< Luca 22 >

1 Și sărbătoarea azimelor, care se cheamă Paștele, era aproape.
ပသခါ အမည်ရှိ သော အဇုမ ပွဲ ခံခါနီး တွင် ၊
2 Și preoții de seamă și scribii căutau cum să îl ucidă; fiindcă se temeau de popor.
ယဇ်ပုရောဟိတ် အကြီးတို့နှင့် ကျမ်းပြု ဆရာတို့သည် ကိုယ်တော် ကို အဘယ်သို့ သတ် ရအံ့နည်းဟု ရှာကြံ ရကြသနည်းဟူမူကား၊ လူ များတို့ကို ကြောက် ကြ၏။
3 Atunci a intrat Satan în Iuda, numit și Iscariot, fiind din numărul celor doisprezece.
ထိုအခါ စာတန် သည် တပည့် တော်တစ်ကျိပ် နှစ်ပါးအဝင်ဖြစ် သော ယုဒ ရှကာရုတ် အထဲ သို့ဝင် သည် ဖြစ်၍၊
4 Și Iuda a mers și a vorbit îndeaproape cu preoții de seamă și căpeteniile, cum să îl trădeze lor.
ထိုသူသည် ယဇ်ပုရောဟိတ် အကြီးများ၊ ဗိမာန်တော်မှူး များတို့ထံသို့သွား ပြီးလျှင် ၊ ယေရှု ကို အဘယ်သို့ အပ် ရမည်နည်းဟူ၍ တိုင်ပင် လေ၏။
5 Și s-au bucurat și s-au înțeles să îi dea arginți.
ထိုသူ တို့သည်ဝမ်းမြောက်သောစိတ် ရှိ၍ ငွေ ပေး မည်ဟု ဝန်ခံ ကြ၏။
6 Și a promis și căuta ocazia să li-l trădeze, în absența mulțimii.
ယုဒ ရှကာရုတ်သည်လည်းဝန်ခံ ပြီးမှ လူ များမ ရှိစဉ်တွင်ကိုယ်တော် ကို အပ် ခြင်းငှာအဆင်သင့် သော အချိန်ကာလကို ကြံ လျက် နေ၏။
7 Atunci a venit ziua azimelor, în care paștele trebuia înjunghiat.
ပသခါ သိုးသငယ်ကို သတ် ရသောနေ့တည်းဟူသောအဇုမ ပွဲနေ့ ရောက် သောအခါ၊
8 Iar el a trimis pe Petru și Ioan, spunând: Duceți-vă și pregătiți-ne paștele, ca să mâncăm.
ကိုယ်တော်က၊ ငါ တို့ စား ဘို့ရာ သင်တို့သည်သွား ၍ ပသခါ ပွဲကို ပြင်ဆင် ကြလော့ ဟု ပေတရု နှင့် ယောဟန် ကို စေလွှတ် တော်မူ၏။
9 Iar ei i-au spus: Unde voiești să pregătim?
သူတို့ကလည်း ၊ အဘယ် အရပ်၌ ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေးလျှောက် ကြသော်၊
10 Iar el le-a spus: Iată, la intrarea voastră în cetate, vă va întâlni un om, purtând un ulcior cu apă; urmați-l în casa unde intră.
၁၀ကိုယ်တော်က၊ သင် တို့သည် မြို့ ထဲသို့ ဝင် သောအခါ ရေ အိုး ဆောင် သောသူ ကိုတွေ့ လိမ့်မည်။ ထိုသူ နောက် သို့ လိုက်၍ သူဝင် သောအိမ် သို့ ဝင်ပြီးမှ၊
11 Și să ziceți stăpânului casei: Învățătorul îți spune: Unde este camera de oaspeți, unde voi mânca paștele cu discipolii mei?
၁၁ငါသည် ငါ့ တပည့် တို့နှင့်တကွ ပသခါ ပွဲကိုစား ရသော ဧည့်သည်အခန်း ကား အဘယ်မှာ ရှိ သနည်း။ ဆရာ က မေး သည်ဟု အိမ် ရှင် ကို ပြော ကြလော့။
12 Și vă va arăta o cameră mare de sus, așternută; acolo să pregătiți.
