< Kutoka 22 >

1 “Kama mtu akiiba maksai au kondoo na kumchinja au kumuuza, ni lazima alipe ngʼombe watano badala ya maksai mmoja na kondoo wanne badala ya kondoo mmoja.
လူ သည် သိုး နွား ကိုခိုး ၍ သတ် သည်ဖြစ်စေ ၊ ရောင်း သည်ဖြစ်စေ၊ နွား တကောင်အတွက် နွား ငါး ကောင် ကို၎င်း၊ သိုး တကောင်အတွက် သိုး လေး ကောင်ကို၎င်းပြန်ပေး ရမည်။
2 “Kama mwizi akishikwa anavunja nyumba akapigwa hata akafa, aliyemuua hana hatia ya kumwaga damu;
သူခိုး သည် အိမ်ကိုထွင်း ဖောက်စဉ်၊ သူတပါးတွေ့ ၍ သေ အောင် သတ် သော်လည်း၊ သေစား မ သေ စေရ။
3 lakini jambo hilo likitokea wakati jua limechomoza, huyo mtu atakuwa na hatia ya kumwaga damu. “Mwizi huyo sharti alipe, lakini kama hana kitu, lazima auzwe ili alipe kwa ajili ya wizi wake.
သို့သော်လည်းနေ ထွက် လျှင် သေ စားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာအကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။
4 “Kama mnyama aliyeibwa akikutwa hai mikononi mwake, ikiwa ni maksai au punda au kondoo, lazima alipe mara mbili.
သူခိုးလက်၌ ခိုး သောနွား ၊ သိုး ကို အသက်ရှင် လျှက် အမှန်တွေ့ လျှင်၊ နှစ်ဆ ပြန်ပေး ရမည်။
5 “Kama mtu akichunga mifugo yake katika shamba au shamba la mizabibu, na akawaachia wajilishe katika shamba la mtu mwingine, ni lazima alipe vitu bora kutoka kwenye shamba lake mwenyewe au kutoka shamba lake la mizabibu.
သူ့လယ် ၊ သူ့စပျစ် ဥယျာဉ်ကို စား စေသော်၎င်း၊ မိမိ တိရိစ္ဆာန် ကို သူ့ လယ် ၌ ထိန်း ကျောင်းသော်၎င်း ၊ မိမိ လယ် ၊ မိမိ စပျစ် ဥယျာဉ်ထဲကအကောင်း ဆုံးကို ထုတ်၍ ပြန်ပေး ရမည်။
6 “Kama moto ukiwaka na kuenea kwenye vichaka vya miiba na kuteketeza miganda ya nafaka au nafaka ambayo haijavunwa, au kuteketeza shamba lote, mtu yule aliyewasha moto lazima alipe.
မီးရှို့ သောအခါမြက်ပင် ကြောင့် အစဉ်အတိုင်းရှောက် ၍ လောင်လျက်၊ ကောက် လှိုင်း၊ စပါး ပင်၊ လယ် ၌ရှိသောအရာတို့ကို လောင် လျှင် ၊ မီးရှို့ သောသူသည် အမှန်လျော် ရမည်။
7 “Kama mtu akimpa jirani yake fedha au mali nyingine amtunzie, na kama vikiibwa kutoka nyumba ya huyo jirani, kama mwizi atashikwa, lazima alipe mara mbili.
လူ တဦးသည် အိမ်နီးချင်း တဦး၌ ရွှေငွေ အစရှိသော ဥစ္စာ တစုံတခုကို အပ်နှံ ၍ ၊ အပ်နှံခံသောသူ ၏အိမ် မှ သူခိုးခိုး သွားလျှင် ၊ သူခိုး ကို တွေ့ မိသောအခါ နှစ်ဆ လျော် စေ။
8 Lakini mwizi asipopatikana, mwenye nyumba atafika mbele ya waamuzi ili kuthibitisha kuwa hakuchukua mali ya mwenzake.
သူခိုး ကို မ တွေ့ လျှင် ၊ အိမ် ရှင် သည် မိမိ အိမ်နီးချင်း ဥစ္စာ ကို ယူ သလောမ ယူလောဟု ဘုရား သခင့်ရှေ့တော်၌ အစစ် ခံရမည်။
9 Pakiwepo jambo lolote la mali isiyo halali, ikiwa ni maksai, punda, kondoo, mavazi, ama mali yoyote iliyopotea ambayo fulani atasema, ‘Hii ni mali yangu,’ pande zote mbili wataleta mashauri yao mbele ya waamuzi. Yule ambaye waamuzi watamwona kuwa na hatia atamlipa jirani yake mara mbili.
