< ဧဇရ 10 >
1 ၁ ထိုသို့ဧဇရသည် ဘုရားသခင်၏ အိမ်တော်ရှေ့ မှာ ပြပ်ဝပ်လျက်၊ မျက်ရည်ကျလျက် တောင်းပန်၍ ပဌနာပြုသောအခါ၊ အလွန်များစွာသော ပရိသတ်၊ ဣသရေလအမျိုး ယောက်ျား၊ မိန်းမ၊ သူငယ်တို့သည် ဧဇရထံမှာ စည်းဝေး၍ အလွန်ငိုကြွေးကြ၏။
エズラ神の室の前に泣伏して禱りかつ懺悔しをる時に男女および兒女はなはだし多くイスラエルの中より集ひて彼の許に聚り來れり すべての民はいたく泣かなしめり
2 ၂ ဧလံအမျိုး၊ ယေဟေလသား ရှေကနိကလည်း၊ ငါတို့သည် ကိုယ်ဘုရားသခင်ကို ပြစ်မှား၍၊ ဤပြည်၌ နေသော တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြပြီ။ သို့ရာတွင် ဤအမှုမှာ ဣသရေလအမျိုး မြော်လင့်စရာ ရှိသေး၏။
時にエラムの子ヱヒエルの子シカニヤ答へてエズラに言ふ 我らはわれらの神に對ひて罪を犯し此地の民なる異邦人の婦女を娶れり 然ながら此事につきてはイスラエルに今なほ望あり
3 ၃ သို့ဖြစ်၍ အရှင်ဘုရားအစရှိသော ငါတို့ ဘုရားသခင်၏ ပညတ်တရားကို ကြောက်ရွံ့သောသူတို့ သတိပေးသည်အတိုင်း၊ ဤမိန်းမများနှင့် သူတို့ သား သမီးများရှိသမျှကို စွန့်ပယ်မည်ဟု ငါတို့၏ဘုရားသခင့် ရှေ့တော်၌ အဓိဋ္ဌာန်ပြုကြကုန်အံ့။ ဤအမှုကို တရားရှိသည် အတိုင်း စီရင်ကြကုန်အံ့။
然ば我儕わが主の敎晦にしたがひ又我らの神の命令に戰慄く人々の敎晦にしたがひて斯る妻をことごとく出し之が產たる者を去んといふ契約を今われらの神に立てん 而して律法にしたがひて之を爲べし
4 ၄ ထတော်မူပါ။ ဤအမှုကို ကိုယ်တော်ဆိုင်ပါ၏။ အကျွန်ုပ်တို့သည်လည်း ဝိုင်း၍မစကြပါမည်။ ရဲရင့်သော စိတ်ရှိ၍ ပြုတော်မူပါဟု ဧဇရအားပြန်ပြောကြလျှင်၊
起よ是事は汝の主どる所なり 我ら汝を助くべし心を強くして之を爲せと
5 ၅ ဧဇရသည်ထ၍ ယဇ်ပုရောဟိတ်အကြီး၊ လေဝိ သား၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုစကား အတိုင်း ပြုရမည်အကြောင်း သူတို့အား အကျိန်ပေး၍ သူတို့သည် ကျိန်ဆိုကြ၏။
エズラやがて起あがり祭司の長等レビ人およびイスラエルの人衆をして此言のごとく爲んと誓はしめたり 彼ら乃ち誓へり
6 ၆ ထိုအခါ ဧဇရသည် ဘုရားသခင်၏ အိမ်တော် ရှေ့ကထ၍၊ ဧလျာရှိပ်သားယောဟနန် အခန်းသို့ သွား ၏။ ရောက်သောအခါ မုန့်ကိုမစား၊ ရေကိုမသောက်ဘဲ နေ၏။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံဘူးသော သူတို့ပြစ်မှားသော အပြစ်ကြောင့် ညည်းတွားမြည်တမ်း လေ၏။
かくてエズラ神の家の前より起いでてエリアシブの子ヨハナンの室に入しが彼處に至りてもパンを食ず水を飮ざりき 是は俘囚より歸り來りし者の愆を憂へたればなり
