< ယောန 1 >

1 အမိတ္တဲ၏သား ယောနသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
Awurade asɛm baa Amitai babarima Yona nkyɛn sɛ,
2 သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားပြီးလျှင်၊ ခြိမ်း ချောက်သောစကားနှင့် ကြွေးကြော်လော့။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီဟု မိန့်တော်မူ ၏။
“Kɔ kuropɔn kɛseɛ Ninewe mu na kɔka asɛmpa no tia wɔn sɛ wɔn atirimuɔdensɛm aforo abɛduru mʼanim.”
3 သို့သော်လည်း၊ ယောနသည် ထာဝရဘုရားထံ တော်မှ တာရှုမြို့သို့ပြေးမည့် အကြံရှိသည်နှင့် ထလျက် ယုပ္ပေမြို့သို့သွား၍ ရောက်သဖြင့်၊ တာရှုမြို့သို့သွားသော သင်္ဘောကို တွေ့ကြုံ၍ သင်္ဘောခကို ပေးပြီးလျှင်၊ ထာဝရ ဘုရားထံတော်မှ သင်္ဘောသားတို့နှင့်အတူ တာရှုမြို့သို့ လိုက်ခြင်းငှါ သင်္ဘောကို စီးလေ၏။
Nanso, Yona dwane firii Awurade anim na ɔde nʼani kyerɛɛ Tarsis. Ɔkɔɔ Yopa, na ɛhɔ ɔkɔnyaa ɛhyɛn a ɛrekɔ Tarsis. Ɔtuaa ka kɔtenaa ɛhyɛn no mu, sɛ ɔrefiri Awurade anim akɔ Tarsis.
4 ထာဝရဘုရားသည်လည်း ပြင်းစွာသောလေကို ပင်လယ်ပေါ်သို့ စေလွှတ်တော်မူသဖြင့်၊ ပင်လယ်၌ ကြီး စွာသော မိုဃ်းသက်မုန်တိုင်းဖြစ်၍၊ သင်္ဘောသည် ပျက် လုသောလက္ခဏာရှိ၏။
Nanso Awurade maa mframa kɛseɛ bi bɔɔ wɔ ɛpo no so; ɛmaa ahum tuiɛ a, anka ɛhyɛn no rebɛbɔ.
5 ထိုအခါ သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးအသီး မိမိတို့ဘုရားကို အော်ဟစ်ကြ၏။ သင်္ဘော ပေါ့စေခြင်းငှါ ဝန်များကိုလည်း ပင်လယ်ထဲသို့ ပစ်ချကြ ၏။ ယောနမူကား၊ သင်္ဘောဝမ်းထဲသို့ ဆင်း၍ အိပ်ပျော် လျက်နေ၏။
Ɛhyɛn no mufoɔ no nyinaa surooɛ na obiara su frɛɛ ne nyame. Wɔtotoo adwadeɛ a ɛwɔ ɛhyɛn no mu guguu ɛpo no mu sɛdeɛ ɛhyɛn no mu bɛyɛ herɛ. Nanso na Yona akɔhyɛ ɛhyɛn no ase baabi ada hatee.
6 သင်္ဘောသူကြီးသည် လာ၍၊ အိုအိပ်ပျော်သော သူ၊ အဘယ်သို့နည်း။ ထလော့။ သင်၏ဘုရားကို ဆုတောင်း လော့။ ငါတို့အသက်လွတ်စေခြင်းငှါ ထိုဘုရားသည် ငါတို့ ကို အောက်မေ့ကောင်း အောက်မေ့လိမ့်မည်ဟု ဆို၏။
Ɛna ɛhyɛn no so panin no kɔɔ ne nkyɛn kɔkaa sɛ, “Adɛn na woada? Sɔre na frɛ wo nyame! Ebia, ɔbɛhunu yɛn mmɔbɔ, na yɛannwuwu.”
7 နောက်တဖန် သူတို့က၊ လာကြ။ အဘယ်သူ၏ အပြစ်ကြောင့် ဤအမှုရောက်သည်ကို ငါတို့သိရမည်အ ကြောင်း စာရေးတံချကြကုန်အံ့ဟု တိုင်ပင်၍၊ စာရေးတံ ချလျှင် ယောန၌ စာရေးတံကျ၏။
Afei ɛhyɛn no mufoɔ no keka kyerɛɛ wɔn ho wɔn ho sɛ, “Momma yɛmmɔ ntonto nhwehwɛ deɛ saa amanehunu yi nam ne so aba.” Wɔbɔɔ ntonto no na ɛbɔɔ Yona.
8 တဖန် သူတို့က၊ အဘယ်အပြစ်ကြောင့် ဤအမှု ရောက်သည်ကို ပြောပါလော့။ သင်ဆောင်ရွက်သောအမှု ကား၊ အဘယ်အမှုနည်း။ သင်သည် အဘယ်အရပ်က လာသနည်း။ အဘယ်ပြည်၊ အဘယ်အမျိုးသားဖြစ်သနည်း ဟု မေးမြန်းကြသော်၊
Enti wɔbisaa no sɛ, “Kyerɛ yɛn, hwan na wama saa ɔhaw yi nyinaa aba? Adwuma bɛn na woyɛ? Ɛhe na wo fire? Ɔman bɛn so na wofiri? Ɛhefoɔ ne wo nkurɔfoɔ?”
