< ယေဇကျေလ 17 >
1 ၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
Opet mi doðe rijeè Gospodnja govoreæi:
2 ၂ အချင်းလူသား၊ သင်သည်ဣသရေလအမျိုးအား စကားထာဝှက်၍ ပုံပြောလျက်၊
Sine èovjeèji, zagoneni zagonetku i kaži prièu o domu Izrailjevu,
3 ၃ ထာဝရဘုရားမိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ ထူးခြားသော အဆင်းအရောင်၊ များပြား သော အမွေးနှင့်ပြည့်စုံ၍၊ ရှည်လျားကြီးမားသော အတောင်ရှိသောရွှေလင်းတကြီးသည် လေဗနုန်တောင် သို့လာ၍၊ အာရဇ်ပင်၏အဖျားကိုကိုင်လျက်၊
I reci: ovako veli Gospod Gospod: orao velik, velikih krila, dugih pera, pun perja, šaren, doðe na Livan i uze vrh od kedra,
4 ၄ အမြင့်ဆုံးသော အညွန့်တို့ကို ချိုးဆိတ်၍ ကုန်သွယ်ရာပြည်သို့ ချီဆောင်ပြီးလျှင်၊ ကုန်သည်မြို့၌ စိုက်လေ၏။
Odlomi vrh od mladijeh grana njegovijeh, i odnese ga u zemlju trgovaèku, u grad trgovaèki metnu ga.
5 ၅ မျိုးစေ့ကိုလည်းယူ၍ ရေများရာလယ်ကွက်၌ ပျိုးလျက်၊ မိုဃ်းမခပင်ကဲ့သို့ ထားလေ၏။
I uze sjeme iz one zemlje, i metnu ga na njivu, odnese ga gdje ima mnogo vode, i ostavi ga dobro.
6 ၆ အရပ်နိမ့်လျက်ရှည်လျားစွာနွယ်သော စပျစ် နွယ်ပင်ပေါက်၍၊ မိမိ အခက်အလက်တို့ကို ရွှေလင်းတရှိရာ သို့ ညွှတ်လျက်၊ သူ့အောက်သို့ အမြစ်ထိုးသဖြင့်၊ အကိုင်း အခက် အလက်အညွှန့်တို့နှင့် ပြည့်စုံသော စပျစ်နွယ်ပင် ဖြစ်လေ၏။
I iznièe, i posta busat èokot, nizak, kojemu se loze pružahu k njemu a žile bijahu pod njim; posta èokot, i pusti grane i izbi odvode.
7 ၇ အမွေးထူထပ်၍ ကြီးစွာသော အတောင်ရှိသော ရွှေလင်းတကြီးတကောင်ရှိ၏။ စပျစ်ပင်သည်မိမိစိုက်ရာ ချောင်းမြောင်းနားမှာ ထိုရွှေလင်းတ၏ကျေးဇူးကြောင့်၊ ရေကိုရအံ့သောငှါ သူရှိရာသို့အမြစ်သွယ်ဝိုက်၍ အကိုင်း လည်း ထိုးလေ၏။
A bijaše drugi orao velik, velikih krila i pernat, i gle, taj èokot pusti k njemu žile svoje i grane svoje pruži k njemu da bi ga zaljevao iz brazda svoga sada.
8 ၈ အခက်အလက်နှင့်ပြည့်စုံ၍ အသီးကိုသီးသဖြင့်၊ သန်မြန်သော စပျစ်နွယ်ပင်ဖြစ်စေခြင်းငှါ ရေများရာ အရပ်၊ မြေကောင်းသောလယ်ကွက်၌ ထိုအပင်ကို စိုက်လေပြီ။
Posaðen bijaše u dobroj zemlji kod mnogo vode, da pusti grane i raða rod i bude krasna loza.
9 ၉ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်းစေခြင်းငှါ အမြစ်ကို နှုတ်၍ အသီးကိုဆွတ်ရမည် မဟုတ်လော။ ပေါက်လေသမျှသော အရွက်တို့သည် ညှိုးနွမ်းရကြလိမ့်မည်။ အမြစ်နှင့် တကွသုတ်သင်ပယ်ရှင်း ခြင်း အမှုကိုပြီးစေခြင်းငှါကြီးသော တန်ခိုး၊ များပြားသော အလုံးအရင်းကို အလိုမရှိ။
Kaži: ovako veli Gospod Gospod: hoæe li napredovati? neæe li mu poèupati žile i rod mu oblomiti da se posuši? Sve æe mu se grane što je pustio posušiti, i bez velike sile i bez mnogoga naroda išèupaæe ga iz korijena.
