< ယေရမိ 13 >

1 တဖန် ထာဝရဘုရားက၊ သင်သည် ချည်ခါးပန်း ကို သွား၍ယူပြီးလျှင် ခါး၌စည်းလော့။ ရေနှင့်မလျှော်ရ ဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း၊
Овако ми рече Господ: Иди и купи себи појас ланен и опаши се њим, а не мећи га у воду.
2 ငါသည် ခါးပန်းကိုယူ၍ ခါး၌စည်းလေ၏။
Тако купих појас по речи Господњој, и опасах се њим.
3 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယ အကြိမ် ငါ့ဆီသို့ရောက်လျှင်၊
Потом дође ми опет реч Господња говорећи:
4 သင်သည် ခါး၌စည်းသော ခါးပန်းကို ယူပြီး လျှင်၊ ဥဖရတ်မြစ်သို့ ထသွား၍၊ ကျောက်တွင်း၌ ဝှက်ထား လော့ဟု၊
Узми тај појас што си купио, што је око тебе, па се дигни и иди на Ефрат, и сакриј га онде у какву раселину камену.
5 မိန့်တော်မူသည်အတိုင်း၊ ငါသည်သွား၍ ဥဖရတ်မြစ်နားမှာ ဝှက်ထား၏။
И отидох и сакрих га код Ефрата, како ми заповеди Господ.
6 ထိုနောက်၊ ကာလအင်တန်ကြာပြီးမှ၊ ထာဝရ ဘုရားက၊ သင်သည် ထ၍ ဥဖရတ်မြစ်သို့ သွားလော့။ ထိုမြစ်နားမှာ ငါ့အမိန့်တော်နှင့် ဝှက်ထားခဲ့ပြီးသော ခါးပန်းကိုထုတ်လော့ဟု မိန့်တော်မူ၏။
А после много времена рече ми Господ: Устани и иди на Ефрат, и узми појас који ти заповедих да сакријеш онде.
7 ငါသည်လည်း ဥဖရတ်မြစ်နားသို့ သွားပြီးလျှင်၊ ဝှက်ထားရာ အရပ်၌တူး၍ ခါးပန်းကို ထုတ်သောအခါ၊ ခါးပန်းသည် ဆွေးမြေ့၍ အသုံးမရဖြစ်၏။
И отидох на Ефрат и откопах и узех појас с места где га бејах сакрио; а гле, појас отрухнуо, и не беше низашта.
8 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီ သို့ရောက်၍ မိန့်တော်မူသည်ကား၊
Тада ми дође реч Господња говорећи:
9 ထိုနည်းတူ၊ ယုဒပြည်၏ ထောင်လွှားခြင်းကို ငါရှုတ်ချမည်။ ယေရုရှလင်မြို့၏ ထောင်လွှားခြင်းကို အလွန်ရှုတ်ချမည်။
Овако вели Господ: Тако ћу учинити да отруне понос Јудин и велики понос јерусалимски,
10 ၁၀ ငါ့စကားကို နားမထောင်၊ မိမိစိတ်နှလုံးခိုင်မာ သော သဘောအတိုင်းကျင့်၍၊ အခြားတပါးသော ဘုရား တို့ကို ဝတ်ပြုကိုးကွယ်ခြင်းငှါ လိုက်သွားသော ဤလူဆိုး မျိုးသည်၊ အသုံးမရသော ဤခါးပန်းကဲ့သို့ ဖြစ်လိမ့်မည်။
Тог народа неваљалог, што неће да слуша моје речи, што ходи по мислима срца свог и иде за другим боговима служећи им и клањајући им се; и биће као тај појас, који није низашта.
11 ၁၁ ခါးပန်းသည် လူ၏ခါး၌မှီဝဲသကဲ့သို့၊ ဣသရေလ အမျိုးရှိသမျှတို့နှင့် ယုဒအမျိုးအပေါင်းတို့သည် ငါ၏ လူမျိုး၊ ဘွဲ့နာမ၊ ဘုန်းအသရေဖြစ်စေခြင်းငှါ၊ ငါ၌မှီဝဲ စေသော်လည်း၊ သူတို့သည်နားမထောင်ကြဟု ထာဝရ ဘုရား မိန့်တော်မူ၏။
Јер како се појас припоји око човека, тако бејах припојио око себе сав дом Израиљев и сав дом Јудин, вели Господ, да би били мој народ на славу и хвалу и дику; али не послушаше.