သူ့ဥစ္စာကို ပြစ်မှားသည် အမှု မှာ ၊ နွား ၊ မြည်း ၊ သိုး ၊ အဝတ် အစ ရှိသောပျောက်သော ဥစ္စာ တစုံတခု ကို တွေ့၍၊ ဤ ဥစ္စာကား၊ ငါ၏ဥစ္ဇာဖြစ်သည်ဟု တစုံတယောက်ဆို လျှင်၊ အမှု သည် နှစ်ဦး တို့သည် ဘုရား သခင်ရှေ့ တော်၌အစစ်ခံရ၍၊ တရား ရှုံးသော သူသည် နှစ်ဆ လျော် ရမည်။
10 “Kama mtu akimpa jirani yake punda, ngʼombe, kondoo au mnyama mwingine yeyote amtunzie, akifa au akijeruhiwa au akichukuliwa wakati haonekani na mtu yeyote,
၁၀လူ သည် အိမ်နီးချင်းလယ်၌ မြည်း ၊ နွား ၊ သိုး အစရှိသော တိရစ္ဆာန် တစုံတခု ကို အပ်နှံ ၍ ၊ ထိုတိရစ္ဆာန် သေ သော်၎င်း ၊ ထိခိုက် ၍နာသော်၎င်း ၊ သက်သေ မရှိ ဘဲ သူတပါးမောင်း ၍သွားသော်၎င်း၊
11 jambo hili kati yao wawili litaamuliwa kwa kuapa kiapo mbele za Bwana, kwamba huyo jirani hakuhusika na wizi wa mali ya jirani yake. Mwenye mali itampasa akubali jambo hili, na hakuna malipo yatakayohitajika.
၁၁အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း ၏ဥစ္စာ ကို ငါမ ယူ ဟု နှစ်ဦး သဘောတူလျက်၊ ထာဝရဘုရား ရှေ့မှာ အကျိန် ခံရလျှင်၊ ဥစ္စာ ရှင် သည် ဝန်ခံ ရမည်။ အပ်နှံခံသူလည်း မ လျော် ရ။
12 Lakini kama mnyama aliibwa kwa jirani, itampasa amlipe mwenye mnyama.
၁၂သို့ရာတွင် သူတပါးခိုး သွားလျှင် ၊ အပ်နှံခံသူသည် ဥစ္စာ ရှင် အား ပြန်ပေး ရမည်။
13 Kama ameraruliwa na mnyama pori, ataleta mabaki ya mnyama kama ushahidi, naye hatadaiwa kulipa mnyama aliyeraruliwa.
၁၃သားရဲကိုက် လျှင် သက်သေ ဘို့ အသေ ကောင်ကိုပြ စေ။ ပြနိုင်လျှင် အလျော် မ ခံရ။
14 “Kama mtu akimwazima mnyama kutoka kwa jirani yake, na kama akiumia au akafa na mwenye mnyama hayupo, lazima amlipe huyo mnyama.
၁၄လူ သည် အိမ်နီးချင်း ၌ တစုံတခုကို ငှါး ၍ ဥစ္စာရှင် မ ပါ ဘဲ သေ သော်၎င်း၊ ထိခိုက် ၍ နာသော်၎င်း၊ အမှန်လျော် ရမည်။
15 Lakini mwenye mnyama akiwa angalipo na mnyama wake, mwazimaji hatalazimika kumlipa. Kama mnyama alikuwa amekodishwa, fedha iliyolipwa kwa kukodisha inatosha kwa kufidia hasara.
၁၅ဥစ္စာရှင် ပါ လျှင် ၊ ငှါးသောသူသည် မ လျော် ရ။ အခ နှင့် ငှါးလျှင် မူကား၊ ဥစ္စာရှင်သည် အခ ကိုသာ တောင်းရမည်။
16 “Kama mtu akimshawishi bikira ambaye hajaposwa na akilala naye, lazima alipe mahari, kisha atamwoa msichana huyo.
၁၆မ ပေးစား လိုသော အပျို ကို၊ အကြင်ယောက်ျား သည် ချော့မော့ ၍ သင့်နေလျှင် ၊ ကန်တော့ ဥစ္စာကို ပေး ၍ ထိုမိန်းမကို မယား အရာ၌ မြှောက်ထားရမည်။
17 Baba wa msichana akikataa katakata kumpa huyo mtu huyo msichana wake, bado ni lazima huyo mtu atalipa mahari kama inavyostahili malipo ya ubikira.
၁၇မိန်းမ ၏အဘ သဘော မတူမပေးစား လိုလျှင် ၊ ကန်တော့ ရသည်နှင့်အမျှ ငွေ ကို လျော် ရမည်။
18 “Usiruhusu mwanamke mchawi aishi.
၁၈စုန်းမ ကို အသက် ရှင်စေခြင်းငှါ အခွင့်မ ပေးရ။
19 “Mtu yeyote aziniye na mnyama lazima auawe.
၁၉တိရစ္ဆာန် နှင့် သင့် နေသောသူသည် အသေ သတ် ခြင်းကို အမှန်ခံရမည်။
20 “Mtu awaye yote anayemtolea mungu mwingine dhabihu isipokuwa Bwana, lazima aangamizwe.
