< Yeremia 4 >
1 “Kama utarudi, Israeli- asema BWANA - ikawa kwangu kwamba umerudi. Kama utaondoa hayo mambo yachukizayo mbele yangu na ukaacha kunikimbia mimi tena,
၁အို ဣသရေလအမျိုး၊ သင်သည် ပြန်လာလိုလျှင် ငါ့ထံသို့ ပြန်လာပါ။ သင်၏ရွံရှာဘွယ်တို့ကို ပယ်လိုလျှင် ငါ့ထံမှမရွှေ့ရ။
2 na ukaapa hivi, 'kama BWANA aishivyo katika kweli, na haki, na katika hukumu.' mataifa yataniomba baraka, na yatanisifu mimi.
၂သင်ကလည်း၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟု သစ္စာစောင့်ခြင်း၊ တရားစီရင်ခြင်း၊ ဖြောင့်မတ် ခြင်းအားဖြင့် ကျိန်ဆိုလိမ့်မည်။ လူအမျိုးမျိုးတို့သည် လည်း၊ ထိုဘုရားသခင်အားဖြင့် မိမိတို့ကို ကောင်းကြီး ပေး၍၊ ထိုဘုရားသခင်ကို အမှီပြုလျက် ဝါကြွားကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
3 Kwa kuwa BWANA asema hivi kwa kila mmoja katika Yuda na Yerusalemu; 'Limeni shamba zenu na msipande katika miiba.
၃ထာဝရဘုရားသည် ယုဒပြည်သူယေရုရှလင်မြို့ သားတို့အား မိန့်တော်မူသည်ကား၊ သင်တို့၏ လယ်ကို ထွန်ကြလော့။ ဆူးပင်တို့တွင် မျိုးစေ့ကို မကြဲကြနှင့်။
4 Mtahiriwe kwa BWANA na kuondoa govi za mioyo yenu, ninyi wanaume wa Yuda na wakazi wa Yerusalemu, vinginevyo hasira yangu itawaka kama moto na kuteketeteza, na hakutakuwa na mtu wa kuizima. Hii itatokea kwa sababu ya uovu wa matendo yenu.
၄အို ယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ ထာဝရ ဘုရားအဘို့အလိုငှါ အရေဖျားလှီး မင်္ဂလာကိုခံ၍၊ သင်တို့ နှလုံး အရေဖျားကို လှီးဖယ်ကြလော့။ သို့မဟုတ်၊ သင်တို့၏ အကျင့်မကောင်းသောကြောင့်၊ ငါအမျက်သည်မီးကဲ့သို့ထွက်၍၊ အဘယ်သူမျှ မငြိမ်းနိုင် အောင် လောင်လိမ့်မည်။
5 Waambie Yuda na Yerusalemu isikie. Waambie, “pigeni baragumu katika nchi.” Tangazeni, “Kusanyeni pamoja. Twendeni kwenye miji ya Maboma.”
၅ယုဒပြည်၌ တံပိုးမှုတ်ကြလော့ဟု၊ ယေရုရှလင်မြို့ မှစ၍ တပြည်လုံးကြွေးကြော်၍ သိတင်းကြားကြလော့။ စည်းဝေး၍ ခိုင်ခံ့သောမြို့များ အတွင်းသို့ ဝင်ကြကုန်အံ့ ဟုအရပ်ရပ်၌ အနှံ့အပြား ကြွေးကြော်ကြလော့။
6 Inueni ishara za bendera na zielekezeni Sayuni, na kimbilieni usalama! Msibaki, kwa kuwa ninaleta majanga kutokea kaskazini na anguko kubwa.
၆ဇိအုန်တောင်ပေါ်မှာ အလံကို ထူကြလော့။ လွတ်အောင် ပြေးကြလော့။ ရပ်၍ မနေကြနှင့်။ အကြောင်းမူကား၊ ကြီးစွာသော ပျက်စီးခြင်း ဘေးဥပဒ်ကို မြောက်မျက်နှာမှ ငါသည် ဆောင်ခဲ့မည်။
7 Simba anakuja kutokea kwenye kichaka chake na yeye atakayeyaharaibu mataifa ameanza kuja. Anaondoka kwenye eneo lake ili aache hofu katika nchi yenu, kuibadili miji yenu kuwa uharibifu, ambapo hakuna hata mmoja atakayeishi. Kwa sababu hii vaeni magunia, lieni na kuomboleza.
