< Éxodo 5 >
1 Y Después de esto, Moisés y Aarón fueron a Faraón, y le dijeron: Él Señor Dios de Israel dice: Deja ir a mi pueblo para que hagan un banquete en mi honor en el desierto.
၁ထိုနောက်မှ ၊ မောရှေ နှင့် အာရုန် သည် ဖါရော ဘုရင်ထံသို့ ဝင် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ ငါ ၏လူ တို့သည် တော ၌ ငါ့ အဘို့ ပွဲခံ စေခြင်းငှါ လွှတ် ရမည်ဟု မိန့် တော်မူကြောင်းကို လျှောက် ၏။
2 Y Faraón dijo: ¿Quién es el Señor, a cuya voz he de prestar oído, y dejar ir a Israel? No conozco al Señor y no dejaré ir a Israel.
၂ဖါရော မင်းကလည်း ၊ ထာဝရဘုရား ၏စကား ကို နားထောင် ၍ ၊ ဣသရေလ အမျိုးသားတို့ကို ငါလွှတ် စေ ခြင်းငှါ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရား ကို ငါမ သိ ၊ ဣသရေလ အမျိုးသားတို့ကို ငါမ လွှတ် ဟု ဆို လေ၏။
3 Y ellos dijeron: El Dios de los hebreos ha venido a nosotros; vayamos entonces a un viaje de tres días a la tierra baldía para hacer una ofrenda al Señor nuestro Dios, para que no nos envíe la muerte por peste o por la espada.
၃သူတို့ကလည်း၊ ဟေဗြဲ လူတို့၏ ဘုရား သခင်သည် ကျွန်တော် တို့နှင့် တွေ့ တော်မူပြီ။ တော သို့ သုံး ရက် ခရီး သွား ၍ ၊ ကျွန်တော် တို့ ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် ရသောအခွင့်ကိုပေး တော်မူပါ။ သို့မဟုတ် ကာလနာ ဘေး၊ ထား ဘေးတစုံတခုဖြင့် ကျွန်တော် တို့ကို ဒဏ်ခတ် တော်မူလိမ့်မည်ဟု လျှောက် ဆို၏။
4 Y el rey de Egipto les dijo: ¿Por qué, Moisés y Aarón, distraen al pueblo de su trabajo? vuelvan a su trabajo!
၄အဲဂုတ္တု ရှင်ဘုရင် ကလည်း ၊ မောရှေ နှင့် အာရုန် ၊ သင်တို့သည် ဤလူ များတို့ကို အဘယ်ကြောင့် အလုပ် ပြတ် စေသနည်း။ အမှု တော်ကို သွား ၍ ဆောင်ရွက်ကြဟု မိန့် တော်မူ၏။
5 Y Faraón dijo: En verdad, la gente de la tierra está aumentando en número, y tú los estás reteniendo de su trabajo.
၅တဖန် လည်း ပြည် တော်၌ ထိုလူ တို့သည် ယခု များ ကြ၏။ အမှု မထမ်း စေခြင်းငှါသင်တို့သည် အခွင့်ပေး ကြသည်တကားဟု ဖါရော ဘုရင်ဆို ၍ ၊
6 El mismo día Faraón dio órdenes a los supervisores y a los que eran responsables del trabajo, diciendo:
၆ထိုနေ့ ခြင်းတွင် အအုပ်အချုပ် ၊ အကြပ်အဆော်တို့ကို ခေါ်ပြီးလျှင်၊
7 No le den a estos hombres mas paja para su fabricación de ladrillos como lo han estado haciendo; déjalos ir a recoger la paja por sí mismos.
၇အုတ် လုပ် စရာဘို့ ကောက်ရိုး ကို လူ တို့အား အရင် ပေးသကဲ့သို့ မ ပေး နှင့်။ သူ တို့သည် ကောက်ရိုး ကို ကိုယ် ဘို့ ရှာ ယူကြစေ။
8 Pero demanda que hagan la misma cantidad de ladrillos que antes, y nada menos: porque son unos holgazanes; por eso ellos claman y dicen, vayamos y hagamos una ofrenda a nuestro Dios.
