< Eclesiastés 8 >
1 ¿Quién es como el hombre sabio? ¿Y para quién es claro el sentido de algo? La sabiduría de un hombre hace brillar su rostro, y su duro rostro será cambiado.
၁အဘယ်သူ သည် ပညာရှိ သောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲ သောအနက်ကို အဘယ်သူ နားလည် သနည်း။ ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်း စေတတ်၏။ ထိုသူ ၏ မျက်နှာ သည် အထူးသဖြင့် ရဲရင့် သောအဆင်း ရှိတတ်၏။
2 Te digo: Guarda la ley del rey del respeto por el juramento de Dios.
၂ဘုရားသခင့် ရှေ့တော်၌ ပြုသောသစ္စာကို ထောက် ၍၊ ရှင်ဘုရင် အမိန့် တော်ကို စောင့် လော့။
3 No te apresures a irte de su presencia. No te fijes en un diseño malvado, porque él hace lo que le agrada.
၃သမ္မာ သတိလစ်၍ အထံ တော်မှမ ထွက် နှင့်။ မ ကောင်းသောအမှု ကို မဆွဲမကိုင်နှင့်။ အလိုတော် ရှိသည် အတိုင်း စီရင် တော်မူမည်။
4 La palabra de un rey tiene autoridad; y quién puede decirle: ¿Qué es esto que estás haciendo?
၄ရှင်ဘုရင် အမိန့် တော်၌ တန်ခိုး ပါ၏။ ကိုယ်တော် သည် အဘယ်သို့ ပြု သနည်းဟု အဘယ်သူ ဆို ရာ သနည်း။
5 El que guarda la ley no sufrirá el mal, y el corazón del sabio tiene conocimiento del tiempo y de la decisión.
၅အမိန့် တော်ကိုစောင့် သောသူသည် ရာဇဝတ် နှင့် လွတ် လိမ့်မည်။ ပညာရှိ သောသူ၏ စိတ်နှလုံး သည်လည်း ၊ ကာလ အချိန်ကို၎င်း၊ စီရင် ရသောအခွင့်ကို၎င်းသိမြင် တတ်၏။
6 Para cada propósito hay un tiempo y una decisión, porque el dolor del hombre es grande sobre el.
၆လူကြံစည် သမျှ အဘို့ ၊ ကာလ အချိန်နှင့် စီရင် ရသော အခွင့်ရှိ ၏။ သို့သော်လည်း ၊ လူ သည် အလွန် ဆင်းရဲ ခြင်းကို ခံရ၏။
7 Nadie está seguro de lo que será y quién podrá decirle cuándo será.
၇နောက်ဖြစ် လတံ့သောအရာ ကိုမ သိ။ အဘယ်သို့ ဖြစ် လတံ့သည်ကို တစုံတယောက်မျှမပြော နိုင်ရာ။
8 Ningún hombre tiene autoridad sobre el viento para mantener el viento; o es gobernante el día de su muerte. En la guerra, el tiempo de nadie es libre, y el mal no mantendrá seguro al pecador.
၈နံဝိညာဉ် ကို အစိုးရ၍ ချုပ် ထားနိုင်သော လူ တယောက် မျှမရှိ။ သေ ချိန် ရောက်သောအခါ တန်ခိုး မ ရှိ။ ထို စစ်မှု ထဲက ထွက် စရာအခွင့်မ ရှိ။ ဒုစရိုက်ကို ပြုသော်လည်း၊ ဒုစရိုက် သည် ထိုအမှုထဲက မ ကယ် မနှုတ်နိုင်။
9 Todo esto lo he visto, y he entregado mi corazón a todo el trabajo que se realiza bajo el sol: hay un momento en que el hombre tiene poder sobre el hombre para su destrucción.
၉ဤ အမှုအရာအလုံးစုံ တို့ကို ငါတွေ့မြင် ပြီ။ နေ အောက် မှာပြု လေသမျှ တို့ကို ဆင်ခြင် ပြီ။ မိမိ အကျိုးပျက် အောင် တယောက် ကို တယောက် အုပ်စိုး သောအချိန် လည်း ရှိ၏။
10 Y luego vi a los hombres malvados que fueron sepultados, que entraban y salían incluso del lugar santo; y fueron pronto olvidados en la ciudad donde habían hecho. Esto de nuevo no tiene ningún propósito.
၁၀ထို မှတပါး၊ သန့်ရှင်း ရာအရပ် ဌာနတော်သို့ သွား လာသောအဓမ္မ လူတို့သည် သင်္ဂြိုဟ် ခြင်းခံရကြောင်းကို ၎င်း၊ အဓမ္မ ပြု ဘူးသောမြို့ ၌ သူတို့ကိုအဘယ်သူမျှ မအောက်မေ့ ကြောင်းကို ၎င်းငါမြင် ပြီ။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်၏။
11 Debido a que el castigo por una obra malvada no llega rápidamente, las mentes de los hijos de los hombres están totalmente dedicadas a hacer el mal.
