< Exod 17 >

1 Și toată adunarea copiilor lui Israel a călătorit de la pustia lui Sin, după călătoriile lor, conform poruncii DOMNULUI, și au așezat tabăra în Refidim; și nu a fost apă pentru popor să bea.
ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ သိန် တော ထဲက ထွက်၍ ခရီး သွား သဖြင့် ၊ ရေဖိဒိမ် အရပ်၌ စားခန်းချ ကြ၏။ ထိုအရပ်၌ လူ များသောက် ဘို့ ရာရေ မ ရှိ။
2 De aceea poporul s-a certat cu Moise și a spus: Dă-ne apă să bem. Și Moise le-a zis: De ce vă certați cu mine? Pentru ce îl ispitiți pe DOMNUL?
ထိုကြောင့် လူ များတို့က၊ သောက် ဘို့ရေ ပေး ပါဟု ဆို ၍ မောရှေ ကို ရန်တွေ့ ကြ၏။ မောရှေ ကလည်း ၊ ငါ့ ကို အဘယ်ကြောင့် ရန်တွေ့ ကြသနည်း။ ထာဝရဘုရား ကို အဘယ်ကြောင့် စုံစမ်း ကြသနည်းဟု ဆို လေ၏။
3 Și poporul era însetat de apă acolo; și poporul a cârtit împotriva lui Moise și a spus: Pentru ce ne-ai scos afară din Egipt, ca să ne ucizi pe noi și copiii noștri și vitele noastre, prin sete?
လူ များတို့သည် ရေ ငတ် ၍ မောရှေ ကို အပြစ်တင်မြည်တမ်း လျက်၊ ငါ တို့မှစ၍ သားသမီး တိရစ္ဆာန် တို့ကို အငတ် ထား၍ သတ် ခြင်းအလိုငှာ ၊ အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ဆောင် ခဲ့သနည်းဟု ဆို ကြ၏။
4 Și Moise a strigat către DOMNUL, spunând: Ce să fac acestui popor? Ei sunt aproape gata să mă ucidă cu pietre.
ထိုအခါ မောရှေ သည်ထာဝရဘုရား အား အော်ဟစ် ၍၊ ဤ လူ တို့အား အကျွန်ုပ်သည်အဘယ်သို့ ပြု ရပါမည်နည်း။ အကျွန်ုပ် ကိုခဲနှင့်ပစ် လု ကြပါပြီဟု လျှောက် လေ၏။
5 Și DOMNUL i-a spus lui Moise: Du-te înaintea poporului și ia cu tine dintre bătrânii lui Israel; și toiagul tău, cu care ai lovit râul, ia-l în mâna ta și du-te.
ထာဝရဘုရား ကလည်း ၊ လူ များရှေ့ သို့သွား ၍ ဣသရေလ အမျိုးအသက် ကြီးသူတို့ကိုခေါ် လော့။ မြစ် ကိုရိုက် သော သင် ၏လှံတံ ကိုကိုင် လျက် ၊ ဟောရပ်အရပ်သို့သွား လော့။
6 Iată, voi sta înaintea ta acolo, pe stânca din Horeb; și vei lovi stânca și din ea va ieși apă, ca poporul să bea. Și Moise a făcut așa înaintea ochilor bătrânilor lui Israel.
ထို အရပ်၌ ရှိသောကျောက် ပေါ် တွင် သင့် ရှေ့ မှာငါ ရပ် နေမည်။ သင်သည် ထိုကျောက် ကိုရိုက် ရမည်။ လူများသောက် ဘို့ ထို ကျောက်ထဲက ရေ ထွက် လိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။ မောရှေ သည်လည်း ဣသရေလ အမျိုးအသက်ကြီး သူတို့ရှေ့ မှာ ထို သို့ပြု လေ၏။
7 Și el a pus numele acelui loc, Masa și Meriba, din cauza cerții copiilor lui Israel și din cauză că au ispitit pe DOMNUL, spunând: Este DOMNUL printre noi, sau nu?
ဣသရေလ အမျိုးသား တို့က၊ ထာဝရဘုရား သည် ငါ တို့တွင် ရှိ သလော မရှိ လောဟု ထာဝရဘုရား ကို စုံစမ်း ၍ ရန်တွေ့ သောအကြောင်းကြောင့် ၊ ထိုအရပ် ကို မဿာ နှင့် မေရိဘ ဟု သမုတ် သတည်း။
8 Atunci Amalec a venit și a luptat cu Israel în Refidim.
ထိုအခါ အာမလက် လူတို့သည် လာ ၍ ၊ ရေဖိဒိမ် အရပ်၌ ဣသရေလ လူတို့ကို စစ်တိုက် ကြ၏။
9 Și Moise i-a spus lui Iosua: Alege bărbați pentru noi și ieși, luptă cu Amalec; mâine voi sta în vârful dealului cu toiagul lui Dumnezeu în mâna mea.