၈အုတ် ကိုကား၊ အရေအတွက် အားဖြင့်အရင် ကဲ့သို့လုပ် စေရမည်၊ အလျှင်းမ လျော့ စေနှင့်။ သူ တို့သည် ပျင်းရိ ကြ၏။ ထိုကြောင့် သွား ၍ငါ တို့ ဘုရား သခင်အား ယဇ်ပူဇော် ကြစို့ဟု ကြွေးကြော် တတ်ကြ၏။
9 Dales trabajo más duro a los hombres, mantenlos ocupados; que no presten atención a las palabras falsas.
၉သို့ဖြစ်၍စည်းကြပ်လျက် လုပ် စေကြ။ ပင်ပန်း စေကြ။ လူမိုက် စကား ကို နား မ ထောင်စေနှင့်ဟု မိန့်တော်မူ၏။
10 Y los príncipes del pueblo y sus hombres responsables salieron y dijeron al pueblo: Faraón dice: No te daré más paja.
၁၀အအုပ်အချုပ် အကြပ်အဆော် တို့သည် ထွက် ၍ ၊ ဖါရော ဘုရင်က ကောက်ရိုး ကိုငါ မ ပေး။
11 Vayan y recojan más paja de donde sea posible; pero no se les rebajará la cantidad de trabajo.
၁၁ကောက်ရိုး ကို တွေ့ နိုင်ရာအရပ် ၌ ရှာ ကြ။ သို့သော်လည်း လုပ်ရသောအလုပ် အလျှင်းမ လျော့ ရဟု အမိန့် တော်ရှိသည်ဟု လူ တို့အား ပြန်ကြား ကြ၏။
12 Entonces la gente fue enviada en todas direcciones por la tierra de Egipto para recoger rastrojo en vez de paja.
၁၂သို့ဖြစ်၍ လူ တို့သည် ကောက်ရိုး အတွက် အမှိုက် ကို ရှာ ယူခြင်းငှါ အဲဂုတ္တု ပြည် တရှောက်လုံး တွင် အရပ်ရပ်ကွဲပြား ကြ၏။
13 Y los capataces los siguieron y les dijeron: Hagan su trabajo de día completo como antes, cuando se les daba la paja.
၁၃အုပ်ချုပ် သောသူတို့ ကလည်း ၊ ကောက်ရိုး ကို ရ သည်ကာလ၌ နေ့ တိုင်းလုပ် ရသည်အတိုင်း ၊ ပြီး အောင် လုပ်ကြဟု သူတို့ကိုနှိုးဆော် ကြ၏။
14 Y los hombres responsables de los hijos de Israel, que los príncipes de Faraón habían puesto sobre ellos, fueron castigados, y ellos les dijeron: ¿Por qué no hiciste tu trabajo ordinario, haciendo ladrillos como antes?
၁၄ဖါရော မင်း၏ အအုပ်အချုပ် တို့သည် ခန့် ထားသော ဣသရေလ အမျိုး အကြပ်အဆော် တို့ကို သင်တို့သည် အရင် ကလုပ်သည်အတိုင်း ၊ ယနေ့ နှင့်မနေ့ ၌ အုတ် လုပ်ရသောအမှု ကို အဘယ်ကြောင့် မ ပြီးစီး စေကြ သနည်းဟု စစ်၍ရိုက် ကြ၏။
15 Entonces los hombres responsables de los hijos de Israel vinieron a Faraón, protestando y diciendo: ¿Por qué tratas así a tus siervos?
၁၅ထိုအခါ၊ ဣသရေလ အမျိုး အကြပ်အဆော် တို့သည်၊ ဖါရော မင်းထံသို့ သွား ၍ ၊ ကိုယ်တော်သည် ကိုယ်တော် ကျွန် တို့ကို အဘယ်ကြောင့် ဤသို့ စီရင် တော်မူသနည်း။
