< Joshua 24 >

1 Și Iosua a adunat toate triburile lui Israel la Sihem și a chemat pe bătrânii lui Israel și pe căpeteniile lor și pe judecătorii lor și pe ofițerii lor, iar ei s-au înfățișat înaintea lui Dumnezeu.
တဖန် ယောရှု သည် ဣသရေလ အမျိုး အပေါင်း တို့ကို ရှေခင် မြို့၌ စည်းဝေး စေ၍ ၊ ဣသရေလ အမျိုး အသက် ကြီးသူ၊ အကဲ အမှူး၊ တရား သူကြီး၊ အရာရှိ သောသူတို့ကို ခေါ် သဖြင့် ၊ သူတို့သည် ဘုရား သခင်ရှေ့ တော်သို့ ချဉ်းကပ် ကြ၏။
2 Și Iosua a spus întregului popor: Astfel spune DOMNUL Dumnezeul lui Israel: Părinții voștri, Terah, tatăl lui Avraam și tatăl lui Nahor, au locuit în vechime dincolo de râu și au servit altor dumnezei.
ထိုအခါ ယောရှု သည် လူ အပေါင်း တို့အား ဟောပြော လေသည်မှာ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အာဗြဟံ နှင့် နာခေါ် တို့၏ အဘ တေရ မှစ၍ သင် တို့ဘိုးဘေး တို့သည် ရှေး ကာလ၌ မြစ် ကြီးတစ်ဘက် မှာ နေ ၍ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ကြ၏။
3 Și am luat pe tatăl vostru Avraam de dincolo de râu și l-am condus prin toată țara Canaanului și i-am înmulțit sămânța și i-am dat pe Isaac.
သင် တို့အဘ အာဗြဟံ ကို မြစ် ကြီးတစ်ဘက် မှ ငါခေါ်ပြီးလျှင် ၊ ခါနာန် ပြည် အရပ်ရပ် သို့ ပို့ဆောင် ၍ သူ ၏ အမျိုး အနွယ်ကို များပြား စေလျက် ၊ ဣဇာက် ကို ပေး ၏။
4 Și lui Isaac i-am dat pe Iacov și pe Esau; și lui Esau i-am dat muntele Seir, pentru a-l stăpâni; dar Iacov și fiii săi au coborât în Egipt.
ဣဇာက် အား လည်း ၊ ယာကုပ် နှင့် ဧသော ကို ငါပေး ၍ ၊ ဧသော အား လည်း စိရ တောင် ကို အပိုင် ပေး ၏။ ယာကုပ် နှင့် သူ ၏သား တို့သည် အဲဂုတ္တု ပြည်သို့ သွား ကြ၏။
5 Și am trimis pe Moise și pe Aaron și am lovit Egiptul cu plăgile pe care le-am făcut în mijlocul lor; și după aceea v-am scos de acolo.
မောရှေ နှင့် အာရုန် ကို ငါစေလွှတ် ၍ အဲဂုတ္တုလူ တို့၌ ပြု သည်အတိုင်း ၊ အဲဂုတ္တု ပြည်ကို ဆုံးမ သောနောက် ၊ သင် တို့ကို နှုတ် ဆောင်လေ၏။
6 Și am scos pe părinții voștri din Egipt și ați venit la mare; și egiptenii au urmărit pe părinții voștri cu care și călăreți, până la Marea Roșie.
ထိုသို့ သင် တို့အဘ များကို အဲဂုတ္တု ပြည်မှ ငါနှုတ်ဆောင် သဖြင့် ၊ သူတို့သည် ဧဒုံပင်လယ် သို့ ရောက် ၍ ၊ အဲဂုတ္တု လူတို့သည် ရထား နှင့် မြင်းစီး သူရဲပါလျက် ထိုပင်လယ် တိုင်အောင်လိုက် ကြ၏။
7 Și când au strigat către DOMNUL, el a pus întuneric între voi și egipteni și a adus marea asupra lor și i-a acoperit; și ochii voștri au văzut ce am făcut în Egipt; și ați locuit în pustiu multe zile.
