< Éxodo 10 >

1 Y JEHOVÁ dijo á Moisés: Entra á Faraón; porque yo he agravado su corazón, y el corazón de sus siervos, para dar entre ellos estas mis señales;
တဖန် ထာဝရဘုရား က၊ သင်သည် ဖာရော ဘုရင်ထံ သို့ဝင် လော့။ ငါသည် ဤ နိမိတ် တို့ကို သူ ရှေ့ ၌ ပြ ခြင်းငှာ ၎င်း၊
2 Y para que cuentes á tus hijos y á tus nietos las cosas que yo hice en Egipto, y mis señales que dí entre ellos; y para que sepáis que yo soy Jehová.
အဲဂုတ္တုပြည်၌ ငါပြုသောအမှု၊ အဲဂုတ္တု လူတို့တွင် ငါပြ သောနိမိတ် တို့ကို၊ သင် ၏သား မြေးတို့အား ကြား ပြောသဖြင့် ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ စေခြင်းငှာ ၎င်း၊ သူ ၏နှလုံး ၊ သူ ၏ကျွန် တို့နှလုံး ကို ငါ ခိုင်မာ စေပြီဟု မောရှေ အား မိန့် တော်မူ၏။
3 Entonces vinieron Moisés y Aarón á Faraón, y le dijeron: Jehová, el Dios de los Hebreos, ha dicho así: ¿Hasta cuándo no querrás humillarte delante de mí? Deja ir á mi pueblo para que me sirvan.
မောရှေ နှင့် အာရုန် တို့သည်၊ ဖာရော ဘုရင်ထံ သို့ဝင် ပြီးလျှင် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား က၊ သင်သည် ငါ့ ရှေ့မှာ ကိုယ်ကိုကိုယ်မ နှိမ့်ချ ဘဲ အဘယ်မျှ ကာလ ပတ်လုံးနေလိမ့်မည်နည်း။ ငါ ၏လူ တို့ သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့် ကိုပေး လော့။
4 Y si aun rehusas dejarlo ir, he aquí que yo traeré mañana langosta en tus términos,
သို့မဟုတ် ငါ ၏လူ တို့ကို မ လွှတ် ဘဲနေလျှင် ၊ ကြည့်ရှု လော့။ ကျိုင်းကောင် တို့ကို သင် ၏ပြည် သို့ နက်ဖြန် ငါ ဆောင် ခဲ့မည်။
5 La cual cubrirá la faz de la tierra, de modo que no pueda verse la tierra; y ella comerá lo que quedó salvo, lo que os ha quedado del granizo; comerá asimismo todo árbol que os produce [fruto] en el campo:
မြေ မ ထင်ပေါ် နိုင် အောင် သူတို့သည် မြေ မျက်နှာ ကို ဖုံးလွှမ်း ကြလိမ့်မည်။ မိုဃ်းသီး မဖျက်၊ သင် တို့၌ ကျန် ကြွင်း သေးသမျှကို၎င်း၊ သင် တို့အဘို့ မြေ ၌ ပေါက် သမျှသော အပင် တို့ကို၎င်းစား ကြလိမ့်မည်။
6 Y llenarse han tus casas, y las casas de todos tus siervos, y las casas de todos los Egipcios, cual nunca vieron tus padres ni tus abuelos, desde que ellos fueron sobre la tierra hasta hoy. Y volvióse, y salió de con Faraón.
သင် ၏ဘိုးဘေး တို့သည် မြေ ပေါ် မှာဖြစ် သည် ကာလ မှစ၍ ၊ ယနေ့ တိုင်အောင် မ မြင် ဘူးသကဲ့သို့၊ သင် ၏အိမ် များ၊ သင် ၏ကျွန် တို့အိမ် များ၊ အဲဂုတ္တု လူအပေါင်း တို့၏ အိမ် များတို့ကို ဖြည့် ကြလိမ့်မည်ဟု ဆို ပြီးလျှင် ၊ လှည့် ၍ ဖာရော ဘုရင်ထံမှ ထွက် သွားလေ၏။
7 Entonces los siervos de Faraón le dijeron: ¿Hasta cuándo nos ha de ser éste por lazo? Deja ir á estos hombres, para que sirvan á Jehová su Dios; ¿aun no sabes que Egipto está destruído?
