ။-
41 “Afei, Ao Awurade Onyankopɔn, sɔre na bra wʼahomegyebea,
၄၁အို ဘုရားသခင်ထာဝရဘုရား၊ ယခုထတော် မူ၍ကိုယ်တော်၏တန်ခိုးတော်ကိုသရုပ်ဆောင် သည့်ပဋိညာဉ်သေတ္တာတော်နှင့်အတူ ဗိမာန်တော် ထဲသို့ကြွတော်မူပြီးလျှင်ကာလအစဉ်အမြဲ စံနေတော်မူပါ။ ကိုယ်တော်၏လူမျိုးတော်သည် မိမိတို့ခံစားရသည့်ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြပါစေသော။-
42 “Ao Awurade Onyankopɔn, nyi wʼani mfiri deɛ woasra no ngo no so.
၄၂အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ရွေးချယ်ခန့်ထားတော်မူသောဘုရင်ကိုပစ်ပယ် တော်မမူပါနှင့်။ ကိုယ်တော်၏အစေခံဒါဝိဒ် အပေါ်တွင်ထားရှိတော်မူခဲ့သည့်မေတ္တာ တော်ကိုအောက်မေ့တော်မူပါ'' ဟုပတ္ထနာ ပြုတော်မူ၏။