< Zaburi 40 >
1 Nalimungoja Yahwe kwa uvumilivu; alinisikia na kusika kilio changu.
၁ငါသည်ဘုရားသခင်ကူမတော်မူမည်ကို သည်းခံစောင့်မျှော်လျက်နေသောအခါ ကိုယ်တော်သည်နားစွင့်တော်မူ၍ငါ၏ ဟစ်အော်သံကိုကြားတော်မူ၏။
2 Yeye akanitoa nje ya shimo la kutisha, nje ya matope, naye aliiweka miguu yangu juu ya mwamba na kuzifanya hatua zangu salama.
၂ကိုယ်တော်သည်ကြောက်မက်ဖွယ်ကောင်းသည့် တွင်းနှင့်ရွှံ့နွံထဲမှငါ့ကိုဆွဲတင်တော်မူ၏။ ထိုနောက်ငါ့အားကျောက်ပေါ်တွင်တင်၍ ထားတော်မူပြီးလျှင်လုံခြုံမှုကိုပေးတော်မူ၏။
3 Yeye ameweka wimbo mpya mdomoni mwangu, sifa kwa Mungu. Wengi watauona na kumheshimu yeye na kumwamini Yahwe.
၃ငါတို့၏ဘုရားအားထောမနာပြုရာ သီချင်းသစ်ကိုဆိုရန်ကိုယ်တော်သည်ငါ့အား သင်ကြားပေးတော်မူ၏။ ယင်းသို့ပြုတော်မူသည်ကိုမြင်ကြရသူ တို့သည် ကြောက်ရွံ့ရိုသေကြကုန်လျက် ထာဝရဘုရားအားကိုးစားကြလိမ့်မည်။
4 Amebarikiwa mtu yule ambaye humfanya Yahwe tumaini lake naye hathamini majivuno wala wale wanaokengeuka kwa uongo.
၄အခြားဘုရားများကိုမဆည်းကပ်၊ မိစ္ဆာဘုရားများကိုရှိမခိုးဘဲထာဝရဘုရားအား ကိုးစားသူသည်မင်္ဂလာရှိ၏။
5 Yahwe Mungu wangu, matendo ya ajabu ambayo wewe umeyafanya, ni mengi, na mawazo yako yatuhusuyo sisi hayahesabiki; Ikiwa ningetangaza na kuyazungumza kwao, ni mengi sana hayahesabiki.
၅ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် များစွာသောအမှုတို့ကိုပြုတော်မူပါပြီ။ ကိုယ်တော်ရှင်နှင့်နှိုင်းယှဉ်နိုင်သူတစ်ယောက် မျှမရှိပါ။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့အတွက် ကြံစည်သောအကြံအစည်တော်တို့သည် အံ့သြဖွယ်ဖြစ်ပါ၏။ ထိုအမှုအရာတို့သည်များပြားလှသဖြင့် ယင်းတို့ကိုမရေမတွက်နိုင်ပါ။
6 Wewe haufurahishwi katika sadaka au matoleo, bali wewe umeyafungua masikio yangu; wala haukuhitaji sadaka ya kuteketeza au sadaka ya dhambi.
၆ကိုယ်တော်ရှင်သည်ယဇ်နှင့်ပူဇော်သကာများကို အလိုရှိတော်မမူပါ။ တိရစ္ဆာန်တစ်ကောင်လုံးမီးရှို့ရာ ယဇ်တို့ကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်တို့ကိုလည်းကောင်း ကိုယ်တော်ရှင်သည်တောင်းတော်မမူပါ။ သို့ရာတွင်ကိုယ်တော်သည်ကိုယ်တော်အား ကြားရန် ကျွန်တော်မျိုးအားနားကိုပေးတော်မူပါပြီ။
7 Ndipo nilisema mimi, “Tazama, nimekuja; imeandikwa kuhusu mimi katika kitabu cha hati.
၇သို့ဖြစ်၍ကျွန်တော်မျိုးပြန်လျှောက်ထားပါ၏။ ``ကျွန်တော်မျိုးအသင့်ရှိပါ၏။ ကျွန်တော်မျိုးအတွက်ကိုယ်တော်ရှင်ပေးတော် မူသော ညွှန်ကြားချက်များသည်ပညတ်ကျမ်း၌ပါ ရှိပါ၏။
8 Ninafurahia kuyafanya mapenzi yako, Mungu wangu; sheria zako ziko moyoni mwangu.”
၈ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်၏အလိုတော်ကိုလိုက်နာရန် လွန်စွာနှစ်သက်ပါ၏။ ကိုယ်တော်ရှင်၏တရားတော်ကိုစိတ်နှလုံး အတွင်း၌ မှတ်ကြုံးထားပါ၏။''
9 Katika kusanyiko kubwa nimetangaza habari njema ya haki yako; Yahwe, wewe unajua sikuizuia midomo yangu.
၉အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ လူစုတော်ဝင်အပေါင်းတို့စုဝေးရာ၌ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင် ကယ်တော်မူကြောင်းသတင်းကောင်းကို ပြောကြားပါ၏။ ဤအကြောင်းကိုကျွန်တော်မျိုးသည်အစဉ် မပြတ် ပြောကြားနေမည်ဖြစ်ကြောင်းကိုယ်တော်ရှင် သိတော်မူပါ၏။
10 Sikuficha haki yako moyoni mwangu; nimetangaza uaminifu wako na wokovu wako; sijaficha uaminifu wa agano lako au uaminifu wako kwenye kusanyiko kubwa.
