< Hezekiel 14 >
1 İsrail ileri gelenlerinden kimisi gelip yanıma oturdu.
၁ဣသရေလအမျိုးအသက်ကြီးသူ အချို့တို့သည် လာ၍ ငါ့ရှေ့မှာ ထိုင်ကြ၏။
2 O sırada RAB bana şöyle seslendi:
၂ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
3 “İnsanoğlu, bu adamların yüreği putlara bağlı. Diktikleri putların kendilerini günaha sokmasına olanak veriyorlar. Öyleyse onların bana danışmasına izin vermeli miyim?
၃အချင်းလူသား၊ ဤလူတို့သည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားကြပြီ။ သူတို့ မေးလျှောက် ခြင်းကို ငါခံရမည်လော။
4 Bunun için onlarla konuş ve de ki, ‘Egemen RAB şöyle diyor: Yüreğini puta bağlayan, diktiği putun kendisini günaha sokmasına olanak veren, sonra da peygambere danışmaya gelen her İsrailli'ye putlarının çokluğuna göre ben RAB kendim karşılık vereceğim.
၄ထိုကြောင့်၊အရှင်ထာဝရဘုရား၏ အမိန့်တော် ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အကြင်ဣသရေလ အမျိုးသားသည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုတို့ကို တည် ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားလျက် ပရောဖက်ထံသို့ရောက်လာ၏။ ထိုသူ၌ရုပ်တု များပြားသည်နှင့်အညီ ငါပြန်ပြောမည်။
5 Bunu, putları yüzünden bana sırt çeviren İsrail halkının yüreğini yeniden kendime çekmek için yapacağım.’
၅ထိုသို့သောအားဖြင့်၊ ဣသရေလအမျိုးကို သူတို့ စိတ်သဘောရှိသည်နှင့်အညီ ငါဘမ်းမည်။ ထိုသူအပေါင်း တို့သည် မိမိတို့ရုပ်တုများကြောင့် ငါနှင့်ကွာဝေးကြပြီ။
6 “Bu yüzden İsrail halkına de ki, ‘Egemen RAB şöyle diyor: Geri dönün! Putlarınızdan vazgeçin, iğrenç uygulamalarınızı bırakın!
၆ထိုကြောင့်၊ အရှင်ထာဝရဘုရား၏အမိန့်တော် ကို ဣသရေလအမျိုးအား ဆင့်ဆိုရမည်မှာ၊ နောင်တရ၍ ရုပ်တုတို့ကို ကြဉ်ရှောင်ကြလော့။ သင်တို့ပြုသမျှသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့မှ မျက်နှာလွှဲကြလော့။
7 “‘İsrail halkından biri ya da İsrail'de yaşayan bir yabancı benden ayrılır, yüreğini putlara bağlar, diktiği putların kendisini günaha sokmasına olanak verir, sonra da bana danışmak üzere bir peygambere giderse, ben RAB kendim ona karşılık vereceğim.
၇ငါနှင့်ကွာပြီးလျှင်၊ ကိုယ်စိတ်နှလုံး၌ ကိုယ် ရုပ်တုများကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ် ဒုစရိုက်သစ်တုံးကို ထားလျက်ပင်၊ ငါ့အလိုကို မေးမြန်း ခြင်းငှါ၊ ပရောဖက်ထံသို့လာသော ဣသရေလအမျိုးသား ဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တပါး အမျိုး သားဖြစ်စေ၊ ငါထာဝရဘုရားသည် ကိုယ် အလိုအလျောက် ပြန်ပြောသဖြင့်၊
8 O kişiye karşı çıkacağım. Onu bir belirti, bir alay konusu yapıp halkımın arasından atacağım. O zaman benim RAB olduğumu anlayacaksınız.
၈ထိုသူတဘက်၌ငါသည် မျက်နှာထား၍ သူ့ကို နိမိတ်ဖြစ်စေမည်။ စကားပုံလည်းဖြစ်စေမည်။ ထိုသူကို ငါ၏လူတို့အထဲမှ ပယ်ရှားမည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
9 “‘Bir peygamber ayartılır da bir söz söylerse, onu ayartan benim. Elimi ona karşı uzatacağım, onu halkım İsrail'in arasından çıkarıp yok edeceğim.