၁၂ထိုသူ သည် ပြင်ဆင် လျက်ရှိသောအထက်အခန်း ကြီး ကို ပြ လိမ့်မည်။ ထို အခန်း၌ ပြင်ဆင် ကြလော့ ဟု မိန့် တော်မူ၏။
13 Și au mers și au găsit cum le-a spus; și au pregătit paștele.
၁၃တပည့် တော်တို့သည် သွား ၍ စကား တော်အတိုင်း တွေ့ လျှင် ၊ ပသခါ ပွဲကို ပြင်ဆင် ကြ၏။
14 Și când a venit ora, el a șezut [la masă] și cei doisprezece apostoli cu el.
၁၄အချိန် ရောက် မှ တမန်တော် တစ်ကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်း တော်မူ၍ ၊
15 Și le-a spus: Cu multă dorință am dorit să mănânc acest paște cu voi înainte de a suferi eu;
၁၅ငါ သည် အသေမ ခံ မှီ ဤ ပသခါ ပွဲကို သင် တို့နှင့်အတူ စား ခြင်းငှာအလွန် အလိုရှိ လေပြီ။
16 Fiindcă vă spun: Nu voi mai mânca nicidecum din el până când va fi împlinit în împărăția lui Dumnezeu.
၁၆ငါ ဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံ တော်၌ ပသခါပွဲမ ပြည့်စုံ မှီတိုင်အောင် ယခုမှစ၍ဤ ပွဲကို တဖန် ငါမ စား ရ ဟု မိန့် တော်မူလျက်၊
17 Și luând paharul, a adus mulțumiri și a spus: Luați acesta și împărțiți-l între voi;
၁၇ခွက်ဖလား ကို ယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ၊ ဤ ခွက်ကို ယူ ၍ အချင်းချင်း ဝေ ကြလော့။
18 Fiindcă vă spun: Nu voi bea nicidecum din rodul viței până când va veni împărăția lui Dumnezeu.
၁၈ငါ ဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံ တော် မ တည် မှီတိုင်အောင် ယခု မှစ၍ စပျစ်ရည် ကိုတဖန် ငါ မ သောက်ရ ဟု မိန့် တော်မူ၏။
19 Și a luat pâine și a adus mulțumiri și a frânt-o și le-a dat, spunând: Acesta este trupul meu care este dat pentru voi; să faceți aceasta în amintirea mea.
၁၉ထိုအခါ မုန့် ကိုယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့်ကား သင် တို့အဘို့ အလိုငှာ စွန့် သော ငါ ၏ကိုယ် ဖြစ် ၏။ ငါ့ ကို အောက်မေ့ ဘို့ရာ ဤသို့ ပြု ကြလော့ ဟု မိန့် တော်မူ၏။
20 Tot astfel și paharul, după cină, spunând: Acest pahar este noul testament în sângele meu, care se varsă pentru voi.
၂၀ထိုနည်းတူ ညစာစား ပြီးမှ ခွက် ကိုလည်း ယူ၍၊ ဤ ခွက် ကား သင် တို့အဘို့ အလိုငှာ သွန်း သော ငါ ၏ အသွေး ၌ တည်သော ပဋိညာဉ်တရား သစ် ဖြစ်၏။
21 Dar, iată, mâna celui ce mă trădează este cu mine la masă.
၂၁သို့သော်လည်း ငါ့ ကို အပ်နှံ သောသူ ၏လက် သည် ဤစားပွဲ ပေါ်မှာ ငါ့ လက်နှင့်အတူ ရှိ ၏။
22 Și, într-adevăr, Fiul omului se duce cum a fost hotărât; dar vai acelui om, prin care este trădat!
၂၂ခွဲခန့် မှတ်သားတော်မူသည်အတိုင်း လူ သား သည် သွား ရမည်။ သို့သော်လည်း လူ သားကို အပ်နှံ သော သူ သည် အမင်္ဂလာ ရှိ၏ ဟု မိန့် တော်မူ၏။
23 Și au început să se întrebe între ei, care dintre ei ar fi cel ce ar face aceasta.