၁၀ကျွန်တော်မျိုးသည်ကယ်တင်ခြင်းသတင်းတော်ကို မျိုသိပ်၍မထားပါ။ ကိုယ်တော်ရှင်၏သစ္စာတော်အကြောင်းနှင့် ကူမတော်မူခြင်းအကြောင်းတို့ကို အစဉ်ပင်ဖော်ပြခဲ့ပါ၏။ ကိုယ်တော်ရှင်၏လူစုတော်ဝင်အပေါင်းတို့ စုဝေးရာ၌ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏သစ္စာတော် အကြောင်းနှင့် ခိုင်မြဲသောမေတ္တာတော်အကြောင်းတို့ကို မထိမ်မဝှက်ပါ။
11 Usiache kunitendea kwa rehema, Yahwe; Uaminifu wa agano lako na uaminifu wako unihifadhi siku zote.
၁၁အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအစဉ် သနားကြင်နာတော်မူမည်ကိုကျွန်တော် မျိုးသိပါ၏။ ကိုယ်တော်ရှင်၏မေတ္တာတော်နှင့်သစ္စာတော်သည် ကျွန်တော်မျိုးအားအစဉ်အမြဲစောင့်ထိန်းပါ လိမ့်မည်။
12 Mabaya yasiyo hesabika yamenizunguka; Maovu yangu yamenipata nami siwezi kuona chochote; nayo ni mengi kuliko nywele za kichwa changu, na moyo wangu umeniangusha.
၁၂ရေတွက်၍မရနိုင်အောင်များမြောင်သော ဘေးဒုက္ခတို့သည်ကျွန်တော်မျိုးအားဝိုင်းရံလျက် ရှိပါသည်တကား။ ကျွန်တော်မျိုး၏အပြစ်များကကျွန်တော်မျိုးအား လိုက်၍မီသဖြင့်ကျွန်တော်မျိုးသည် မမြင်နိုင်တော့ပါ။ ယင်းအပြစ်တို့သည်ကျွန်တော်မျိုးဦးခေါင်းမှ ဆံပင်ထက်များပြားသည်ဖြစ်၍ ကျွန်တော်မျိုးသည်စိတ်ပျက်အားလျော့ပါပြီ။
13 Yahwe, tafadhari uniokoe; njoo haraka unisaidie Yahwe.
၁၃အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။ ယခုပင်ကူမတော်မူပါ။
14 Waaibike na wafedheheke kabisa wanaufuatilia uhai wangu wauondoe. Warudishwe nyuma na wadharaulike, wale wanaofurahia kuniumiza.
၁၄ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူ တို့သည် လုံးဝအရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြ ပါစေသော။ ကျွန်တော်မျိုး၏ဒုက္ခများကိုအကြောင်းပြု၍ ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ အရှက်ကွဲရကြပါစေသော။
15 Waogopeshwe kwa sababu ya aibu yao, wale waniambiao, “Aha, aha!”
၁၅ကွန်တော်မျိုးအားပြောင်လှောင်ကြသူတို့သည် အရေးရှုံးနိမ့်၍တုန်လှုပ်ချောက်ချားကြပါစေ သော။
16 Bali wale wote wakutafutao wafurahi na kushangilia katika wewe; na kila mmoja apendaye wokovu wako aseme daima, “Asifiwe Yahwe.”
၁၆ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့သည်ဝမ်းမြောက်ရွှင်လန်းကြပါစေသော။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးအတွက် ကျေးဇူးတော်ကိုချီးမွမ်းကြသူအပေါင်းတို့ သည် ``ထာဝရဘုရားသည်အလွန်ကြီးမြတ်တော်မူ ပါပေသည်'' ဟု အစဉ်မပြတ်ချီးကူးနိုင်ကြပါစေသော။
17 Mimi ni maskini na muhitaji; lakini Bwana hunifikiria. Wewe ni msaada wangu nawe huja kuniokoa; usichelewe, Mungu wangu.
၁၇အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်အားအင်ချိနဲ့၍ ခိုကိုးရာမဲ့သူဖြစ်သော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို သတိရတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကယ်တင်ရှင်၊ ကျွန်တော်မျိုး၏ဘုရားသခင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကူမတော်မူရန်အလျင် အမြန် ကြွတော်မူပါ။