< 1 Kongebok 17 >
1 Og Elia frå Tisbe, ein av deim som hadde flutt inn ifrå Gilead, sagde til Ahab: «So sant Herren, Israels Gud, liver, han som eg er i tenesta hjå, so skal det ikkje koma regn eller dogg i desse åri utan eg segjer det.»
၁ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံးမိုဃ်းမရွာ၊ နှင်းမကျရဟု အာဟပ် မင်းအားမြွက်ဆို၏။
2 Og Herrens ord kom til honom soleis:
၂ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဧလိယသို့ ရောက်လာသည်ကား၊
3 «Gakk herifrå og tak austetter og gøym deg attmed bekken Kerit på hi sida Jordan!
၃သင်သည် ဤအရပ်မှ ထွက်သွားလော့။ အရှေ့သို့ပြောင်း၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍နေလော့။
4 Av bekken skal du drikka, og føda til deg hev eg bode ramnarne syte for.»
၄ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့် တော်မူသည်အတိုင်း၊
5 Då tok han ut og gjorde som Herren hadde sagt; han gjekk av stad og vart verande attmed bekken Kerit, som er austanfor Jordan.
၅ဧလိယသည်သွား၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ နေလေ၏။
6 Og ramnarne bar brød og kjøt til honom um morgonen og brød og kjøt um kvelden, og av bekken drakk han.
၆ကျီးအတို့သည် နေ့တိုင်းနံနက်တခါ၊ ညဦးတခါ မုန့်နှင့်အမဲသားကို ဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်း သောက်ရ၏။
7 Men då ei tid var lidi, torna bekken, for det kom ikkje regn i landet.
၇နောက်တဖန် မိုဃ်းမရွာသောကြောင့် ချောင်းရေခန်းခြောက်လေ၏။
8 Då kom Herrens ord til honom; han sagde:
၈ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ရောက်လာသည်ကား၊
9 «Set i veg til Sarefat, som høyrer til Sidon, og gjev deg til der! Eg hev bede ei enkja syta for deg med føda.»
၉သင်ထလော့။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သို့ သွား၍ နေလော့။ ထိုမြို့၌ နေသောမုတ်ဆိုးမတယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊
10 Han tok i veg til Sarefat, og då han kom til byporten, fekk han auga på ei enkja som sanka ved. Og han ropa til: «Henta ein liten grand vatn åt meg i ei skål, so eg fær drikka!»
၁၀ဧလိယသည်ထ၍ ဇရတ္တမြို့သို့သွား၏။ မြို့တံခါး သို့ရောက်သောအခါ၊ မုတ်ဆိုးမသည် ထင်းခွေလျက်ရှိ၏။ ဧလိယက၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ်၍ဆို၏။
11 Då ho no gjekk og skulde henta det, ropa han etter henne, og sagde: «Tak med deg eit stykke brød åt meg!»
၁၁မိန်းမသည်ရေကိုယူခြင်းငှါ သွားစဉ်တွင်၊ တဖန်ဟစ်၍ မုန့်တဖဲ့ကိုလည်း သင့်လက်၌ ယူခဲ့ပါလော့ဟု ဆိုပြန်လျှင်၊
12 Men ho svara: So sant Herren, din Gud, liver; eg eig ikkje ein brødleiv; ein neve mjøl i krukka og ein grand olje i krusi er det einaste; og no sankar eg saman eit par vedkjeppar og gjeng inn og lagar det til åt meg og son min; so fær me eta det og sidan døy.
၁၂မိန်းမက၊ သင်၏ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ မုန့်ပြားတပြားမျှမရှိ။ အိုးထဲမှာ မုန့်ညက်တလက်ဆုပ်၊ ဘူး၌ ဆီအနည်းငယ်သာရှိ၏။ ကျွန်မနှင့်သားငယ်အဘို့ဖုတ်၍ စားလိုသော ငှါ၎င်း၊ စားပြီးမှ သေလိုသောငှါ၎င်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏ဟု ပြန်ပြော၏။
13 Då sagde Elia til henne: «Ottast ikkje, gakk inn og gjer som du hev sagt! Men laga fyrst ei liti kaka åt meg og ber ut åt meg! Sidan kann du få laga til åt deg sjølv og son din.
၁၃ဧလိယကလည်းမစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်းသွား၍ ပြုလော့။ သို့ရာတွင် ငါ့အဘို့ မုန့်ပြားငယ် တပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဘို့လုပ်လော့။
14 For so segjer Herren, Israels Gud: «Mjølkrukka skal ikkje verta tom, og ikkje skal det skorta på olje i krusi, til dess Herren let det regna på jordi.»»
