< Ezequiel 11 >
1 Y el espíritu me levantó, y me metió por la puerta oriental de la casa de Jehová, la cual mira hacia el oriente; y he aquí en la entrada de la puerta veinte y cinco varones, entre los cuales ví a Jezonías, hijo de Azur, y a Pelcías, hijo de Banaías, príncipes del pueblo.
၁ဘုရားသခင်၏ဝိညာဉ်တော်သည်ငါ့အား ချီပင့်၍ ဗိမာန်တော်အရှေ့တံခါးသို့ခေါ် ဆောင်သွားတော်မူ၏။ တံခါးအနီး၌နိုင်ငံ့ ခေါင်းဆောင်များဖြစ်ကြသော အဇုရ၏သား ယာဇညာနှင့်ဗေနာယ၏သားပေလတိ အပါအဝင်လူပေါင်းနှစ်ဆယ့်ငါးယောက် ကိုငါမြင်ရ၏။
2 Y díjome: Hijo del hombre, estos son los hombres que piensan perversidad, y aconsejan mal consejo en esta ciudad.
၂ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ဤမြို့၌မကောင်းသောအကြံကိုပေးကြ သူလူယုတ်မာများကားဤသူတို့ပင် ဖြစ်၏။-
3 Los que dicen: No será tan presto: edifiquemos casas: esta será la caldera, y nosotros la carne.
၃သူတို့က`ငါတို့သည်အိမ်များကိုမကြာမီ တစ်ဖန်ဆောက်လုပ်ကြမည်။ ဤမြို့သည်အိုး ကင်းနှင့်တူ၍ ငါတို့ကားအိုးကင်းထဲမှ အမဲသားနှင့်တူကြ၏' ဟုဆိုကြ၏။-
4 Por tanto profetiza contra ellos: profetiza, hijo del hombre.
၄သို့ဖြစ်၍အချင်းလူသားသူတို့အားရှုတ် ချ၍ပရောဖက်ပြုကြလော့'' ဟုမိန့်တော် မူ၏။
5 Y cayó sobre mí el Espíritu de Jehová, y díjome: Dí: Así dijo Jehová: Así habéis hablado, o! casa de Israel, y las cosas que suben a vuestro espíritu yo las he entendido.
၅ဘုရားသခင်၏ဝိညာဉ်တော်သည်ငါ၏ အပေါ်သို့သက်ရောက်တော်မူ၏။ ထာဝရ ဘုရားက``အို ဣသရေလအမျိုးသားတို့၊ သင်တို့ပြောဆိုနေကြသောစကားများ နှင့်သင်တို့၏အကြံအစည်များကိုငါ သိ၏။-
6 Habéis multiplicado vuestros muertos en esta ciudad, y habéis henchido de muertos sus calles.
၆သင်တို့သတ်ဖြတ်သောသူတို့သည်လွန်စွာ များပြားလှသဖြင့် လမ်းများသည်လူသေ ကောင်တို့ဖြင့်ပြည့်နှက်နေလေပြီ။
7 Por tanto así dijo el Señor Jehová: Vuestros muertos que habéis puesto en medio de ella, esos son la carne, y ella es la caldera: mas a vostros yo os sacaré de en medio de ella.
၇သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော် မူသည်ကား``ဤမြို့သည်အမှန်ပင်အိုးကင်း နှင့်တူလိမ့်မည်။ သို့ရာတွင်အမဲသားက အဘယ်အရာဖြစ်သနည်း။ သင်တို့လက် ဖြင့်သေရသည့်အလောင်းများပင်ဖြစ်ပါ သည်တကား။ သို့ရာတွင်ငါသည်သင်တို့ အားမြို့ပြင်သို့ပစ်ထုတ်လိုက်မည်။-
8 Espada habéis temido, y espada traeré sobre vosotros, dijo el Señor Jehová.
၈သင်တို့သည်ဋ္ဌားကိုကြောက်ကြသလော။ သင် တို့အားဋ္ဌားဖြင့်ခုတ်ဖြတ်မည့်သူတို့ကိုငါ ခေါ်ဆောင်ခဲ့မည်ဟုအရှင်ထာဝရဘုရား မိန့်ဆို၏။-
9 Y yo os sacaré de en medio de ella, y os entregaré en mano de extraños, y yo haré juicios en vosotros.
၉သင်တို့အားမြို့ပြင်သို့ထုတ်၍တစ်ကျွန်း တစ်နိုင်ငံသားတို့၏လက်သို့ပေးအပ်မည်။ ငါသည်သင်တို့အားပြစ်ဒဏ်စီရင်ပြီ။-
10 A espada caeréis: en el término de Israel os juzgaré, y sabréis que yo soy Jehová.
၁၀သင်တို့သည်မိမိတို့ပြည်နယ်စပ်၌သင်တို့ ကိုတရားစီရင်သဖြင့် စစ်ပွဲတွင်ကျဆုံးရ ကြလိမ့်မည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို လူတိုင်းသိရှိကြ လိမ့်မည်။-
11 Esta no os será por caldera, ni vosotros seréis en medio de ella por la carne: en el término de Israel os tengo de juzgar.