ထာဝရဘုရား ကို အော်ဟစ် သောအခါ ၊ သင် တို့နှင့် အဲဂုတ္တု လူတို့စပ်ကြား မှာ မှောင်မိုက် ကို ငါထား ၍ သူ တို့ကို ပင်လယ် ရေလွှမ်းမိုး စေ၏။ အဲဂုတ္တု ပြည်၌ ငါပြု သောအမှုကို သင် တို့သည် ကိုယ်တိုင်မြင် ကြပြီ။ တော ၌ လည်း ကာလ ကြာမြင့် စွာနေ ရကြ၏။
8 Și v-am adus în țara amoriților, care locuiesc dincolo de Iordan, și ei s-au luptat cu voi și i-am dat în mâna voastră ca să le stăpâniți țara și i-am nimicit dinaintea voastră.
နောက် တဖန် ယော်ဒန် မြစ်အရှေ့ ဘက်၌ နေ သော အာမောရိ လူတို့ပြည် သို့ သင် တို့ကို ငါပို့ဆောင် ၍ ၊ သူတို့သည် စစ်တိုက် သောအခါ သူ တို့ကို သင် တို့လက် ၌ ငါအပ် ၍ သူ တို့မြေ ကို သင်တို့သည် သိမ်းယူ ကြ၏။ သူ တို့ကို သင် တို့ရှေ့ မှ ငါသုတ်သင် ပယ်ရှင်းလေ၏။
9 Atunci Balac, fiul lui Țipor, împăratul Moabului, s-a ridicat și s-a luptat împotriva lui Israel și a trimis și a chemat pe Balaam, fiul lui Beor, să vă blesteme.
မောဘ ရှင်ဘုရင် ဇိဖေါ် ၏သား ဗာလက် သည် ထ ၍ ဣသရေလ အမျိုးကို စစ်တိုက် သဖြင့် ၊ သင် တို့ကို ကျိန်ဆဲ စေခြင်းငှါ ၊ ဗောရ ၏သား ဗာလမ် ကို ခေါ် သောအခါ၊
10 Dar am refuzat să dau ascultare lui Balaam; de aceea el totuși v-a binecuvântat; așa v-am scăpat din mâna lui.
၁၀ဗာလမ် ၏စကားကို ငါနား မ ထောင်သောကြောင့် ၊ သူသည် အထပ်ထပ်ကောင်းကြီး ပေး၍ သူ့ လက် မှ သင် တို့ကို ငါကယ် လွှတ်လေ၏။
11 Și ați trecut Iordanul și ați venit la Ierihon. Și bărbații Ierihonului, amoriții și fereziții și canaaniții și hetiții și ghirgasiții și heviții și iebusiții au luptat împotriva voastră; și eu i-am dat în mâna voastră.
၁၁တဖန် သင်တို့သည် ယော်ဒန် မြစ်ကို ကူး ၍ ယေရိခေါ မြို့သို့ ရောက် ကြသောအခါ ၊ ယေရိခေါ လူ ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဂိရဂါရှိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့သည် သင်တို့ကို စစ်တိုက် ၍ သူ တို့ကို သင် တို့လက် ၌ ငါအပ် လေ၏။
12 Și am trimis viespea înaintea voastră și i-a alungat dinaintea voastră, chiar pe cei doi împărați ai amoriților, nu cu sabia ta, nici cu arcul tău.
၁၂သင် တို့၌ ထား နှင့် လေး မ ပါဘဲ၊ သင် တို့ရှေ့ မှာ ပျားတူ ကို ငါစေလွှတ် ၍ ၊ အာမောရိ မင်းကြီး နှစ် ပါးကို သင် တို့ရှေ့ မှ ငါနှင်ထုတ် လေ၏။
13 Și v-am dat o țară pentru care nu voi v-ați ostenit și cetăți pe care nu voi le-ați zidit și totuși locuiți în ele; voi mâncați din vii și din măslini, pe care nu i-ați sădit.