16 No nos dan paja, y nos dicen: Haz ladrillos, y dan golpes a tus siervos; pero es tu gente quien está equivocada.
၁၆ကိုယ်တော် ကျွန် တို့အား ၊ ကောက်ရိုး ကိုမ ပေး ၊ အုပ်ချုပ်သောသူတို့ ကလည်း၊ အုတ် ကိုလုပ် ကြဟု ဆို သဖြင့်၊ ကျွန်တော်တို့သည် အရိုက် ခံရကြပါ၏။ ကိုယ်တော် လူ တို့၌သာ အပြစ် ရှိပါသည်ဟု အော်ဟစ် ကြ၏။
17 Pero él dijo: son unos holgazanes; por eso dices: vayamos y hagamos una ofrenda al Señor.
၁၇ဖါရောဘုရင်ကလည်း ၊ သင် တို့သည် ပျင်းရိ သည်၊ ပျင်းရိ သည်။ ထိုကြောင့် ငါတို့သည်သွား ၍ ထာဝရဘုရား အား ယဇ်ပူဇော် ကြစို့ဟု သင် တို့ဆို တတ်ကြ၏။
18 Ve ahora, vuelve a tu trabajo; no se les dará paja, pero deben hacer la cantidad completa de ladrillos.
၁၈သို့သောကြောင့် ယခု သွား ၍လုပ် ကြ။ ကောက်ရိုး ကိုမ ပေး ရ။ သို့သော်လည်းအုတ် ကိုပေးမြဲပေး ရမည်ဟု မိန့် တော်မူ၏။
19 Entonces los hombres responsables de los hijos de Israel vieron que estaban en aprietos cuando dijeron: El número de ladrillos que tienen que hacer todos los días no será menor que antes.
၁၉ထိုသို့ နေ့ တိုင်းလုပ်ရသောအုတ် အရေအတွက်၌ အလျှင်းမ လျော့ ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသရေလ အမျိုး အကြပ်အဆော် တို့သည် မိမိ တို့၌ အမှုကြီးရောက်ကြောင်းကို သိမြင် ကြ၏။
20 Y se encontraron cara a cara con Moisés y Aarón, que estaban en su camino cuando salieron de Faraón.
၂၀ဖါရော မင်းထံ မှ ထွက်သွား ကြစဉ် ၊ လမ်း၌ စောင့် လျက်နေသောမောရှေ နှင့် အာရုန် ကို တွေ့ လျှင် ၊
21 Y ellos les dijeron: El Señor tome nota de ti y sea tu juez; porque le has dado a Faraón y a sus siervos una mala opinión de nosotros, poniendo una espada en sus manos para nuestra destrucción.
၂၁ထာဝရဘုရား သည် သင် တို့ကို ကြည့်ရှု ၍ စီရင် တော်မူပါစေသော။ အကြောင်းမူကား၊ ဖါရော မင်းနှင့် အမှု တော်ထမ်းအပေါင်းတို့သည် ငါ တို့ကို ရွံရှာ စေခြင်းငှါ ၎င်း၊ ငါ တို့ကိုသတ် ရသောအခွင့်ရှိစေခြင်းငှါ ၎င်း၊ သင်တို့သည် ပြုကြပြီတကားဟု ဆို ကြ၏။
22 Y Moisés volvió al Señor y le dijo: Señor, ¿por qué has hecho mal a este pueblo? ¿Por qué me has enviado?
၂၂မောရှေ သည်လည်း ၊ ထာဝရဘုရား ထံ တော်သို့သွား ၍ ၊ အိုဘုရား ရှင်၊ ကိုယ်တော်သည် ဤ လူမျိုး ကို အဘယ်ကြောင့် ညှဉ်းဆဲ တော်မူသနည်း။ အကျွန်ုပ် ကို အဘယ်ကြောင့် စေလွှတ် တော်မူသနည်း။
23 Porque desde el tiempo en que fui a Faraón para poner tus palabras delante de él, él ha hecho mal a este pueblo, y tú no les has dado ayuda.
၂၃အကျွန်ုပ်သည် ကိုယ်တော်အခွင့် နှင့် ပြော ခြင်းငှာ ၊ ဖါရော မင်း ထံ သို့ဝင် သည်နေ့မှစ၍ ၊ သူသည် ဤ လူမျိုး ကို ညှဉ်းဆဲ ပါပြီ။ ကိုယ်တော်သည် ကိုယ်တော် ၏ လူ တို့ကို အလျှင်းကယ်လွှတ် တော်မ မူပါဟု လျှောက် ၏။