9 ငါသည် ဟေဗြဲအမျိုးသားဖြစ်၏။ ရေမြေကို ဖန်ဆင်းတော်မူသော ကောင်းကင်ဘုံ၏အရှင်ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သောသူဖြစ်၏ဟု ဆိုလျှင်၊
Ɔbuaa sɛ, “Meyɛ Hebrini, na mesom Awurade, ɔsoro Onyankopɔn a, ɔbɔɔ ɛpo ne asase.”
10 ၁၀ ထိုသူတို့သည် အလွန်ကြောက်ရွံ့၍၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မေးကြ၏။ ယောန သည် ထာဝရဘုရားထံတော်မှ မိမိပြေးကြောင်းကို ဘော် ပြသောကြောင့် သူတို့သိကြ၏။
Yei bɔɔ wɔn hu, enti wɔbisaa Yona sɛ, “Ɛdeɛn na woayɛ?” (Na wɔnim sɛ ɔredwane afiri Awurade nkyɛn, ɛfiri sɛ na waka saa akyerɛ wɔn dada).
11 ၁၁ ထိုအခါ ပင်လယ်၌ လှိုင်းတံပိုးသည် တိုး၍ထ သောကြောင့် သူတို့က၊ ငါတို့၌ လှိုင်းတံပိုးငြိမ်းစေခြင်းငှါ သင့်ကို အဘယ်သို့ပြုရပါမည်နည်းဟု မေးကြသော်၊
Na ahum no kɔ so tu dendeenden ara. Enti wɔbisaa no sɛ, “Ɛdeɛn na yɛnyɛ wo a ɛbɛma ahum yi ano abrɛ ase ama yɛn?”
12 ၁၂ ငါ့ကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြလော့။ သို့ပြု လျှင်၊ လှိုင်းတံပိုးသည် သင်တို့၌ ငြိမ်းလိမ့်မည်။ ဤပြင်းစွာ သော မိုဃ်းသက်မုန်တိုင်းသည် ငါ့ကြောင့်သာ သင်တို့ အပေါ်သို့ ရောက်သည်ကို ငါသိ၏ဟု ပြန်ပြောသော် လည်း၊
Yona buaa wɔn sɛ, “Momma me so nto me ntwene ɛpo yi mu, na ano bɛdwo. Menim sɛ me enti na ahum kɛseɛ yi retu mo so.”
13 ၁၃ သင်္ဘောသားတို့သည် ကမ်းသို့ရောက်အံ့သောငှါ ပင်ပန်းစွာ တက်ခတ်ကြ၏။ သို့ရာတွင်၊ သူတို့တဘက်၌ လှိုင်းတံပိုးတိုး၍ ထသောကြောင့်၊ သူတို့သည် မတတ်နိုင် သောအခါ၊
Mmarima no yɛɛ deɛ wɔbɛtumi biara sɛ wɔbɛhare ɛhyɛn no akɔ mpoano. Nanso, wɔantumi, ɛsiane sɛ na ɛpo so ahum no ano ayɛ den asene kane no.
14 ၁၄ အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် တောင်း ပန်ပါ၏။ ဤသူ၏အသက်ကြောင့် အကျွန်ုပ်တို့သည် အကျိုးနည်းမဖြစ်ပါစေနှင့်။ အပြစ်မရှိသောသူ၏အသက် သတ်သောအပြစ်ကို အကျွန်ုပ်တို့၌ တင်တော်မမူပါနှင့်။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အလိုရှိတော်မူသည် အတိုင်း ပြုတော်မူ၏ဟု ထာဝရဘုရားအား ကြွေးကြော် တောင်းပန်ပြီးမှ၊
Afei wosu frɛɛ Awurade sɛ, “Ao Awurade yɛsrɛ wo mma yɛn nwuwu sɛ yɛama ɔbarima yi ahwere ne nkwa enti. Mma yɛn nni fɔ wɔ ɔbarima yi mogya ho, ɛfiri sɛ, Ao Awurade wayɛ deɛ wo pɛ.”
15 ၁၅ ယောနကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြ၏။ ထို အခါ ပင်လယ်လှိုင်းတံပိုးသည် ငြိမ်းလေ၏။
Afei, wɔmaa Yona so too no twenee ɛpo no mu, na ɛpo a na ɛrehuru soɔ no yɛɛ dinn.
16 ၁၆ သင်္ဘောသားတို့သည်လည်း ထာဝရဘုရားကို အလွန်ကြောက်ရွံ့သဖြင့် ယဇ်ပူဇော်၍ သစ္စာဂတိထားကြ ၏။
Yei maa mmarima no suroo Awurade pa ara na wɔbɔɔ afɔdeɛ maa Awurade, na wɔhyɛɛ no bɔ.
17 ၁၇ ယောနကို မျိုစေခြင်းငှါ ငါးကြီးကို ထာဝရဘုရား ခန့်ထားတော်မူသည်နှင့်အညီ၊ ယောနသည် ငါး၏ဝမ်းထဲ မှာ သုံးရက်ပတ်လုံးနေရ၏။
Na Awurade maa apataa kɛseɛ bi bɛmenee Yona, na Yona daa apataa no yam nnansa, awia ne anadwo.

< ယောန 1 >