< Salmos 148 >
1 Aleluia! Louvai ao SENHOR desde os céus; louvai-o nas alturas.
၁ကောင်းကင်ဘုံ၌ ထာဝရဘုရားကို ချီးမွမ်းကြ လော့။ ဘဝဂ်ပေါ်မှာ ချီးမွမ်းကြလော့။
2 Louvai-o todos os seus anjos; louvai-o todos os seus exércitos.
၂ကောင်းကင်တမန်အပေါင်းတို့၊ ထာဝရဘုရား ကို ချီးမွမ်းကြလော့။ ကောင်းကင်ဗိုလ်ခြေအပေါင်းဘို့ ချီးမွမ်းကြလော့။
3 Louvai-o, sol e lua; louvai-o, todas as estrelas luminosas.
၃နေလတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ ထွန်းလင်းသော ကြယ်အပေါင်းတို့၊ ချီးမွမ်းကြလော့။
4 Louvai-o, céus dos céus, e as águas que [estais] sobre os céus.
၄ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ် မှာ ရေများတို့၊ ချီးမွမ်းကြလော့။
5 Louvem ao nome do SENHOR; porque pela ordem dele foram criados.
၅ထိုအရာတို့ကိုအမိန့်တော်ရှိ၍၊ ဖန်ဆင်းတော်မူ သောကြောင့်၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်း ကြစေ။
6 E os firmou para todo o sempre; e deu [tal] decreto, que não será traspassado.
၆ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည် စေတော်မူ၍၊ မပျက်ရသောဓမ္မတာကို စီရင်တော်မူ၏။
7 Louvai ao SENHOR [vós] da terra: os monstros marinhos, e todos os abismos;
၇မြေကြီး၌ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာ အရပ်များ၊
8 O fogo e a saraiva, a neve e o vapor; o vento tempestuoso, que executa sua palavra.
၈မီးနှင့်မိုဃ်းသီး၊ မိုဃ်းပွင့်နှင့်အခိုးအငွေ့၊ အမိန့် တော်ကို နားထောင်သော လေပြင်းမုန်တိုင်း၊
9 Os montes e todos os morros; árvores frutíferas, e todos os cedros.
၉တောင်ကြီးတောင်ငယ်ရှိသမျှ၊ အသီးကိုသီးသောအပင်၊ အာရဇ်ပင် ရှိသမျှ၊
10 As feras, e todo o gado; répteis, e aves que tem asas.
၁၀သားရဲနှင့်သားယဉ်အပေါင်း၊ တွားတတ်သော တိရိစ္ဆာန်နှင့် ပျံတတ်သော ငှက်အစရှိသော၊
11 Os reis da terra, e todos os povos; os príncipes, e todos os juízes da terra.
၁၁လောကီရှင်ဘုရင်များနှင့် ပြည်သူပြည်သား အပေါင်း၊ မင်းများနှင့် လောကီတရားသူကြီးအပေါင်း၊
12 Os rapazes, e também as moças; os velhos com os jovens.
၁၂လူပျိုနှင့်အပျိုများ၊ လူအိုနှင့်လူကလေးများတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။
13 Louvem ao nome do SENHOR; pois só o nome dele é exaltado; sua majestade [está] sobre a terra e o céu.
၁၃နာမတော်တပါးတည်းသာလျှင် မြတ်၍၊ ဘုန်းတော်သည်မြေကြီး နှင့်ကောင်းကင်အပေါ်ထက်၌ ရှိသောကြောင့်၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်း ကြစေ။
14 E ele exaltou o poder de seu povo: o louvor de todos os seus santos, os filhos de Israel, o povo [que está] perto dele. Aleluia!
၁၄မိမိလူစုတို့၏ဦးချိုကို ချီးမြှင့်တော်မူသဖြင့်၊ အနီးတော်၌ရှိသောလူစု၊ ဣသရေလအမျိုးသားတည်း ဟူသော မိမိသန့်ရှင်းသူအပေါင်းတို့၏ ချီးမွမ်းရာဖြစ် တော်မူ၏။ ဟာလေလုယ။