< ယောဟန် 19 >
1 ၁ ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ၍ရိုက်ပြီးမှ၊
От тоді взяв Ісуса Пилат, та й звелів збичува́ти Його.
2 ၂ စစ်သူရဲတို့သည် ဆူးပင်နှင့်ရက်သော ဦးရစ်ကိုခေါင်းတော်၌တင်၍၊ နီမောင်းသောဝတ်လုံနှင့် ခြုံစေ ပြီးလျှင်၊
Вояки́ ж, сплівши з те́рну вінка, Йому покла́ли на голову, та багряни́цю наділи на Нього,
3 ၃ ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟုဆို၍ ရိုက်ပုတ်ကြ၏။
і приступали до Нього й казали: „Раді́й, Ца́рю Юдейський!“І били по щоках Його.
4 ၄ ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှါ၊ သူ့ကို သင်တို့ရှိရာသို့ ငါထုတ်ပြသည်ဟုဆို၏။
Тоді вийшов назо́вні ізно́ву Пилат та й говорить до них: „Ось Його я виво́джу назо́вні до вас, щоб ви перекона́лись, що провини нія́кої в Нім не знахо́джу“.
5 ၅ ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီးမောင်းသောဝတ်လုံတို့ကိုဝတ်လျက် အပြင်သို့ထွက်ကြွတော် မူ၏။ ပိလတ်မင်းကလည်း သူ့ကိုကြည့်ကြလော့ဟိုဆို၏။
І вийшов назо́вні Ісус, у терно́вім вінку та в багря́нім плащі. А Пилат до них каже: „Оце Чоловік!“
6 ၆ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လုလင်များတို့က၊ ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါ ဟု ဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို့သည် သူ့ကိုယူ၍ လက်ဝါးကပ်တိုင်မှာရိုက်ထားကြ။ ငါသည် သူ၌အပြစ်ကို မတွေ့ဟုဆိုလျှင်၊
Як зобачили ж Його первосвященики й служба, то закричали, говорячи: „Розіпни́, розіпни́!“Пилат каже до них: „То візьміть Його ви й розіпні́ть, — бо провини я в Нім не знахо́джу!“
7 ၇ ယုဒလူတို့က၊ ဤသူသည်ဘုရားသခင်၏သားတော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့၌ ရှိသော ဓမ္မသတ်အတိုင်း သေထိုက်ပါသည်ဟုလျှောက်ကြ၏။
Відказали юдеї йому: „Ми маємо Зако́на, а за Зако́ном Він мусить умерти, — бо за Божого Сина Себе видавав!“
8 ၈ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည်သာ၍ ကြောက်သဖြင့်၊ အိမ်တော်ဦးထဲသို့ ဝင်ပြန်၍၊
Як зачув же Пилат оце слово, налякався ще більш,
9 ၉ ယေရှုအား၊ သင်သည် အဘယ်ကဖြစ်သနည်းဟုမေးလျှင်၊ တခွန်းကိုမျှပြန်တော်မမူ၊
і вернувся в прето́рій ізно́ву, і питає Ісуса: „Звідки Ти?“Та Ісус йому відповіді не подав.
10 ၁၀ ပိလတ်မင်းကလည်း၊ ငါနှင့်စကားမပြောသလော။ ငါသည် သင့်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင် သည်ကို၎င်း၊ လွှတ်ပိုင်သည်ကို၎င်း၊ သင်မသိလောဟုဆိုသော်၊
І каже до Нього Пилат: „Не говориш до мене? Хіба ж Ти не знаєш, що маю я вла́ду розп'я́сти Тебе, і маю вла́ду Тебе відпустити?“
11 ၁၁ အထက်အရပ်မှအခွင့်ကို မရလျှင်မင်းကြီးသည် ငါ့ကိုအဘယ်သို့မျှမပြုပိုင်။ ထိုကြောင့်ငါ့ကို မင်းကြီး လက်သို့ အပ်နှံသောသူသည်သာ၍ ကြီးသောအပြစ်ရှိသည်ဟု မိန့်တော်မူ၏။
Ісус відповів: „Надо Мною ти жодної вла́ди не мав би, коли б тобі зве́рху не да́но було́; тому більший гріх має той, хто Мене тобі ви́дав“.
12 ၁၂ ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှါ ရှာကြံလေ၏။ ယုဒလူတို့ကလည်း၊ ထိုသူကို လွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေမဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား၊ ကဲသာ ဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။
Після цього Пилат намагався пустити Його, та юдеї кричали, говорячи: „Якщо Його пустиш, то не ке́сарів при́ятель ти! Усякий, хто себе за царя видає, противиться ке́сареві“.
13 ၁၃ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သို့ထုတ်ပြီးမှ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသ အမည်ရှိ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်၌ တရားပလ္လင်ပေါ်မှာထိုင်လေ၏။
Як зачув же Пилат оце слово, то вивів назо́вні Ісуса, і засів на судде́ве сиді́ння, на місці, що зветься літострото́н, по-гебрейському ж гавва́та.