၁၃သင် တို့မ လုပ်သောမြေ ၊ မ တည် သော မြို့ တို့ကို ငါပေး ၍ သင်တို့သည် နေ ရကြ၏။ ကိုယ်တိုင်မ စိုက် သော စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်တို့ကို စား ရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။
14 De aceea acum, temeți-vă de DOMNUL și serviți-i cu sinceritate și în adevăr, și îndepărtați dumnezeii cărora le-au servit părinții voștri dincolo de râu și în Egipt și serviți DOMNULUI.
၁၄ယခု မှာ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ကြည်ဖြူ ခြင်း၊ သစ္စာ စောင့်ခြင်းနှင့်တကွ ဝတ်ပြု ကြလော့။ မြစ် ကြီးတစ်ဘက် ၌ ၎င်း၊ အဲဂုတ္တု ပြည်၌ ၎င်း၊ ဘိုးဘေး တို့ဝတ်ပြု သော ဘုရား များကို ပယ် ၍ ထာဝရဘုရား ကိုသာ ဝတ်ပြု ကြလော့။
15 Și dacă vi se pare rău să serviți DOMNULUI, alegeți astăzi cui voiți să serviți: sau dumnezeilor cărora le-au servit părinții voștri care erau dincolo de râu, sau dumnezeilor amoriților în a căror țară locuiți. Dar cât despre mine, eu și casa mea vom servi DOMNULUI.
၁၅သို့မဟုတ် ထာဝရဘုရား အား ဝတ် မ ပြုကောင်းဟု သင် တို့ထင် လျှင်၊ မြစ် ကြီးတစ်ဘက် ၌ ဘိုးဘေး တို့ဝတ်ပြု သော ဘုရား ၊ သင် တို့နေ ရာ အာမောရိ ပြည်သားတို့၏ ဘုရား များတွင်၊ အဘယ် မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေး ကြလော့။ ငါ နှင့် ငါ့ အိမ်သား ဖြစ်လျှင် ထာဝရဘုရား ကိုသာ ဝတ်ပြု မည်ဟု ဆိုလေသော်၊
16 Și poporul a răspuns, zicând: Nicidecum nu vom părăsi pe DOMNUL pentru a servi altor dumnezei.
၁၆လူ များတို့က အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ခြင်းငှါ ထာဝရဘုရား ကို စွန့် သောအမှုသည် အကျွန်ုပ် တို့နှင့် ဝေး ပါစေသော။
17 Fiindcă DOMNUL Dumnezeul nostru este cel care ne-a scos pe noi și pe părinții noștri din țara Egiptului, din casa robiei, și cel care a făcut acele semne mari înaintea ochilor noștri și ne-a păstrat pe tot drumul pe care am mers și în mijlocul tuturor popoarelor prin care am trecut.
၁၇ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ အဘ တို့နှင့် ငါ တို့ကို နှုတ် ဆောင်၍ ၊ ကြီးစွာ သော နိမိတ် လက္ခဏာတို့ကို ငါ တို့မျက်မှောက် ၌ ပြ တော်မူပြီ။ ငါတို့သွား လေရာရာအရပ် ၊ ရှောက် လေရာရာလူမျိုး တို့တွင် စောင့် တော်မူပြီ။
18 Și DOMNUL a alungat toate popoarele dinaintea noastră, chiar pe amoriții care au locuit în țară. De aceea și noi vom servi DOMNULUI, fiindcă el este Dumnezeul nostru.
၁၈ထာဝရဘုရား သည်လည်း ၊ ဤပြည် ၌ နေ သောသူ အာမောရိ လူ အပေါင်း တို့ကို ငါ တို့ရှေ့ မှ နှင်ထုတ် တော်မူပြီ။ ထာဝရဘုရား အား ဝတ်ပြု ပါမည်။ ထိုဘုရား သည် ငါ တို့ဘုရား သခင်ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။
19 Și Iosua a spus poporului: Nu veți putea servi DOMNULUI, fiindcă el este un Dumnezeu sfânt; este un Dumnezeu gelos; nu va ierta fărădelegile voastre nici păcatele voastre.