၉ပရောဖက်သည်ဟောပြော၍မှားယွင်းလျှင်၊ ထိုပရောဖက်ကို ငါထာဝရဘုရားမှားယွင်းစေ၏။ ထိုသူကိုငါသည် ဒဏ်ခတ်၍၊ ငါ၏ဣသရေလအမျိုးထဲမှ ပယ်ရှားမည်။
10 Suçlarının cezasını çekecekler. Peygamber de ona danışan da aynı şekilde cezalandırılacak.
၁၀သူတို့သည်လည်း အပြစ်နှင့်အလျောက် ဒဏ်ခံ ရကြမည်။ ပရောဖက်ခံရသောဒဏ်သည် ပရောဖက် ကို ဆည်းကပ်သောသူခံရသော ဒဏ်နှင့်တူရလိမ့်မည်။
11 Böylece İsrail halkı bir daha benden ayrılmayacak, günahlarıyla kendilerini kirletmeyecekler. Onlar halkım olacaklar, ben de onların Tanrısı olacağım. Egemen RAB böyle diyor.’”
၁၁ထိုသို့ဖြစ်လျှင်၊ နောက်တဖန် ဣသရေလအမျိုး သည် ငါ့ကို မစွန့်ပစ်၊ လမ်းမလွှဲ၊ မှားယွင်းခြင်း အပြစ် ရှိသမျှတို့နှင့် နောက်တဖန်မညစ်ညှုးဘဲ၊ ငါ၏လူဖြစ်ရကြ လိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင်ဖြစ်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
12 RAB bana şöyle seslendi:
၁၂တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
13 “İnsanoğlu, eğer bir ülke bana sadakatsizlik eder, günah işlerse, ben de o ülkeye karşı elimi uzatır, onu her türlü yiyecekten yoksun bırakır, üzerine kıtlık gönderir, insanları ve hayvanları yok edersem;
၁၃အချင်းလူသား၊ ပြည်သားတို့သည် အထပ်ထပ် လွန်ကျူး၍ ငါ့ကို ပြစ်မှားသောကြောင့်၊ ငါသည်လက်ကို ဆန့်၍မုန့်အထောက်အပင့်ကို ချိုးသဖြင့်၊ အစာအာဟာရ ကို ခေါင်းပါးစေ၍၊ ထိုပြည်မှ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင်၊
14 şu üç adam –Nuh, Daniel, Eyüp– orada olsalar bile, doğruluklarıyla ancak kendi canlarını kurtarabilirler. Egemen RAB böyle diyor.
၁၄နောဧ၊ ဒံယေလ၊ ယောဘ၊ ဤသုံးယောက်ရှိသော် လည်း၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက် ဝိညာဉ်ကိုသာ ကယ်နှုတ်ရသော အခွင့်ရှိကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
15 “Ya da ülkeye yabanıl hayvanlar gönderirsem ve ülkeyi kimsesiz bırakırlarsa, ülke viraneye döner, hayvanlar yüzünden kimse içinden geçemezse;
၁၅သားရဲတို့သည် ပြည်၌ပေါ်လာ၍ ဖျက်ဆီးသော ကြောင့်၊ အဘယ်သူမျှမနေနိုင်သဖြင့် လူဆိတ်ညံလျှင်၊
16 Varlığım hakkı için diyor Egemen RAB, bu üç kişi o ülkede yaşasa bile, ne oğullarını ne de kızlarını kurtarabilirler. Ancak kendi canlarını kurtarabilirler. Ülke ise viraneye döner.
၁၆ထိုသူသုံးယောက်ရှိသော်လည်း၊ ငါ၏အသက်ရှင် သည်အတိုင်း ကိုယ်သားသမီးကို မကယ်နှုတ်ရ။ ကိုယ်တိုင် သာချမ်းသာရကြ၍၊ ပြည်သည် လူဆိတ်ညံလျက် ရှိရ လိမ့်မည်။
17 “Ya da o ülkeye kılıç gönderir, ‘Kılıç ülkeyi yarsın’ der, oradaki insanları ve hayvanları yok edersem;
၁၇သို့မဟုတ်၊ အိုထား၊ ထိုပြည်ကိုလုပ်ကြံလော့ဟု ငါဆိုလျက်၊ ထားဘေးကို ရောက်စေသောကြောင့်၊ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင်၊
18 varlığım hakkı için diyor Egemen RAB, bu üç kişi orada olsa bile, ne oğullarını ne de kızlarını kurtarabilirler. Ancak kendi canlarını kurtarabilirler.
