< Nnwom 94 >
1 Awurade, Onyankopɔn a wotɔ were, Onyankopɔn a wotɔ were, hyerɛn.
၁အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အပြစ်ပေးပိုင်တော်မူသော ဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်၏အမျက်တော်ကိုပေါ်လွင်ထင်ရှား စေတော်မူပါ။
2 Sɔre, asase so Temmufo, tua ahantanfo ka sɛnea ɛfata wɔn.
၂ကိုယ်တော်ရှင်သည်လူအပေါင်းတို့အား တရားစီရင်တော်မူသောအရှင်ဖြစ်တော် မူပါ၏။ ထတော်မူ၍မာနကြီးသူတို့အားထိုက်လျောက်သည့် အပြစ်ဒဏ်ကိုပေးတော်မူပါ။
3 Awurade, enkosi da bɛn, amumɔyɛfo nnye wɔn ani nkosi da bɛn?
၃သူယုတ်မာတို့သည်အဘယ်မျှကြာအောင် ဝမ်းမြောက်ကြပါဦးမည်နည်း။ အို ထာဝရဘုရား၊ အဘယ်မျှကြာပါဦးမည်နည်း။
4 Wɔkasa ahantan so; ahohoahoa ahyɛ abɔnefo nyinaa ma.
၄ပြစ်မှုကူးလွန်သူတို့သည်အဘယ်မျှကြာအောင် မာန်မာနထောင်လွှား၍ မိမိတို့၏ပြစ်မှုများအကြောင်းကိုကြွားဝါလျက် နေကြပါဦးမည်နည်း။
5 Awurade, wɔdwerɛw wo nkurɔfo; wɔhyɛ wʼagyapade so.
၅အို ထာဝရဘုရား၊ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်ကို နှိပ်ကွပ်ကြပါ၏။ ကိုယ်တော်ပိုင်တော်မူသောလူတို့အား ဖိစီးနှိပ်စက်ကြပါ၏။
6 Wokunkum akunafo ne ananafo; na wodi ayisaa awu.
၆သူတို့သည်မုဆိုးမများနှင့်မိဘမဲ့ သူတို့အား သတ်ဖြတ်ကြပါ၏။ ကျွန်တော်မျိုးတို့ပြည်တွင်နေထိုင်ကြသော ဧည့်သည်တို့ကိုသတ်ကြပါ၏။
7 Wɔka se, “Awurade nhu, Yakob Nyankopɔn ayi nʼani.”
၇သူတို့က``ထာဝရဘုရားသည်ငါတို့ကို မြင်တော်မမူ။ ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ရှုမြင်တော်မမူ'' ဟုဆိုကြ၏။
8 Monhwɛ yiye, mo agyimifo a mowɔ nnipa no mu; nkwaseafo, da bɛn na mubehu nyansa?
၈ငါ၏လူစုတော်တို့၊သင်တို့သည်အဘယ် သို့လျှင် ဤမျှအသိဉာဏ်တုံးလျက်မိုက်မဲ၍ နေနိုင်ကြပါသနည်း။ အဘယ်အခါကျမှတတ်သိလိမ္မာ၍ လာကြပါမည်နည်း။
9 Nea ɔbɔɔ aso no rente asɛm ana? Nea ɔyɛɛ ani no renhu ade ana?
၉ငါတို့၏နားများကိုဖန်ဆင်းတော်မူသော အရှင်သည် မြင်တော်မူနိုင်သည်မဟုတ်လော။
10 Nea ɔteɛteɛ aman so no rentwe aso ana? Nea ɔkyerɛkyerɛ onipa no nnim nyansa ana?
၁၀လူမျိုးတကာတို့ကိုဆုံးမသောအရှင်သည် သူတို့အားအပြစ်ပေးတော်မူမည်မဟုတ် ပါလော။ လူအပေါင်းတို့ကိုအသိပညာသွန်သင်သော အရှင်သည်အသိပညာရှိတော်မူသည် မဟုတ်ပါလော။
11 Awurade nim onipa nsusuwii; onim sɛ enkosi hwee.
၁၁ထိုသူတို့၏အကြံအစည်များကို ထာဝရဘုရားသိတော်မူ၏။ သူတို့စဉ်းစားဆင်ခြင်မှုများသည် အချည်းနှီးဖြစ်ကြောင်းကိုယ်တော်သိတော် မူ၏။
12 Awurade, nhyira ne onipa a woteɛteɛ no so, onipa a wokyerɛ no wo mmara no;
၁၂အို ထာဝရဘုရား၊ ကိုယ်တော်၏ဆုံးမသွန်သင်မှုကိုခံရသော သူ၊ တရားတော်နှင့်ဆိုင်၍ကိုယ်တော်၏သွန်သင် မှုကို ခံရသောသူသည်မင်္ဂလာရှိပါ၏။
