< 2 Reyes 14 >

1 En el segundo año de Joás, hijo de Joacaz, rey de Israel, Amasías, hijo de Joás, se convirtió en rey de Judá.
ယော​ခတ်​၏​သား​တော်​ဣ​သ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ ၏​နန်း​စံ​ဒု​တိ​ယ​နှစ်​၌​ယော​ရှ​၏​သား​တော်​သည်၊ အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ​သော်​ယု​ဒ​ပြည်​ဘု​ရင် အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့် ကိုး​နှစ်​နန်း​စံ​ရ​၏။ သူ​၏​မယ်​တော်​မှာ​ယေ​ရု ရှ​လင်​မြို့​သူ​ယုဒ္ဒန်​ဖြစ်​၏။-
2 Tenía veinticinco años cuando llegó a ser rey; y reinó en Jerusalén veintinueve años; El nombre de su madre fue Joadan de Jerusalén.
3 Hizo lo correcto ante los ojos del Señor, aunque no como David su padre; hizo conforme a todas las cosas que Joás su padre había hecho.
အာ​မ​ဇိ​သည်​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​သော​အ​မှု​တို့​ကို​ပြု​၏။ သို့​ရာ​တွင်​သူ​သည် မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ်​မင်း​ကဲ့​သို့​မ​ပြု ကျင့်​ဘဲ ခ​မည်း​တော်​ယော​ရှ​ကဲ့​သို့​ပြု​ကျင့် ၏။-
4 Pero aún los lugares altos no fueron quitados; La gente siguió haciendo sacrificios quemando incienso en los lugares altos.
သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ဖြို​ဖျက်​ခြင်း​မ​ပြု​သ​ဖြင့် ပြည်​သူ​တို့​သည် ဆက်​လက်​၍​ထို​ဌာ​န​များ​တွင်​ယဇ်​ပူ​ဇော် ၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​လေ​သည်။
5 Y cuando se hizo fuerte en el reino, enseguida dio muerte a aquellos siervos que habían tomado la vida del rey, su padre;
အာ​မ​ဇိ​သည်​မိ​မိ​၏​အာ​ဏာ​တည်​သည်​နှင့် တစ်​ပြိုင်​နက် ခ​မည်း​တော်​ဘု​ရင်​မင်း​ကို​လုပ် ကြံ​သည့်​မှူး​မတ်​တို့​ကို​ကွပ်​မျက်​လေ​၏။-
6 Pero él no mató a sus hijos; porque las órdenes del Señor registradas en el libro de la ley de Moisés dicen: Los padres no deben ser condenados a muerte por los hijos, o los hijos por sus padres; pero un hombre debe ser muerto por el pecado que él mismo ha hecho.
သို့​ရာ​တွင်​သူ​သည်​ထို​သူ​တို့​၏​သား​သ​မီး တို့​ကို​မူ​မ​သတ်​ဘဲ``မိ​ဘ​တို့​သည်​သား​သ​မီး များ​ကူး​လွန်​သည့်​ပြစ်​မှု​များ​အ​တွက် အ​သတ် မ​ခံ​စေ​ရ။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​တို့ ကူး​လွန်​သည့်​ပြစ်​မှု​များ​အ​တွက်​အ​သတ် မ​ခံ​စေ​ရ။ လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ ကိုယ်​တိုင်​ကူး​လွန်​သည့်​ပြစ်​မှု​အ​တွက်​သာ လျှင် အ​သတ်​ခံ​စေ​ရ​မည်'' ဟူ​၍​မော​ရှေ​၏ ပ​ညတ်​ကျမ်း​တွင် ပါ​ရှိ​သည့်​ထာ​ဝရ​ဘု​ရား ၏​ပ​ညတ်​တော်​ကို​လိုက်​လျှောက်​ကျင့်​သုံး တော်​မူ​၏။
7 Puso a la espada a doce mil hombres de Edom en el Valle de la Sal, y tomó a Sela en guerra, llamándola Jocteel, como lo es hasta hoy.
အာ​မ​ဇိ​သည်​ပင်​လယ်​သေ​၏​တောင်​ဘက်​ရှိ ဆား​ချိုင့်​ဝှမ်း​တွင် ဧ​ဒုံ​စစ်​သည်​တစ်​သောင်း ကို​သုတ်​သင်​တော်​မူ​၏။ သူ​သည်​သေ​လ​မြို့ ကို​သိမ်း​ယူ​ပြီး​လျှင် မြို့​၏​နာ​မည်​ကို​ပြောင်း သ​ဖြင့် ယု​ဿေ​လ​မြို့​ဟု​ယ​နေ့​တိုင်​အောင် ခေါ်​တွင်​သ​တည်း။
8 Entonces Amasías envió representantes a Joás, hijo de Joacaz, hijo de Jehú, rey de Israel, y le dijo: Vamos, tengamos una reunión cara a cara.