၂၃တပည့် တော်တို့သည်လည်း ထိုအမှု ကို အဘယ်သူ ပြု အံ့နည်းဟု အချင်းချင်း မေးမြန်း ကြ၏။
24 Și a fost de asemenea o ceartă între ei, care dintre ei să fie socotit cel mai mare.
၂၄ထိုမှတစ်ပါး တပည့်တော်တို့သည် မိမိ တို့တွင် အဘယ်သူ သည် သာ၍ ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံ ခြင်းရှိ သည်ဖြစ်၍၊
25 Dar el le-a spus: Împărații neamurilor domnesc peste ele; și cei ce exercită autoritate asupra lor sunt chemați binefăcători.
၂၅ကိုယ်တော် က၊ လောကီ မင်း တို့သည် အစိုးတရ ပြုတတ်ကြ၏။ အာဏာ ထားသောသူ တို့ကိုလည်း ကျေးဇူး ရှင်ဟူ၍ခေါ်ဝေါ် ကြ၏။
26 Dar voi să nu fiți așa; ci cel ce este mai mare printre voi, să fie ca cel mai tânăr; și conducătorul ca cel ce servește.
၂၆သင် တို့မူကား ထိုသို့ မ ပြုကြနှင့်၊ သင် တို့တွင် အကဲအမှူး ပြုသောသူ ကို ငယ်သား ကဲ့သို့ ဖြစ်စေ ။ အုပ်စိုး သောသူ ကိုလည်း အစေခံ ကဲ့သို့ ဖြစ်စေ။
27 Căci care este mai mare, cel ce șade la masă, sau cel ce servește? Nu cel ce șade la masă? Dar eu sunt printre voi ca cel ce servește.
၂၇အဘယ်သူ သည် သာ၍ ကြီးမြတ်သနည်း။ စားပွဲ ၌ လျောင်းသောသူ သည်ကြီးမြတ်သလော ။ လုပ်ကျွေး သောသူ သည် ကြီးမြတ်သလော။ စားပွဲ ၌ လျောင်းသောသူ သည်ကြီးမြတ်သည်မ ဟုတ်လော။ သို့သော်လည်း ငါ သည် သင် တို့တွင် လုပ်ကျွေး သောသူ ကဲ့သို့ ဖြစ် ၏။
28 Iar voi sunteți cei care ați rămas necontenit cu mine în ispitirile mele.
၂၈ငါ သည် စုံစမ်း နှောင့်ရှက်ခြင်းကို ခံစဉ် တွင်သင် တို့သည် ငါ ၌မှီဝဲ သောသူ ဖြစ် ရာ၏။
29 Și eu vă rânduiesc o împărăție, așa cum Tatăl meu mi-a rânduit;
၂၉ငါ့ ခမည်းတော် သည် ငါ့ အား နိုင်ငံ ကို ပေး တော်မူသည်နှင့်အညီ ၊
30 Ca să mâncați și să beți la masa mea în împărăția mea și să ședeți pe tronuri, judecând cele douăsprezece triburi ale lui Israel.
၃၀သင်တို့သည် ငါ ၏နိုင်ငံ တွင် ငါ့ စားပွဲ ၌ စား သောက် သောအခွင့်ကို၎င်း၊ တရား ပလ္လင်ပေါ်မှာ ထိုင် ၍ ဣသရေလ လူတစ်ဆယ်နှစ် မျိုး ကို အုပ်စိုး ရသောအခွင့်ကို၎င်း၊ ငါ သည် သင် တို့အား ပေး မည် ဟု မိန့် တော်မူ၏။
31 Iar Domnul a spus: Simone, Simone, iată, Satan a dorit [să] vă [aibă] ca să [vă] cearnă ca grâul.
၃၁တဖန် သခင်ဘုရားက ၊ ရှိမုန် ၊ ရှိမုန် ၊ ဂျုံဆန် ကို ဆန်ခါ နှင့်ချသကဲ့သို့ စာတန် သည် သင် တို့ကို ချရမည်အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊
32 Dar eu m-am rugat pentru tine, ca nu cumva credința ta să înceteze; și când te vei întoarce, întărește pe frații tăi.
၃၂သင် ၏ယုံကြည် သောစိတ် မ ပျက်စေခြင်းငှာ ငါ သည် သင့် အဘို့ ဆုတောင်း လေပြီ။ သင် သည် သတိရ ပြန်သောအခါ သင် ၏ညီအစ်ကို တို့ကို တည်ကြည် စေလော့ ဟု မိန့်တော်မူလျှင်၊
33 Iar Petru i-a spus: Doamne, sunt gata să merg cu tine deopotrivă la închisoare și la moarte.
၃၃ပေတရုက၊ သခင် ၊ အကျွန်ုပ်သည် ကိုယ်တော် နှင့်အတူ ထောင် ထဲသို့ ၎င်း ၊ အသေ သတ်ခြင်းသို့ ၎င်း လိုက် ခြင်းငှာအသင့် ရှိ ပါ၏ဟု လျှောက် လေသော်၊
34 Iar el a zis: Îți spun, Petre, nicidecum nu va cânta cocoșul astăzi, înainte ca de trei ori să negi că mă cunoști.
၃၄သခင်ဘုရားက၊ ပေတရု ၊ ငါဆို သည်ကား၊ ယနေ့ တွင် ကြက် မ တွန် မှီ သင် သည် ငါ့ ကို မသိ ဟုသုံး ကြိမ်မြောက်အောင် ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူ၏။
35 Și le-a spus: Când v-am trimis fără pungă și traistă și încălțăminte, v-a lipsit ceva? Iar ei au spus: Nimic.
၃၅တဖန် မိန့် တော်မူသည်ကား၊ အထက်က ငွေအိတ် ၊ လွယ်အိတ် ၊ ခြေနင်း မ ပါဘဲ သွားကြလော့ဟု သင် တို့ကို ငါစေလွှတ် သောအခါ တစ်စုံတစ်ခု လိုသလောဟု မေးလျှင်၊ တစ်စုံတစ်ခုမျှ မ လိုပါဟု လျှောက် ကြသော် ၊
36 Atunci le-a spus: Dar acum, cel ce are pungă să o ia și la fel traista; și cel ce nu are sabie, să își vândă haina și să cumpere una.
၃၆ယခု မူကား ငွေအိတ် ရှိ သောသူ သည် ယူ စေ။ လွယ်အိတ် ရှိသောသူသည် ယူစေ။ ဓား မ ရှိ သော သူ သည် အဝတ် ကိုရောင်း ၍ ထားကိုဝယ် စေ။
37 Fiindcă vă spun, mai trebuie să se împlinească în mine ceea ce este scris: Și el a fost socotit printre călcătorii de lege, fiindcă și cele referitoare la mine au un sfârșit.
၃၇အကြောင်းမူကား ၊ ထိုသူသည်မတရား သောသူတို့နှင့် ရေတွက် ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာ ချက်သည် ငါ ၌ ယခုပင် ပြည့်စုံ ရ မည်။ ငါ့ အမှုအရာတို့သည် ပြီးစီး ခြင်းသို့ ရောက် ကြပြီ ဟု မိန့် တော်မူ၏။
38 Iar ei au spus: Doamne, iată, aici două săbii. Iar el le-a spus: Este destul.
၃၈ထိုသူ တို့ကလည်း ၊ သခင် ၊ ဓား နှစ် စင်းရှိပါ၏ဟု လျှောက် လျှင်၊ တန် ပြီ ဟု မိန့် တော်မူ၏။
39 Și a ieșit și s-a dus conform obiceiului la muntele Măslinilor; iar discipolii săi l-au urmat și ei.
၃၉ထိုနောက် အလေ့ တော်ရှိသည်အတိုင်း သံလွင် တောင် သို့ ထွက် ကြွ တော်မူ၍၊ တပည့် တော်တို့သည် နောက်တော်သို့ လိုက် ကြ၏။
40 Și, venind la acel loc, le-a spus: Rugați-vă, ca să nu intrați în ispită.