ဖာရော ဘုရင်၏ ကျွန် တို့ကလည်း ၊ ဤ လူသည် ငါ တို့ကို အဘယ်မျှ ကာလ ပတ်လုံးနှောင့်ရှက် ပါလိမ့်မည်နည်း။ ထိုသူတို့သည် သူ တို့၏ဘုရား သခင်ထာဝရဘုရား အား ဝတ်ပြု မည်အကြောင်း အခွင့် ပေးတော်မူပါ။ အဲဂုတ္တု ပြည်ပျက် ကြောင်း ကို သိ တော်မ မူသေးသလောဟုလျှောက် ကြလျှင် ၊
8 Y Moisés y Aarón volvieron á ser llamados á Faraón, el cual les dijo: Andad, servid á Jehová vuestro Dios. ¿Quién y quién son los que han de ir?
မောရှေ နှင့် အာရုန် ကို တဖန် ဖာရော ဘုရင်ထံ သို့သွင်း ပြန်၍ ၊ သင် တို့၏ဘုရား သခင်ထာဝရ ဘုရားအား ဝတ်ပြု ခြင်းငှာသွား ကြလော့။ သို့ရာတွင် သွား ရသောသူတို့သည် အဘယ်သူ နည်းဟုမေး လျှင်၊
9 Y Moisés respondió: Hemos de ir con nuestros niños y con nuestros viejos, con nuestros hijos y con nuestras hijas: con nuestras ovejas y con nuestras vacas hemos de ir; porque tenemos solemnidad de Jehová.
မောရှေ က၊ အကျွန်ုပ်တို့သည် သူငယ် ၊ သူအို၊ သားသမီး ၊ သိုး ၊ နွား ပါလျက် သွား ပါမည်။ အကြောင်းမူကား ၊ ထာဝရဘုရား ရှေ့တော်၌ ပွဲ ခံရပါမည်ဟု ပြန်ဆို လေသော်၊
10 Y él les dijo: Así sea Jehová con vosotros como yo os dejaré ir á vosotros y á vuestros niños: mirad como el mal está delante de vuestro rostro.
၁၀ဖာရောမင်းက၊ သင် တို့နှင့် သူငယ် များကို ငါလွှတ် သည်အတိုင်း ၊ ထာဝရဘုရား သည် သင် တို့၌ ရှိစေသော။ သတိပြု ၊ မကောင်း သောအကြံကို ကြံကြသည်တကား။
11 No [será] así: id ahora vosotros los varones, y servid á Jehová: pues esto es lo que vosotros demandasteis. Y echáronlos de delante de Faraón.
၁၁ထိုသို့ မ ဖြစ်ရာ။ အရင်တောင်း လျှောက်သည်အတိုင်း၊ ယောက်ျား ဖြစ်သောသူတို့သာသွား ၍ ထာဝရ ဘုရားအား ဝတ်ပြု ကြဟု မိန့် တော်မူသဖြင့်၊ သူ တို့ကို အထံ တော်မှ နှင် ကြလေ၏။
12 Entonces Jehová dijo á Moisés: Extiende tu mano sobre la tierra de Egipto para langosta, á fin de que suba sobre el país de Egipto, y consuma todo lo que el granizo dejó.
