< ယေရမိ 16 >
1 ၁ တဖန်ငါ့ဆီသို့ရောက်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
La parole de l’Eternel me fut adressée en ces termes:
2 ၂ သင်သည် ဤအရပ်၌ စုံဘက်ခြင်းကို မပြုရ။ သားသမီးကို မဘွားမမြင်ရ။
"Tu n’épouseras pas de femmes et n’auras ni fils ni fille en ces lieux.
3 ၃ ဤအရပ်၌ ဘွားမြင်သော သားသမီးများကို၎င်း၊ သူတို့မိဘများကို၎င်း၊ ထာဝရဘုရားရည်မှတ်၍ မိန့်တော်မူသည်ကား၊
Car voici ce que décrète l’Eternel contre les fils et les filles qui naissent en ces lieux, contre leurs mères qui les mettent au jour et contre les pères qui leur donnent la vie en ce pays:
4 ၄ ထိုသူတို့သည် ဆိုးသော သေခြင်းဖြင့် သေရကြ လိမ့်မည်။ သူတို့ ကိုမြည်တမ်း၍ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ သူတို့သည် ထားဘေးနှင့် မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးခြင်းသို့ရောက်၍၊ အသေ ကောင်တို့သည် မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲ စားစရာဘို့ ဖြစ်ကြလိမ့်မည်။
Ils mourront atteints de maladies virulentes et ne seront ni pleurés ni ensevelis; ils serviront de fumier, sur la surface du sol. Et aussi par le glaive et par la famine ils périront, et leur cadavre servira de pâture aux oiseaux du ciel et aux animaux de la terre."
5 ၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ မသာအိမ် သို့ မဝင်နှင့်။ သေသောသူတို့အတွက် ငိုကြွေးမြည်တမ်း ခြင်းငှါ မသွားနှင့်။ ငါ၏ ငြိမ်သက်ခြင်းတည်းဟူသော မေတ္တာကရုဏာကို ဤလူမျိုးမှ ငါပယ်ရှင်းပြီဟု မိန့်တော် မူ၏။
En vérité, ainsi parle l’Eternel: "N’Entre pas dans une maison de deuil, n’y va point porter des paroles de regret ni des paroles de compassion, car j’ai retiré mon amitié à ce peuple, dit l’Eternel, la bienveillance et la miséricorde.
6 ၆ ပြည်သူပြည်သား အကြီးအငယ်တို့သည် သေရ ကြလိမ့်မည်။ သို့သော်လည်း၊ မသင်္ဂြိုဟ်ရ။ သူတို့အတွက် မြည်တမ်းခြင်းကိုမပြုရ။ ကိုယ်ကို ကိုယ်ရှနခြင်း၊ ဆံပင် ရိတ်ခြင်းကိုလည်း မပြုရ။
Grands et petits mourront en ce pays et ne recevront pas de sépulture; on ne les plaindra pas, et pour eux on ne se fera pas d’incision ni on ne se rasera les cheveux.
7 ၇ သေသောသူတို့အတွက် စိတ်မသာ ညဉ်းတွား သော သူတို့ကို နှစ်သိမ့်စေခြင်းငှါ၊ မသာပွဲကို မလုပ်ရ။ မိဘသေသော်လည်း၊ နှစ်သိမ့်စေသော ခွက်ဖလားကို မပေးရ။
A cause d’eux, on ne rompra pas le pain de deuil pour consoler ceux qui pleurent un mort, et on ne leur présentera pas à boire la coupe de consolation pour un père et pour une mère.
8 ၈ ထိုနည်းတူ၊ စားသောက်ပွဲခံရာ အိမ်သို့မဝင်နှင့်။ သူတို့နှင့် ပေါင်းဘော်၍ မစားမသောက်နှင့်။
Tu éviteras de même d’entrer dans une salle de festin pour manger et boire en leur société."
9 ၉ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤအရပ်၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့ သမီးအသံကို သင်တို့လက်ထက်၊ သင်တို့မျက်မှောက်တွင် ငါစဲစေမည်။
Car voici ce que dit l’Eternel-Cebaot, Dieu d’Israël: "Sous vos yeux et de votre temps, je vais supprimer de ces lieux les accents d’allégresse et les chants joyeux, la voix du fiancé et la voix de la fiancée.
10 ၁၀ သင်သည် ဤစကားအလုံးစုံတို့ကို ဤလူမျိုးအား ကြားပြော၍ သူတို့ကလည်း၊ ထာဝရဘုရားသည် ဤမျှ လောက်ကြီးစွာသော ဘေးဒဏ်ကို ငါတို့အား အဘယ် ကြောင့် စီရင်တော်မူသနည်း။ ငါတို့ပြုသော ဒုစရိုက်ကား၊ အဘယ်သို့နည်း။ ငါတို့ဘုရားသခင် ထာဝရဘုရားကို ငါတို့ပြစ်မှားသော အပြစ်ကား၊ အဘယ်သို့နည်းဟု မေးကြသောအခါ၊
Et lorsque tu communiqueras à ce peuple toutes ces paroles et qu’ils te demanderont: Pourquoi Dieu menace-t-il de cette grande calamité? Quels sont donc nos péchés et nos fautes que nous aurions commis contre l’Eternel, notre Dieu?
11 ၁၁ သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့ကိုစွန့်၍၊ အခြားတပါးသော ဘုရားနောက်သို့ လိုက်လျက်၊ ဝတ်ပြု ကိုးကွယ်သဖြင့် ငါ့ကိုစွန့်ပစ်၍၊ ငါ့တရားကို မစောင့် သောကြောင့်၎င်း၊
Tu leur répondras: C’Est que vos pères m’ont abandonné, dit l’Eternel, pour suivre d’autres dieux, les adorer et se courber devant eux, tandis que, moi, ils m’ont abandonné, se refusant d’observer ma loi.