၄၀ထိုအရပ် သို့ ရောက် တော်မူလျှင် ၊ သင်တို့သည် စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်း ကြလော့ ဟု မိန့် တော်မူပြီးမှ၊
41 Și el s-a depărtat de ei ca la o aruncătură de piatră și a îngenunchiat și s-a rugat,
၄၁တပည့်တော်တို့နှင့် ကျောက်ခဲ တပစ် လောက် ခွာသွား ၍ ဒူး ထောက် လျက်၊
42 Spunând: Tată, dacă voiești, depărtează acest pahar de la mine; totuși nu voia mea, ci a ta să se facă.
၄၂အိုအဘ ၊ အလိုတော်ရှိ လျှင် ဤ ခွက် ကို အကျွန်ုပ် မှ လွှဲ တော်မူပါ။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်း မ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ် ပါစေသော ဟု ဆုတောင်း တော်မူ၏။
43 Și i s-a arătat un înger din cer, întărindu-l.
၄၃ထိုအခါ ကောင်းကင်တမန် သည် ထင်ရှား လာ၍ ကိုယ်တော် ကို အားပေး ရ၏။
44 Și, fiind în agonie, s-a rugat mai intens; iar sudoarea sa a devenit ca picături mari de sânge, căzând pe pământ.
၄၄ပြင်းစွာ သောဝေဒနာကိုခံ လျက် အထူးသဖြင့် ကြိုးစား၍ ဆုတောင်း တော်မူ၏။ ချွေး ထွက် တော်မူသည် ကား ၊ မြေ ပေါ်၌ ကျ သော သွေး စက် ခဲကဲ့သို့ ဖြစ်သတည်း။
45 Și după ce s-a sculat de la rugăciune și a venit la discipolii săi, i-a găsit dormind de întristare,
၄၅ထိုသို့ဆုတောင်း ပြီးမှ ၊ ယေရှုသည်ထ ၍ တပည့် တော်တို့ရှိရာသို့ ပြန် သောအခါ၊ သူ တို့သည် ဝမ်းနည်းသောစိတ် ရှိသည်နှင့် အိပ်ပျော် လျက် နေကြသည်ကို တွေ့ တော်မူလျှင်၊
46 Și le-a spus: De ce dormiți? Sculați-vă și rugați-vă, ca nu cumva să intrați în ispită.
၄၆သင်တို့သည် အဘယ်ကြောင့် အိပ်ပျော် ကြသနည်း။ ထ ကြ။ စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည် အကြောင်း ဆုတောင်း ကြလော့ ဟု မိန့် တော်မူ၏။
47 Iar pe când el încă vorbea, iată, o mulțime și cel chemat Iuda, unul dintre cei doisprezece, mergea înaintea lor și s-a apropiat de Isus să îl sărute.
၄၇ထိုသို့ မိန့် တော်မူစဉ် တွင် ပင် တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင်ဖြစ် သော ယုဒ ရှကာရုတ်သည် လူ အပေါင်းတို့ကို လမ်းပြလျက်လာ ၍ ၊ ယေရှု ကို နမ်း ခြင်းငှာချဉ်းကပ် လေ၏။
48 Dar Isus i-a spus: Iuda, cu o sărutare trădezi pe Fiul omului?
၄၈ယေရှု ကလည်း ၊ ယုဒါ သင်သည် နမ်း ခြင်းကို ပြုလျက် လူ သား ကိုအပ် သလော ဟု မေး တော်မူ၏။
49 Când cei ce erau în jurul lui au văzut ce avea să urmeze, i-au spus: Doamne, să lovim cu sabia?
၄၉ယေရှု နှင့်အတူ ပါသောသူတို့သည် ဖြစ် အံ့သောအမှု ကို မြင် လျှင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ဓား နှင့် ခုတ် ရပါမည်လောဟု မေးလျှောက် ပြီးမှ၊
50 Și unul dintre ei a lovit pe robul marelui preot și i-a tăiat urechea dreaptă.
၅၀တစ် ယောက်သည် ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ် ယောက်ကို ခုတ် သဖြင့် လက်ျာ နားရွက် ပြတ် လေ၏။
51 Dar Isus a răspuns și a zis: Lăsați așa, până aici. Și i-a atins urechea și l-a vindecat.
၅၁ယေရှု ကလည်း ၊ တန် စေ ဟု မိန့် တော်မူ၍ နားရွက် ကို လက်တော်နှင့်တို့ သဖြင့် အနာကို ပျောက် စေတော်မူ၏။
52 Atunci Isus a spus preoților de seamă și căpeteniilor templului și bătrânilor care veniseră la el: Ați venit ca împotriva unui tâlhar, cu săbii și bâte?
