< မာကု 9 >
1 ၁ ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် တန်ခိုးနှင့်တကွ တည်ကြောင်းကို ဤအရပ်၌ ရှိသောသူ အချို့တို့သည် မမြင်မှီသေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။
And He said unto them, Verily I tell you, that there are some of those who stand here, that shall not taste of death, till they have seen the kingdom of God come with power.
2 ၂ ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်၍၊ အခြားသူ မပါဘဲ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊
And after six days Jesus taketh with Him Peter, and James, and John, and bringeth them up by themselves to a high mountain apart; and was transfigured before them:
3 ၃ အဝတ်တော်လည်း ပြောင်လက်လျှက်၊ ဤမြေပေါ်၌ အဘယ်ခဝါသည်မျှ မတတ်နိုင်အောင် မိုဃ်းပွင့် ကဲ့သို့ အလွန်ဖြူလျက်ရှိ၏။
and his raiment shone, being exceeding white as snow, so as no fuller on earth can whiten.
4 ၄ မောရှေနှင့် ဧလိယသည် ထင်ရှား၍ ယေရှုနှင့်အတူ စကားပြောလျက်ရှိ၏။
And there appeared unto them Elias with Moses, and they were talking with Jesus.
5 ၅ ထိုအခါ ပေတရုက အရှင်ဘုရား၊ ဤအရပ်၌ နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့ တဲတဆောင်၊ မောရှေဘို့တဆောင်၊ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေဟု လျှောက်လေ ၏။
Then said Peter to Jesus, Master, it is good for us to be here: let us make three tabernacles; one for Thee, and one for Moses, and one for Elias:
6 ၆ တပည့်တော်တို့သည် အလွန်ကြောက်သောကြောင့် ပေတရုသည် ယောင်ယမ်း၍ ထိုသို့လျှောက် သတည်း။
for he knew not what to say, for they were sore afraid.
7 ၇ ထိုအခါ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နား ထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော်ဖြစ်လေ၏။
And there was a cloud overshadowing them, and a voice came out of the cloud, saying, This is my beloved Son, hear ye Him.
8 ၈ ထိုခဏခြင်းတွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှုလျှင်၊ မိမိတို့နှင့်အတူ ယေရှုတယောက် တည်းမှတပါး အဘယ်သူကိုမျှ မမြင်ကြ။
And immediately looking round about, they saw no more of any one, but Jesus alone with them.
9 ၉ တောင်ပေါ်မှာ ဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှ မထမြောက်မှီတိုင်အောင် သင်တို့ ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။
And as they came down from the mountain, He charged them to tell no one what they had seen, till after the Son of man were risen from the dead.
10 ၁၀ တပည့်တော်တို့သည် ထိုစကားကို မှတ်မိ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်း ဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။
And they laid hold on that expression, querying among themselves, what means the rising from the dead?
11 ၁၁ ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊
Then they asked Him, saying, Why do the scribes say, that Elias must come first?
12 ၁၂ ကိုယ်တော်က၊ ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။ လူသားသည်လည်း အလွန်ဆင်းရဲ၍ ကဲ့ရဲ့ပယ်ထားခြင်းကို ခံရမည်ဟု ကျမ်းစာလာ၏။
And He answered and told them, Elias doth indeed come first, and settle all things: He told them likewise how it is written of the Son of man, that he must suffer many things and be used contemptuously.
13 ၁၃ ငါဆိုသည်ကား၊ ဧလိယသည် ရောက်လေပြီ။ သူ၏အကြောင်းကို ကျမ်းစာရေးထားသည်အတိုင်း လူ များသည် သူ့အားပြုချင်သမျှကို ပြုကြပြီဟု မိန့်တော်မူ၏။
But I tell you, that Elias is come, and they have done to him whatever they would, as it is written of him.
14 ၁၄ တပည့်တော်တို့ရှိရာသို့ ရောက်တော်မူသောအခါ များစွာသောလူအစုအဝေးသည် သူတို့ကို ဝိုင်းလျက်၊ ကျမ်းပြုဆရာတို့သည် သူတို့နှင့် ဆွေးနွေးမေးမြန်းကြသည်ကို မြင်တော်မူ၏။
And when He came to the other disciples, He saw a great multitude about them, and the scribes disputing with them.