14 ၁၄ ထိုနေ့အချိန်ကား၊ ပသခါအဘိတ်နေ့ တစ်ချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆိုလျှင်၊
Був то ж день Пригото́влення Пасхи, година була — близько шостої. І він каже юдеям: „Ось ваш Цар!“
15 ၁၅ ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူအများဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာရိုက်ထားရမည်လောဟု မေးပြန်လျှင်၊ ယဇ်ပုရာဟိတ်အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတပါး အဘယ်ရှင်ဘုရင်မျှမရှိဟု ပြန်ပြောကြ၏။
Та вони закричали: „Геть, геть із Ним! Розіпни́ Його!“Пилат каже до них: „Царя вашого маю розп'я́сти?“Первосвященики відповіли: „Ми не маєм царя, окрім ке́саря!“
16 ၁၆ ထိုအခါ ပိလတ်မင်းသည် ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ထိုသူတို့လက်သို့ အပ် သဖြင့်၊ သူတို့သည် ကိုယ်တော်ကိုယူ၍ထုတ်သွားကြ၏။
Ось тоді він їм видав Його, щоб розп'я́сти.
17 ၁၇ ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျှက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ်သို့ ထွက် တော်မူ၏။ ထိုအရပ်ကား၊ ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။
І, нісши Свого хреста, Він вийшов на місце, Черепо́вищем зване, по-гебрейському Голго́фа.
18 ၁၈ ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ယောက်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ထိုသူနှစ်ယောက်အလယ်မှာ ယေရှုသည် နေရာကျသတည်း။
Там Його розп'яли́, а з Ним ра́зом двох інших, з одно́го та з другого боку, а Ісуса всере́дині.
19 ၁၉ ပိလတ်မင်းသည်လည်း ကမ္ဗည်းလိပ်စာကိုရေး၍ လက်ဝါးကပ်တိုင်တော်၌ တပ်လေ၏။ လိပ်စာချက်ဟူ မူကား၊ ယုဒရှင်ဘုရင်၊ နာဇရက်မြို့သားယေရှုဟု ရေးထားသတည်း။
А Пилат написав і на́писа, та й умістив на хресті. Було ж там написано: „Ісус Назаряни́н, Цар Юдейський“.
20 ၂၀ ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်သည် မြို့နှင့်နီးသည်ဖြစ်၍၊ ထိုလိပ်စာကို ဟေဗြဲ ဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဘတ်ကြ၏။
І багато з юдеїв читали цього написа, бо те місце, де Ісус був розп'я́тий, було близько від міста. А було по-гебрейському, по-грецькому й по-римському написано.
21 ၂၁ ထိုကြောင့်ယုဒယဇ်ပုရောဟိတ်အကြီးတို့သည် ပိလတ်မင်းထံသို့ဝင်၍၊ ယုဒရှင်ဘုရင်ဟု မရေးပါနှင့်။ ငါသည်ယုဒရှင်ဘုရင်ဖြစ်သည်ဟု သူဆိုကြောင်းကို ရေးတော်မူပါဟုလျှောက်ကြလျှင်၊
Тож сказали Пилатові юдейські первосвященики: „Не пиши: Цар Юдейський, але що Він Сам говорив: Я — Цар Юдейський.
22 ၂၂ ပိလတ်မင်းက၊ ငါရေးပြီးသောအရာကို ငါရေးပြီဟု ပြန်ဆို၏။
Пилат відповів: „Що я написав — написав!“
23 ၂၃ စစ်သူရဲတို့သည် ယေရှုကိုလက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တယောက်တပိုင်းစီ ယူကြလေ၏။ အတွင်းအင်္ကျီတော်ကား၊ မချုပ်ဘဲလျက် အထက်စွန်းမှသည် အောက်စွန်း တိုင်အောင် ရက်သောအင်္ကျီဖြစ်သောကြောင့်၊
Розп'я́вши ж Ісуса, вояки́ взяли одіж Його, та й поділили на чотири частини, по частині для кожного вояка́, теж і хіто́на. А хіто́н був не шитий, а ви́тканий ці́лий відве́рху.
24 ၂၄ ထိုသူတို့က၊ အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်း ဆိုကြ၏။ ကျမ်းစာလာသည်ကား၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ဟူသော အချက်စကားကိုပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။
Тож сказали один до одно́го: „Не будемо дерти його, але же́реба киньмо на нього, — кому припаде́“. Щоб збуло́ся Писа́ння: „Поділили одежу Мою між собою, і метну́ли про шату Мою жеребка́“. Вояки ж це й зробили.
25 ၂၅ ယေရှု၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့်မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့် မာဂဒလမာရိတို့သည် ရပ်နေကြ၏။
Під хрестом же Ісуса стояли — Його мати, і сестра Його матері, Марія Клео́пова, і Марія Магдали́на.
26 ၂၆ ထိုအခါ မယ်တော်နှင့်ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင် တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍၎င်း၊
Як побачив Ісус матір та учня, що стояв тут, якого любив, то каже до матері: „Оце, жоно, твій син!“
27 ၂၇ တပည့်တော်အားလည်း၊ သင်၏အမိကိုကြည့်ပါဟူ၍၎င်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော် သည် မယ်တော်ကိုမိမိအိမ်၌ သိမ်းထား၏။
Потім каже до учня: „Оце мати твоя!“І з тієї години той учень узяв її до себе.