10 ၁၀ စိုက်လျက်ရှိ၍ ကောင်းစားရာမည်လော။ အရှေ့လေတိုက်သောအခါ အကုန်အစင်ညှိုးနွမ်းရမည် မဟုတ်လော။ ကြီးပွါးသော လယ်ကွက်၌ ညှိုးနွမ်းရ လိမ့်မည်ဟု မိန့်တော်မူ၏။
Eto, posaðen je, hoæe li napredovati? i neæe li se sasvijem posušiti èim ga se dohvati ustoka? Posušiæe se u brazdi gdje je posaðen.
11 ၁၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
Potom doðe mi rijeè Gospodnja govoreæi:
12 ၁၂ ပုန်ကန်တတ်သော အမျိုးအား သင်ပြောရ မည်မှာ၊ ဤစကားအဘယ်သို့ဆိုလိုသည်ကို နားလည်ကြ သလော။ ဗာဗုလုန်ရှင်ဘုရင်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ယေရုရှလင်ရှင်ဘုရင်နှင့်မှူးတော် မတ်တော် တို့ကို ဗာဗုလုန်မြို့သို့သိမ်းသွားပြီ။
Kaži tome domu odmetnièkom: ne znate li šta je ovo? Reci: evo, doðe car Vavilonski u Jerusalim, i uze mu cara i knezove, i odvede ih sa sobom u Vavilon.
13 ၁၃ ဆွေတော်မျိုးတော်ထဲက တယောက်ကိုယူ၍ ပဋိညာဉ်ဖွဲ့လျက် သစ္စာတိုက်လေပြီ။
I uze jednoga od carskoga sjemena, i uèini s njim vjeru, i zakle ga, i uze silne u zemlji,
14 ၁၄ ထိုနိုင်ငံသည် ယုတ်ညံ့၍နောက်တဖန်မထမကြွ ဘဲ၊ သစ္စာတော်ကို စောင့်သောအားဖြင့်သာ တည်စေခြင်း ငှါ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်း သိမ်းသွားပြီ။
Da bi carstvo bilo sniženo da se ne bi podiglo, nego da bi držeæi vjeru s njim stajalo.
15 ၁၅ သို့ရာတွင်၊ မြင်းများ၊ လူများတို့ကို တောင်းခြင်း ငှါ သံတမန်ကို အဲဂုတ္တုပြည်သို့စေလွတ်၍ ပုန်ကန်လေပြီ။ ထိုသို့ပြုသောသူသည် ကောင်းစားရမည်လော။ ဘေး လွတ်ရမည်လော။ သစ္စာဖျက်ပြီးမှလွတ်ရမည်လော။
Ali se odmetnu od njega poslav poslanike svoje u Misir da mu da konja i mnogo naroda. Hoæe li biti sreæan? hoæe li uteæi ko tako èini? ko prestupa vjeru hoæe li uteæi?
16 ၁၆ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အကယ်စင်စစ် ရှင်ဘုရင် အရာ၌ ခန့်ထားသော ရှင်ဘုရင်၏သစ္စာကို မရိုမသေ ပြု၍ ပဋိညာဉ်ကိုဖျက်သောကြောင့်၊ ထိုရှင်ဘုရင်နေရာ ဗာဗုလုန်မြို့အလယ်၌သေရလိမ့်မည်။
Tako ja živ bio, govori Gospod Gospod, u mjestu onoga cara koji ga je zacario, kojemu je zakletvu prezreo i kojemu je vjeru prestupio, kod njega æe u Vavilonu umrijeti.
17 ၁၇ ဖာရောဘုရင်သည်လည်း လူများတို့ကို သတ် ခြင်းငှါ၊ အားကြီးသော ဗိုလ်ပါအလုံးအရင်းများနှင့်အတူ မြေရိုးတို့ကိုဖို့၍ ရဲတိုက်တို့ကို ဆောက်သော်လည်း၊ သူ့အဘို့စစ်တိုက်၍ မနိုင်ရာ။
Niti æe mu Faraon s velikom vojskom i mnogim narodom pomoæi u ratu, kad iskopa opkope i pogradi kule da pogubi mnoge duše.
