< ရုသ 3 >
1 ၁ တဖန်ယောက္ခမနောမိက၊ ငါ့သမီး၊ သင့်ကိုချမ်းသာစေခြင်းငှါ ငြိမ်ဝပ်ရာအရပ်ကို သင့်အဘို့ငါမရှာရသ လော။
But afterwards, when she returned to her mother-in-law, Naomi said to her: “My daughter, I will seek rest for you, and I will provide so that it may be well with you.
2 ၂ သင်ပေါင်းဘော်သော ကျွန်မတို့၏သခင်ဗောဇသည် ငါတို့ပေါက်ဘော်ဖြစ်သည်မဟုတ်လော။ ယနေ့ညမှာ ကောက်နယ်တလင်း၌ မုယောစပါးကိုလှေ့လျက်နေ၏။
This Boaz, whose young women you joined in the field, is our near relative, and this night he will winnow the threshing floor of barley.
3 ၃ သင်သည်ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်တန်ဆာ ဆင်ခြင်းကိုပြုပြီးလျှင် ကောက်နယ်တလင်းသို့ သွားတော့။ သူသည်စားသောက်ခြင်း အမှုကိုမပြီးမှီကိုယ်ကို မပြနှင့်။
Therefore, wash and anoint yourself, and put on your decorative garments, and go down to the threshing floor, but do not let the man see you, while he finishes eating and drinking.
4 ၄ သူအိပ်သောအခါ၊ အိပ်ရာအရပ်ကိုမှတ်ပြီးမှဝင်၍ သူ့ခြေ၌ဖုံးသော အဝတ်ကိုဖွင့်ပြီးလျှင် အိပ်တော့။ သင်သည် အဘယ်သို့ပြုရမည်ကို သူပြောလိမ့်မည်ဟုဆိုသော်၊
But when he goes to sleep, observe the place where he sleeps. And you will approach and lift up the covering, the part which covers near his feet, and lay yourself down, and sleep there; but he will tell you what you are obliged to do.”
5 ၅ ရုသက၊ မိခင်မှာထားသမျှတို့ကို ပြုပါမည်ဟု ဝန်ခံလျက်၊
She answered, “I will do everything as you have instructed.”
6 ၆ ကောက်နယ်တလင်းသို့သွား၍ ယောက္ခမမှာထားသမျှ အတိုင်းပြုလေ၏။
And she went down to the threshing floor, and she did everything that her mother-in-law had commanded her.
7 ၇ ဗောဇသည်စားသောက်၍ ရွှင်လန်းလျက်၊ စပါးပုံအနားသို့သွား၍ အိပ်သောအခါ၊ ရုသသည်တိတ်ဆိတ် စွာချဉ်းကပ်၍သူ့ခြေ၌ဖုံးသောအဝတ်ကိုဖွင့်ပြီးလျှင် အိပ်လေ၏။
And when Boaz had finished eating and drinking, and he was merry, and he had gone to sleep by the pile of sheaves, she approached secretly, and, lifting the covering near his feet, she laid herself down.
8 ၈ သန်းခေါင်အချိန်၌ ယောက်ျားသည်လန့်၍ လှည့်သဖြင့်၊ မိန်းမသည်ခြေရင်း၌ရှိသည်ကိုသိလျက်၊
And behold, when it was the middle of the night, the man became frightened and confused, and he saw a woman lying near his feet.
9 ၉ သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်မသည်ကိုယ်တော်၏ ကျွန်မရုသဖြစ်ပါ၏။ ကိုယ်တော်သည်ရွေးပိုင်သော အမျိုးသားချင်းဖြစ်သော ကြောင့်၊ ကိုယ်တော်၏ ကျွန်မကိုအဝတ်တော်စွန်းနှင့် ဖုံးပါတော့ဟုဆိုသော်၊
And he said to her, “Who are you?” And she answered, “I am Ruth, your handmaid. Spread your covering over your servant, for you are a near relative.”
10 ၁၀ သူက၊ ငါ့သမီး၊ ထာဝရဘုရားကောင်းကြီးပေးတော်မူပါစေသော။ သင်သည်ငွေရ တတ်သောလူပျို၊ ဆင်းရဲသောလူပျို တစုံတယောက်ကို မမှီဝဲဘဲနေ၍၊ အရင်ပြုသောကျေးဇူးထက် နောက်ပြုသောကျေးဇူး သာ၍ကြီး၏။
And he said, “You are blessed by the Lord, daughter, and you have excelled beyond your earlier benevolence, because you have not followed young men, whether poor or rich.