၁၂ထာဝရဘုရား ကလည်း ၊ ကျိုင်း တို့သည် အဲဂုတ္တု ပြည် သို့ ရောက် လာ၍ မိုဃ်းသီး မဖျက်၊ မြေ ပေါ်မှာ ကျန်ရစ် သောအပင် ရှိသမျှ တို့ကို စား စေခြင်းငှာ ၊ အဲဂုတ္တု ပြည် အပေါ် မှာ လက် ကိုဆန့် လော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
13 Y extendió Moisés su vara sobre la tierra de Egipto, y Jehová trajo un viento oriental sobre el país todo aquel día y toda aquella noche; y á la mañana el viento oriental trajo la langosta:
၁၃မောရှေ သည် မိမိ လှံတံ ကို အဲဂုတ္တု ပြည် အပေါ် မှာ ဆန့် သဖြင့် ၊ ထို နေ့ နှင့် ထိုညဉ့် ပတ်လုံး ၊ အရှေ့ လေ ကို မြေ ပေါ် မှာထာဝရဘုရား လာ စေတော်မူ၍၊ နံနက် ရောက် မှ အရှေ့ လေ သည် ကျိုင်း တို့ကို ဆောင် ခဲ့လေ၏။
14 Y subió la langosta sobre toda la tierra de Egipto, y asentóse en todos los términos de Egipto, en gran manera grave: antes de ella no hubo langosta semejante, ni después de ella vendrá otra tal;
၁၄ထိုကျိုင်း တို့သည် အဲဂုတ္တု ပြည် လုံး ကို လွှမ်းမိုး ၍ ၊ ပြည် နယ်နိမိတ် ရှိသမျှ အပေါ် မှာ နား သဖြင့် အလွန် များပြား ကြ၏။ ထိုသို့ သော ကျိုင်း တို့သည် ရှေး ကမ ဖြစ် စဖူး၊ နောက် ၌လည်း မ ဖြစ် ရလတံ့။
15 Y cubrió la faz de todo el país, y oscurecióse la tierra; y consumió toda la hierba de la tierra, y todo el fruto de los árboles que había dejado el granizo; que no quedó cosa verde en árboles ni en hierba del campo, por toda la tierra de Egipto.
၁၅မြေ မည်း သည်တိုင်အောင်မြေ တပြင်လုံး ကို ဖုံးအုပ် ၍ တပြည် လုံးတွင် မြက်ပင် ရှိသမျှ မိုဃ်းသီး နှင့် လွတ် သောသစ်သီး ရှိသမျှ ကို စား ကြသဖြင့် ၊ အဲဂုတ္တု ပြည် တရှောက်လုံး တွင် သစ်ပင် မြက်ပင် တို့၌ စိမ်း သောအရာ တစုံတခုမျှ မ ကျန်ရစ်။
16 Entonces Faraón hizo llamar apriesa á Moisés y á Aarón, y dijo: He pecado contra Jehová vuestro Dios, y contra vosotros.
၁၆ထိုအခါ ဖာရော ဘုရင်သည် မောရှေ နှင့် အာရုန် ကို အလျင်အမြန် ခေါ် ၍ ၊ သင် တို့၏ ဘုရား သခင် ထာဝရဘုရား ကို၎င်း ၊ သင် တို့ကို၎င်း ငါပြစ်မှား ပါပြီ။
17 Mas ruego ahora que perdones mi pecado solamente esta vez, y que oréis á Jehová vuestro Dios que quite de mí solamente esta muerte.
၁၇သို့ဖြစ်၍ သည်တခါ ငါ့ အပြစ် ကို သည်းခံ ပါလော့။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည်၊ ဤ သေဘေး တခုကိုသာ ငါ မှ ပယ်ရှား ပါမည်အကြောင်း တောင်းပန် ပါဟု ဆို သည်ရှိသော်၊
18 Y salió de con Faraón, y oró á Jehová.
၁၈မောရှေသည် အထံ တော်မှ ထွက် ၍ ၊ ထာဝရဘုရား ကို တောင်းပန် လေ၏။
19 Y Jehová volvió un viento occidental fortísimo, y quitó la langosta, y arrojóla en el mar Bermejo: ni una langosta quedó en todo el término de Egipto.
၁၉ထာဝရဘုရား သည် အားကြီး သော အနောက် လေ ကို လွှတ် တော်မူသဖြင့် ၊ ထိုလေသည် ကျိုင်း တို့ကို ဆောင်သွား ၍ ဧဒုံ ပင်လယ် ၌ ချ ပစ်လေ၏။ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ကျိုင်း တကောင် မျှ မ ကျန်ရစ်။
20 Mas Jehová endureció el corazón de Faraón; y no envió los hijos de Israel.
၂၀သို့သော်လည်း ၊ ထာဝရဘုရား သည် ဖာရော ဘုရင်၏နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသား တို့ကို မ လွှတ် ဘဲနေပြန်လေ၏။
21 Y Jehová dijo á Moisés: Extiende tu mano hacia el cielo, para que haya tinieblas sobre la tierra de Egipto, tales que cualquiera las palpe.