15 ၁၅ စုဝေးလျက်ရှိသော လူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်း အံ့ဩမိန်းမောခြင်းရှိလျက် အထံတော်သို့ ပြေး၍ နှုတ်ဆက်ကြ၏။
And immediately all the people, when they saw Him, were astonished; and running to Him, saluted Him.
16 ၁၆ ကိုယ်တော်ကလည်း၊ သင်တို့သည် သူတို့နှင့် အဘယ်သို့ဆွေးနွေးမေးမြန်းကြသနည်းဟု ကျမ်းပြုဆရာ တို့ကို မေးတော်မူလျှင်၊
And he asked the scribes, What are ye disputing about?
17 ၁၇ လူအစုအဝေး၌ပါသော သူတယောက်က၊ အရှင်ဘုရား၊ အသောနတ်အစွဲခံရသော အကျွန်ုပ်၏သားကို အထံတော်သို့ ဆောင်ခဲ့ပါပြီ။
And one of the multitude answered, and said, Master I have brought unto thee my son, who is possessed by a dumb spirit:
18 ၁၈ နတ်သည် ဘမ်းစားလေရာရာ၌ သူ့ကိုမြေပေါ်မှာ လှဲ၍၊ သူသည်လည်း ခံတွင်းမှ အမြှုတ်ထွက်လျက်၊ အံသွားခဲကြိတ်လျက်၊ ပိန်ခြောက်လျက်နေရပါ၏။ ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်လျှောက်၍ သူတို့သည် မတတ်နိုင်ကြပါဟု လျှောက်သော်၊
and wherever it seizeth him, it convulseth him; and he fometh, and gnasheth his teeth, and thus he pineth away: and I desired thy disciples to cast him out, and they could not.
19 ၁၉ ကိုယ်တော်က၊ ယုံကြည်ခြင်းမရှိသောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံးနေရ မည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူ သည်အတိုင်း၊
And He answered and said, O unbelieving generation, how long shall I be with you? how long shall I bear with you? bring him to me.
20 ၂၀ ယူခဲ့ကြ၏။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်းသူငယ်ကို တောင့်မာစေသဖြင့် သူငယ်သည် မြေပေါ်မှာလဲ၍ အမြှုတ်ထွက်လျက် ကိုယ်ကို လှိမ့်လျက်နေ၏။
And they brought him to Him: and as soon as he saw Him, immediately the spirit threw him into convulsions: and he fell upon the ground, and rolled about foming.
21 ၂၁ ကိုယ်တော်ကလည်း၊ ဤသို့ဖြစ်သည်ကား၊ အဘယ်မျှလောက် ကြာပြီနည်းဟု သူငယ်၏အဘအား မေးတော်မူလျှင်၊ အဘက၊ ငယ်သော အရွယ်ကပင် ဖြစ်ပါ၏။
And He asked his father, How long is it since this befel him? And he said, From a child.
22 ၂၂ သူငယ်ကို သေစေခြင်းငှါ မီး၌၎င်း၊ ရေ၌၎င်း အကြိမ်ကြိမ်လဲစေတတ်၏။ သို့သော်လည်း ကိုယ်တော် သည် တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကို သနား၍ကယ်တော်မူပါဟု လျှောက်လေ၏။
And it has often thrown him both into the fire and into the waters to destroy him. But if thou canst do any thing, have compassion on us and help us.
23 ၂၃ ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။
And Jesus said unto him, If thou canst believe, all things are possible to him that believeth.
24 ၂၄ သူငယ်၏အဘသည် ချက်ခြင်းဟစ်ကြော်၍ အကျွန်ုပ်ယုံကြည်ပါ၏သခင်။ မယုံကြည်သည်ကို မစ တော်မူပါဟု မျက်ရည်နှင့် လျှောက်ပြန်လေ၏။
And the father of the child immediately cried out and said with tears, Lord, I believe, help thou my unbelief.
25 ၂၅ ထိုအခါ လူများတို့သည် စုဝေးလျက် ပြေးလာကြသည်ကို ယေရှုသည်မြင်လျှင်၊ နားပင်း၍ စကား အ သောနတ်၊ သူငယ်မှထွက်လော့၊ နောက်တဖန်မဝင်နှင့် ငါအမိန့်ရှိ၏ဟု ထိုညစ်ညူးသောနတ်ကို ဆုံးမ၍ မိန့် တော်မူသဖြင့်၊
when Jesus saw the people flock together, He rebuked the impure spirit, and said to him, Thou dumb and deaf spirit, I command thee, Come out of him, and enter no more into him.