၁၄ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုဃ်းရွာစေတော်မမူမှီတိုင်အောင်၊ အိုး၌ရှိသောမုန့်ညက်မကုန်။ ဘူး၌ရှိသော ဆီမလျော့ရဟု မိန့်တော်မူကြောင်း ကို ဆင့်ဆို၏။
15 Då gjekk ho av stad og gjorde som Elia hadde sagt; og dei åt, både han og ho og husfolket hennar, ei heil tid frametter.
၁၅ထိုမုတ်ဆိုးမသည်သွား၍ ဧလိယစကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့ သည် အင်တန်ကာလပတ်လုံး စားရကြ၏။
16 Mjølkrukka vart ikkje tom, og det skorta ikkje på olje i krusi; det gjekk som Herren hadde tala gjenom Elia.
၁၆ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော် မူသောစကားအတိုင်း၊ အိုး၌ရှိသော မုန့်ညက်မကုန်၊ ဘူး၌ရှိသော ဆီမလျော့။
17 Men ei tid etter desse hendingarne vart son åt kvinna, ho som åtte huset, sjuk; og sjukdomen hans vart ovleg tung, og til slutt andast han.
၁၇ထိုနောက်မှ အိမ်ရှင်မ၏သားသည် ပြင်းပြစွာ သော အနာရောဂါစွဲသောကြောင့် အသက်ချုပ်၏။
18 Då sagde ho til Elia: «Kva hev du, gudsmann, å gjera hjå meg? Du er komen til meg for å draga synda mi fram i minnet, so son min måtte døy.»
၁၈မိန်းမကလည်း၊ အို ဘုရားသခင်၏လူ၊ ကိုယ် တော်သည် ကျွန်မနှင့် အဘယ်သို့ဆိုင်သနည်း။ ကျွန်မ အပြစ်တို့ကို အောက်မေ့စေ၍၊ ကျွန်မသားကို သတ်အံ့ သောငှါ ကျွန်မဆီသို့ ကြွလာတော်မူသလောဟု ဧလိယ အားဆိုသော်၊
19 Men han sagde til henne: «Lat meg få guten din hit.» Og han tok honom or fanget hennar og bar honom upp på salen der han budde, og lagde honom på sengi si.
၁၉သင်၏သားကိုငါ့အားပေးလော့ဟုဆိုလျက်၊ မိန်းမရင်ခွင်ထဲက ယူ၍မိမိနေရာအထက်အခန်းသို့ ဆောင် သွားသဖြင့်၊ မိမိအိပ်ရာပေါ်မှာ ထားပြီးလျှင်၊
20 Og han ropa til Herren og sagde: «Herre, min Gud! At du kunde senda slik ulukka yver denne enkja som gjev meg herbyrge, og late son hennar døy!»
၂၀အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တည်းခိုသော ဤမုတ်ဆိုးမ၌ ဘေးဥပဒ်ပြု၍၊ သူ၏သားကို သေစေတော်မူမည်လောဟု ထာဝရဘုရား ကို ကြွေးကြော်လေ၏။
21 Og han lutte seg burtyver barnet tri gongar og ropa til Herren og sagde: «Herre, min Gud! Lat sjæli til guten koma attende til honom!»
၂၁တဖန်သူငယ်အပေါ်မှာ မိမိကိုယ်ကို သုံးကြိမ် လှန်လျက်၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ဤသူငယ်၏ဝိညာဉ်ကို တဖန် ဝင်စေတော်မူပါဟု ထာဝရ ဘုရားကို ကြွေးကြော်ပြန်၏။
22 Og Herren høyrde Elia; guten fekk sjæli attende og vart livande.
၂၂ဧလိယ စကားကို ထာဝရဘုရားကြားတော်မူ၍၊ သူငယ်၏ ဝိညာဉ်သည်ဝင်သဖြင့်၊ သူသည် အသက် ရှင်ပြန်၏။
23 Og Elia tok barnet ifrå salen og hadde det nedatt i huset og gav det til mori, og Elia sagde: «Sjå, son din liver!»
၂၃ဧလိယသည် သူငယ်ကိုအထက်အခန်းမှ အောက် သို့ယူသွား၍ ကြည့်လော့။ သင်၏သားအသက်ရှင်ပြီဟု ဆိုလျက်အမိ၌အပ်လေ၏။
24 Då sagde kvinna til Elia: «No veit eg at du er ein gudsmann, og at Herrens ord i din munn er sanning.»
၂၄မိန်းမကလည်း၊ ဤအမှုကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်၏ လူဖြစ်ကြောင်းကို၎င်း၊ ကိုယ်တော်ဆင့်ဆိုသော ထာဝရဘုရား၏ စကားတော် ဟုတ်မှန်ကြောင်းကို၎င်း၊ ကျွန်မသိပါသည်ဟု ဧလိယ အား ဆို၏။