၁၉ယောရှု ကလည်း ၊ သင်တို့သည် ထာဝရဘုရား အား ဝတ် မ ပြုနိုင်။။ ထိုဘုရား သည် သန့်ရှင်း သောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင် တို့လွန်ကျူး ပြစ်မှားသော အပြစ် တို့ကို သည်းခံ တော်မ မူ။
20 Dacă veți părăsi pe DOMNUL și veți servi unor dumnezei străini, atunci el se va întoarce și vă va face rău și vă va nimici, după ce v-a făcut bine.
၂၀သင်တို့သည် ထာဝရဘုရား ကို စွန့် ၍ တကျွန်းတနိုင်ငံ ဘုရား တို့ကို ဝတ်ပြု လျှင် ၊ သင် တို့၌ ကျေးဇူး ပြုတော်မူပြီးမှ တဖန် လှည့် ၍ ညှဉ်းဆဲ ဖျက်ဆီးတော်မူမည်ဟု ဆိုလျှင်၊
21 Și poporul i-a spus lui Iosua: Nu, ci vom servi DOMNULUI.
၂၁လူ များတို့က၊ မ ဟုတ်ပါ။ ထာဝရဘုရား ကိုသာ ဝတ်ပြု ပါမည်ဟု ပြန်လျှောက် ကြ၏။
22 Și Iosua a spus poporului: Sunteți martori împotriva voastră înșivă că v-ați ales pe DOMNUL ca să îi serviți. Și ei au zis: Suntem martori.
၂၂ယောရှု ကလည်း ၊ သင် တို့သည် ထာဝရဘုရား ကို ဝတ်ပြု ခြင်းငှါ ထိုဘုရားကို ရွေး ကြပြီဟု ကိုယ်အမှု၌ ကိုယ်သက်သေ ခံကြသည်ဟုဆို လျှင် သူတို့က၊ သက်သေ ခံကြပါ၏ဟု လျှောက် ကြသော်၊
23 Și Iosua a spus: De aceea acum, îndepărtați dumnezeii străini care sunt în mijlocul vostru și plecați-vă inima spre DOMNUL Dumnezeul lui Israel.
၂၃ယောရှုက၊ သို့ဖြစ်လျှင် ၊ သင် တို့တွင် ရှိသော တကျွန်းတနိုင်ငံ ဘုရား တို့ကို ပယ် ၍ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ဘက်သို့ စိတ် နှလုံးကို ညွှတ် ကြလော့ဟု ဆိုလေ၏။
24 Și poporul i-a spus lui Iosua: Vom servi DOMNULUI Dumnezeul nostru și vom asculta de vocea sa.
၂၄လူ များတို့ကလည်း ၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ကို ဝတ်ပြု ပါမည်။ စကား တော်ကို နားထောင် ပါမည်ဟု ဝန်ခံ ပြီးမှ၊
25 Astfel în ziua aceea Iosua a făcut legământ cu poporul și i-a dat un statut și o rânduială în Sihem.
၂၅ယောရှု သည် ထို နေ့ ၌ လူ များတို့နှင့် ပဋိညာဉ် ပြု ၍ ရှေခင် မြို့မှာ စီရင် ထုံးဖွဲ့ ချက်ကို ထား လေ၏။
26 Și Iosua a scris aceste cuvinte în cartea legii lui Dumnezeu și a luat o piatră mare și a pus-o acolo sub stejarul de lângă sanctuarul DOMNULUI.
၂၆ထို စကား ကိုလည်း ဘုရား သခင်၏ ဓမ္မ ကျမ်းစာ ၌ ရေး ထား၍ ၊ ထာဝရဘုရား ၏ သန့်ရှင်း ရာဌာနတော် နား မှာရှိသော သပိတ် ပင်အောက် ၌ ကျောက် ကြီး ကို ထောင် လျက်၊
27 Și Iosua a spus către tot poporul: Iată, această piatră ne va fi martoră, fiindcă a auzit toate cuvintele DOMNULUI, pe care ni le-a spus; și vă va fi martoră, ca nu cumva să negați pe Dumnezeul vostru.