မောရှေ ကလည်း ၊ လူ တို့ကိုရွေး ၍ အာမလက် လူတို့ကို စစ် တိုက်ခြင်းငှာ ထွက် လော့။ နက်ဖြန် နေ့၌ ဘုရား သခင်၏လှံတံ ကိုကိုင် လျက်၊ တောင် ထိပ် ပေါ် မှာ ငါ ရပ် နေမည်ဟု ယောရှု အား ဆို ၏။
10 Așa că Iosua a făcut precum Moise i-a spus și a luptat cu Amalec; și Moise, Aaron și Hur s-au urcat până în vârful dealului.
၁၀မောရှေ မှာ လိုက်သည်အတိုင်း ယောရှု ပြု ၍ ၊ အာမလက် လူတို့ကို စစ် တိုက်လေ၏။ မောရှေ ၊ အာရုန် ၊ ဟုရ တို့သည် တောင် ထိပ် ပေါ်သို့တက် ကြ၏။
11 Și s-a întâmplat, când Moise își ridica mâna, învingea Israel; și când el își lăsa jos mâna, învingea Amalec.
၁၁မောရှေ သည် လက် ကိုချီ သောအခါ ၊ ဣသရေလ လူတို့သည် နိုင် ကြ၏။ လက် ကိုချ သောအခါ ၊ အာမလက် လူတို့သည် နိုင် ကြ၏။
12 Dar mâinile lui Moise erau grele; și au luat o piatră și au pus-o sub el, iar el a șezut pe ea; și Aaron și Hur i-au ținut ridicate mâinile, unul pe o parte și celălalt pe cealaltă parte; și mâinile lui au fost neclintite până la apusul soarelui.
၁၂သို့ရာတွင် မောရှေ ၏လက် သည်ညောင်း သောကြောင့် ၊ သူတို့သည် ကျောက် ကိုယူ ၍ မောရှေကိုထိုင် စေပြီးလျှင် ၊ အာရုန် နှင့် ဟုရ တို့သည် တယောက် တဘက်နေ၍ သူ ၏လက် ကိုမ ကြ၏။ သို့ဖြစ်၍ နေ ဝင် သည်တိုင်အောင် သူ ၏လက် တို့သည် အမြဲနေ လေ၏။
13 Și Iosua l-a învins pe Amalec și poporul lui cu tăișul sabiei.
၁၃ယောရှု သည်လည်း အာမလက် မင်းနှင့် လူ များတို့ကို ထား လက်နက် ဖြင့် လုပ်ကြံ လေ၏။
14 Și DOMNUL i-a spus lui Moise: Scrie aceasta ca amintire într-o carte și repetă în urechile lui Iosua, pentru că voi șterge cu desăvârșire amintirea lui Amalec de sub ceruri.
၁၄ထာဝရဘုရား ကလည်း ၊ ဤ အမှုကိုအောက်မေ့ စရာဘို့စာရေး ထား၍ ယောရှု အား ဘတ်ရွတ် လော့။ အကြောင်း မူကား၊ ကောင်းကင် အောက် ၌ အာမလက် ၏အမှတ် ရှိသမျှကို ငါပယ်ရှင်း မည်ဟု မောရှေ အား မိန့် တော်မူ၏။
15 Și Moise a zidit un altar și i-a pus numele acestuia Iehova-Nisi;
၁၅မောရှေ သည်လည်း ယဇ် ပလ္လင်ကို တည် ၍ ၊ ယေဟောဝါ နိဿိ ဟု သမုတ် လေ၏။
16 Și a spus: Pentru că DOMNUL a jurat că DOMNUL va avea război cu Amalec din generație în generație.
၁၆အကြောင်းမူကား၊ အာမလက်လူမျိုး၏လက် သည် ထာဝရ ဘုရား၏ရာဇပလ္လင် တော်၏ရန်ဘက်ဖြစ်သောကြောင့် ၊ ထာဝရဘုရား သည် ကာလအစဉ်အဆက် အာမလက် အမျိုး ကို စစ် တိုက်တော်မူလိမ့်မည်ဟု ဆို သတည်း။

< Exod 17 >