13 Woma ɔhome fi amanehunu nna mu, kosi sɛ wobetu amoa ama amumɔyɛfo.
၁၃ထိုသူအားသူယုတ်မာတို့ကျစေရန် တွင်းတူး၍ မပြီးစီးမီဆိုးရွားသည့်အချိန်ကာလမှ လွတ်ငြိမ်းခွင့်ကိုကိုယ်တော်ပေးတော်မူပါ၏။
14 Awurade rempo ne nkurɔfo; na ɔrennyaw nʼagyapade hɔ da.
၁၄ထာဝရဘုရားသည်မိမိ၏လူစုတော်အား ပစ်ထားတော်မူလိမ့်မည်မဟုတ်။ ကိုယ်တော်ပိုင်တော်မူသောလူတို့ကို စွန့်ပယ်တော်မူလိမ့်မည်မဟုတ်။
15 Atemmu begyina treneeyɛ so bio, na wɔn a wɔn koma mu tew nyinaa bedi so.
၁၅တရားရုံးများ၌တရားမျှတစွာစီရင်မှု တစ်ဖန်ရှိလိမ့်မည်။ သူတော်ကောင်းအပေါင်းတို့သည်လည်း ယင်းတရားမျှတစွာစီရင်မှုကို ထောက်ခံကြလိမ့်မည်။
16 Hena na ɔbɛsɔre atia amumɔyɛfo ama me? Hena na ɔbɛsɔre atia abɔnefo ama me?
၁၆အဘယ်သူသည်ငါ့ဘက်မှာရှိ၍သူယုတ်မာ တို့အား ဆန့်ကျင်ပါသနည်း။ အဘယ်သူသည်ငါ့တစ်ဘက်ရှိမကောင်းမှု ပြုသူတို့အားဆန့်ကျင်ပါသနည်း။
17 Sɛ Awurade ammoa me a, anka mekɔɔ owu kommyɛ mu ntɛm so.
၁၇အကယ်၍ထာဝရဘုရားသာလျှင်ငါ့အား ကူမတော်မမူခဲ့သော် ငါသည်ဆိတ်ညံရာအရပ်သို့အလျင်အမြန် ရောက်ရမည်သာဖြစ်ပေသည်။
18 Bere a mekae se, “Me nan rewatiri” no, Awurade, wo dɔ no soo me mu.
၁၈အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ခြေချော်၍လဲပြီဟု ထင်ရသောအခါ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် ကျွန်တော်မျိုးအားချီပင့်ထားတော်မူပါ၏။
19 Bere a me dadwen dɔɔso no, wʼawerɛkyekye maa me kra abotɔyam.
၁၉ကျွန်တော်မျိုးသည်စိုးရိမ်ပူပန်လျက် သောကရောက်သောအခါကိုယ်တော်ရှင် သည် ကျွန်တော်မျိုးအားစိတ်သက်သာခွင့်ကိုပေး၍ ဝမ်းမြောက်စေတော်မူပါ၏။
20 Ahengua a porɔwee ahyɛ no mma no ne wo wɔ ayɔnkofa ana? Ahengua a ne hyɛ nsɛm de amanehunu na ɛba no?
၂၀ကိုယ်တော်ရှင်သည်မတရားသောအမှုကို တရားဝင်ဖြစ်အောင်ပြုလုပ်တတ်သည့် အဂတိလိုက်စားသူတရားသူကြီးများနှင့် မည်သို့မျှမသက်ဆိုင်ပါ။
21 Wɔka bɔ mu tia atreneefo na wɔn a wodi bem no, wobu wɔn kumfɔ.
၂၁သူတို့သည်သူတော်ကောင်းတို့ကိုသေကြောင်း ကြံစည်ကြပါ၏။ အပြစ်မဲ့သူတို့ကိုသေဒဏ်စီရင်ကြပါ၏။
22 Nanso Awurade yɛ mʼaban; na me Nyankopɔn ayɛ ɔbotan a ne mu na minya ahintawee.
၂၂သို့ရာတွင်ထာဝရဘုရားသည်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘုရားသခင်သည်ငါခိုလှုံရာဖြစ် တော်မူ၏။
23 Obetua wɔn nnebɔne no so ka na wɔn amumɔyɛ nti wasɛe wɔn; Awurade yɛn Nyankopɔn bɛsɛe wɔn.
၂၃ကိုယ်တော်သည်ထိုသူတို့၏ယုတ်မာမှုများ အတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။ သူတို့၏အပြစ်များအတွက်သူတို့အား သုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားသုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။