၁၈ထိုသူသုံးယောက်ရှိသော်လည်း၊ ငါအသက်ရှင် သည်အတိုင်း ကိုယ်သားသမီးကိုမကယ်မနှုတ်ရ၊ ကိုယ်တိုင်သာချမ်းသာရကြလိမ့်မည်။
19 “O ülkeye salgın hastalık gönderir, kan dökerek öfkemi yağdırır, oradaki insanları ve hayvanları yok edersem;
၁၉သို့မဟုတ်၊ ထိုပြည်၌ ကာလနာကို ငါစေလွှတ် သောကြောင့်၊ လူနှင့် တိရစ္ဆာန်၏အသက်ကို သတ်ဖြတ် ပယ်ရှင်းခြင်းငှါ ငါ၏ဒေါသအရှိန်ကို သွန်းလောင်းလျှင်၊
20 varlığım hakkı için diyor Egemen RAB, Nuh, Daniel ve Eyüp orada olsa bile, ne oğullarını ne de kızlarını kurtarabilirler. Doğruluklarıyla ancak kendi canlarını kurtarabilirler.
၂၀နောဧ၊ ဒံယေလ၊ ယောဘတို့ရှိသော်လည်း၊ ငါ အသက်ရှင်သည် အတိုင်းကိုယ်သားသမီးကို မကယ်မနှုတ်၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက်ဝိညာဉ်ကို သာ ကယ်နှုတ်ရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
21 “Egemen RAB şöyle diyor: Yeruşalim'deki insanları ve hayvanları yok etmek için üzerine dört ağır yargımı –kılıcı, kıtlığı, yabanıl hayvanları, salgın hastalığı– gönderdiğimde daha neler neler olacak!
၂၁ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော် မူသားကား၊ ယေရုရှလင်မြို့၌ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်ခြင်းငှါ ထားဘေး၊မွတ်သိပ်ခြင်းဘေး၊ ဖျက်ဆီး တတ်သောသားရဲဘေး၊ ကာလနာဘေးတည်းဟူသော၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ်သော အခါ။ ထိုမျှမက လွှတ်ခဲလိမ့်မည် မဟုတ်လော။
22 Orada sağ bırakılacak kimi oğullarınız, kızlarınız olacak, çıkıp yanınıza gelecekler. Onların davranışlarını ve yaptıklarını görünce, Yeruşalim'in başına getirdiğim yıkımdan ve her tür felaketten avuntu bulacaksınız.
၂၂သို့ရာတွင်၊ လွတ်၍ ထွက်မြောက်ရသော အကျန်အကြွင်းသား သမီးအချို့ရှိကြလိမ့်မည်။ သူတို့ သည် သင်တို့ရှိရာသို့ထွက်လာ၍၊ ကျင့်ကြံပြုမူသော အမူအရာတို့ကို သင်တို့သိကြလိမ့်မည်။ ယေရုရှလင်မြို့၌ ငါရောက်စေသမျှသောအမှုများကြောင့် စိတ်ပူပန်ခြင်း မရှိ၊ သက်သာခြင်း ရှိကြလိမ့်မည်။
23 Onların davranışlarını ve yaptıklarını görünce avutulacak, Yeruşalim'in başına getirdiklerimin amaçsız olmadığını anlayacaksınız. Egemen RAB böyle diyor.”
၂၃သူတို့ ကျင့်ကြံပြုမူသော အမှုအရာတို့ကို သင်တို့ သည် မြင်သောအခါ သက်သာရကြလိမ့်မည်။ ယေရု ရှလင်မြို့ကကို ငါပြုလေသမျှတို့၌၊ အကြောင်းမရှိဘဲ မပြုသည်ကိုသိကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။