7 ၇ သိမ်းသွားခြင်းကို ခံရသော အမျိုးသားအပေါင်း တို့သည်၊ ယေရု ရှလင်မြို့သို့ စည်းဝေးစေမည်အကြောင်း၊
斯てユダおよびヱルサレムに遍ねく宣て俘囚の人々に盡く示して云ふ 汝ら皆ヱルサレムに集まるべし
8 ၈ မင်းများနှင့် အသက်ကြီးသူများ စီရင်သည် အတိုင်း၊ သုံးရက်အတွင်းတွင် မရောက်သောသူမည်သည် ကား၊ သိမ်းသွားခြင်း အမျိုးသားပရိတ်သတ်ထဲက နှင်ထုတ်ခြင်းကိုခံ၍၊ သူ၏ဥစ္စာ ရှိသမျှသည် ကျိန်ဆို အပ်သောဥစ္စာဖြစ်စေမည်အကြောင်း၊ ယေရုရှလင်မြို့မှ စ၍ ယုဒပြည်တရှောက်လုံး၌ ကြော်ငြာကြ၏။
凡そ牧伯等と長老等の諭言にしたがひて三日の内に來らざる者は皆その一切の所有を取あげられ俘擄人の會より黜けらるべしと
9 ၉ ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားယောက်ျား အပေါင်းတို့သည် သုံးရက်အတွင်းတွင်၊ ယေရုရှလင်မြိုးမှာ စည်းဝေး၍ နဝမလအရက်နှစ်ဆယ်တွင်၊ လူအပေါင်းတို့ သည် ထိုအမှုကြောင့်၎င်း၊ သည်းထန်စွာ မိုဃ်းရွာသော ကြောင့်၎င်း၊ တုန်လှုပ်လျက် ဘုရားသခင်၏ အိမ်တော်ဦး ရှေ့မှာ ထိုင်နေကြ၏။
是においてユダとベニヤミンの人々みな三日の内にヱルサレムに集まれり 是は九月にして恰もその月の廿日なりき 民みな神の室の前なる廣塲に坐して此事のためまた大雨のために震ひ慄けり
10 ၁၀ ထိုအခါ ယဇ်ပုရောဟိတ်ဧဇရသည် ထ၍၊ သင်တို့သည် ပြစ်မှားကြပြီ။ ဣသရေလအမျိုး၌ အပြစ် လေးစေခြင်းငှါ တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြ ပြီတကား။
時に祭司エズラ起て之に言けるは汝らは罪を犯し異邦の婦人を娶りてイスラエルの愆を増り
11 ၁၁ သို့ဖြစ်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရ ဘုရားအား တောင်းပန်ကြလော့။ အလိုတော်အတိုင်း ပြုလျက်၊ ဤပြည်သားတို့နှင့်၎င်း၊ တပါးအမျိုးသားမိန်းမ တို့နှင့်၎င်း ကွာကြလော့ဟု သူတို့အား ဆို၏။
然ば今なんぢらのの先祖の神ヱホバに懺悔してその御旨を行へ 即ち汝等この地の民等および異邦の婦人とはなるべしと
12 ၁၂ ပရိသတ်အပေါင်းတို့ကလည်း၊ ကိုယ်တော် မိန့်တော်မူသည်အတိုင်း အကျွန်ုပ်တို့သည် ပြုပါမည်။
會衆みな聲をあげて答へて言ふ 汝が我らに諭せるごとく我儕かならず爲べし
13 ၁၃ သို့ရာတွင် လူအများရှိပါ၏။ သည်းထန်စွာ မိုဃ်း ရွာသော ကာလဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အိမ်ပြင်မှာ မရပ်မနေနိုင်ပါ။ ဤအမှုသည် တရက်နှစ်ရက်တွင် ပြီးနိုင် သော အမှုမဟုတ်ပါ။ ပြစ်မှားသောသူ အများရှိပါ၏။