28 ၂၈ ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှါ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။
Потім, знавши Ісус, що вже все довершилось, щоб збулося Писа́ння, проказує: „Пра́гну!“
29 ၂၉ ထိုအရပ်၌ပုံးရည်နှင့်ပြည့်သော အိုးတလုံးရှိသည်ဖြစ်၍၊ ထိုသူတို့သည် ရေမှိုတထွေးကိုပုံရည်နှင့် ပြည့် စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သို့ကပ်ထားကြ၏။
Тут стояла посу́дина, повна оцту. Вояки ж, губку оцтом напо́внивши, і на трости́ну її настромивши, підне́сли до уст Його.
30 ၃၀ ယေရှုသည် ပုံရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်ဆိုက်ညွှတ်၍ အသက် တော်ကို စွန့်တော်မူ၏။
А коли Ісус оцту прийняв, то промовив: „Звершилось!“І, голову схиливши, віддав Свого духа.
31 ၃၁ ထိုနေ့သည် အဘိတ်နေ့ဖြစ်၍၊ နက်ဖြန်နေ့လည်း ကြီးမြတ်သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည် ထောက်၍၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှါ ပိလတ်မင်းထံသို့ဝင် ပြီးလျှင်၊ ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။
Був же день Приго́товлення, тож юдеї, щоб тіла́ на хресті не зосталися в суботу, — був бо Великдень тієї суботи — просили Пилата зламати голі́нки розп'я́тим, і зняти.
32 ၃၂ ထိုအခါစစ်သူရဲတို့သည် သွား၍ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူနှစ် ယောက်တို့၏ ခြေကိုချိုးလေ၏။
Тож прийшли вояки́ й поламали голі́нки першому й другому, що розп'я́тий з Ним був.
33 ၃၃ ယေရှုထံသို့ရောက်၍ အသက်မရှိကြောင်းကို မြင်လျှင်ခြေကို မချိုးဘဲ၊
Коли ж підійшли до Ісуса й побачили, що Він уже вмер, то голі́нок Йому не зламали,
34 ၃၄ စစ်သူရဲတယောက်သည် နံဖေးတော်ကို လှံနှင့်ထိုးဖောက်၍ သွေးနှင့်ရေသည်ချက်ခြင်းထွက်လာ၏။
та один з воякі́в списом бо́ка Йому проколов, — і зараз витекла звідти кров та вода.
35 ၃၅ ထိုအကြောင်းအရာကိုမြင်သောသူသည် သက်သေခံ၏။ သူ၏သက်သေခံချက်သည်လည်း မှန်ပေ၏။ သင်တို့သည်ယုံကြည်မည်အကြောင်း၊ သူပြောသောစကားမှန်သည်ကို သူသိ၏။
І самовидець засвідчив, і правдиве свідо́цтво його; і він знає, що правду говорить, щоб повірили й ви.
36 ၃၆ ထိုအကြောင်းအရာကား၊ သူ၏အရိုးကို မချိုးရဟု ကျမ်းစာလာချက်ပြည့်စုံမည်အကြောင်းတည်း။
Бо це сталось тому́, щоб збулося Писа́ння: „Йому кості ламати не бу́дуть!“
37 ၃၇ တဖန်ကျမ်းစာလာသည်ကား၊ ထိုသူတို့သည် မိမိတို့ ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်ဟု လာ၏။
І знов друге Писа́ння говорить: „Дивитися будуть на Того, Кого́ проколо́ли“.
38 ၃၈ ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ် သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်းအခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည်သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။
Потім Йо́сип із Арімате́ї, що був учень Ісуса, але потайни́й, — бо боявся юдеїв, — став просити Пилата, щоб тіло Ісусове взяти. І дозволив Пилат. Тож прийшов він, і взяв тіло Ісусове.
39 ၃၉ အထက်ကညဉ့်အခါ ယေရှုထံသို့လာသော နိကောဒင်သည်လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန် ရှိသောမုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပျောင်းကို ဆောင်လျက်လာ၏။
Прибув також і Никоди́м, — що давніше прихо́див вночі до Ісуса, — і сми́рну приніс, із ало́єм помішану, щось літрів із сто.
40 ၄၀ ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍၊ ယုဒလူတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။
Отож, узяли вони тіло Ісусове, та й обгорнули його у полотно́ із па́хощами, як є зви́чай ховати в юдеїв.
41 ၄၁ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင်ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်တွင် တယောက်ကိုမျှ မသင်္ဂြိုဟ် ဘူးသော သင်္ချိုင်းတွင်းသစ်ရှိ၏။
На тім місці, де Він був розп'я́тий, знахо́дився сад, а в саду́ новий гріб, що в ньому ніко́ли ніхто не лежав.
42 ၄၂ ယုဒလူတို့၏ အဘိတ်နေ့ဖြစ်သောကြောင့်၊ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းအတွင်း၌ အလောင်း တော်ကိုထားကြ၏။
Тож отут, — з-за юдейського дня Пригото́влення — вони покла́ли Ісуса, бо побли́зу був гріб.