12 ၁၂ တဖန် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားက၊ သားရေဘူးရှိသမျှတို့သည် စပျစ်ရည် နှင့် ပြည့်ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို၊ သင်သည် သူတို့အားပြောလော့။ သူတို့ကလည်း၊ သားရေဘူး ရှိသမျှ တို့သည် စပျစ်ရည်နှင့်ပြည့်ကြလိမ့်မည်အကြောင်းကို၊ ငါတို့မသိသလောဟု ပြန်ပြောကြလျှင်၊
Зато им реци ову реч: Овако вели Господ Бог Израиљев: Сви се мехови пуне вина. А они ће рећи: Зар не знамо да се сви мехови пуне вина?
13 ၁၃ သင်ကလည်း၊ ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရှင်ဘုရင်မှစ၍ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယေရုရှလင် မြို့သားရှိသမျှတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ယစ်မူးခြင်းနှင့် ငါပြည့်စေမည်။
Тада им реци: Овако вели Господ: Ево ја ћу напунити пијанства све становнике ове земље и цареве, који седе место Давида на престолу његовом, и свештенике и пророке и све становнике јерусалимске.
14 ၁၄ ညီအစ်ကိုချင်း၊ သားအဘချင်းတို့ကို ငါ ထိခိုက် စေမည်။ ငါသည် ကရုဏာမရှိ၊ မနှမြော၊ မကယ်မဘဲ၊ ထိုသူတို့ကို ဖျက်ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
И разбићу их једног о другог, и очеве и синове, вели Господ; нећу пожалити ни поштедети нити се смиловати, да их не потрем.
15 ၁၅ သင်တို့သည် နားထောင်နာယူကြလော့။ ထောင် လွှားသော စိတ်မရှိကြနှင့်။ ထာဝရဘုရား အမိန့်တော် ရှိ၏။
Слушајте и чујте, немојте се поносити, јер Господ говори.
16 ၁၆ မိုဃ်းမချုပ်မှီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့ သည် ထိခိုက်၍ မလဲမှီ၊ အလင်းကို မြော်လင့်သောအခါ၊ သေမင်းအရိပ်၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော် မမူမှီ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
Дајте славу Господу Богу свом док није спустио мрак, докле се нису спотакле ноге ваше по горама мрачним, да чекате светлост, а Он је обрати у сен смртни и претвори у таму.
17 ၁၇ သင်တို့သည် နားမထောင်ဘဲနေလျှင် မူကား၊ သင်တို့ မာနကြောင့်၊ ငါ့စိတ်ဝိညာဉ်သည် မထင်ရှားသော အရပ်၌ ငိုကြွေးမည်။ ထာဝရဘုရား၏ သိုးစုကို သိမ်း သွားသောကြောင့်၊ ငါ့မျက်စိလည်း အလွန် ငို၍ မျက်ရည် ကျမည်။
Ако ли ово не послушате, душа ће моја плакати тајно ради охолости ваше и ронити сузе, сузе ће тећи из ока мог, јер ће се заробити стадо Господње.
18 ၁၈ ကိုယ်ကိုကိုယ်နှိမ့်ချ၍ ထိုင်ကြလော့။ သင်တို့၌ ဘုန်းကြီးသော သရဖူသည် သင်တို့၏ ခေါင်းပေါ်မှ ဆင်းရလိမ့်မည်ဟု၊ ရှင်ဘုရင်နှင့် မိဖုရားတို့အား ပြော လော့။
Реци цару и царици: Доле седите, јер ће се славни венац ваш скинути с ваше главе.
19 ၁၉ တောင်ဘက် မြို့တို့ကို ပိတ်ထား၍ အဘယ် သူမျှ မဖွင့်ရ။ ယုဒပြည်သူပြည်သားအပေါင်းတို့ကို သိမ်းသွားကြပြီ။ အကုန်အစင် သိမ်းသွားကြပြီ။
Градови јужни затвориће се и неће бити никога да их отвори, одвешће се Јуда у ропство, сасвим ће се одвести у ропство.