၂၁တဖန် ထာဝရဘုရား က၊ အဲဂုတ္တု ပြည် တရှောက်လုံး၌ မှောင်မိုက် သာမညမဟုတ်၊ စမ်းသပ် ၍ တွေ့ရသောမှောင်မိုက် ဖြစ် စေခြင်းငှာ ၊ သင် ၏လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် လော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
22 Y extendió Moisés su mano hacia el cielo, y hubo densas tinieblas tres días por toda la tierra de Egipto.
၂၂မောရှေ သည် မိမိ လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် ၍ ၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ထူထပ် သော မှောင်မိုက် သည် သုံး ရက် ပတ်လုံးဖြစ် လေ၏။
23 Ninguno vió á su prójimo, ni nadie se levantó de su lugar en tres días; mas todos los hijos de Israel tenían luz en sus habitaciones.
၂၃ထိုအခါ တယောက်ကိုတယောက်မ မြင် နိုင်ကြ။ သုံး ရက် ပတ်လုံးအဘယ်သူမျှ မိမိ နေရာ မှ မ ထ ရကြ။ သို့ရာတွင် ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ မိမိ တို့နေရာ ၌ အလင်း ကို ရ ကြ၏။
24 Entonces Faraón hizo llamar á Moisés, y dijo: Id, servid á Jehová; solamente queden vuestras ovejas y vuestras vacas: vayan también vuestros niños con vosotros.
၂၄ထိုအခါ ဖာရော ဘုရင်သည် မောရှေ နှင့် အာရုန်ကို ခေါ် ၍ ထာဝရ ဘုရားအား ဝတ်ပြု ခြင်းငှာသွား ကြလော့။ သို့ရာတွင်သိုး နွား များကို ထား ခဲ့ကြစေ။ သူငယ် များကို ခေါ် ကြစေဟု မိန့် တော်မူ၏။
25 Y Moisés respondió: Tú también nos entregarás sacrificios y holocaustos que sacrifiquemos á Jehová nuestro Dios.
၂၅မောရှေ ကလည်း ၊ ကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် စရာဘို့ ယဇ်ကောင် များ၊ မီးရှို့ ရာပူဇော်သက္ကာများကို ကိုယ်တော် ပေး ရမည်။
26 Nuestros ganados irán también con nosotros; no quedará ni una uña; porque de ellos hemos de tomar para servir á Jehová nuestro Dios; y no sabemos con qué hemos de servir á Jehová, hasta que lleguemos allá.
၂၆ကျွန်ုပ် တို့သည် တိရစ္ဆာန် များကို ဆောင်သွား ရမည်။ တကောင်မျှ မ ကျန်ရစ် ရ။ အကြောင်းမူကား ၊ သူ တို့အထဲက ကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား အား ဝတ်ပြု စရာဘို့ ရွေး ယူရမည်။ ထာဝရ ဘုရားအား အဘယ် မည်သောအကောင်နှင့် ဝတ်ပြု ရမည်ကို ထို အရပ်သို့ မ ရောက် မှီ မ သိ ပါဟု ဆို လေသော်၊
27 Mas Jehová endureció el corazón de Faraón, y no quiso dejarlos ir.
၂၇ထာဝရဘုရား သည် ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသားတို့ကို မ လွှတ် ။
28 Y díjole Faraón: Retírate de mí: guárdate que no veas más mi rostro, porque en cualquier día que vieres mi rostro, morirás.
၂၈မောရှေ ကို လည်း ၊ ငါ့ ထံမှ ထွက် သွားလော့။ နောက် တဖန် ငါ့ မျက်နှာ ကို မ မြင် အောင် သတိပြု လော့။ ငါ့ မျက်နှာ ကို မြင် သောနေ့ ၌ သေ မည်ဟု မိန့် တော်မူ၏။
29 Y Moisés respondió: Bien has dicho; no veré más tu rostro.
၂၉မောရှေ ကလည်း ၊ မိန့် တော်မူချက်သည် လျောက်ပတ် ပါ၏။ မျက်နှာ တော်ကို နောက် တဖန်မ မြင် ပါဟု လျှောက်ဆို ၏။

< Éxodo 10 >