< Faarfannaa 94 >
1 Yaa Waaqayyo, Waaqa haaloo baaftu, Yaa Waaqa haaloo baaftu, ifii mulʼadhu.
၁အပြစ်ကို ပေးပိုင်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ အပြစ်ကို ပေးပိုင်တော်မူသော ဘုရား သခင်၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။
2 Yaa Abbaa Murtii lafa kanaa kaʼi; of tuultotaaf illee waan isaanii malu kenni.
၂မြေကြီးသားတို့ကို တရားဆုံးဖြတ်တော်မူသော အရှင်၊ ထတော်မူပါ။ မာနကြီးသော သူတို့အား အကျိုး အပြစ်ကို ဆပ်ပေးတော်မူပါ။
3 Yaa Waaqayyo, hamma yoomiitti warri hamoon, warri hamoon hamma yoomiitti burraaqu?
၃အိုထာဝရဘုရား၊ မတရားသော သူတို့သည် အဘယ်မျှကာလပတ်လုံး ဝမ်းမြောက်ကြပါလိမ့်မည်နည်း။
4 Isaan dubbii of tuulummaa gad roobsu; jalʼoonni hundinuu of dhiibuudhaan guutaman.
၄အဓမ္မအမှုကို ပြုသမျှသောသူတို့သည် စော်ကား ၍၊ ကြမ်းတမ်းသော စကားကိုပြောလျက်၊ အဘယ်မျှ ကာလပတ်လုံး ဝါကြွားကြပါလိမ့်မည်နည်း။
5 Yaa Waaqayyo, isaan saba kee miidhu; handhuuraa kees ni hacuucu.
၅အိုထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏ လူတို့ကို နှိပ်စက်၍၊ အမွေတော်ကို ညှဉ်းဆဲကြပါ၏။
6 Haadha hiyyeessaatii fi keessummaa ni gorraʼu; ijoollee abbaa hin qabnes ni ajjeesu.
၆မုတ်ဆိုးမနှင့် ဧည့်သည်ကို၎င်း၊ မိဘမရှိသော သူငယ်ကို၎င်း သတ်ကြပါ၏။
7 Isaan, “Waaqayyo hin argu; Waaqni Yaaqoob hin qalbeeffatu” jedhu.
၇သို့ရာတွင်၊ ထာဝရဘုရားသခင်သည် မမှတ် တတ်ဟု ဆိုကြပါ၏။
8 Warri saba keessaa raatoftan mee hubadhaa; isin warri gowwoonni yoom ogeeyyii taatu?
၈တိရစ္ဆာန်သဘောရှိသောသူတို့၊ နားလည် ကြလော့။ လူမိုက်တို့၊ အဘယ်ကာလမှ ပညာသတိကို ရကြလိမ့်မည်နည်း။
9 Inni gurra uume sun hin dhagaʼuu? Inni ija uume hin argu?
၉နားကို စိုက်ထားတော်မူသောသူသည် မကြားရ သလော။ မျက်စိကို ဖန်ဆင်းတော်မူသော သူသည် မမြင်ရသလော။
10 Inni saboota sirreessu sun hin adabuu? Inni nama barsiisu sun beekumsa hin qabuu?
၁၀လူအမျိုးမျိုးတို့ကို ဆုံးမတော်မူသောသူသည် အပြစ်မပေးရသလော။ လူတို့အား ပညာအတတ်ကို သွန်သင်တော်မူသော သူသည် ကိုယ်တိုင်ပညာအတတ် မရှိသလော။
11 Waaqayyo yaada namaa beeka; akka yaadni namaa faayidaa hin qabnes ni beeka.
၁၁လူတို့၏အကြံအစည်သည် အချည်းနှီးဖြစ် ကြောင်းကို ထာဝရဘုရား သိတော်မူ၏။
12 Yaa Waaqayyo, namni ati adabdu, namni ati seera kee irraa barsiiftu eebbifamaa dha;
၁၂အို ထာဝရဘုရား၊ မတရားသော သူတို့အဘို့ တွင်းတူးစဉ်အခါ၊
13 hamma hamootaaf boolli qotamutti, guyyaa rakkinaatti ati boqonnaa kennitaaf.