၂၀ထာဝရဘုရား မှတပါး အခြားသော ဘုရား ရှေ့ မှာ ယဇ် ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီး ရမည်။
21 “Usimtendee mgeni vibaya au kumwonea, kwa kuwa nanyi mlikuwa wageni huko Misri.
၂၁တပြည်တနိုင်ငံသားဖြစ်သော ဧည့်သည် ကို မ နှောင့်ရှက် မ ညှဉ်းဆဲ ရ။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။
22 “Usimdhulumu mjane wala yatima.
၂၂မိဘ မရှိသောသူငယ်နှင့် မုတ်ဆိုးမ ကို သင်တို့သည် မ နှောင့်ရှက် ရ။
23 Kama ukifanya hivyo nao wakinililia, hakika nitasikia kilio chao.
၂၃နှောင့်ရှက် ခြင်းတစုံတခုကို ပြု၍ သူတို့သည် ငါ့ အား အနည်းငယ်အော်ဟစ် လျှင် ၊ ငါသည် ထိုအသံ ကို အမှန်ကြား ၍၊
24 Hasira yangu itawaka, nami nitawaua kwa upanga, wake zenu watakuwa wajane na watoto wenu watakuwa yatima.
၂၄ငါ အမျက် ပြင်းစွာထွက် လျှက် သင် တို့ကို ထား ဘေးဖြင့် ကွပ်မျက် မည်။ သင် တို့မယား များသည်လည်း မုတ်ဆိုးမ ဖြစ်၍ ၊ သားသမီး များသည်လည်း မိဘ မရှိသော သူငယ်ဖြစ်ကြလိမ့်မည်။
25 “Kama ukimkopesha mmojawapo wa watu wangu fedha ambaye ni mhitaji, usiwe kama mtu mkopesha fedha; usimtoze riba.
၂၅ငါ့ လူ ဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေ ကို ချေး လျှင် ၊ အတိုး စားသော သူကဲ့သို့ သူ ၌ မ ပြု ၊ အတိုး ကို မ တောင်း ရ။
26 Kama ukichukua vazi la jirani kama rehani, ulirudishe kwake kabla jua kuzama,
၂၆အိမ်နီးချင်း သည် မိမိစောင် ကို သင် ၌ ပေါင် ထားလျှင် ၊ မိုဃ်းမချုပ်မှီ ပြန် ပေးရမည်။
27 kwa kuwa vazi lake ndilo pekee alilo nalo la kumfunika mwili wake. Ni nini kingine atajifunika nacho? Atakaponililia, nitasikia, kwa kuwa nina huruma.
၂၇အကြောင်း မူကား၊ အခြားသောခြုံ စရာမရှိ။ ကိုယ် ခြုံ ဘို့ ဖြစ်၏။ သူသည် အဘယ်သို့ အိပ် နိုင်သနည်း။ ငါ့ အား အော်ဟစ် လျှင် ငါကြား မည်။ ငါ သည် သနား သော သဘောရှိ၏။
28 “Usimkufuru Mungu au kumlaani mtawala wa watu wako.
၂၈ဘုရား သခင်ကို လွန်ကျူး ၍ မ ပြောရ။ သင် ၏အမျိုး ကို အုပ်စိုး သော မင်း ကို မ ကျိန်ဆဲ ရ။
29 “Usiache kutoa sadaka kutoka ghala lako au mapipa yako. “Lazima unipe mzaliwa wa kwanza wa wana wako.
၂၉အဦးမှည့် သောအသီး၊ အဦးညှစ် သောအရည်ကို မ ထိမ် မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦး ဘွားသော သား ယောက်ျားကိုလည်း ငါ့ အား ဆက်ကပ် ရမည်။
30 Ufanye vivyo hivyo kwa ngʼombe wako na kwa kondoo wako. Waache wakae na mama zao kwa siku saba, lakini siku ya nane unipe.
၃၀ထိုနည်းတူ သိုး နွား တို့ကို ပြု ရမည်။ ခုနစ် ရက် ပတ်လုံးသိုးနွားသငယ်ကို အမိ နှင့် အတူ နေ စေ၍၊ အဋ္ဌမ နေ့ ရောက်မှ ငါ့ အား ဆက်ကပ် ရမည်။
31 “Ninyi mtakuwa watu wangu watakatifu. Kwa hiyo msile nyama ya mnyama aliyeraruliwa na wanyama pori; mtupieni mbwa.
၃၁သင်တို့သည် ငါ့ ထံ ၌ သန့်ရှင်း သောသူ ဖြစ် ရကြမည်။ တော ၌ သားရဲ ကိုက်သော အမဲသား ကို မ စား ရ။ ခွေး တို့အား ပစ် ပေးရမည်။

< Kutoka 22 >