၇ခြင်္သေ့သည် မိမိနေရာခြုံထဲက ထွက်လာပြီ။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးသောသူသည် လမ်း၌လာဆဲ ရှိ၏။ သင်၏ပြည်ကို လူဆိတ်ညံရာ အရပ်ဖြစ်စေခြင်းငှါ၊ သူသည် မိမိနေရာမှ ထွက်လာသည်ဖြစ်၍၊ သင်၏ မြို့တို့ သည် လူမနေနိုင်အောင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့် မည်။
8 Kwa kuwa nguvu ya hasira ya BWANA haijaondoka kwetu.
၈ထိုအကြောင်းကြောင့် လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ငိုကြွေးမြည်တမ်း၍ အော်ဟစ်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ ပြင်းစွာသော အမျက်တော်သည် ငါတို့မှ လွှဲရှောင်၍ မသွားသေး။
9 Ndipo itakapotokea katika siku hiyo - asema BWANA - mioyo ya mfalme na wakuu itakufa. Makuhani watasitaajabu na manabii watashangaa.'”
၉ထိုအခါ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် စိတ်ပျက် ကြလိမ့်မည်။ ယဇ်ပုရောဟိတ်တို့သည် မိန်းမောတွေဝေ လျက်၊ ပရောဖက်တို့သည် ထိတ်လန့်လျက်ရှိကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။
10 Kwa hiyo nikasema, “Ahaa! BWANA. Kwa hakika umewadanganya watu hawa na Yerusalemu kwa kuwaambia, 'Kutakuwa na amani kwenu.'Wakati upanga unawaangukia dhidi ya maisha yao.”
၁၀ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ သန်လျက် သည် အသက် ကိုထိသည်တိုင်အောင် ခွင်းသော်လည်း၊ သင်တို့သည် ငြိမ်သက်ခြင်း ရှိကြလိမ့်မည်ဟု ကိုယ်တော် သည် မိန့်တော်မူသောအားဖြင့်၊ ဤလူများနှင့်တကွ ယေရုရှလင်မြို့သားတို့ကို အလွန်လှည့်စားတော်မူပါပြီ တကားဟု လျှောက်ဆို၏။
11 Wakati huo itasemwa juu ya mji huu na Yerusalemu kuwa, “Upepo uwakao kutoka katika nyanda za jangwani utachukua njia yake kuelekea kwa binti ya watu wangu. Hautapepetwa wala kuwatakasa.
၁၁ထိုကာလ၌ ဤလူများနှင့် ယေရုရှလင်မြို့သား တို့ကို ရည်မှတ်၍ ဆိုရမည်ကား၊ ပူသောလေသည် တော၌မြင့်သောအရပ်က ငါ၏လူမျိုး သတို့သမီးထံသို့ လာလိမ့်မည်။ အမှော်လွင့်စေခြင်း၊ သန့်ရှင်းစေခြင်းငှါ လာသော လေမဟုတ်။
12 Upepo ulio na nguvu sana utakaokuja kwa amri yangu, na sasa nitapitisha hukumu dhidi yao.
၁၂ထိုလေထက်ပြင်းသော လေသည် ငါ့အလိုကို ပြည့်စုံစေခြင်းငှါ လာလိမ့်မည်။ ယခုပင် သူတို့ကို ငါ့ကိုယ်တိုင် စစ်ကြောစီရင်မည်။
13 Tazama anavamia kama wingu, na magari yake ni kama dhoruba. Farasi wake wana mbio kuliko tai. Ole wetu kwa kuwa tutaharibiwa!
၁၃လာသောမင်းသည် မိုဃ်းတိမ်ကဲ့သို့ လာလိမ့် မည်။ သူ၏ရထားတို့သည် လေဘွေကဲ့သို့ဖြစ်ကြ၏။ သူ၏မြင်းတို့သည် ရွှေလင်းတထက် သာ၍ လျင်မြန် ကြ၏။ ငါတို့သည် အမင်္ဂလာရှိကြ၏။ ပျက်စီးခြင်းသို့ ရောက်ကြပြီ။
14 Itakaseni mioyo yenu kutoka uovu wenu, Yerusalemu, ili kwamba muokolewe. Mawazo yako mabaya yatafikiri juu ya kutenda dhambi mpaka lini?
၁၄အို ယေရုရှလင်မြို့၊ သင်သည် ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ၊ သင်၏စိတ်နှလုံးကို ဒုစရိုက်အပြစ်နှင့် ကင်းစင်စေလော့။ သင်၏အဓမ္မအကြံအစည်တို့သည် အဘယ်မျှ ကာလပတ်လုံး သင်၏ အထဲ၌တည်နေရမည် နည်း။
15 Kwa kuwa kuna sauti iletayo habari kutoka Dani, na janga lijalo linasikika kutoka vilele vya milima ya Efraimu.
၁၅ဒန်ပြည်၌ အသံကို ကြားရ၏။ ဧဖရိမ်တောင် ပေါ်မှာ ဒုက္ခသိတင်းကို ဟစ်ကြော်ကြ၏။
16 Yafanyeni mataifa kulifikiria hili: Tazama, na uwatangazie Yerusalemu kuwa wale watekaji wanakuja kutoka katika nchi ya mbali ili kupiga kelel za vita juu ya miji ya Yuda.