၂၇ဤ ကျောက် သည် ငါ တို့အား သက်သေ ဖြစ် ရလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသောစကား အလုံးစုံ ကို ကြား ရပြီ။ သို့ဖြစ်၍ သင်တို့သည် ဘုရား သခင်ကို ငြင်းပယ် ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင် တို့အား သက်သေ ဖြစ် ရလိမ့်မည်ဟု လူ အပေါင်း တို့အား ပြောဆို ပြီးမှ၊
28 Și Iosua a dat drumul poporului, fiecăruia la moștenirea sa.
၂၈အသီး အသီးမိမိ တို့အမွေ ခံရာအရပ်သို့ ပြန် သွားရသောအခွင့်ကိုပေးလေ၏။
29 Și s-a întâmplat, după aceste lucruri, că Iosua, fiul lui Nun, servitorul DOMNULUI, a murit, având o sută zece ani.
၂၉ထိုနောက်မှ ထာဝရဘုရား ၏ကျွန် ၊ နုန် ၏သား ယောရှု သည် အသက် တရာ တဆယ် ရှိသော် အနိစ္စ ရောက်လေ၏။
30 Și l-au înmormântat în ținutul moștenirii sale, în Timnat-Serah, care este în muntele lui Efraim, în partea de nord a muntelui Gaaș.
၃၀ဧဖရိမ် တောင် ပေါ်၊ ဂါရှ ကုန်း မြောက် မှာ ရှိသောသူ ၏အမွေ ခံရာ တိမနဿေရ မြို့နယ်မြေ ၌ သင်္ဂြိုဟ် ကြ၏။
31 Și Israel a servit DOMNULUI în toate zilele lui Iosua și în toate zilele bătrânilor ale căror zile s-au lungit după Iosua și care cunoscuseră toate lucrările DOMNULUI, pe care le făcuse pentru Israel.
၃၁ယောရှု လက်ထက်ကာလ ပတ်လုံး ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ကို ဝတ်ပြု ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးအဘို့ ပြု တော်မူသမျှ တို့ကို သိ ၍ ယောရှု မရှိသည်နောက် အသက် ရှင်သေးသော အသက်ကြီး သူတို့လက်ထက် ၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။
32 Și au înmormântat la Sihem oasele lui Iosif, pe care copiii lui Israel le-au adus din Egipt, în partea câmpului pe care-l cumpărase Iacov de la fiii lui Hamor, tatăl lui Sihem, cu o sută de arginți, care a ajuns moștenirea copiilor lui Iosif.
၃၂ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည်မှ ဆောင် ခဲ့သော ယောသပ် ၏အရိုး တို့ကို၊ ရှေခင် ၏အဘ ဟာမော် ၏သား တို့တွင် ငွေ တ ပိဿာနှင့် ယာကုပ် ဝယ် သော ရှေခင် မြို့နယ်မြေ အကွက် ၌ သင်္ဂြိုဟ် ကြ၏။ ထိုမြေအကွက်သည် ယောသပ် သား တို့ အမွေ မြေဖြစ် သတည်း။
33 Și Eleazar, fiul lui Aaron, a murit; și l-au înmormântat pe un deal care aparținea lui Fineas, fiul său, care i se dăduse în muntele lui Efraim.
၃၃အာရုန် သား ယဇ်ပုရောဟိတ်ဧလာဇာ သည်လည်း အနိစ္စ ရောက်လေ၏။ သူ ၏သား ဖိနဟတ် အား လူများပေး ခဲ့သော ဧဖရိမ် တောင် ပေါ်၊ ဖိနဟတ် ကုန်း ၌ သင်္ဂြိုဟ် ကြ၏။

< Joshua 24 >