11 ၁၁ မစိုးရိမ်နှင့်ငါ့သမီး။ တောင်းသမျှကို ငါပြုမည်။ သင်သည်သီလနှင့်ပြည့်စုံသောမိန်းမဖြစ်ကြောင်းကို ငါ့လူမျိုးနေသော တမြို့လုံးသိ၏။
Therefore, do not be afraid, but whatever you decide about me, I will accomplish for you. For all the people, who dwell within the gates of my city, know that you are a virtuous woman.
12 ၁၂ ငါသည်ရွေးပိုင်သော အမျိုးသားချင်းမှန်ပေ၏။ သို့သော်လည်းငါ့ထက်သာ၍ ရွေးပိုင်သော အမျိုးသားချင်းတယောက်ရှိသေး၏။
Neither do I deny myself to be a near relative, but there is another nearer than I.
13 ၁၃ ယနေ့ညမှာနေဦးတော့၊ ထိုသူသည်ရွေးပိုင်သော အမျိုးသားချင်း ဝတ်ကိုပြုလိုလျှင်ပြုပါလေစေ။ ကောင်း၏။ မပြုလျှင်ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း ငါပြုမည်။ နံနက်တိုင်အောင် အိပ်ဦးတော့ ဟုဆို၏။
Be at peace for this night. And when morning arrives, if he is willing to uphold the law of kinship for you, things will turn out well; but if he is not willing, then, I will take you, without any doubt, as the Lord lives. Sleep until morning.”
14 ၁၄ ရုသသည်နံနက်တိုင်အောင်သူ့ခြေရင်းနားမှာအိပ်ပြီးမှ၊ တယောက်ကို တယောက် သိနိုင်သော အချိန်မရောက်မှီထလေ၏။ ယောက်ျားကလည်း၊ မိန်းမသည် ဤကောက်နယ် တလင်းသို့လာသည်ကို အဘယ်သူမျှမသိစေနှင့်ဟုဆို၏။
And so she slept by his feet until the night was ending. And she arose before men could inquire of one another. And Boaz said, “Be careful, lest someone know that you came here.”
15 ၁၅ တဖန်သင်၌ပါသော တင်းတိမ်ကိုယူခဲ့၍ဖြန့်ခင်းတော့ဟုဆိုသည်အတိုင်း၊ ရုသဖြန့်လျက် မုယောစပါးခြောက်ဩမဲကိုခြင်၍ သူ့အပေါ်မှာတင်သဖြင့်၊ သူသည်မြို့ထဲသို့ သွားလေ၏။
And again he said, “Spread your mantle that covers you, and hold it with both hands.” As she extended it and held it, he measured six measures of barley and placed it upon her. Carrying it, she went into the city.
16 ၁၆ ယောက္ခမထံသို့ ရောက်သောအခါ၊ ယောက္ခမကအဘယ်သို့နည်းဟု မေးလျှင်၊ မိမိ၌ထိုသူပြုသမျှကို၎င်း၊
And she came to her mother-in-law, who said to her: “What have you been doing, daughter?” And she explained to her all that the man had accomplished for her.
17 ၁၇ သူက၊ သင်သည်ယောက္ခမထံသို့လက်ချည်းမသွားနှင့်ဟုဆိုလျက် မုယောစပါးခြောက်ဩမဲပေးကြောင်း ကို၎င်း ကြားပြောလေ၏။
And she said, “Behold, he gave me six measures of barley, for he said, ‘I am not willing to have you return empty to your mother-in-law.’”
18 ၁၈ ယောက္ခမာလည်း၊ ငါ့သမီး၊ ဤအမှုသည်အဘယ်သို့ပြီးလိမ့်မည်ကိုမသိမှီတိုင်အောင် ထိုင်နေလော့။ ယောက်ျားသည် ယနေ့ ဤအမှုကိုမပြီးစီးမှီငြိမ်ဝင်စွာမနေဟုပြောဆို၏။
And Naomi said, “Wait, daughter, until we see how things will turn out. For the man will not rest until he has accomplished what he said.”