< ဟေရှာယ 52 >
1 ၁ အို ဇိအုန်မြို့၊ နိုးလော့။ နိုး၍ ခွန်အားကို ယူလော့။ အိုယေရုရှလင်မြို့တည်းဟူသော၊ သန့်ရှင်းသော မြို့၊ သင်၏တင့်တယ်သော အဝတ်တန်ဆာတို့ကို ဝတ် ဆင်လော့။ အကြောင်းမူကား၊ နောက်တဖန်အရေဖျား လှီးခြင်းကို မခံသောသူနှင့် ညစ်ညူးသော သူတို့သည် သင်၏အထဲသို့ မဝင်ရကြ။
Rise up, Rise up! Clothe yourself in strength, O Zion! Put on the garments of your glory, O Jerusalem, the city of the Holy One! For the uncircumcised and the unclean will no longer pass through you.
2 ၂ အိုယေရုရှလင်မြို့၊ ကိုယ်၌ ကပ်သော မြေမှုန့်ကို ခါလိုက်၍၊ မြင့်သော အရပ်၌ ထိုင်လော့။ အိုချုပ်ထား လျက်ရှိသော ဇိအုန်သတို့သမီး၊ သင်၏လည်ကြိုးကို ချွတ် လော့။
Shake yourself from the dust! Arise and sit up, O Jerusalem! Loose the chains from your neck, O captive daughter of Zion!
3 ၃ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ သည် ကိုယ်ဘိုးငွေကို မရဘဲ ကျွန်ခံရသည်ဖြစ်၍၊ ငွေမပေးဘဲ ရွေးခြင်းသို့ ရောက်ကြလိမ့်မည်။
For thus says the Lord: You were sold for nothing, and you will be redeemed without money.
4 ၄ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့သည် အထက်က အဲဂုတ္တုပြည်၌ တည်းခိုအံ့ သောငှါ သွားကြ၏။ နောက်မှ အာရှုရိလူတို့သည် အကြောင်းမရှိဘဲ ညှဉ်းဆဲကြ၏။
For thus says the Lord God: My people descended into Egypt, in the beginning, in order to sojourn there. But the Assyrian oppressed them, without any cause at all.
5 ၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ လူတို့ကို အကြောင်းမရှိဘဲ ယူသွား၍၊ အစိုးရသော သူတို့သည် ဝါကြွားလျက် ငါ့နာမကို နေ့တိုင်းကဲ့ရဲ့ကြသည် ဖြစ်၍၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။
And now, what is left for me here, says the Lord? For my people have been taken away without cause. Their lords treat them unjustly, says the Lord. And my name is being continually blasphemed all day long.
6 ၆ သို့ဖြစ်၍၊ ငါ၏လူတို့သည် ငါ့ကို သိကြလိမ့်မည်။ ဂတိထားသောသူကား၊ ငါဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည်။ အကယ်စင်စစ် ငါရှိသည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
Because of this, my people will know my name, in that day. For it is I myself who is speaking. Behold, I am here.
7 ၇ ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ သင်၏ ဘုရားသခင်စိုးစံတော်မူ၏ဟု ဇိအုန်မြို့အား ပြောသော သူ၏ ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွ တကား။
How beautiful upon the mountains are the feet of the messenger and the preacher of peace! Announcing good and preaching peace, they are saying to Zion, “Your God will reign!”
8 ၈ သင်၏ကင်းစောင့်တို့၏အသံကို နားထောင်ကြ လော့။ သူတို့သည် အသံကို လွှင့်၍၊ ရွှင်လန်းသော အသံ နှင့် တညီတညွတ်တည်း ကြွေးကြော်ကြ၏။ အကြောင်းမူ ကား၊ ထာဝရဘုရားသည် ဇိအုန်မြို့သို့ ပြန်လာတော်မူ ကြောင်းကို ကိုယ်တိုင်မြင်ရကြ၏။
It is the voice of your watchmen. They have lifted up their voice. They will praise together. For they will see eye to eye, when the Lord converts Zion.
9 ၉ ယေရုရှလင်မြို့၌ ပြိုပျက်ရာအရပ်တို့၊ တညီ တညွတ်တည်း သီချင်းဆိုသံနှင့် ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူပြီ။ ယေရုရှလင်မြို့ကို ရွေးနှုတ်တော်မူပြီ။
Be glad and rejoice together, O deserts of Jerusalem! For the Lord has consoled his people. He has redeemed Jerusalem.
10 ၁၀ ထာဝရဘုရားသည် ခပ်သိမ်းသော လူအမျိုးမျိုး တို့ ရှေ့မှာ၊ သန့်ရှင်းသော လက်ရုံးတော်ကို ဖွင့်ပြတော်မူ သဖြင့်၊ မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကျေးဇူးကို သိမြင်ကြလတံ့။
The Lord has prepared his holy arm, in the sight of all the Gentiles. And all the ends of the earth will see the salvation of our God.
11 ၁၁ ထွက်ကြ။ ထွက်ကြ။ ထိုအရပ်မှ ထွက်သွားကြ လော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့်။ ထိုအရပ်ထဲက ထွက်သွားကြလော့။ ထာဝရဘုရား၏ အဆောက်အဦးတို့ကို ဆောင်ရွက်သော သူတို့၊ သန့်ရှင်း ခြင်းရှိကြလော့။
Depart, depart, get out of here! Do not be willing to touch what is polluted. Go out from her midst! Be cleansed, you who bear the vessels of the Lord.
12 ၁၂ သင်တို့သည် အလျင်အမြန် မထွက်ရကြ။ ပြေး ၍ မသွားရကြ။ ထာဝရဘုရားသည် သင်တို့ရှေ့၌ ကြွ တော်မူမည်။ နောက်၌လည်း ဣသရေလအမျိုး၏ ဘုရား သခင်သည် သင်တို့ အကွယ်အကာဖြစ်တော်မူမည်။
For you will not go out in a tumult, nor will you take flight in a hurry. For the Lord will precede you, and the God of Israel will gather you.
13 ၁၃ ကြည့်ရှုလော့။ ငါ့ကျွန်သည် အမှုဆောင်၍ အောင်လိမ့်မည်။ ချီးမြှောက်ချီးမြှင့်ခြင်းသို့ ရောက်၍၊ အထွဋ်အမြတ်ဖြစ်လိမ့်မည်။
Behold, my servant will understand; he will be exalted and lifted up, and he will be very sublime.
14 ၁၄ သူသည် လူမဟုတ်သကဲ့သို့ မျက်နှာပျက်ခြင်း၊ လူသားမဟုတ်သကဲ့သို့ အဆင်းအသရေပျက်ခြင်းရှိသည် ကို၊ အများသော သူတို့သည် အံ့ဩမိန်းမောကြသည် ဖြစ်၍၊
Just as they were stupefied over you, so will his countenance be without glory among men, and his appearance, among the sons of men.
15 ၁၅ ထိုအတူ သူသည် အများသော လူမျိုးတို့ကို သန့်ရှင်းစေလိမ့်မည်။ ရှေ့တော်၌ ရှင်ဘုရင်တို့သည် မိမိ တို့ နှုတ်ကို ပိတ်၍ နေရကြလိမ့်မည်။ သူတပါး မပြဘူး သောအရာကို သူတို့သည် မြင်ကြလိမ့်မည်။ မကြားဘူး သော အရာကိုလည်း နားလည်ကြလိမ့်မည်။
He will sprinkle many nations; kings will close their mouth because of him. And those to whom he was not described, have seen. And those who have not heard, have considered.