26 ၂၆ နတ်သည် အော်ဟစ်၍ အလွန်တောင့်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ သေပြီဟု လူများဆိုကြ၏။
And when he had rored and vehemently convulsed him, he came out of him: and the child was as one dead, so that many said, that he was dead.
27 ၂၇ ယေရှုသည် သူ၏လက်ကိုကိုင်၍ ချီကြွတော်မူသဖြင့် သူသည်ထလေ၏။
But Jesus took him by the hand and lifted him up, and he arose.
28 ၂၈ အိမ်သို့ ဝင်တော်မူပြီးမှ တပည့်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ်ကြောင့် မနှင်ထုတ် နိုင်ပါသနည်းဟု တိတ်ဆိတ်စွာမေးလျှောက်ကြသော်၊
And when He was come into the house, his disciples asked Him in private, Why could not we cast him out?
29 ၂၉ ကိုယ်တော်က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မ ထွက်နိုင်ဟု မိန့်တော်မူ၏။
And He said unto them, This kind cannot be cast out, but by prayer and fasting.
30 ၃၀ ထိုအရပ်မှထွက်၍ ဂါလိလဲပြည်အလယ်၌ ရှောက်သွားကြစဉ်တွင် အဘယ်သူမျှ သိစေခြင်းငှါ အလို တော်မရှိ။
And they departed from thence and passed through Galilee, and He was not willing that any should know it;
31 ၃၁ အကြောင်းမူကား၊ လူသားသည် လူတို့လက်သို့ အပ်နှံခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်။
for He was instructing his disciples, and told them, the Son of man is going to be delivered into the hands of men, and they will put Him to death; and on the third day, after his being put to death, He will rise again.
32 ၃၂ ခံပြီးမှသုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုအကြောင်းများကို သူတို့သည် နားမလည်သော်လည်း၊ ကိုယ်တော်ကို မမေးမလျှောက်ဝံ့ကြ။
But they knew not his meaning, and were afraid to ask Him.
33 ၃၃ ကပေရနောင်မြို့သို့ ရောက်၍ အိမ်၌ရှိတော်မူလျှင်၊ သင်တို့သည် လမ်း၌အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်းဟု မေးတော်မူသည်ကို၊
And he came to Capernaum; and when He was in the house, He asked them, What were ye disputing about among yourselves by the way?
34 ၃၄ သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ အဘယ်သူသည်သာ၍ ကြီးမြတ်အံ့နည်းဟု လမ်း၌ အချင်းချင်းငြင်းခုံကြ၏။
But they held their peace; for they had been disputing with each other by the way who should be the greatest.
35 ၃၅ ထိုအခါကိုယ်တော်သည် ထိုင်လျက် တကျိပ်နှစ်ပါးတို့ခေါ်တော်မူ၍၊ အရင်အဦးဖြစ်လိုသောသူ မည် သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံစုံတို့၏ အစေခံလည်းဖြစ်ရမည်ဟု မိန့်တော်မူ၏။
So He sat down and called the twelve, and saith unto them, If any one would be first, let him be last of all, and servant of all.
36 ၃၆ သူငယ်တယောက်ကိုလည်းယူ၍ သူတို့ အလယ်၌ထားပြီးမှ လက်တော်နှင့်ချီပိုက်လျက်၊
And He took a child and set him in the midst of them, and taking him in his arms He said unto them,
37 ၃၇ အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သော သူငယ်တစုံတယောက်ကိုလက်ခံ၏။ ထိုသူ သည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါကိုသာလက်ခံသည်မဟုတ်။ ငါ့ကိုစေလွှတ် တော် မူသောသူကိုပင် လက်ခံသည်ဟု မိန့်တော်မူ၏။
Whoever shall receive one of these little children in my name, receiveth me; and whosoever receiveth me, receiveth not me only, but Him that sent me.