然ど民は衆し 又今は大雨の候なれば我儕外に立こと能はず 且これは一日二日の事業にあらず 其は我らこの事について大に罪を犯したればなり
14 ၁၄ ငါတို့ ပရိသတ်အပေါင်းကို အုပ်ချုပ်သော အကြီးအကဲတို့သည် စီရင်သဖြင့်၊ တို့နေရာမြို့ရွာ၌ တပါး အမျိုးသားမိန်းမနှင့် စုံဘက်သော သူအပေါင်းတို့သည် ခြိန်းချက်သောအချိန်တို့၌ မြို့အသီးသီးအသက်ကြီး သူများ၊ တရားသူကြီးများနှင့် အတူလာ၍ ဤအမှုကြောင့် ပြင်းစွာ ထွက်သောငါတို့ ဘုရားသခင်၏ အမျက်တော်ကို ဖြေကြပါစေဟု ကြီးစွာသောအသံနှင့် ပြန်ပြောကြ၏။
然ば我らの牧伯等この全會衆のために立れよ 凡そ我儕の邑の内にもし異邦の婦人を娶りし者あらば皆定むる時に來るべし 又その各々の邑の長老および裁判人これに伴ふべし 斯して此事を成ば我らの神の烈しき怒つひに我らを離るるあらんと
15 ၁၅ အာသဟေလသား ယောနသန်နှင့် တိကဝသား ယဟာဇိသာလျှင် ထိုအမှုကိုပြုစုကြ၏။ လေဝိသား မေရှုလံနှင့် ရှဗ္ဗသဲတို့သည် ဝိုင်းညီကြ၏။
その時立てこれに逆ひし者はアサヘルの子ヨナタンおよびテクワの子ヤハジア而已メシユラムおよびレビ人シヤベタイこれを贊く
16 ၁၆ သိမ်းသွားခြင်းကို ခံရသော အမျိုးသားတို့သည် ဝန်ခံကြသည်နှင့်အညီ၊ ယဇ်ပုရောဟိတ်ဧဇရသည် ရွေး ချယ်၍ အဆွေအမျိုးအလိုက် အမည်များကို မှတ်သား သော အဆွေအမျိုးသူကြီးတို့သည် ဒသမလတရက်နေ့ တွင် ထိုအမှုကို စစ်ကြောခြင်းငှါ ထိုင်နေကြ၏။
俘囚より歸り來りし者つひに然なし 祭司エズラおよび宗家の長數人その宗家にしたがひて名指して撰ばれ十月の一日より共に坐してこの事を査べ
17 ၁၇ တပါးအမျိုးသား မိန်းမနှင့်စုံဘက်သောသူ အပေါင်းတို့ကို ပဌမလတရက်နေ့တိုင်အောင် အကုန် အစင် စစ်ကြောစီရင်ကြ၏။
正月の一日に至りてやうやく異邦の婦人を娶りし人々を盡く査べ畢れり
18 ၁၈ တပါးအမျိုးသားမိန်းမနှင့် စုံဘက်သော ယဇ် ပုရောဟိတ်အမျိုးသားဟူမူကား၊ ယောရှုအမျိုး ယောဇ ဒက်သားနှင့် သူ၏ညီ မာသေယ၊ ဧလျေဇာ၊ ယာရိပ်၊ ဂေဒလိတည်း။
祭司の徒の中にて異邦の婦人を娶りし者は即ちヨザダクの子ヱシユアの子等およびその兄弟マアセヤ、エリエゼル、ヤリブ、ゲダリヤ
19 ၁၉ သူတို့သည် မယားနှင့်ကွာမည်ဟု ဂတိထားကြ ၏။ ပြုမိသော အပြစ်ကြောင့် သိုးကိုယဇ်ပူဇော်ကြ၏။
彼らはその妻を出さんといふ誓をなし已に愆を獲たればとて牡羊一匹をその愆のために獻げたり
20 ၂၀ ထိုမှတပါး၊ ဣမေရအမျိုး ဟာနန်နှင့် ဇေဗဒိ၊
インメルの子孫ハナニおよびゼバデヤ
21 ၂၁ ဟာရိမ်အမျိုး မာသေယ၊ ဧလိယ၊ ရှေမာယ၊ ယေဟေလ၊ ဩဇိ၊
ハリムの子孫マアセヤ、エリヤ、シマヤ、ヱヒエル、ウジヤ
22 ၂၂ ပါရှုရအမျိုး ဧလိဩနဲ၊ မာသေယ၊ ဣရှ မေလ၊ နာသနေလ၊ ယောဇဗဒ်၊ ဧလာသ။
パシユルの子孫エリオエナイ、マアセヤ、イシマエル、ネタンエル、ヨザバデ、エラサ