20 ၂၀ မြောက်မျက်နှာကလာသော သူတို့ကို မျှော်၍ ကြည့်လော့။ သင့်အား ငါပေးသော သိုးစု၊ လှသောသိုးစု သည် အဘယ်မှာရှိသနည်း။
Подигните очи своје и видите оне што иду од севера. Где је стадо што ти је предано, стадо славе твоје?
21 ၂၁ သင်သည် ဆုံးမတော်မူခြင်းကို ခံရသောအခါ၊ အဘယ်သို့ ပြောလိမ့်မည်နည်း။ သူတို့သည် သင့်ကို အစိုးတရပြုစေခြင်းငှါ၊ သင်သည် ကိုယ်တိုင်အကြံပေးပြီး။ သားဘွားသော မိန်းမခံရသော ဝေဒနာကို သင်ခံရလိမ့် မည်မဟုတ်လော။
Шта ћеш рећи кад те походи? Јер си их ти научио да буду кнезови над тобом. Неће ли те спопасти болови као жену кад се порађа?
22 ၂၂ သင်ကလည်း၊ အဘယ်အကြောင်းကြောင့် ဤအမှုရောက်သနည်းဟု စိတ်ထဲ၌ အောက်မေ့လျှင်၊ သင်၏အပြစ်များသောကြောင့်၊ သင့်အဝတ်ကို ချွတ်ရ၏။ ခြေနင်းကိုလည်းမစီးရ။
Ако ли кажеш у срцу свом: Зашто ме то задеси? За мноштво безакоња твог узгрнуће се скути твоји и обућа ти се скинути.
23 ၂၃ အဲသယောပိလူသည် မိမိအရေ၏ အဆင်းကို၎င်း၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကို၎င်း ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက်ကို ပြုလေ့ရှိသော သူတို့သည်၊ သုစရိုက်ကိုပြုခြင်းငှါ တတ်နိုင် ကြလိမ့်မည်။
Може ли Етиопљанин променити кожу своју или рис шаре своје? Можете ли ви чинити добро научивши се чинити зло?
24 ၂၄ ထိုကြောင့်၊ ဖွဲကို လေပြင်းတိုက် လွှင့်သကဲ့သို့၊ ထိုသူတို့ကို ငါလွင့်စေမည်။
Зато ћу их разметнути као што размеће плеву ветар из пустиње.
25 ၂၅ သင်သည်ငါ့ကို မေ့လျော့၍၊ မုသာ၌ မှီဝဲ ဆည်းကပ်သောကြောင့်၊ သင့်အဘို့ ငါတိုင်းထွာ၍ ပေး လတံ့သော အငန်းအတာကား ဤသို့တည်း။
То је део твој и оброк твој од мене, говори Господ, зато што си ме заборавио и поуздао се у лаж.
26 ၂၆ ထိုသို့နှင့်အညီ သင်ရှက်စရာအကြောင်းကို ထင်ရှားစေခြင်းငှါ၊ သင်၏ အဝတ်ကို ငါဖွင့်လှစ်၍ ပြမည်။
Зато ћу ти ја узгрнути скуте на лице да се види срамота твоја.
27 ၂၇ သင်၏ မျောက်မထားခြင်း၊ ဟီမြည်ခြင်း၊ မတရားသော မေထုန် ၏ညစ်ညူးခြင်း၊ တောင်ပေါ်၌၎င်း၊ လယ်ပြင်၌၎င်းပြုသော စက်ဆုပ်ရွံရှာဘွယ်တို့ကို ငါ သိမြင်၏။ အိုယေရုရှလင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ သန့်ရှင်းခြင်းသို့ မရောက်ဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
Прељубе твоје, рзање твоје, срамотна курварства твоја по хумовима, по пољима, гадове твоје видео сам; тешко теби, Јерусалиме! Зар се нећеш очистити? Докле још?

< ယေရမိ 13 >