ထို​နောက်​အာ​မ​ဇိ​သည် ဣ​သ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ထံ​သို့​သံ​တ​မန်​များ​စေ​လွှတ် ပြီး​လျှင် မိ​မိ​နှင့်​စစ်​ပြိုင်​ရန်​ဖိတ်​ခေါ်​လိုက် လေ​သည်။-
9 Y Joás, rey de Israel, envió a Amasías, rey de Judá, diciendo: Él cardo en el Líbano envió al cedro del Líbano, diciendo: Da tu hija a mi hijo por esposa, pero una bestia desde el bosque en el Líbano pasó, aplastando al cardo bajo sus pies.
သို့​ရာ​တွင်​ယ​ဟော​ရှ​မင်း​က``အ​ခါ​တစ်​ပါး​က လေ​ဗ​နုန်​တောင်​ထိပ်​တွင် ဆူး​ပင်​တစ်​ပင်​က​သစ် က​တိုး​ပင်​အား`သင်​၏​သ​မီး​ကို​ငါ့​သား​နှင့် ပေး​စား​ထိမ်း​မြား​လော့' ဟု​အ​မှာ​စာ​ပေး​ပို့​ခဲ့​၏။ သို့​ရာ​တွင်​အ​နီး​မှ​ဖြတ်​သန်း​လာ​သော သား​ရဲ တိ​ရစ္ဆာန်​တစ်​ကောင်​သည်​ထို​ဆူး​ပင်​ကို​နင်း​ချေ လိုက်​လေ​သည်။-
10 Es cierto que has vencido a Edom y tu corazón se ha elevado; deja que esa gloria sea suficiente para ti, y guárdala en tu país; ¿Por qué causas problemas al ponerte a ti y a Judá en peligro de caída?
၁၀အ​ချင်း​အာ​မ​ဇိ၊ ယ​ခု​အ​ဆွေ​တော်​သည် ဧ​ဒုံ ပြည်​သား​တို့​ကို​အ​နိုင်​ရ​သ​ဖြင့်​စိတ်​နေ​မြင့် လျက်​နေ​၏။ မိ​မိ​ရ​ရှိ​ထား​သည့်​ကျော်​စော​ကိတ္တိ ဖြင့်​ပင်​ကျေ​နပ်​ရောင့်​ရဲ​စွာ သင်​၏​နန်း​တော်​တွင် စံ​မြန်း​ပါ​လော့။ သင်​သည်​မိ​မိ​နှင့်​ပြည်​သူ​တို့ အား​ဆုံး​ပါး​ပျက်​စီး​စေ​မည့်​ဘေး​ဒုက္ခ​ကို အ​ဘယ်​ကြောင့်​ရှာ​လို​ပါ​သ​နည်း'' ဟု​ပြန် စာ​ရေး​၍​ပေး​ပို့​လိုက်​၏။
11 Pero Amasías no le prestó atención. Entonces subió Joás, rey de Israel, y él y Amasías, rey de Judá, se encontraron cara a cara en Bet-semes, que está en Judá.
၁၁သို့​ရာ​တွင်​သူ​၏​စ​ကား​ကို​အာ​မ​ဇိ​သည် နား​မ​ထောင်။ ထို့​ကြောင့်​ယ​ဟော​ရှ​မင်း​သည် မိ​မိ​၏​စစ်​သည်​တော်​များ​နှင့်​ချီ​တက်​ပြီး​လျှင် အာ​မ​ဇိ​မင်း​အား​ယု​ဒ​ပြည်၊ ဗက်​ရှေ​မက်​မြို့ တွင်​တိုက်​ခိုက်​လေ​သည်။-
12 Y Judá fue vencido delante de Israel, y salieron huyendo, cada uno a su tienda.
၁၂အာ​မ​ဇိ​၏​တပ်​မ​တော်​မှာ​အ​ရေး​ရှုံး​နိမ့်​သ ဖြင့် သူ​၏​စစ်​သည်​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ နေ​ရပ်​သို့​ထွက်​ပြေး​ကြ​ကုန်​၏။-
13 Entonces Joás, rey de Israel, hizo a Amasías, rey de Judá, hijo de Joás, hijo de Ocozías, preso en Bet-semes, y vino a Jerusalén, y derribó el muro de Jerusalén de la puerta de Efraín a la puerta de la esquina, cuatrocientos codos.