၁၃ဒုက္ခနေ့ရက်ကာလနှင့် လွတ်ခြင်းချမ်းသာကို ပေးအံ့သောငှါ၊ ကိုယ်တော်ဆုံးမ၍၊ တရားတော်ကို သွန်သင်တော်မူသောသူသည် မင်္ဂလာရှိပါ၏။
14 Waaqayyo saba isaa hin gatuutii; inni akkana illee jedhee handhuuraa ofii isaa hin dhiisu.
၁၄ထာဝရဘုရားသည် မိမိလူတို့ကိုမပယ်၊ အမွေ တော်ကို စွန့်ပစ်တော်မမူ။
15 Murtiin qajeelummaa irratti hundeeffama; toloonni hundinuus isa faana buʼu.
၁၅တဖန်ဖြောင့်မတ်ခြင်းတရားဘက်၌ စီရင် ဆုံးဖြတ်တော်မူ၍၊ သေဘာဖြောင့်သောသူအပေါင်းတို့ သည် နောက်တော်သို့လိုက်ကြပါလိမ့်မည်။
16 Eenyutu hamootatti naa kaʼa? Eenyutu na cina dhaabatee warra jalʼina hojjetaniin morma?
၁၆လူဆိုးတို့ကို ဆီးတား၍ ငါ့ဘက်မှာ အဘယ်သူ ထမည်နည်း။ မတရားသော သူတို့ကို ဆီးတား၍၊ ငါ့ဘက် မှာ အဘယ်သူနေမည်နည်း။
17 Utuu Waaqayyo na gargaaruu baatee, silaa yoona lubbuun koo boolla duʼaa keessa jirti.
၁၇ထာဝရဘုရားသည် ငါ့ကိုမစတော်မမူလျှင်၊ ငါ့ဝိညာဉ်သည် ဆိတ်ညံရာအရပ်၌ မကြာမမြင့်မှီ နေရာ ကျရလိမ့်မည်။
18 Yaa Waaqayyo yeroo ani, “Miilli koo mucucaateera” jedhetti, araarri kee ol qabee na dhaabe.
၁၈ငါ့ခြေချော်လျက်ရှိသည်ဟု အကျွန်ုပ်ဆိုသော အခါ၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ကရုဏာသည် အကျွန်ုပ်ကို ထောက်မပါ၏။
19 Yommuu yaaddoon natti baayʼatetti, jajjabeessuun kee lubbuu koo gammachiise.
၁၉အကျွန်ုပ်၏ နှလုံးထဲမှာ စိတ်များပြားသောအခါ၊ ကိုယ်တော်သည် သက်သာစေတော်မူသဖြင့်၊ အကျွန်ုပ်၏ ဝိညာဉ်သည် ရွှင်လန်းပါ၏။
20 Bulchitoonni hamoon, warri seeratti fayyadamanii jalʼina hojjetan si wajjin tokkummaa qabaachuu dandaʼuu?
၂၀မတရားသောအကြံကို မင်း၏အခွင့်နှင့် ပြုစု တတ်သော အဓမ္မရာဇပလ္လင်သည် ကိုယ်တော်နှင့် မိဿဟာယဖွဲ့ရပါမည်လော။
21 Isaan tokkummaadhaan nama qajeelaatti kaʼanii nama yakka hin qabnetti duʼa muru.
၂၁ဖြောင့်မတ်သောသူ၏အသက်ကို သတ်ခြင်းငှါ စုဝေးကြပါ၏။ အပြစ်မရှိသောသူကို သေစေခြင်းငှါ စီရင်ကြပါ၏။
22 Waaqayyo garuu daʼoo, Waaqni koos, kattaa ani itti baqadhu naa taʼeera.
၂၂သို့သော်လည်း၊ ထာဝရဘုရားသည် ငါ၏ရဲတိုက် ဖြစ်တော်မူ၏။ ငါ၏ဘုရားသခင်သည် ငါခိုလှုံရာ ကျောက်ဖြစ်တော်မူ၏။
23 Inni gatii cubbuu isaanii isaanumatti deebisa; sababii hammina isaaniitiif illee isaan balleessa; Waaqayyo Waaqni keenya isaan barbadeessa.
၂၃သူတို့၏အပြစ်ကို သူတို့အပေါ်သို့ရောက်စေ တော်မူမည်။ အဓမ္မအမှုကို ပြုစဉ်တွင်ပင် ပယ်ဖြတ်တော် မူမည်။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ပယ်ဖြတ်တော်မူမည်။