၁၆အပြည်ပြည်တို့၌ သိတင်းကြားကြလော့။ ယေရု ရှလင်မြို့ကို ရည်မှတ်၍ ကြွေးကြော်ကြလော့။ ကင်းစောင့် တို့သည် ဝေးသောပြည်က လာ၍၊ ယုဒမြို့များ တဘက်၌ ထူးကြလိမ့်မည်။
17 Watakuwa kama walinzi wa shamba liliolimwa dhidi yake pande zote, kwa kuwa amekuwa mpinzani wangu - asema BWANA -
၁၇လယ်ကိုစောင့်သောသူများကဲ့သို့၊ ထိုသူတို့သည် ယုဒပြည်ကို ဝန်းရံကြ၏။ အကြောင်းမူကား၊ ထိုပြည် သည် ငါ့ကို ပုန်ကန်ပြီ။
18 tabia na matendo yako yamesababisha haya yatokee kwako. Hii itakuwa adhabu yako. Jinsi itakavyokuwa vibaya kwako! itakupiga moyo wako.
၁၈သင်လိုက်သောထုံးစံနှင့် သင်ကျင့်သော အကျင့် တို့သည် သင့်အပေါ်မှာ ဤအမှုကို သက်ရောက်စေပြီ။ သင်သည် ထိုသို့သော အမှုနှင့် တွေ့၍ ခါးစပ်သောစိတ်၊ နာကြည်းသော စိတ်ရှိရာ၏ဟု ထာဝရဘုရား မိန့်တော် မူ၏။
19 Moyo wangu! Moyo wangu! Niko katika maumivu ya moyo. Moyo wangu umefadhaika ndani yangu. Siwezi kunyamaza kwa kuwa nasikia sauti za pembe, sauti za vita.
၁၉ငါ့အသည်းသည်နာ၏။ ငါ့အသည်းသည်နာ၏။ ငါ့နှလုံးအရေဖျားလည်းနာ၏။ ငါ့အထဲ၌ ငါ့နှလုံးပူဆွေး ၏။ ငါသည် တိတ်ဆိတ်စွာ မနေနိုင်။ အကြောင်းမူကား၊ အိုငါ့ဝိညာဉ်၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ၏။
20 Anguko baada ya anguko limetangazwa, kwa nchi yote imeharibika mara. Wanaharibu masikani yangu na hema yangu ghafula.
၂၀ပျက်စီးပြီ၊ ပျက်စီးပြီဟု အထပ်ထပ် ဟစ်ကြော် ရ၏။ တပြည်လုံးပျက်စီးပြီ။ ငါ၏တဲတို့သည် ခဏခြင်း တွင် ပျက်စီးကြပြီ။ ငါ၏ကုလားကာတို့သည် ချက်ခြင်း ပျက်စီးကြပြီ။
21 Vita hivi vitaendelea mpaka lini? Ni mpaka lini nitasikiliza sauti za pembe?
၂၁ငါသည် အဘယ်မျှကာလပတ်လုံး အလံကို မြင်ရအံ့နည်း။ အဘယ်မျှကာလပတ်လုံး တံပိုးသံကို ကြားရအံ့နည်း။
22 Kwa kuwa upumbavu wa watu wangu - hawanijui mimi. Ni watu wajinga wasio na ufahamu. Wanaufahamu wa mambo maovu, tena hawajui kutenda mema.
၂၂အကယ်စင်စစ် ငါ၏လူတို့သည် ထိုင်းမှိုင်း၍ ငါ့ကို မသိကြ။ မိုက်သောသူငယ်ဖြစ်၍ ဥာဏ်မရှိကြ။ မကောင်းသော အမှုတို့၌ လိမ္မာကြ၏။ ကောင်းသောအမှု တို့ကို မပြုတတ်ကြ။
23 Niliiona nchi, na kuiona! ilikuwa ukiwa na utupu. Kwa kuwa hapakuwa na taa za mbinguni.
၂၃ငါသည်မြေကြီးကိုကြည့်ရှု၍ လွတ်လပ်လဟာ ဖြစ်၏။ မိုဃ်းကောင်းကင်ကိုလည်း ငါကြည့်ရှု၍ အလင်း မရှိ။
