< ဆာလံ 21 >
1 ၁ အိုထာဝရဘုရား၊ မင်းကြီးသည် ကိုယ်တော်၏ အစွမ်းသတ္တိကြောင့် ဝမ်းမြောက်၍၊ ကယ်တင်တော်မူ ခြင်းအားဖြင့် အလွန်ရွှင်လန်းပါ၏။
To the Chief Musician. A Melody of David. O Yahweh, in thy strength, will the king rejoice, and, in thy salvation, how greatly will he exult!
2 ၂ သူ၏နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော် မမူ။ သူ၏စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ။
The longing of his heart, hast thou given him, and, the request of his lips, hast thou not withheld. (Selah)
3 ၃ ကောင်းမြတ်သော မင်္ဂလာတို့ကို အဦးပြု၍ ပေး တော်မူပြီ။ ရွှေစင်သရဖူကို သူ၏ခေါင်းပေါ်မှာ တင်တော် မူပြီ။
For thou wilt come to meet him, with the blessings of goodness, Thou wilt set on his head, a crown of pure gold.
4 ၄ သူသည် အသက်ကိုဆတောင်း၍၊ ကိုယ်တော် သည်မသက်မက၊ ထာဝရဘုရားကို ပေးသနားတော်မူပြီ။
Life, he asked of thee, Thou hast given it him, length of days, to times age-abiding and beyond.
5 ၅ ကယ်တင်တော်မူခြင်းအားဖြင့် သူသည် ဘုန်း ကြီး၍၊ လက်တော်မှ ဂုဏ်အသရေနှင့် တန်ခိုးအာနုဘော် ကို ခံရပါ၏။
Great is his glory, in thy salvation, Honour and majesty, wilt thou lay upon him;
6 ၆ ကိုယ်တော်သည် သူ့ကိုထာဝရမင်္ဂလာအရာ၌ ခန့်ထား၍၊ မျက်နှာတော်အားဖြင့် အလွန်ဝမ်းမြောက်စေ တော်မူ၏။
For thou wilt appoint him blessings evermore, wilt cheer him with joy by thy countenance;
7 ၇ အကြောင်းမူကား၊ မင်းကြီးသည် ထာဝရဘုရား ကို ကိုးစား၍၊ အမြင့်ဆုံးသောဘုရား၏ ကရုဏာတော် ကြောင့် တည်ကြည်တတ်ပါ၏။
For, the king, is trusting in Yahweh, and, in the lovingkindness of the Highest, shall he not be shaken.
8 ၈ ကိုယ်တော်၏လက်သည် ရန်သူအပေါင်းတို့ကို တွေ့၍၊ ကိုယ်တော်ကိုမုန်းသော သူတို့ကို လက်ျာ လက်တော်သည် တွေ့တော်မူမည်။
Thy hand, will find out, all thy foes, Thine own right hand, will find out them who hate thee.
9 ၉ အမျက်တော်ထွက်သောကာလ၌ သူတို့ကို မီးဖိုကဲ့သို့ ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် အမျက်တော် အားဖြင့် သူတို့ကို မျိုတော်မူ၍၊ မီးသည်လည်း လောင် စားပါလိမ့်မည်။
Thou wilt make them like a furnace of fire, at the time of thy presence, —Yahweh, in his anger, will swallow them up, and there shall consume them a fire:
10 ၁၀ သူတို့ အမျိုးအနွယ်ကို မြေကြီးမှ ပယ်ရှင်း ၍၊ သားစဉ်မြေးဆက်တို့ကို လူမျိုးထဲက ဖျက်ဆီးတော်မူ မည်။
Their fruit—out of the earth, wilt thou destroy, and their seed, from among the sons of men;
11 ၁၁ အကြောင်းမူကား၊ ကိုယ်တော်တဘက်၌ မကောင်းသော အကြံကိုကြံစည်၍၊ မကောင်းသော ပရိယာယ်ကို ပြုကြပါပြီ။ သို့ရာတွင် အကြံမထမြောက် ကြပါ။
For they have held out, against thee, a wicked thing, They have devised a scheme they cannot accomplish.
12 ၁၂ ထိုကြောင့် သူတို့မျက်နှာတဘက်၌ လေးမြှားတို့ ကိုရွယ်၍၊ သူတို့ ကျောကို လှည့်စေတော်မူမည်။
For thou wilt cause them to turn their back, Upon thy bow-strings, wilt thou make ready against their face.
13 ၁၃ အိုထာဝရဘုရား၊ ကိုယ်တော်သည် အစွမ်း တန်ခိုးအားဖြင့် ချီးမြှောက်ခြင်းရှိတော်မူစေသတည်း။ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာသီချင်း ဆိုကြပါမည်။
Be exalted, O Yahweh, in thy strength! With song and with string will we sound forth thy power.