၁၃ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု ရှ​လင်​မြို့​သို့​ချီ​တက်​၍​မြို့​ရိုး​ပေ​ခြောက်​ရာ ကို​ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ချ​လိုက်​၏။-
14 Tomó todo el oro, la plata y todas las vasijas que estaban en la casa del Señor y en el almacén del rey, junto con aquellos que tomó como rehenes, y se fue de vuelta a Samaria.
၁၄သူ​သည်​မိ​မိ​တွေ့​ရှိ​သ​မျှ​သော​ရွှေ၊ ငွေ၊ ဗိ​မာန် တော်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​နှင့်​ဘဏ္ဍာ​တော် တိုက်​တွင် ရှိ​သ​မျှ​ကို​ယူ​၍​ရှ​မာ​ရိ​မြို့​သို့ သယ်​ဆောင်​သွား​တော်​မူ​၏။ ယ​ဟော​ရှ​မင်း သည်​ဋ္ဌား​စာ​ခံ​များ​ကို​လည်း ဖမ်း​ဆီး​ခေါ် ဆောင်​ခဲ့​လေ​သည်။
15 Los demás hechos de Joás y su poder, y cómo fue a la guerra con Amasías, rey de Judá, ¿no están registrados en el libro de las crónicas de los reyes de Israel?
၁၅ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​ဖြစ်​ပွား​သည့်​စစ်​ပွဲ​တွင် ယ​ဟော​ရှ​၏​လက်​ရုံး​ရည်​အ​ပါ​အ​ဝင်​သူ​လုပ် ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​အ​လုံး​စုံ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
16 Y Joás durmió con sus padres, y fue enterrado en Samaria con los reyes de Israel; y Jeroboam su hijo se hizo rey en su lugar.
၁၆ယ​ဟော​ရှ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ရှ​မာ​ရိ မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဒု​တိ​ယ မြောက်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
17 Amasías, hijo de Joás, rey de Judá, siguió viviendo durante quince años después de la muerte de Joás, hijo de Joacaz, rey de Israel.
၁၇ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည် ဣသ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ကွယ်​လွန်​ပြီး​နောက်​တစ်​ဆယ့်​ငါး နှစ်​တိုင်​တိုင်​အ​သက်​ရှင်​နေ​၏။-
18 Y los demás hechos de Amasías, ¿no están registrados en el libro de las crónicas de los reyes de Judá?
၁၈အာ​မ​ဇိ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး​ထား​သ​တည်း။
19 Entonces hicieron un plan secreto contra él en Jerusalén; y se fue a huir a Laquis, pero lo enviaron a Laquis y lo mataron allí.
၁၉အာ​မ​ဇိ​သည်​မိ​မိ​အား​လုပ်​ကြံ​ရန်​ယေ​ရု​ရှ​လင် မြို့​တွင် လျှို့​ဝှက်​ကြံ​စည်​မှု​တစ်​ရပ်​ဖြစ်​ပေါ်​လာ သ​ဖြင့် လာ​ခိ​ရှ​မြို့​သို့​ထွက်​ပြေး​လေ​သည်။ သို့ ရာ​တွင်​သူ​၏​ရန်​သူ​များ​သည်​ထို​မြို့​သို့ လိုက်​၍​သူ့​ကို​လုပ်​ကြံ​ကြ​၏။-
20 Y tomaron su cuerpo a caballo y lo enterraron con sus padres en Jerusalén, la ciudad de David.
၂၀သူ​၏​အ​လောင်း​ကို​မြင်း​ပေါ်​တွင်​တင်​၍​ယူ ဆောင်​လာ​ပြီး​လျှင် ဒါ​ဝိဒ်​မြို့​ရှိ​ဘု​ရင်​များ ၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။-
21 Entonces todo el pueblo de Judá tomó a Azarías, que tenía dieciséis años, y lo hizo rey en lugar de su padre Amasías.
၂၁ထို​နောက်​ယု​ဒ​ပြည်​သူ​တို့​သည် အ​သက်​တစ် ဆယ့်​ခြောက်​နှစ်​ရှိ​သား​တော်​သြ​ဇိ​ကို​မင်း မြှောက်​ကြ​၏။-
22 Fue el constructor de Elat, que regresó para Judá después de la muerte del rey.
၂၂သြ​ဇိ​သည်​ခ​မည်း​တော်​ကွယ်​လွန်​ပြီး​သည် နောက် ဧ​လတ်​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကာ ပြန်​လည်​ထူ​ထောင်​လေ​သည်။
23 En el decimoquinto año del gobierno de Amasías, hijo de Joás, rey de Judá, Jeroboam, hijo de Joás, rey de Israel, se convirtió en rey en Samaria, y reinó durante cuarenta y un años.