24 Nilitazama katka miliima. Tazama, ilikuwa inatetemeka, na vilima vyote vilikuwa vinatikisika.
၂၄တောင်တို့ကိုလည်း ငါကြည့်ရှု၍၊ သူတို့နှင့်တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ၏။
25 Nilitazama. Tazama, hapakuwa na mtu, na ndege wote wa angani walikuwa wamekimbia.
၂၅ငါကြည့်ရှု၍ လူမရှိ။ မိုဃ်းကောင်းကင်ငှက် အပေါင်းတို့သည် ပြေးကြပြီ။
26 Nikaangalia. Tazama, mashamba yalikuwa jangwa na miji imeangushwa mbele za BWANA, mbele ya hasira yake.”
၂၆ငါကြည့်ရှု၍ ဝပြောသော ပြည်သည် တောဖြစ် လေပြီ။ မြို့များတို့သည် ပြိုပျက်လျက်ရှိကြ၏။ ထာဝရ ဘုရားရှေ့၊ ပြင်းစွာသော အမျက်တော်ရှေ့၌ ထိုသို့သော အခြင်းအရာတို့သည် ဖြစ်ရကြ၏။
27 Hiki ndicho BWANA asemacho, “Nchi yote itakuwa uharibifu, lakini sitawaharibu wote kabisa.
၂၇ထာဝရဘုရားမိန့်တော်မူသည်ကား၊ တပြည် လုံးပျက်စီးရာ ဖြစ်လိမ့်မည်။ ပျက်စီးခြင်းကို ငါမဆီးတား၊
28 Kwa sababu hii nchi itaomboleza, na mbingu juu zitatiwa giza. Kwa kuwa nimesema haya na kuyakusudia; sitarudi nyuma; Sitaacha kuyatekeleza.
၂၈ထိုကြောင့်၊ မြေကြီးသည် ညည်းတွားလိမ့်မည်။ မိုဃ်းကောင်းကင်လည်း နက်လိမ့်မည်။ ငါသည် ပြောပြီးမှ နောင်တမရှိ။ ကြံပြီးမှ အကြံမပျက်ရ။
29 Kila mji utakimbia kutoka katka kelele za wapandafarasi na wenye pinde; Watakimbilia msituni, Kila mji utapanda hadi mahali pa miamba. Miji itatelekezwa, kwa kuwa hakutakuwa na mtu wa kuishi katika miji hiyo.
၂၉မြင်းစီးသူရဲနှင့် လေးကိုင်သူရဲတို့ ဟစ်သော အသံကြောင့်၊ မြို့သားအပေါင်းတို့သည် တောအုပ်သို့ ပြေးသွားကြ၏။ ကျောက်ပေါ်သို့ တက်ကြ၏။ မြို့ရှိသမျှ တို့ကို စွန့်ပစ်၍ နေသောသူတယောက်မျှ မရှိရ။
30 Sasa umeharibiwa, utafanya nini? Japokuwa unavaa mavazi mekundu, unajipamba na mapambo ya dhahabu, na kuyafanya macho yako yaonekane makubwa na kupakwa wanja, wale wanaume waliokutamani sasa wanakukataa. Badala yake wanajaribu kukuua.
၃၀သင်သည် ပျက်စီးခြင်းသို့ ရောက်သောအခါ အဘယ်သို့ပြုလိမ့်မည်နည်း။ နီမောင်းသော အဝတ်ကို ဝတ်သော်၎င်း၊ ရွှေတန်ဆာကို ဆင်သော်၎င်း၊ သင်၏ မျက်နှာစုတ်ပဲ့သည်တိုင်အောင် ဆေးသုတ်သော်၎င်း၊ သင်၏တင့်တယ်ခြင်းကို အချည်းနှီးပြ၏။ သင်၏ ရည်းစားတို့သည် သင့်ကိုစွန့်၍၊ သင်၏အသက်ကို သတ်ခြင်းငှါ ရှာကြံကြ၏။
31 Kwa hiyo nasikia sauti ya maumivu, yenye utungu kama ya mwanamke azaaye mtoto wake wa kwanza, sauti ya binti wa Sayuni. Atwetaye kupata pumzi. Ananyosha mikono yake na kusema, 'Ole wangu mimi! ninazimia kwa sababu ya wauaji hawa.'”
၃၁အကယ်စင်စစ် သားဘွားသော မိန်းမညည်းသံ၊ သားဦးဘွားသော မိန်းမ၏ဝေဒနာခံရာ အသံကဲ့သို့၊ ဇိအုန်သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့ သမီးက၊ အကျွန်ုပ်သည် အမင်္ဂလာရှိပါ၏။ လူသတ် များကြောင့်၊ အကျွန်ုပ်စိတ်ပျက်ပါ၏ဟု မိမိလက်ဝါးကို ဖြန့်၍ ငိုကြွေးလျက်နေ၏။