< ယောဘ 6 >
1 ၁ တဖန်ယောဘမြွက်ဆိုသည်ကား၊
Then Job answered and said,
2 ၂ ငါဝမ်းနည်းခြင်းအကြောင်းကို သေချာစွာ ချိန်တွယ်ပါစေ။ ငါခံရသောဒုက္ခများကိုလည်း ချိန်ခွင်၌ စုထားပါစေ။
O that my grief were but weighed, and all my calamity laid in the balances!
3 ၃ သို့ဖြစ်လျှင် သမုဒ္ဒရာသဲထက်သာ၍ လေးလိမ့်မည်။ ထိုကြောင့် ငါ့စကားလွန်မိပြီ။
For now it would be heavier than the sand of the seas. Therefore my words have been rash.
4 ၄ အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။
For the arrows of the Almighty are within me, the poison of which my spirit drinks up. The terrors of God set themselves in array against me.
5 ၅ တောမြည်းသည် မြက်ပင်ပေါသောအခါ မြည်တတ်သလော။ နွားသည်စားစရာရှိသောအခါ အော် တတ်သလော။
Does the wild donkey bray when he has grass? Or the ox moo over his fodder?
6 ၆ မမြိန်သောအရာကို ဆားမပါဘဲ စားနိုင် သလော။ ကြက်ဥအကာသည် ဆိမ့်သောအရသာ ရှိသလော။
Can that which has no savor be eaten without salt? Or is there any taste in the white of an egg?
7 ၇ လက်နှင့်မျှမတို့နိုင်၊ ငါမနှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ၏။
My soul refuses to touch them. They are as loathsome food to me.
8 ၈ ငါတောင်းသောအရာကို ရပါစေ။ ငါတောင့်တသောအရာကို ဘုရားသခင်ပေးသနားတော်မူပါစေ။
O that I might have my request, and that God would grant me the thing that I long for!
9 ၉ တောင့်တသောအရာဟူမူကား၊ ဘုရားသခင်သည် ငါ့ကိုဖျက်ဆီးတော်မူပါစေ။ လက်တော်ကိုဆန့်၍ ငါ့ကိုဆုံးစေတော်မူပါစေ။
Even that it would please God to crush me, that he would let loose his hand, and cut me off!
10 ၁၀ ထိုသို့ဖြစ်လျှင်ငါသည် သက်သာရ၏။ ငြိုငြင်သော်လည်း သည်းခံမည်။ ငါ့ကိုနှမြောတော်မမူပါစေနှင့်။ သန့်ရှင်တော်မူသောသူ၏စကားကို ငါမငြင်းမဆန်ပြီ။
And be it still my consolation, yea, let me exult (in pain that does not spare), that I have not denied the words of the Holy One.
11 ၁၁ ငါမြော်လင့်စရာအခွင့်ရှိရမည်အကြောင်း၊ ငါ့ခွန်အားကားအဘယ်သို့နည်း။ ငါသည်ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။
What is my strength that I should wait? And what is my end that I should be patient?
12 ၁၂ ငါ့ခွန်အားသည် ကျောက်ခွန်အားဖြစ်သလော။ ငါ့အသားသည် ကြေးဝါဖြစ်သလော။
Is my strength the strength of stones? Or is my flesh of brass?
13 ၁၃ ငါသည်ကိုယ်ကိုမမစနိုင်။ ငါ့ဥာဏ်လည်းကုန်ပြီ။
Is it not that I have no help in me, and that wisdom is driven quite from me?
14 ၁၄ ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။
To him who is ready to faint, kindness should be from his friend, even to him who forsakes the fear of the Almighty.
15 ၁၅ ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။
My brothers have dealt deceitfully as a brook, as the channel of brooks that pass away,
16 ၁၆ ထိုချောင်းရေသည် ရေခဲကြောင့်၎င်း၊ မထင်ရှားသော မိုဃ်းပွင့်ကြောင့်၎င်း၊
which are black because of the ice, in which the snow hides itself.
17 ၁၇ အလွန်စီးတတ်သော်လည်း၊ နွေးသောအခါ ကွယ်ပျောက်တတ်၏။ နေပူသောအခါ မိမိနေရာ၌ ခန်း ခြောက်တတ်၏။
What time they grow warm, they vanish. When it is hot, they are consumed out of their place.