၁၁အဓမ္မ အမှု ကို အလျင်အမြန် စစ်ကြော ၍၊ ဒဏ် မ ပေးသောကြောင့် ၊ လူ သား တို့သည် အဓမ္မ အမှုကို ပြု ခြင်းငှါ ၊ ခိုင်မာ စွာ သဘော ထားကြ၏။
12 Aunque un pecador hace el mal cientos de veces y su vida es larga, estoy seguro de que será bueno para los que temen a Dios y tienen temor ante su presencia.
၁၂အဓမ္မ လူသည် အကြိမ်တရာ တိုင်အောင်အဓမ္မ အမှုကိုပြု ၍ ၊ အသက် တာရှည်သော်လည်း ၊ ဘုရား သခင်ကို ကြောက်ရွံ့ သောသူတို့သည် ရှေ့ တော်၌ ကြောက်ရွံ့ သောကြောင့် ၊ ကောင်း သောအကျိုးကိုခံရ ကြမည်ဟု ငါ အမှန် သိ ၏။
13 Pero no será bueno para el malvado; no hará que sus días sean largos como una sombra, porque no tiene temor ante Dios.
၁၃အဓမ္မ လူကား၊ ဘုရား သခင်ရှေ့ တော်၌ မ ကြောက် မရွံ့သောကြောင့် ၊ ကောင်း သောအကျိုးကို မ ခံရ။ အရိပ် နှင့် တူသော မိမိ အသက်လည်း မ ရှည် ရ။
14 Hay una cosa que no tiene ningún propósito en la tierra: que hay hombres buenos a quienes se les da el mismo castigo que a los que son malos, y hay hombres malvados que reciben la recompensa del bien. Yo digo que esto de nuevo no tiene ningún propósito.
၁၄မြေကြီး ပေါ် မှာ ဖြစ် တတ်သော အနတ္တ အမှု တပါးဟူမူကား၊ အဓမ္မ လူပြုသောအမှု ကြောင့် ခံ ထိုက် သည်အတိုင်း ၊ ဖြောင့်မတ် သောသူအချို့တို့သည် အပြစ်ကိုခံရ ကြ၏။ ထိုနည်းတူ ၊ ဖြောင့်မတ် သောသူ ပြုသောအမှု ကြောင့် ခံ ထိုက်သည်အတိုင်း ၊ အဓမ္မ လူအချို့တို့သည် အကျိုးကိုခံရ ကြ၏။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ် သည်ဟု ငါ့သဘော ရှိ၏။
15 Así que alabé la alegría, porque no hay nada mejor que pueda hacer un hombre bajo el sol que comer, beber y ser feliz; porque eso estará con él en su trabajo todos los días de su vida que Dios le da bajo el sol.
၁၅ထိုအခါ ပျော်မွေ့ ခြင်းအမှုကို ငါ ချီးမွမ်း ၏။ အကြောင်း မူကား၊ လူ သည်နေ အောက် မှာ စား သောက် ခြင်း၊ ပျော်မွေ့ ခြင်းအမှု ထက်သာ၍ ကောင်းသောအမှု မ ရှိ။ နေ အောက် မှာ ဘုရား သခင်ပေး သနားတော်မူသောအသက် ကာလ ၌၊ ကြိုးစားအားထုတ်၍ ရသောအကျိုး တို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။
16 Cuando me dediqué al conocimiento de la sabiduría y al trabajo que se realiza en la tierra (y hay quienes no ven dormir ni de día ni de noche),
၁၆လူအချို့တို့သည် တနေ့ နှင့် တညဉ့်လုံး မ အိပ် ဘဲ နေတတ်သည်ဖြစ်၍၊ ပညာ တရားကို သိ ခြင်းငှါ ၎င်း၊ မြေကြီး ပေါ်မှာပြု သောအမှု များကို ကြည့်ရှု ခြင်းငှါ ၎င်း ၊ ငါသည် ကိုယ် နှလုံး ကို နှိုးဆော် ၏။
17 Entonces vi toda la obra de Dios, y ese hombre no puede conocer la obra que se realiza bajo el sol; porque, si un hombre trabaja arduamente para la búsqueda, no obtendrá conocimiento, e incluso si el hombre sabio parece estar llegando al final de su búsqueda, seguirá sin saberlo.
၁၇ဘုရား သခင်ပြုတော်မူသောအမှု အလုံးစုံ တို့ကို ငါကြည့်ရှု သောအခါ ၊ နေ အောက် မှာ ပြု သောအမှု များကို လူ သည် စစ် ၍ မ ကုန်နိုင်။။ ကြိုးစား ၍ စစ် သော်လည်း ၊ အကုန်အစင်မ သိ နိုင်။။ ထိုမျှ မက၊ ပညာရှိ သောသူသည် ငါသိမည်ဟု ကြံ သော်လည်း ၊ အကြံ မ မြောက်နိုင်ရာ။