၁၁အိုးကင်းသည်အမဲသားကိုကာကွယ်သကဲ့ သို့ ဤမြို့သည်သင်တို့အားအကာအကွယ် ပေးလိမ့်မည်မဟုတ်။ သင်တို့သည်ဣသရေလ ပြည်နယ်စပ်တွင် ငါသည်သင်တို့ကိုအပြစ် ဒဏ်ခတ်မည်။-
12 Y sabréis que yo soy Jehová, porque no habéis andado en mis ordenanzas, ni habéis hecho según mis juicios: mas según los juicios de las gentes que están en vuestros al derredores habéis hecho.
၁၂ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ အိမ်နီးချင်းတိုင်းပြည်များ၏တရား ဥပဒေကိုလိုက်နာ၍ငါ၏ပညတ်များ၊ အမိန့် များကိုချိုးဖောက်ကြောင်းကိုလည်းကောင်း သင် တို့သိရှိကြလိမ့်မည်'' ဟူ၍ငါ့အားမိန့်တော် မူ၏။
13 Y aconteció que estando yo profetizando, Pelcías, hijo de Banaías, murió. Y caí sobre mi rostro, y clamé con grande voz, y dijo: ¡Ah, Señor Jehová! ¿haces tú consumación del resto de Israel?
၁၃ငါသည်ထိုဗျာဒိတ်တော်ကိုဆင့်ဆိုနေစဉ် ဗေနာယ၏သားပေလတိသည်လဲ၍သေ လေ၏။ ထိုအခါငါသည်မြေပေါ်သို့လှဲချ ပျပ်ဝပ်လိုက်ပြီးလျှင်``အို အရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ကျန်ရှိနေသေး သည့်ဣသရေလအမျိုးသားမှန်သမျှ တို့အားသုတ်သင်ပစ်တော်မူမည်လော'' ဟုဟစ်အော်လျှောက်ထား၏။
14 Y fue palabra de Jehová a mí, diciendo:
၁၄ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံ သို့ရောက်လာ၏။ ကိုယ်တော်က``အချင်းလူသား၊ ယေရုရှလင်မြို့တွင်နေထိုင်ကြသောသူတို့ သည်သင်နှင့်သင်၏ညီအစ်ကိုဣသရေလ အမျိုးသားတို့၏အကြောင်းကိုပြောဆိုနေ ကြ၏။ သူတို့က`ပြည်နှင်ဒဏ်ခံရသူတို့သည် ထာဝရဘုရားသွေးတော်စပ်သူညီအစ်ကို နှင့်ထံတော်မှ ရပ်ဝေးသို့ရောက်ရှိနေကြ၏။ သို့ဖြစ်၍ကိုယ်တော်သည်ဤပြည်ကိုငါတို့ အားပေးတော်မူပြီ' ဟုဆိုကြ၏။''
15 Hijo del hombre, tus hermanos, tus hermanos, los hombres de tu parentesco, y toda la casa de Israel, toda ella: a quien dijeron los moradores de Jerusalem: Alejáos de Jehová: a nosotros es dada la tierra en posesión,
၁၅
16 Por tanto dí: Así dijo el Señor Jehová: Aunque los he echado lejos entre las gentes, y los he esparcido por las tierras, con todo eso les seré por un pequeño santuario en las tierras donde vinieren.
၁၆ထို့ကြောင့်ငါအရှင်ထာဝရဘုရားမိန့်တော် မူသည်ကား``သူတို့အားရပ်ဝေးရှိလူမျိုးခြား နှင့်အတူနေထိုင်ရန်စေလွှတ်၍ တိုင်းတစ်ပါး တို့တွင်ပျံ့လွင့်စေခဲ့သော်လည်းအခိုက်အတန့် အားဖြင့် သူတို့ရှိရာအရပ်၌သူတို့နှင့် အတူငါရှိမည်။''
17 Por tanto dí: Así dijo el Señor Jehová: Yo os congregaré de los pueblos, y os apañaré de las tierras en las cuales estáis esparcidos, y os daré la tierra de Israel.