12 ၁၂ ဘိုးဘေးကျင့်သော အကျင့်ထက်၊ သင်တို့သည် သာ၍ဆိုးသော အကျင့်ကို ကျင့်သဖြင့်၊ ငါ့စကားကို နား မထောင်၊ မိမိတို့ဆိုးသောစိတ်နှလုံး၊ ခိုင်မာသော သဘော သို့ လိုက်သောကြောင့်၎င်း၊
Et vous avez fait pis encore que vos pères, car vous voici chacun en train de vous abandonner aux mauvais instincts de votre coeur pour ne pas m’écouter.
13 ၁၃ သင်တို့နှင့် သင်တို့၏ ဘိုးဘေးမသိသောပြည်သို့ ဤပြည်ထဲက သင်တို့ကို ငါနှင်လိုက်မည်။ ထိုပြည်၌ သင်တို့သည် ငါ၏ကျေးဇူးကိုမခံရ။ အခြားတပါးသော ဘုရားတို့ကို နေ့ညဉ့်မပြတ် ဝတ်ပြုရကြမည်။
Aussi vous rejetterai-je de ce pays dans un pays inconnu à vous et à vos pères, et là vous servirez, jour et nuit, d’autres dieux, car je ne vous ferai rencontrer aucune pitié."
14 ၁၄ သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊
En vérité, des jours viendront, dit l’Eternel, où l’on ne dira plus: "Vive l’Eternel qui a fait monter les enfants d’Israël du pays d’Egypte!"
15 ၁၅ ဣသရေလအမျိုးသားတို့ကို မြောက်ပြည်မှစ၍၊ နှင်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ နှုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ ကျိန်ဆိုရ သော ကာလသည် နောက်တဖန် ရောက်လိမ့်မည်။ သူတို့ ဘိုးဘေးတို့အား ငါပေးသောပြည်သို့ သူတို့ကို တဖန် ငါဆောင်ခဲ့ဦးမည်။
mais "Vive l’Eternel qui a fait monter les enfants d’Israël du pays du Nord et de toutes les contrées où il les avait exilés! "Car je les aurai ramenés sur leur territoire, que j’avais donné à leurs ancêtres.
16 ၁၆ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် တံငါအများတို့ကို စေလွှတ်၍၊ ဤလူမျိုးကိုမျှားစေမည်။ ထိုနောက်၊ မုဆိုးအများတို့ကို စေလွှတ်၍၊ ခပ်သိမ်းသော တောင်ကြီး တောင်ငယ်၊ ချောက်ကြားတို့၌ ရှာစေမည်။
Voici, je vais convoquer de nombreux pêcheurs, dit l’Eternel, qui les pêcheront; puis, je convoquerai de nombreux chasseurs qui les pourchasseront sur toute montagne, sur toute colline et dans les fentes des rochers;
17 ၁၇ သူတို့သွားသမျှသော လမ်းတို့ကို ငါသည် ကြည့်ရှုလျက်နေ၏။ သူတို့သည် ငါ့မျက်ကွယ်၌ သွားကြ သည်မဟုတ်။ သူတို့၏ ဒုစရိုက်ကို ငါ့ရှေ့မှာ ဝှက်၍ မထားနိုင်။
car mes yeux sont fixés sur toutes leurs voies; aucune ne me reste cachée, leur iniquité n’échappe point à mes regards.
18 ၁၈ သူတို့သည် ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါအမွေခံ သော မြေကို သူတို့သည် စက်ဆုပ်ရွံရှာဘွယ်သော အသေကောင်တို့နှင့် ပြည့်စေသောကြောင့်၊ သူတို့၌ နှစ်ဆ သော အပြစ်ဒဏ်ကို ငါပေးမည်။
Et d’abord je paierai en double leurs méfaits et leurs fautes, puisqu’ils ont déshonore mon pays et rempli mon domaine de l’infamie de leurs abominations et de leurs horreurs.
19 ၁၉ အကျွန်ုပ် အစွမ်းသတ္တိ၊ အကျွန်ုပ်ရဲတိုက်၊ အမှု ရောက်သောနေ့၌ အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူသော ထာဝရဘုရား၊ တပါးအမျိုးသားတို့က၊ အကယ်စင်စစ် အကျွန်ုပ်တို့ ဘိုးဘေးတို့သည် မုသာ၊ အနတ္တ၊ အချည်းနှီးသော အရာ တို့ကို အမွေခံကြပါပြီဟု၊ မြေကြီးစွန်းမှ ကိုယ်တော်ထံသို့ လာ၍ လျှောက်ကြပါလိမ့်မည်။
Eternel, ô ma force, mon appui et mon refuge au jour du malheur! Des peuples viendront à toi des confins de la terre et diront: "Nos ancêtres n’ont reçu pour héritage que le mensonge, que de vaines idoles, toutes également impuissantes.
20 ၂၀ လူသည် ဘုရားမဟုတ်သော ဘုရားတို့ကို ကိုယ်အဘို့ လုပ်ရမည်လော။
Les hommes pourraient-ils se créer des dieux? Non, certes, ce ne sont pas des dieux!
21 ၂၁ သို့ဖြစ်၍၊ ငါသည်ယခုအခါ သူတို့ကိုသတိပေး၍၊ ငါ့လက်နှင့် ငါ့တန်ခိုးကို ဘော်ပြသောအားဖြင့်၊ ငါ့နာမ သည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
Aussi, vais-je le leur faire sentir; pour le coup, je leur ferai sentir mon bras et ma puissance, et ils apprendront que je me nomme l’Eternel.