၅၂ထိုအခါ အထံ တော်သို့ ရောက်လာ သော ယဇ်ပုရောဟိတ် အကြီး၊ ဗိမာန် တော်မှူး ၊ လူ အကြီးအကဲတို့ အား ယေရှု က၊ သင်တို့သည် ဓားပြ ကို ဖမ်း သကဲ့သို့ ငါ့ကို ဘမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား။
53 Când eu eram zilnic cu voi în templu, nu ați întins mâinile împotriva mea; dar aceasta este ora voastră și puterea întunericului.
၅၃ငါ သည် ဗိမာန် တော်၌ သင် တို့နှင့်အတူ ရှိ နေစဉ်အခါသင်တို့သည် ငါ့ ကို မ ဘမ်း မဆီးကြ။ သို့သော်လည်း ယခု အချိန်ကား သင် တို့အချိန် ဖြစ် ၏။ မှောင်မိုက် တန်ခိုး လည်းဖြစ်၏ ဟု မိန့် တော်မူ၏။
54 Atunci l-au luat și l-au condus și l-au adus în casa marelui preot. Și Petru urmărea de departe.
၅၄ထိုသူတို့သည် ကိုယ်တော် ကို ဘမ်းဆီး ၍ ယဇ်ပုရောဟိတ် မင်း၏အိမ် သို့ ဆောင်သွား ကြ၏။ ပေတရု သည်လည်း သူတို့နှင့် ဝေး စွာလိုက် လေ၏။
55 Și după ce aprinseseră un foc în mijlocul curții și erau așezați împreună, Petru a șezut în mijlocul lor.
၅၅အိမ်ဦး အလယ် ၌ မီး မွေး ပြီးမှ၊ လူများတို့ သည် စုဝေး၍ ထိုင် ကြလျှင်၊ ပေတရု သည်လည်း သူ တို့အထဲ ၌ ထိုင်နေ၏။
56 Iar o anumită servitoare l-a văzut pe când ședea lângă foc și, privindu-l cu atenție, a spus: Și acesta era cu el.
၅၆ထိုသို့ ပေတရု သည် မီး အနား မှာ ထိုင် နေသည်ကို အစေအပါး မိန်းမတစ် ယောက်သည်မြင် လျှင် ၊ သူ့ ကို စေ့စေ့ ကြည့်၍ ၊ ဤသူ သည် ယေရှု နှင့် ပေါင်းဘော်သောသူဖြစ် သည်ဟု ဆို သော် ၊
57 Dar el s-a dezis de el, spunând: Femeie, nu îl cunosc.
၅၇ပေတရုက၊ အချင်းမိန်းမ ၊ ထိုသူ ကို ငါမ သိ ဟု ငြင်း လေ၏။
58 Și peste puțin, un altul l-a văzut și a spus: Și tu ești dintre ei. Iar Petru a spus: Omule, nu sunt.
၅၈ထိုနောက် များမကြာ အခြားသော သူသည် ပေတရု ကိုမြင် လျှင် ၊ သင် သည်လည်း ထိုသူ တို့အဝင် ဖြစ် သည်ဟုဆို သော်၊ ပေတရု က ၊ အချင်းလူ ၊ ငါသည် သူတို့ အဝင်မ ဟုတ် ဟု ဆို ၏။
59 Și cam după o oră, altcineva confirma cu tărie, spunând: În adevăr și acesta era cu el; fiindcă și el este galileean.
၅၉တဖန် တ နာရီလောက် ကြာ ပြီးမှအခြား သောသူ က၊ အကယ်စင်စစ် ဤသူ သည် ယေရှု နှင့် ပေါင်းဖော်သောသူဖြစ် ၏။ ဂါလိလဲ လူလည်း ဖြစ် ၏ဟု ခိုင်မာ စွာဆို လျှင် ၊
60 Iar Petru a spus: Omule, nu știu ce spui. Și imediat, pe când el încă vorbea, a cântat cocoșul.
၆၀ပေတရု က ၊ အချင်းလူ ၊ သင်ပြော သောအရာ ကို ငါမ သိ ဟုဆို ၏။ ထိုစကားကိုပြော သော ခဏခြင်း တွင် ကြက် တွန် လေ၏။
61 Și Domnul s-a întors și s-a uitat la Petru. Și Petru și-a amintit cuvântul Domnului, cum îi spusese: Înainte să cânte cocoșul mă vei nega de trei ori.