၁၇``သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားကိုသူတို့အားဆင့်ဆိုလော့။ ငါသည် လူမျိုးခြားတို့ထဲမှသူတို့အားပြန်လည်သိမ်း ဆည်း၍ သူတို့ပျံ့လွင့်လျက်ရှိသည့်ပြည်များ မှသူတို့ကိုပြန်လည်စုသိမ်းမည်။ ဣသရေလ ပြည်ကိုပြန်လည်ပေးအပ်မည်။-
18 Y vendrán allá, y quitarán de ella todas sus contaminaciones, y todas sus abominaciones.
၁၈သူတို့သည်ပြန်လည်ရောက်ရှိလာသောအခါ မိမိတို့တွေ့ရှိရသမျှသောစက်ဆုပ်ဖွယ်ကောင်း သည့်ရုပ်တုများကိုပယ်ရှားရကြမည်။-
19 Y darles he un corazón, y espíritu nuevo daré en sus entrañas; y quitaré el corazón de piedra de su carne, y darles he corazón de carne;
၁၉သူတို့အားစိတ်သဘောတညီတညွတ်တည်း ဖြစ်စေ၍ စိတ်သစ်နှလုံးသစ်ကိုငါပေးမည်။ ငါသည်သူတို့၏ခိုင်မာသောကျောက်နှလုံး ကိုယူပစ်၍ နာခံတတ်သောနှလုံးကိုပေး မည်။-
20 Para que anden en mis ordenanzas, y guarden mis juicios, y los hagan; y me sean a mí por pueblo, y yo les sea a ellos por Dios.
၂၀သို့ဖြစ်၍သူတို့သည်ငါ၏ပညတ်များကို စောင့်ထိန်း၍ငါ၏အမိန့်များကိုတိကျ စွာလိုက်နာကြလိမ့်မည်။ သူတို့သည်ငါ၏ လူမျိုးတော်ဖြစ်၍ငါသည်လည်းသူတို့၏ ဘုရားဖြစ်လိမ့်မည်။-
21 Y aquellos cuyo corazón anda al corazón de sus contaminaciones, y de sus abominaciones, yo daré su camino sobre su cabeza, dijo el Señor Jehová.
၂၁သို့ဖြစ်၍ငါသည်ညစ်ညမ်းစက်ဆုပ်ဖွယ် ကောင်းသောရုပ်တုများကိုစိတ်စွဲလမ်းသူ တို့ကိုဒဏ်ခတ်တော်မူမည်။ သူတို့ပြုခဲ့ သည့်အမှုများအတွက်ဒဏ်ခတ်တော်မူ မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်မြွက်တော်မူချက် ပင်ဖြစ်သတည်း။
22 Y los querubines alzaron sus alas, y las ruedas en pos de ellos; y la gloria del Dios de Israel sobre ellos encima.
၂၂အသက်ရှင်သောသတ္တဝါတို့သည်စ၍ပျံ ကြသောအခါဘီးများသည်လည်းလိုက် သွားကြ၏။ ဣသရေလအမျိုးသားတို့ ဘုရားသခင်၏တောက်ပသောဘုန်းအသ ရေတော်သည်သူတို့၏အပေါ်၌တည် လျက်ရှိ၏။-
23 Y la gloria de Jehová se fue de en medio de la ciudad, y paró sobre el monte que está al oriente de la ciudad.
၂၃ထိုနောက်တောက်ပသောဘုန်းတော်ရောင်ခြည် သည်မြို့မှထွက်ခွာ၍ အရှေ့ဘက်တွင်ရှိ သောတောင်ရိုးသို့ရွေ့လျားသွားတော်မူ၏။-
24 Y el espíritu me levantó, y me tornó a traer en la tierra de los Caldeos a los trasportados, en visión del Espíritu de Dios; y partióse de mí la visión que había visto.
၂၄ဘုရားသခင်၏ဝိညာဉ်တော်ပေးတော်မူ သောဗျာဒိတ်ရူပါရုံထဲ၌ ဘုရားသခင် ၏ဝိညာဉ်တော်သည်ငါ့ကိုချီပင့်တော်မူ ပြီးလျှင် ပြည်နှင်ဒဏ်ခံရသူများရှိရာ ဗာဗုလုန်ပြည်သို့ပြန်လည်ပို့ဆောင်တော် မူ၏။ ထိုနောက်ဗျာဒိတ်ရူပါရုံသည်မှေး မှိန်၍သွားလေသည်။-
25 Y hablé a los trasportados todas las palabras de Jehová, que él me había mostrado.
၂၅ငါသည်ငါ့အားထာဝရဘုရားဖော်ပြ တော်မူသမျှသောအမှုအခြင်းအရာ တို့ကို ပြည်နှင်ဒဏ်ခံရသူတို့အားပြန် ကြားလေ၏။