18 ၁၈ ထိုရေစီးသောချောင်းတို့သည် လွဲသွား၍ တရွေ့တရွေ့ ကွယ်ပျောက်တတ်ကြ၏။
The caravans that travel by the way of them turn aside. They go up into the waste, and perish.
19 ၁၉ တေမန်အမျိုးသားအစုအဝေးတို့သည် ရှာကြ၏။ ရှေဘပြည်မှ ခရီးသွားသောသူအစုအဝေးတို့သည် မြော်လင့်လျက် လာကြ၏။
The caravans of Tema looked, the companies of Sheba waited for them.
20 ၂၀ မြော်လင့်၍စိတ်ပျက်ကြ၏။ ထိုအရပ်သို့ ရောက်သောအခါ ရှက်ကြောက်လျက် နေကြ၏။
They were put to shame because they had hoped. They came there, and were confounded.
21 ၂၁ ထိုအတူ သင်တို့သည်အချည်းနှီးသက်သက် ဖြစ်ကြ၏။ ငါနှိမ့်ချခြင်းကိုမြင်လျှင် ဆုတ်၍နေကြ၏။
For now ye are nothing. Ye see a terror, and are afraid.
22 ၂၂ ငါ့ထံသို့လက်ဆောင်ကို ယူခဲ့ကြပါ။ သင်တို့ ပစ္စည်းဥစ္စာထဲကထုတ်၍ ငါ့ကိုပေးကြပါ။
Did I say, Give to me? Or, Offer a present for me from your substance?
23 ၂၃ ရန်သူလက်မှငါ့ကိုကယ်ယူကြပါ။ သူရဲလက်မှ ရွေးနှုတ်ကြပါဟု ငါပြောသလော။
Or, Deliver me from the adversary's hand? Or, Redeem me from the hand of the oppressors?
24 ၂၄ ငါ့ကိုဆုံးမကြပါ။ တိတ်ဆိတ်လျက်နေပါမည်။ ငါမှားသောအရာကို ငါ့အားဘော်ပြကြပါ။
Teach me, and I will be quiet. And cause me to understand how I have erred.
25 ၂၅ မှန်သောစကားသည် တန်ခိုးကြီး၏။ သင်တို့ ကဲ့ရဲ့သောစကားသည် အဘယ်မှာနေရာကျသနည်း။
How forcible are words of uprightness! But your reproof, what does it reprove?
26 ၂၆ ငါစကားပြောရုံကာမျှကို အပြစ်တင်မည်ကြံစည်ကြသလော။ မြော်လင့်စရာမရှိသောသူ ပြောသော စကားသည် လေသက်သက်ဖြစ်၏။
Do ye think to reprove words, seeing that the speeches of a man who is desperate are as wind?
27 ၂၇ အကယ်၍သင်တို့သည် မိဘမရှိသောသူငယ်ကို နှိပ်စက်ကြ၏။ အဆွေခင်ပွန်းဘို့ တွင်းကိုတူးကြ၏။
Yea, ye would cast lots upon the fatherless, and make merchandise of your friend.
28 ၂၈ ငါ့ကိုစိတ်မရှိဘဲကြည့်ရှုကြပါလော့။ သင်တို့ရှေ့ မှာ ငါလှည့်စားသလော။
Now therefore be pleased to look upon me, for truly I shall not lie to your face.
29 ၂၉ ပြန်၍ဆင်ခြင်ကြပါ။ မတရားသဖြင့်မပြုကြပါ နှင့်။ ပြန်၍ဆင်ခြင်ကြပါ။ ဤအမှု၌ ငါသည် ဖြောင့်မတ် ပါ၏။
Return, I pray you, let there be no injustice. Yea, return again, my cause is righteous.
30 ၃၀ ငါ့လျှာ၌ ကောက်သောသဘောရှိသလော။ ငါသည် မြည်းစမ်း၍ အပြစ်ပါသောအရာကို ပိုင်းခြား မသိနိုင်သလော။
Is there injustice on my tongue? Cannot my taste discern mischievous things?