၆၁ထိုအခါ သခင် ဘုရားသည်လှည့် ၍ ပေတရု ကို ကြည့် တော်မူ၏။ ကြက် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသောစကား ကို ပေတရု သည် သတိရ သဖြင့် ၊
62 Și Petru a ieșit afară și a plâns cu amar.
၆၂ပြင် သို့ထွက် ၍ ပြင်းစွာ ငိုကြွေး လေ၏။
63 Și bărbații, care îl țineau pe Isus, îl batjocoreau și îl băteau.
၆၃ယေရှု ကို ကိုင်ဆွဲ သောသူ တို့သည်ကိုယ်တော် ကို ပြက်ယယ်ပြု ၍ ရိုက်ပုတ် ကြ၏။
64 Și, legându-l la ochi, îl loveau peste față și îl întrebau, spunând: Profețește, cine este cel ce te-a lovit?
၆၄မျက်နှာ တော်ကိုဖုံး ပြီးလျှင် လက်နှင့်ပုတ်လျက်၊ ကိုယ်တော် ကို အဘယ်သူ ပုတ် သည်ကို ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။
65 Și multe alte lucruri vorbeau blasfemator împotriva lui.
၆၅အခြား သောစကားများ ဖြင့်လည်း ကိုယ်တော် ကို ကဲ့ရဲ့ ၍ ပြောဆို ကြသေး၏။
66 Și imediat ce s-a făcut ziuă, bătrânii poporului și preoții de seamă și scribii s-au adunat și l-au adus în consiliul lor, spunând:
၆၆မိုဃ်းလင်းသောအခါ လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့ သည် စည်းဝေး ၍ ကိုယ်တော် ကို လွှတ်တော် သို့ ဆောင်သွား ပြီးလျှင် ၊
67 Ești tu Cristosul? Spune-ne. Iar el le-a spus: Dacă vă voi spune, nicidecum nu veți crede;
၆၇သင် သည် ခရစ်တော် မှန် လျှင် ငါ တို့အား ပြော လော့ဟုဆို ကြ၏။ ယေရှုကလည်း ၊ ငါပြော လျှင် သင် တို့ သည် မ ယုံ ။
68 Și dacă vă voi întreba și eu, nicidecum nu îmi veți răspunde, nici nu îmi veți da drumul.
၆၈ငါမေး လျှင် လည်း သင်တို့သည် မ ဖြေ ဘဲ၊ ငါ့ကို မ လွှတ်ဘဲနေကြလိမ့်မည်။
69 De acum încolo, Fiul omului va ședea la dreapta puterii lui Dumnezeu.
၆၉နောက်၌ လူ သား သည် ဘုရားသခင် ၏ တန်ခိုး တော်လက်ျာ ဘက်၌ ထိုင် တော်မူလတံ့ ဟု မိန့် တော်မူသော်၊
70 Atunci toți au spus: Ești tu atunci Fiul lui Dumnezeu? Iar el le-a spus: Voi spuneți că eu sunt.
၇၀ထိုသူအပေါင်း တို့က ၊ သို့ဖြစ်၍ သင် သည် ဘုရားသခင် ၏ သား တော်မှန် သည်တကားဟု ဆို ကြလျှင် ၊ သင် တို့ဆို သည်အတိုင်း မှန် သည် ဟု မိန့် တော်မူ၏။
71 Și au spus: Ce nevoie mai avem de mărturie? Fiindcă noi înșine am auzit din gura lui.
၇၁ထိုသူတို့ကလည်း ၊ အဘယ် သက်သေ လို သေး သနည်း။ သူ ၏စကား ကို ငါ တို့ကိုယ်တိုင်ကြား ရပြီဟု ဆို ကြ၏။

< Luca 22 >