18 ၁၈ အကြောင်းမူကား၊ ယေရုရှလင်မင်းသည် လက်ချင်းရိုက်ပြီးမှ၊ သစ္စာတော်ကိုမရိုမသေပြု၍ ပဋိညာဉ်ကိုဖျက်လျက်၊ ဤအမှုအလုံးစုံတို့ကို ပြုသော ကြောင့် ဘေးမှမလွတ်ရ။
Jer prezre zakletvu prestupajuæi vjeru; i gle, davši ruku èini sve to; neæe uteæi.
19 ၁၉ ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ် ငါ၏သစ္စာကို မရိုမသေပြု၍ ငါ၏ပဋိညာဉ်ကို ဖျက်သောအပြစ် ကို သူ၏ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။
Zato ovako veli Gospod Gospod: tako ja živ bio, obratiæu mu na glavu zakletvu svoju koju prezre i vjeru svoju koju prestupi.
20 ၂၀ ငါသည် ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်းနှင့် ကျော့ပြီးလျှင်၊ ဗာဗုလုန်မြို့သို့ဆောင်သွားမည်။ ငါ့ကို ပြစ်မှားသောအပြစ်ကြောင့် ထိုမြို့၌ ငါစစ်ကြောစီရင် မည်။
Jer æu razapeti nad njim mrežu svoju i uhvatiæe se u zamku moju; i odvešæu ga u Vavilon, i ondje æu se suditi s njim za bezakonje koje mi uèini.
21 ၂၁ သူ့ထံမှပြေးသော သူများနှင့်သူရဲများအပေါင်း တို့သည် ထားဖြင့် ဆုံးခြင်းသို့ရောက်၍၊ ကျန်ကြွင်းသော သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြလိမ့်မည်။ ငါထာဝရ ဘုရားမိန့်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
I sva bježan njegova sa svom vojskom njegovom pašæe od maèa, a koji ostanu raspršaæe se u sve vjetrove, i poznaæete da sam ja Gospod govorio.
22 ၂၂ တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ မြင့်သော အာရဇ်ပင်၌ အမြင့်ဆုံးသော အညွန့် ကို ငါယူ၍စိုက်မည်။ အညွန့်ဖျားတို့တွင် နုသော အညွန့်ကိုဆိတ်၍၊ မြင့်မြတ်သော တောင်ပေါ်မှာ ငါစိုက် ပျိုးမည်။
Ovako veli Gospod Gospod: ali æu ja uzeti s vrha od toga visokoga kedra, i posadiæu; s vrha od mladijeh grana njegovijeh odlomiæu granèicu, i posadiæu na gori visokoj i uzdignutoj.
23 ၂၃ အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ငါ စိုက်ပျိုးပြီးမှ၊ အခက်အလက်နှင့်ပြည့်စုံ၍ အသီးကို သီးသဖြင့်၊ ကောင်းမွန်သော စပျစ်နွယ်ပင်ဖြစ်လိမ့်မည်။ ထိုအပင်အောက်၌၎င်း၊ အခက်အလက်အရိပ်၌၎င်း၊ ငှက်မျိုးအပေါင်းတို့သည် နေရာကျကြလိမ့်မည်။
Na visokoj gori Izrailjevoj posadiæu je, i pustiæe grane, i rodiæe, i postaæe krasan kedar, i pod njim æe nastavati svakojake ptice, u hladu grana njegovijeh nastavaæe.
24 ၂၄ ငါထာဝရဘုရားသည်မြင့်သော အပင်ကိုနှိမ့်၍၊ နိမ့်သောအပင်ကိုချီးမြှောက်ကြောင်း၊ စိမ်းလန်းသော အပင်ကို သွေ့ခြောက်စေ၍၊ သွေ့ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို၊ တောသစ်ပင်ရှိသမျှတို့သည် သိရကြလိမ့်မည်။ ငါထာဝရဘုရားသည် စကားတော် ရှိသည်အတိုင်း ပြုမည်ဟုမိန့်တော်မူ၏။
I sva æe drveta poljska poznati da ja Gospod snizih visoko drvo i uzvisih nisko drvo, posuših zeleno drvo i uèinih da ozeleni suho drvo. Ja Gospod rekoh, i uèiniæu.