23 ၂၃ လေဝိသားယောဇဗဒ်၊ ရှိမိ၊ ကေလာယတည်း ဟူသော ကေလိတ၊ ပေသာဟိ၊ ယုဒ၊ ဧလျေဇာ၊
レビ人の中にてはヨザバデ、シメイ、ケラヤ(即ちケリタ)ペタヒヤ、ユダ、エリエゼル
24 ၂၄ သီချင်းသည် ဧလျာရှိပ်၊ တံခါးစောင့် ရှလ္လုံ၊ တေလင်၊ ဥရိ၊
謳歌者の中にてはエリアシブ 門を守る者の中にてはシヤルム、テレムおよびウリ
25 ၂၅ ဣသရေလအမျိုးထဲက ပါရုတ်အမျိုးရာမိ၊ ယေဇိ၊ မာလခိ၊ မျာမိန်၊ ဧလာဇာ၊ မာလခိယ၊ ဗေနာယ၊
イスラエルの中にてはパロシの子孫ラミヤ、エジア、マルキヤ、ミヤミン、エレアザル、マルキヤ、ベナヤ
26 ၂၆ ဧလံအမျိုးမတ္တနိ၊ ဇာခရိ၊ ယေဟေလ၊ အာဗဒိ၊ ယေရမုတ်၊ ဧလျာ၊
エラムの子孫マッタニヤ、ゼカリヤ、ヱヒエル、アブデ、ヱレモテ、エリヤ
27 ၂၇ ဇတ္တုအမျိုး ဧလိဩနဲ၊ ဧလျာရှိပ်၊ မတ္တနိ၊ ယေရမုတ်၊ ဇာဗဒ်၊ အာဇိဇ၊
ザットの子孫エリオエナイ、エリアシブ、マッタニヤ、ヱレモテ、ザバデ、アジザ
28 ၂၈ ဗေဗဲအမျိုးယောဟနန်၊ ဟာနနိ၊ ဇဗ္ဗဲ၊ အာသလဲ၊
ベバイの子孫ヨハナン、ハナニヤ、ザバイ、アテライ
29 ၂၉ ဗာနိအမျိုးမေရှုလ၊ မလ္လုတ်၊ အဒါယ၊ ယာရှုပ်၊ ရှာလ၊ ရာမုတ်၊
バニの子孫メシユラム、マルク、アダヤ、ヤシュブ、シヤル、ヱレモテ
30 ၃၀ ပါဟတ်မောဘ အမျိုးအဒန၊ ခေလာလ၊ ဗေနာယ၊ မာသေယ၊ မတ္တနိ၊ ဗေဇလေလ၊ ဗိနွိ၊ မနာရှေ၊
パハテモアブの子孫アデナ、ケラル、ベナヤ、マアセヤ、マッタニヤ、ベザレル、ビンヌイ、マナセ
31 ၃၁ ဟာရိမ်အမျိုးဧလျေဇာ၊ ဣရှိယ၊ မာလခိ၊ ရှေမာယ၊ ရှိမောင်၊ ဗင်္ယာမိန်၊ မလ္လုတ်၊ ရှေမရိ၊
ハリムの子孫エリエゼル、ヱシヤ、マルキヤ、シマヤ、シメオン
32 ၃၂ ဟာရှုံအမျိုးမတ္တနဲ၊ မတ္တသ၊ ဇာဗဒ်၊ ဧလိဖလက်၊ ယေရမဲ၊ မာနရှေ၊ ရှိမိ၊
ベニヤミン、マルク、シマリヤ
ハシュムの子孫マッテナイ、マツタタ、ザバデ、エリパレテ、ヱレマイ、マナセ、シメイ
34 ၃၄ ဗာနိအမျိုးမာဒဲ၊ အာမရံ၊ ဝေလ၊ ဗေနာယ၊ ပေဒိ၊ ခေလု၊
バニの子孫マアダイ、アムラム、ウエル
35 ၃၅ ဝါနိ၊ မေရမုတ်၊ ဧလျာရှိပ်၊ မတ္တနိ၊ မတ္တနဲ၊ ယာသော၊
ベナヤ、ベデヤ、ケルヒ
37 ၃၇ ထိုမှတပါး၊ ဗာနိ၊ ဗိနွိ၊ ရှိမိ၊
マッタニヤ、マッテナイ、ヤアス
39 ၃၉ ရှေလမိ၊ နာသန်၊ အဒါယ၊ မာခနဒေဗဲ၊ ရှာရဲ၊ ရှာရဲ၊
シレミヤ、ナタン、アダヤ
41 ၄၁ အာဇရေလ၊ ရှေလမိ၊ ရှေမရိ၊ ရှလ္လုံ၊ အာမရိ၊ ယောသပ်၊
アザリエル、シレミヤ、シマリヤ
42 ၄၂ နေဗောအမျိုး ယေယေလ၊ မတ္တိသိ၊ ဇာဗဒ်၊ ဇေဗိန၊ ယာဒေါ၊ ယောလ၊ ဗေနာယတည်း။
シヤルム、アマリヤ、ヨセフ
ネボの子孫ヱイエル、マッタテヤ、ザバデ、ゼビナ、イド、ヨエル、ベナヤ
44 ၄၄ ဤသူ အပေါင်းတို့သည် တပါးအမျိုးသား မိန်းမနှင့် စုံဘက်၍ သားသမီးကို မြင်ရကြပြီ။
是みな異邦の婦人を娶りし者なり その婦人の中には子女を產し者もありき