38 ၃၈ ယောဟန်ကလည်း၊ အရှင်ဘုရား၊ အကျွန်ုပ်တို့နှင့်အတူ မလိုက်ဘဲလျက် ကိုယ်တော်၏နာမကို အမှီပြု ၍ နတ်ဆိုးတို့ကိုနှင်ထုတ်သောသူတယောက်ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည်အကျွန်ုပ်တို့နှင့် အတူမလိုက် သောကြောင့် အကျွန်ုပ်တို့သည် မြစ်တားကြပါသည်ဟု လျှောက်လေသော်၊
But John answered Him and said, Master, we saw one casting out demons in thy name, who doth not follow us; and we forbade him, because he followeth not us.
39 ၃၉ ယေရှုက၊ ထိုသူကိုမမြစ်တားကြနှင့်။ ငါ့နာမကို အမှီပြုလျက် တန်ခိုးကိုပြ၍ ငါ့ကိုအလွယ်တကူ ကဲ့ရဲ့နိုင်သောသူတယောက်မျှမရှိ။
But Jesus said, Forbid him not: for there is no one, that worketh a miracle in my name, and can presently speak evil of me:
40 ၄၀ သင်တို့၏ရန်သူဘက်၌မရှိသောသူသည် သင်တို့ ဘက်၌ရှိ၏။
for he that is not against us, is for us.
41 ၄၁ သင်တို့သည်ခရစ်တော်နှင့် ဆိုင်သည်ဟု ငါ့မျက်နှာကိုထောက်၍ အကြင်သူသည် သင်တို့အား ရေ တခွက်ကိုမျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲနေရာ၊ ငါအမှန်ဆို၏။
For whosoever shall give you but a cup of water to drink, for my sake; because ye are Christ's, I assure you, he shall not lose his reward.
42 ၄၂ ငါ့ကိုယုံကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည် မှားယွင်းစေ၏။ ထိုသူသည် လည် ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ ပင်လယ်၌ချခြင်းကိုခံရလျှင် အနေသာ၍ကောင်း၏။
And whosoever shall cause one of these little ones, that believe in me, to offend, it were better for him, if a milstone were laid upon his neck, and he were cast into the sea.
43 ၄၃ သင်၏လက်သည်သင့်ကိုမှားယွင်းစေလျှင် လက်ကိုဖြတ်လော့။ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက်၊ လက် ချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။ (Geenna )
And if thy hand cause thee to offend, cut it off: it is better for thee to enter into life maimed, than having two hands, to go into hell, into the fire that will never be extinguished; (Geenna )
where their worm dieth not, and the fire is not quenched.
45 ၄၅ သင်၏ခြေသည် သင့်ကိုမှားယွင်းစေလျှင် ခြေကိုဖြတ်လော့။ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်း မငြိမ်းနိုင်သောမီးထဲသို့ ခြေနှစ်ဘက်စုံနှင့်ချခြင်းကို ခံရသည်ထက်၊ ခြေချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏။ (Geenna )
And if thy foot cause thee to offend, cut it off: it is better for thee to enter into life lame, than having two feet to be cast into hell, into the inextinguishable fire; (Geenna )
where their worm dieth not, and the fire is not quenched.
47 ၄၇ သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် မျက်စိကိုထုတ်လော့။ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲမီးထဲသို့ မျက်စိနှစ်ဘက်စုံနှင့်ချခြင်းကို ခံရသည်ထက်၊ မျက်စိတဘက်နှင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်စားသော် သာ၍ကောင်း၏။ (Geenna )
And if thine eye cause thee to offend, cast it out: it is better for thee to enter into the kingdom of God with one eye, than having two eyes to be cast into hell-fire; (Geenna )
where their worm dieth not, and the fire is not quenched.
49 ၄၉ ယဇ်ယောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မီးဆားခတ်ခြင်းကို ခံရကြမည်။
For every one shall be as it were salted by fire, and every sacrifice shall be seasoned as with salt.
50 ၅၀ ဆားသည်ကောင်း၏သို့သော်လည်း အငန်ကင်းပျောက်လျှင်၊ ငန်သောအရသာကို အဘယ်သို့ ရပြန် မည်နည်း။ သင်တို့၌ဆားရှိစေကြလော့။ အချင်းချင်း အသင့်အတင့်နေကြလော့ဟု မိန့်တော်မူ၏။
Salt is useful, but if the salt become insipid, wherewith will ye season it? Have salt therefore in yourselves, and as a proof of it be at peace one with another.