၂၃ယော​ရှ​၏​သား​တော်​ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​၏ နန်း​စံ​တစ်​ဆယ့်​ငါး​နှစ်​မြောက်​၌ ယ​ဟော​ရှ​၏ သား​တော်​ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​၌​လေး​ဆယ့်​တစ်​နှစ်​တိုင်​တိုင်​နန်း စံ​လေ​သည်။-
24 Hizo lo malo ante los ojos del Señor, sin apartarse del pecado que hizo Jeroboam, el hijo de Nabat, e hizo pecar a Israel.
၂၄သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​၍ ဣသ ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​လွန် ရန် ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သော​နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​၏​ဆိုး​ယုတ်​သည့်​လမ်း​စဉ်​ကို လိုက်​၏။-
25 Recuperó los viejos límites de Israel desde el camino a Hamat hasta el mar de Araba, como lo había dicho el Señor por su siervo Jonás, el hijo de Amitai, el profeta de Gat-hefer.
၂၅သူ​သည်​မြောက်​သို့​လား​သော်​ဟာမတ်​တောင်​ကြား လမ်း၊ တောင်​သို့​လား​သော်​ပင်​လယ်​သေ​တိုင်​အောင် ယ​ခင်​အ​ခါ​က​ဣသ​ရေ​လ​ပြည်​၏​ပိုင်​နက်​နယ် မြေ​မှန်​သ​မျှ​တို့​ကို​ပြန်​လည်​သိမ်း​ယူ​လေ​သည်။ ဤ​ကား​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် မိ​မိ​၏​ကျွန်​တော် ရင်း၊ ဂါ​သေ​ဖာ​မြို့​နေ၊ အ​မိတ္တဲ​၏​သား​ပရော​ဖက် ယော​န​အား​ဖြင့်​မိန့်​တော်​မူ​ခဲ့​သော​စ​ကား တော်​အ​တိုင်း​ပင်​ဖြစ်​သ​တည်း။
26 Porque el Señor vio lo amargo que era el problema de Israel, y que nadie había escapado, y que Israel no tenía ayuda.
၂၆ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြင်း​ပြ​စွာ​ခံ​စား​နေ​ရ​ကြ​သော​ဆင်း​ရဲ​ဒုက္ခ ကို​မြင်​တော်​မူ​၏။ သူ​တို့​အား​ကူ​မ​မည့်​သူ တစ်​ယောက်​မျှ​မ​ရှိ​ချေ။-
27 Y el Señor no había dicho que el nombre de Israel debía ser quitado de la tierra; pero él les dio un salvador en Jeroboam, el hijo de Joás.
၂၇ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ထာ​ဝစဉ်​ပျက် ပြုန်း​အောင်​စီ​ရင်​ရန်​အ​လို​တော်​မ​ရှိ​သ​ဖြင့် ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​မင်း​အား​ဖြင့် သူ​တို့​ကို​ကယ်​တော်​မူ​၏။
28 Ahora, el resto de los actos de Jeroboam, y todo lo que hizo, y su poder, y cómo fue a la guerra y cómo recuperó Damasco, y Hamat para Israel, ¿no están registrados en el libro de las crónicas de los reyes de Israel?
၂၈ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​လုပ်​ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​များ၊ တိုက်​ပွဲ​တွင်​သူ​၏ လက်​ရုံး​ရည်၊ ဒ​မာ​သက်​မြို့​နှင့်​ဟာ​မတ်​မြို့​တို့ ကို ဣသ​ရေ​လ​နိုင်​ငံ​နယ်​မြေ​အ​တွင်း​သို့​ပြန် လည်​သိမ်း​ယူ​ခဲ့​ပုံ​အ​ကြောင်း​တို့​ကို ဣသ​ရေ​လ ရာ​ဇဝင်​တွင်​ရေး​ထား​သ​တည်း။-
29 Y Jeroboam durmió fue con sus padres, y fue enterrado con los reyes de Israel; y su hijo Zacarías se convirtió en rey en su lugar.
၂၉ယေ​ရော​ဗောင်​ကွယ်​လွန်​သော​အ​ခါ သူ့​အား ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဇာ​ခ​ရိ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။

< 2 Reyes 14 >